ပညာေရး သင္႐ိုးၫႊန္းတမ္း ျပဳစုသူမ်ားႏွင့္ စစ္ေဆးသူမ်ား မ႐ိုးေျဖာင့္ဟု ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေထာက္ျပေဝဖန္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, August 12, 2019

ပညာေရး သင္႐ိုးၫႊန္းတမ္း ျပဳစုသူမ်ားႏွင့္ စစ္ေဆးသူမ်ား မ႐ိုးေျဖာင့္ဟု ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေထာက္ျပေဝဖန္


မင္းေဇာ္မင္း
.
ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးကို ဩဂုတ္လ ၉ ရက္က ေနျပည္ ေတာ္တြင္ က်င္းပရာ ဧရာဝတီတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ (၄) မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထိန္ဝင္းက ပညာေရး သင္႐ိုးၫႊန္းတမ္း ျပဳစုသူမ်ားႏွင့္ သင္႐ိုးစစ္ေဆးသူမ်ားသည္ မ႐ိုးေျဖာင့္ေၾကာင္း ေထာက္ျပေဝဖန္ ေျပာဆိုခဲ့သည္။
.
.
ပၪၥမတန္း ပထဝီဝင္သင္႐ိုးၫႊန္းတမ္းတြင္ ပါရွိသည့္ အီေကြတာျဖတ္မ်ဥ္းပံုအမွား၊ ယင္းအတန္းမွ ျမန္မာစာသင္႐ိုးပါ ျမန္မာ့သစ္ေတာ ျပဳန္းတီးမႈကို ႏွစ္ ၁၀၀ ေက်ာ္က ကိုလိုနီနယ္ခ်ဲ႕ေၾကာင့္ဟု ေဖာ္ျပထားမႈႏွင့္ ဒသမတန္း ဓါတုေဗဒ သင္႐ိုး အခန္း (၁၄)မွ ဘိုင္အိုဒီဇယ္ကို ျခံစည္း႐ိုးၾကက္ဆူပင္အေစ့မွရသည္ဟု ေဖာ္ျပထားျခင္းမ်ားသည္ သင္႐ိုးျပဳစုသူ ႏွင့္ သင္႐ိုးစစ္ေဆးသူမ်ား၏ ႐ိုးေျဖာင့္မႈမရွိဘဲ တလြဲအသိပညာေပးေနျခင္းသာျဖစ္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထိန္းဝင္းက ေျပာဆိုခဲ့ျခင္းျဖစ္သည္။
.
“ဒါဟာ အာဏာရွင္အလိုလိုက္ အႀကိဳက္ေဆာင္ၿပီး ပညာရပ္အေပၚမွာ သစၥာေဖာက္၊ ေက်ာင္းသား/ေက်ာင္းသူေတြ အေပၚကို တလြဲအသိေပးေနတာျဖစ္လို႔ သင္႐ိုးျပဳစုသူေတြနဲ႔ သင္႐ိုးစစ္ေဆးသူေတြကို တမင္တကာ တလြဲလုပ္တာ လား၊ ပညာအားနည္းမႈေၾကာင့္လားဆိုတာ ေမးခြန္းထုတ္ရမလို ျဖစ္ေနပါတယ္” ဟု ဦးထိန္းဝင္းက လႊတ္ေတာ္တြင္ ေျပာဆိုခဲ့သည္။
.
ပၪၥမတန္း ပထဝီဝင္ သင္႐ိုးၫႊန္းတမ္းတြင္ အီေကြတာျဖတ္မ်ဥ္းပံုသည္ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္း ေဒသႀကီးတို႔ကို ျဖတ္သန္းသြားသည္ဟု ေဖာ္ျပထားမႈ၊ ပၪၥမတန္း ျမန္မာစာတြင္ ကိုလိုနီနယ္ခ်ဲ႕ တို႔က အျမတ္အစြန္း ရရွိေရး ခုတ္ခဲ့ၾကသည့္အတြက္ ျမန္မာ့သစ္ေတာမ်ား တျဖည္းျဖည္း ပ်က္စီးလာရသည္ဟု လိမ္ညာသင္ၾကားေနျခင္း မ်ား၊ သင္႐ိုးအေဟာင္းျဖစ္သည့္ ဒသမတန္း ဓတုေဗဒ အခန္း (၁၄) ဘိုင္အိုဒီဇယ္ သင္ခန္းစာတြင္ ျခံစည္း႐ိုး ၾကက္ဆူပင္ အေစ့သည္ ေလာင္စာဆီ ပင္ရင္းျဖစ္ၿပီး မီးစက္၊ လယ္ထြန္စက္၊ ဒီဇယ္အင္ဂ်င္မ်ားတြင္ အသံုးျပဳ ၾကသည္ဟု ထည့္သြင္းသင္ၾကားခဲ့ျခင္းမ်ားသည္ လိမ္ညာသင္ၾကားျခင္းမ်ားသာ ျဖစ္သည္ဟု ၎က ေျပာဆိုခဲ့ျခင္းျဖစ္သည္။
.
ၿပီးခဲ့သည့္ ဇြန္လ ၇ ရက္ကလည္း အဌမတန္း ျမန္မာစာဘာသာရပ္တြင္ ျပဌာန္းခဲ့သည့္ မယ္ေခြ၏ လက္ေဆာင္ ကဗ်ာမွာ ေဆးလိပ္အေၾကာင္းအရာ ပါဝင္ေနသျဖင့္ ကေလးမ်ားႏွင့္ မကိုက္ညီဟုဆိုကာ ပညာေရးဝန္ႀကီးဌာနမွ အျခားကဗ်ာတစ္ပုဒ္ျဖင့္ အစားထိုးျပဌာန္းခဲ့မႈအေပၚ ကန္႔ကြက္မႈမ်ား ျဖစ္ေပၚခဲ့ဖူးေၾကာင္း သိရသည္။
.
============================================================
ပညာရေး သင်ရိုးညွှန်းတမ်း ပြုစုသူများနှင့် စစ်ဆေးသူများ မရိုးဖြောင့်ဟု ပြည်ထောင်စုလွှတ်တော်တွင် ထောက်ပြဝေဖန်
.
မင်းဇော်မင်း
.
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဩဂုတ်လ ၉ ရက်က နေပြည် တော်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်းက ပညာရေး သင်ရိုးညွှန်းတမ်း ပြုစုသူများနှင့် သင်ရိုးစစ်ဆေးသူများသည် မရိုးဖြောင့်ကြောင်း ထောက်ပြဝေဖန် ပြောဆိုခဲ့သည်။
.
ပ ဉ္စမတန်း ပထဝီဝင်သင်ရိုးညွှန်းတမ်းတွင် ပါရှိသည့် အီကွေတာဖြတ်မျဉ်းပုံအမှား၊ ယင်းအတန်းမှ မြန်မာစာသင်ရိုးပါ မြန်မာ့သစ်တော ပြုန်းတီးမှုကို နှစ် ၁၀၀ ကျော်က ကိုလိုနီနယ်ချဲ့ကြောင့်ဟု ဖော်ပြထားမှုနှင့် ဒသမတန်း ဓါတုဗေဒ သင်ရိုး အခန်း (၁၄)မှ ဘိုင်အိုဒီဇယ်ကို ခြံစည်းရိုးကြက်ဆူပင်အစေ့မှရသည်ဟု ဖော်ပြထားခြင်းများသည် သင်ရိုးပြုစုသူ နှင့် သင်ရိုးစစ်ဆေးသူများ၏ ရိုးဖြောင့်မှုမရှိဘဲ တလွဲအသိပညာပေးနေခြင်းသာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးထိန်းဝင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ဒါဟာ အာဏာရှင်အလိုလိုက် အကြိုက်ဆောင်ပြီး ပညာရပ်အပေါ်မှာ သစ္စာဖောက်၊ ကျောင်းသား/ကျောင်းသူတွေ အပေါ်ကို တလွဲအသိပေးနေတာဖြစ်လို့ သင်ရိုးပြုစုသူတွေနဲ့ သင်ရိုးစစ်ဆေးသူတွေကို တမင်တကာ တလွဲလုပ်တာ လား၊ ပညာအားနည်းမှုကြောင့်လားဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်ဟု ဦးထိန်းဝင်းက လွှတ်တော်တွင် ပြောဆိုခဲ့သည်။
.
ပ ဉ္စမတန်း ပထဝီဝင် သင်ရိုးညွှန်းတမ်းတွင် အီကွေတာဖြတ်မျဉ်းပုံသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ကို ဖြတ်သန်းသွားသည်ဟု ဖော်ပြထားမှု၊ ပ ဉ္စမတန်း မြန်မာစာတွင် ကိုလိုနီနယ်ချဲ့ တို့က အမြတ်အစွန်း ရရှိရေး ခုတ်ခဲ့ကြသည့်အတွက် မြန်မာ့သစ်တောများ တဖြည်းဖြည်း ပျက်စီးလာရသည်ဟု လိမ်ညာသင်ကြားနေခြင်း များ၊ သင်ရိုးအဟောင်းဖြစ်သည့် ဒသမတန်း ဓတုဗေဒ အခန်း (၁၄) ဘိုင်အိုဒီဇယ် သင်ခန်းစာတွင် ခြံစည်းရိုး ကြက်ဆူပင် အစေ့သည် လောင်စာဆီ ပင်ရင်းဖြစ်ပြီး မီးစက်၊ လယ်ထွန်စက်၊ ဒီဇယ်အင်ဂျင်များတွင် အသုံးပြု ကြသည်ဟု ထည့်သွင်းသင်ကြားခဲ့ခြင်းများသည် လိမ်ညာသင်ကြားခြင်းများသာ ဖြစ်သည်ဟု ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ပြီးခဲ့သည့် ဇွန်လ ၇ ရက်ကလည်း အဌမတန်း မြန်မာစာဘာသာရပ်တွင် ပြဌာန်းခဲ့သည့် မယ်ခွေ၏ လက်ဆောင် ကဗျာမှာ ဆေးလိပ်အကြောင်းအရာ ပါဝင်နေသဖြင့် ကလေးများနှင့် မကိုက်ညီဟုဆိုကာ ပညာရေးဝန်ကြီးဌာနမှ အခြားကဗျာတစ်ပုဒ်ဖြင့် အစားထိုးပြဌာန်းခဲ့မှုအပေါ် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats