မလြန္ပါဘူးေလ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, August 9, 2019

မလြန္ပါဘူးေလ

ႏြန္းႏြန္းေနာ္ (ဇမၺဴသီဟ)
.
ကြၽန္မတို႔ႏိုင္ငံမွာ သစ္ပင္စိုက္ပ်ိဳးလွဴဒါန္းတဲ့ ပရဟိတအဖြဲ႕ေပါင္း ၁၅ဝ ေက်ာ္ရွိတာေက်နပ္စ ရာပါ။ ရွင္သန္ကမၻာေျမအစိမ္းေရာင္ကြန္ယက္ အဖြဲ႕ကလည္း ေတာင္ႀကီးၿမိဳ႕ကို အၿမဲတမ္းစိမ္း လန္းစိုျပည္ၿပီး ေနခ်င္စဖြယ္ ၿမိဳ႕ေတာ္ျဖစ္ဖို႔ ရည္မွန္းရင္း ဒီရည္မွန္းခ်က္ပန္းတိုင္ကို ႏွစ္စဥ္ မပ်က္ဆက္လက္ေလွ်ာက္လွမ္းေနေၾကာင္း အ ျခားအဖြဲ႕ျဖစ္္တဲ့ ပန္းပ်ိဳးလက္အဖြဲ႕ သစ္ပင္ခ်စ္ သူအဖြဲ႕၊ ခ်ယ္ရီခ်စ္သူအဖြဲ႕တို႔ပါ အစိမ္းေရာင္အ နာဂတ္ကို ဝိုင္းဝန္းဖန္တီးေနေၾကာင္း သိရလို႔ ဝမ္းသာပီတိျဖစ္မိပါတယ္။
.


.
တစ္သက္မွာ တစ္ႀကိမ္တစ္ခါမွ် မျဖစ္ေပၚ ခဲ့ဖူးတဲ့ အပူခ်ိန္ကို ဒီႏွစ္ေႏြကာလမွာ နဖူးေတြ႕ ႀကံဳခဲ့ရၿပီေနာ္၊ ၿမိဳ႕တိုင္းရြာတိုင္းလည္း အပူခ်ိန္ လြန္ကဲလာတာကို ေျပာစမွတ္ ျပဳလာၾကၿပီ၊ ကြၽန္မကေတာ့ ဒီအပူဒဏ္ကို ေက်းဇူးတင္ခ်င္ တယ္။ ဒီအပူဒဏ္ေၾကာင့္ပဲ အမ်ားကသစ္ႀကီး ဝါးႀကီးရဲ႕ တန္ဖိုးကိုနားလည္စျပဳလာၿပီေလ။
.
ေရွးကတို႔မ်ာႏိုင္ငံအက်ယ္အဝန္းဧရိယာ ရဲ႕ ၅၄ ဒသမ ၁၅ ရာခိုင္ႏႈန္းကိုသစ္ေတာမ်ား ဖံုးလႊမ္းစဥ္က မိုးေလဝသမွန္ခဲ့တယ္၊ ခုေတာ့နာ ဆာရဲ႕ေကာင္းကင္ ေျမပံုအရအိမ္နီးခ်င္းအိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ သစ္ေတာမ်ားက ပိုမိုစိမ္းလန္းေန ပါတယ္။
.

ကမၻာအရပ္ရပ္ကလည္း ရာသီဥတုေျပာင္း လဲလာတာကို အံတုဖို႔သစ္ပင္မ်ား စိုက္ပ်ိဳးေန ၾကတဲ့ သတင္းေတြကို ဖတ္ရပါတယ္။ ဖိလစ္ပိုင္ ႏို္င္ငံဆိုရင္ လူဦးေရ တစ္သိန္းေျခာက္ေသာင္း ေက်ာ္က တစ္နာရီအတြင္းမွာ သစ္ပင္ေပါင္း ၃ ဒသမ၂ သန္းေက်ာ္ကို တစ္ၿပိဳင္တည္း စိုက္ပ်ိဳး ၾကလို႔ ဂင္းနစ္ကမၻာ႔စံခ်ိန္ခ်ိဳးႏိုင္ခဲ့ပါသတဲ့။
.
ဒီႏွစ္ ဇြန္ ၁၉ ရက္ေန႔ ႏိုင္ငံေတာ္အတိုင္ ပင္ခံပုဂၢိဳလ္ ၇၄ ႏွစ္ေျမာက္ ေမြးေန႔အထိမ္းအ မွတ္အျဖစ္ သစ္ပင္ပ်ိဳးပင္ေပါင္း ၃ ဒသမ ၃၆ သန္းစိုက္ပ်ိဳးခဲ့ေၾကာင္း သစ္ေတာဦးစီးဌာနက သိရပါတယ္။ ျမန္မာႏိုင္ငံက စိုက္ပ်ိဳးတဲ့အပင္အ ေရအတြက္ဟာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ဂင္းနစ္စံခ်ိန္ ကိုေတာင္ေက်ာ္လြန္သြားပါတယ္။ ဒါေၾကာင့္ ဒီ ဇြန္ ၁၉ ရက္ေန႔ဟာ သမိုင္းဝင္ေန႔ပါပဲ။
.
သစ္ပင္စိုက္ပ်ိဳးျခင္းနဲ႔ ပတ္သက္တဲ့ သ တင္း တစ္ခု ရွိေသးတယ္။ ၿဗိတိန္ႏိုင္ငံရဲ႕ ၿမိဳ႕ မ်ားမွာ သစ္ပင္ေပါင္း ၁၃ဝဝဝဝ စိုက္ပ်ိဳးမယ္၊ စိုက္ပ်ိဳးၿပီး ၃ ႏွစ္တိုင္တိုင္ ထိန္းသိမ္း ေစာင့္  ေရွာက္သြားမယ္လို႔ ၿဗိတိန္ႏိုင္ငံ သဘာဝပတ္ ဝန္းက်င္ႀကီးက ေၾကညာခဲ့ပါတယ္။ စိုက္ပ်ိဳးရ ျခင္းက ကမၻာေျမႀကီးရဲ႕အပူခ်ိန္ ျမင့္မားလာမႈကို က႑တစ္ခုအေနနဲ႔ တို္က္ဖ်က္ဖို႔ျဖစ္ပါသတဲ့၊ ၃ ႏွစ္တိုင္တိုင္ ထိန္းသိမ္းေစာင့္ေရွာက္္သြားမယ္ ဆိုေတာ့ စိုက္တဲ့အပင္ေတြက ရွင္သန္မွာ အ ေသအခ်ာပါ။ သူ႕အဆိုက မွန္တာေပါ့။
.
ကြၽန္မတို႔က မိုးရာသီ သစ္ပင္စိုက္ပ်ိဳးပြဲ ေတာ္ကို ႏွစ္စဥ္မပ်က္ႏြဲၿပီး သစ္ပင္ေတြစိုက္ၾက တယ္။ ဒါေပမယ့္ တစ္ခါတေလေတာ့ရွင္ေအာင္ ပ်ိဳးေထာင္ေပးဖို႔ကို ေမ့ထားလိုက္ၾကတယ္။ ဒီ ႏွစ္ကစၿပီး ပစ္ထားလို႔မရေတာ့ဘူး၊ ရွင္ေအာင္  ထိထိေရာက္ေရာက္လုပ္ရမယ္ဆိုတာ သေဘာ ေပါက္ပါၿပီ၊ ေျမေတာင္ေျမာက္ေပး၊ ေပါင္းတင္ ေပး၊ တတ္ႏိုင္ရင္ေျမၾသဇာေကြၽး၊ အကာအရံ ေလးနဲ႔ဆိုရင္ ဘယ္ေျပာေကာင္းမလဲ၊ ရာထူးနဲ႔ တာဝန္ရွိသူ လုပ္ပိုင္ခြင့္ရွိသူ လူႀကီးမင္းမ်ားက စီမံခန္႔ခြဲရင္ေတာ့ ေနာင္တစ္ခိ်န္မွာ စိမ္းလန္းစို ျပည္ဖို႔ရာ ေသခ်ာပါၿပီ။ ေတာင္ေပၚေဒသေျမအ မ်ိဳးအစား၊ ရာသီဥတုနဲ႔ ကိုက္ညီတဲ့ သစ္ပင္မ်ား ကို စိုက္ဖို႔ေတာ့ လိုအပ္ပါတယ္။
.
တစ္ႏွစ္တစ္ႀကိမ္စိုက္႐ံုမကဘဲ၊ ပညာေပး ေဟာေျပာပြဲေတြလည္း မၾကာခဏလုပ္ေပးသင့္ တယ္၊ ဒါမွေက်ာင္းသားေက်ာင္းသူလူငယ္ေလး ေတြက သစ္ပင္ရဲ႕တန္ဖိုးကို သိျမင္လာၿပီး ခ်စ္ ခင္တဲ့စိတ္လည္းျဖစ္ေပၚလာမွာျဖစ္ပါတယ္။
.
သစ္ပင္သစ္ေတာနဲ႔ပတ္သက္ၿပီး အေမရိ  ကန္ျပည္ေထာင္စု မက္ဆာခ်ဳးတကၠသိုလ္က ကမၻာေပၚရွိ အဓိကၿမိဳ႕ႀကီး မ်ား မွာရွိတဲ့ သစ္ပင္ မ်ားရဲ႕ ဖံုးလႊမ္းမႈအေျခအေနကို သိရွိႏိုင္ဖို႔ သိရွိ ႏိုင္ဖို႔ အစိမ္းေရာင္ျမင္ကြင္း ၫြန္းကိန္း (GVI) Green View Index နဲ႔တိုင္းတာမႈျပဳလုပ္ရသတဲ့၊ အစိမ္းေရာင္ျမင္ကြင္း ၫြန္းကိန္းဆိုတာ ၿမိဳ႕တစၿမိဳ႕မွာ သစ္ပင္ သစ္ရြက္မ်ား ဖံုးလႊမ္းထားတဲ့ စုစုေပါင္း ဧရိယာနဲ႔ အဲ့ဒီၿမိဳ႕ဧရိယာရဲ႕ အခ်ိဳး =ကိုရာခိုင္ႏႈန္းနဲ႔ေဖာ္ျပ ျခင္းျဖစ္ပါသတဲ့။ အေမ ရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္တင္မ္ ပါ Tempa ၿမိဳ႕ႀကီးက (၃၆ ဒသမ ၁ ရာခိုင္ ႏႈန္း) ျဖင့္ ပထမ၊ စကၤာပူက (၂၉ ဒသမ ၃ ) ရာခိုင္ႏႈန္းျဖင့္ ဒုတိယပါတဲ့၊ ေတာင္ႀကီးၿမိဳ႕ေတာ္ ရဲ႕ အစိမ္းေရာင္ျမင္ကြင္းၫြန္းကိန္း (GVI)နဲ႔ တိုင္းတာၾကည့္မယ္ဆိုရင္ ဘယ္ေလာက္ရွိႏိုင္မလဲ။
.
ရန္ကုန္စီးပြားေရးၿမိဳ႕ေတာ္ရဲ႕ ေကာင္းကင္ က ႐ိုက္တဲ့ ေျမျပင္ဓာတ္ပံုကိုၾကည့္ရင္ စိမ္းစို တဲ့ ေတာအုပ္ေလးေတြ ေနရာအႏွံ႔ျမင္ရတယ္၊ ေတာင္ႀကီးရဲ႕ ေျမျပင္ဓာတ္ပံုက တိုက္တာခ်ည္း ပဲျမင္ရပါတယ္။ သစ္ပင္ မရွိရင္ ေရဒုကၡလည္းမ ၾကာမီလာလိမ့္မယ္၊ ေရခန္းေျခာက္သြားရင္ ၿမိဳ႕ ပ်က္ႏိုင္တယ္လို႔ စိုးရိမ္တာ မလြန္ပါဘူး။ 
ရန္ကုန္စီးပြားေရးၿမိဳ႕ေတာ္ရဲ႕ ေကာင္းကင္ က ႐ိုက္တဲ့ ေျမျပင္ဓာတ္ပံုကိုၾကည့္ရင္ စိမ္းစို တဲ့ ေတာအုပ္ေလးေတြ ေနရာအႏွံ႔ျမင္ရတယ္၊ ေတာင္ႀကီးရဲ႕ ေျမျပင္ဓာတ္ပံုက တိုက္တာခ်ည္း ပဲျမင္ရပါတယ္။ သစ္ပင္ မရွိရင္ ေရဒုကၡလည္းမ ၾကာမီလာလိမ့္မယ္၊ ေရခန္းေျခာက္သြားရင္ ၿမိဳ႕ ပ်က္ႏိုင္တယ္လို႔ စိုးရိမ္တာ မလြန္ပါဘူး။ 
.
အိမ္ၿခံဝင္းတိုင္းလိုလို သမံတလင္း ခင္းပစ္ ၾကတယ္၊ ရြာသြန္းတဲ့မိုးေရကို အလဟႆမစီး ဆင္းေစဘဲ ေျမေအာက္ေရထိန္းသိမ္းေစတဲ့ နည္းလမ္းေကာင္းကို ပညာရွင္ေတြရဲ႕ အႀကံ ဉာဏ္ယူၿပီး ၫြန္ၾကားေဆာင္ရြက္ေစသင့္ပါတယ္ ေနာက္ၿပီး ေတာင္ႀကီးၿမိဳ႕က စိမ့္စမ္းေရထြက္ ေနရာမ်ား ေရေပးေဝကန္ႀကီးမ်ား ပတ္လည္ သစ္ႀကီးဝါးႀကီးမ်ား တည္ရွိေနမွ ေရမ်ား ထာဝရ ထြက္ေနမွာျဖစ္တယ္။ သစ္ပင္ဝါးပင္မ်ားဟာ မိုး ေရကိုေျမႀကီးအတြင္းစိမ့္ဝင္ေစတယ္။ ေတာင္ ႀကီးၿမိဳ႕ရဲ႕အေနာက္ဘက္တစ္ေၾကာ ေတာင္ကမ္း ပါးယံမွ ေနေျပာက္မထိုးႏိုင္တဲ့ ေတာအုပ္ႀကီးရွိ ရင္ အထင္ကရအင္းေလးကန္ႀကီးကို ကာကြယ္ ရာေရာက္မယ္။ အင္းေလးကန္ထဲကို အရပ္ရွစ္ မ်က္ႏွာက ႏႈန္းေတြပို႔ခ်မႈမ်ားရင္ ကန္ႀကီးတိမ္ ေကာသြားမွာစိုးပါတယ္။ ေနာင္တစ္ခ်ိန္မွာ အင္းေလးကန္ႀကီးဆိုတာ ေပ်ာက္ကြယ္သြား တယ္ ဆိုတာမ်ိဳးမျဖစ္ရေလေအာင္ ဝိုင္းဝန္းၿပီး ေစာင့္ေရွာက္ရမယ္။
.
ေနာက္သတင္းတစ္ခုက ကမၻာ႔ရာသီဥတု ေျပာင္းလဲျခင္းျဖစ္စဥ္ဟာ ကုလသမဂၢအဖြဲ႕ရဲ႕ အဓိကရင္ဆိုင္ေျဖရွင္းရမည့္ ျပႆနာတစ္ရပ္ ျဖစ္ၿပီး ဒီရာသီဥတုေဖာက္ျပန္ေျပာင္းလဲျခင္းကို အခ်ိန္မီျပဳျပင္ႏိုင္ျခင္းမရွိရင္ ကမၻာတစ္ဝန္းလံုး အတြက္ ေဘးအႏၱရာယ္ဆိုးတစ္ခုျဖစ္လာမည့္ အေၾကာင္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။ လာမည့္စက္တင္ဘာလ ၂၃ ရက္နယူးေယာက္ၿမိဳ႕မွာ က်င္းပမည့္ရာသီဥ တုဆိုင္ရာ ထိပ္သီးအစည္းအေဝးပြဲမွာ အနာ ဂတ္ရာသီဥတုဆိုင္ရာ ေရရွည္စီမံကိန္းနဲ႔ ပတ္ သက္ၿပီး တက္ေရာက္လာမည့္ ကမၻာ႔ေခါင္း ေဆာင္ႀကီးမ်ားနဲ႔ ေဆြးေႏြးသြားမယ္လို႔ သိရပါ တယ္။ ဒီရာသီဥတုေဘးအႏၱရာယ္ဆိုးေတြဟာ ကမၻာကို ကိုင္လႈပ္ေနပါၿပီ။
.
အခုမိုးရြာေနပါၿပီ အေၾကာင္းေၾကာင္း ေၾကာင့္ ပ်က္စီးခဲ့တဲ့အပင္မ်ားေနရာမွာ ျပန္ လည္ျဖည့္စြက္စိုက္ၾကပါစို႔လို႔ တိုက္တြန္းလိုက္ ရပါသည္။
======================================
မလွန်ပါဘူးလေ
နွန်းနွန်းနော် (ဇမ္ဗူသီဟ)
.
ကျွန်မတို့နိုင်ငံမှာ သစ်ပင်စိုက်ပျိုးလှူဒါန်းတဲ့ ပရဟိတအဖွဲ့ပေါင်း ၁၅ဝ ကျော်ရှိတာကျေနပ်စ ရာပါ။ ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ယက် အဖွဲ့ကလည်း တောင်ကြီးမြို့ကို အမြဲတမ်းစိမ်း လန်းစိုပြည်ပြီး နေချင်စဖွယ် မြို့တော်ဖြစ်ဖို့ ရည်မှန်းရင်း ဒီရည်မှန်းချက်ပန်းတိုင်ကို နှစ်စဉ် မပျက်ဆက်လက်လျှောက်လှမ်းနေကြောင်း အ ခြားအဖွဲ့ဖြစ််တဲ့ ပန်းပျိုးလက်အဖွဲ့ သစ်ပင်ချစ် သူအဖွဲ့၊ ချယ်ရီချစ်သူအဖွဲ့တို့ပါ အစိမ်းရောင်အ နာဂတ်ကို ဝိုင်းဝန်းဖန်တီးနေကြောင်း သိရလို့ ဝမ်းသာပီတိဖြစ်မိပါတယ်။
.
တစ်သက်မှာ တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ် ခဲ့ဖူးတဲ့ အပူချိန်ကို ဒီနှစ်နွေကာလမှာ နဖူးတွေ့ ကြုံခဲ့ရပြီနော်၊ မြို့တိုင်းရွာတိုင်းလည်း အပူချိန် လွန်ကဲလာတာကို ပြောစမှတ် ပြုလာကြပြီ၊ ကျွန်မကတော့ ဒီအပူဒဏ်ကို ကျေးဇူးတင်ချင် တယ်။ ဒီအပူဒဏ်ကြောင့်ပဲ အများကသစ်ကြီး ဝါးကြီးရဲ့ တန်ဖိုးကိုနားလည်စပြုလာပြီလေ။
.
ရှေးကတို့မျာနိုင်ငံအကျယ်အဝန်းဧရိယာ ရဲ့ ၅၄ ဒသမ ၁၅ ရာခိုင်နှုန်းကိုသစ်တောများ ဖုံးလွှမ်းစဉ်က မိုးလေဝသမှန်ခဲ့တယ်၊ ခုတော့နာ ဆာရဲ့ကောင်းကင် မြေပုံအရအိမ်နီးချင်းအိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ သစ်တောများက ပိုမိုစိမ်းလန်းနေ ပါတယ်။
.
ကမ္ဘာအရပ်ရပ်ကလည်း ရာသီဥတုပြောင်း လဲလာတာကို အံတုဖို့သစ်ပင်များ စိုက်ပျိုးနေ ကြတဲ့ သတင်းတွေကို ဖတ်ရပါတယ်။ ဖိလစ်ပိုင် နို်င်ငံဆိုရင် လူဦးရေ တစ်သိန်းခြောက်သောင်း ကျော်က တစ်နာရီအတွင်းမှာ သစ်ပင်ပေါင်း ၃ ဒသမ၂ သန်းကျော်ကို တစ်ပြိုင်တည်း စိုက်ပျိုး ကြလို့ ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ပါသတဲ့။
.
ဒီနှစ် ဇွန် ၁၉ ရက်နေ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ၇၄ နှစ်မြောက် မွေးနေ့အထိမ်းအ မှတ်အဖြစ် သစ်ပင်ပျိုးပင်ပေါင်း ၃ ဒသမ ၃၆ သန်းစိုက်ပျိုးခဲ့ကြောင်း သစ်တောဦးစီးဌာနက သိရပါတယ်။ မြန်မာနိုင်ငံက စိုက်ပျိုးတဲ့အပင်အ ရေအတွက်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဂင်းနစ်စံချိန် ကိုတောင်ကျော်လွန်သွားပါတယ်။ ဒါကြောင့် ဒီ ဇွန် ၁၉ ရက်နေ့ဟာ သမိုင်းဝင်နေ့ပါပဲ။
.
သစ်ပင်စိုက်ပျိုးခြင်းနဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ရှိသေးတယ်။ ဗြိတိန်နိုင်ငံရဲ့ မြို့ များမှာ သစ်ပင်ပေါင်း ၁၃ဝဝဝဝ စိုက်ပျိုးမယ်၊ စိုက်ပျိုးပြီး ၃ နှစ်တိုင်တိုင် ထိန်းသိမ်း စောင့်  ရှောက်သွားမယ်လို့ ဗြိတိန်နိုင်ငံ သဘာဝပတ် ဝန်းကျင်ကြီးက ကြေညာခဲ့ပါတယ်။ စိုက်ပျိုးရ ခြင်းက ကမ္ဘာမြေကြီးရဲ့အပူချိန် မြင့်မားလာမှုကို ကဏ္ဍတစ်ခုအနေနဲ့ တို်က်ဖျက်ဖို့ဖြစ်ပါသတဲ့၊ ၃ နှစ်တိုင်တိုင် ထိန်းသိမ်းစောင့်ရှောက််သွားမယ် ဆိုတော့ စိုက်တဲ့အပင်တွေက ရှင်သန်မှာ အ သေအချာပါ။ သူ့အဆိုက မှန်တာပေါ့။ 
သစ်ပင်စိုက်ပျိုးခြင်းနဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ရှိသေးတယ်။ ဗြိတိန်နိုင်ငံရဲ့ မြို့ များမှာ သစ်ပင်ပေါင်း ၁၃ဝဝဝဝ စိုက်ပျိုးမယ်၊ စိုက်ပျိုးပြီး ၃ နှစ်တိုင်တိုင် ထိန်းသိမ်း စောင့်  ရှောက်သွားမယ်လို့ ဗြိတိန်နိုင်ငံ သဘာဝပတ် ဝန်းကျင်ကြီးက ကြေညာခဲ့ပါတယ်။ စိုက်ပျိုးရ ခြင်းက ကမ္ဘာမြေကြီးရဲ့အပူချိန် မြင့်မားလာမှုကို ကဏ္ဍတစ်ခုအနေနဲ့ တို်က်ဖျက်ဖို့ဖြစ်ပါသတဲ့၊ ၃ နှစ်တိုင်တိုင် ထိန်းသိမ်းစောင့်ရှောက််သွားမယ် ဆိုတော့ စိုက်တဲ့အပင်တွေက ရှင်သန်မှာ အ သေအချာပါ။ သူ့အဆိုက မှန်တာပေါ့။ 
.
ကျွန်မတို့က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ တော်ကို နှစ်စဉ်မပျက်နွဲပြီး သစ်ပင်တွေစိုက်ကြ တယ်။ ဒါပေမယ့် တစ်ခါတလေတော့ရှင်အောင် ပျိုးထောင်ပေးဖို့ကို မေ့ထားလိုက်ကြတယ်။ ဒီ နှစ်ကစပြီး ပစ်ထားလို့မရတော့ဘူး၊ ရှင်အောင်  ထိထိရောက်ရောက်လုပ်ရမယ်ဆိုတာ သဘော ပေါက်ပါပြီ၊ မြေတောင်မြောက်ပေး၊ ပေါင်းတင် ပေး၊ တတ်နိုင်ရင်မြေသြဇာကျွေး၊ အကာအရံ လေးနဲ့ဆိုရင် ဘယ်ပြောကောင်းမလဲ၊ ရာထူးနဲ့ တာဝန်ရှိသူ လုပ်ပိုင်ခွင့်ရှိသူ လူကြီးမင်းများက စီမံခန့်ခွဲရင်တော့ နောင်တစ်ချိန်မှာ စိမ်းလန်းစို ပြည်ဖို့ရာ သေချာပါပြီ။ တောင်ပေါ်ဒေသမြေအ မျိုးအစား၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့ သစ်ပင်များ ကို စိုက်ဖို့တော့ လိုအပ်ပါတယ်။
.
တစ်နှစ်တစ်ကြိမ်စိုက်ရုံမကဘဲ၊ ပညာပေး ဟောပြောပွဲတွေလည်း မကြာခဏလုပ်ပေးသင့် တယ်၊ ဒါမှကျောင်းသားကျောင်းသူလူငယ်လေး တွေက သစ်ပင်ရဲ့တန်ဖိုးကို သိမြင်လာပြီး ချစ် ခင်တဲ့စိတ်လည်းဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
.
သစ်ပင်သစ်တောနဲ့ပတ်သက်ပြီး အမေရိ  ကန်ပြည်ထောင်စု မက်ဆာချုးတက္ကသိုလ်က ကမ္ဘာပေါ်ရှိ အဓိကမြို့ကြီး များ မှာရှိတဲ့ သစ်ပင် များရဲ့ ဖုံးလွှမ်းမှုအခြေအနေကို သိရှိနိုင်ဖို့ သိရှိ နိုင်ဖို့ အစိမ်းရောင်မြင်ကွင်း ညွန်းကိန်း (GVI) Green View Index နဲ့တိုင်းတာမှုပြုလုပ်ရသတဲ့၊ အစိမ်းရောင်မြင်ကွင်း ညွန်းကိန်းဆိုတာ မြို့တစ်မြို့မှာ သစ်ပင် သစ်ရွက်များ ဖုံးလွှမ်းထားတဲ့ စုစုပေါင်း ဧရိယာနဲ့ အဲ့ဒီမြို့ဧရိယာရဲ့ အချိုး =ကိုရာခိုင်နှုန်းနဲ့ဖော်ပြ ခြင်းဖြစ်ပါသတဲ့။ အမေ ရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တင်မ် ပါ Tempa မြို့ကြီးက (၃၆ ဒသမ ၁ ရာခိုင် နှုန်း) ဖြင့် ပထမ၊ စင်္ကာပူက (၂၉ ဒသမ ၃ ) ရာခိုင်နှုန်းဖြင့် ဒုတိယပါတဲ့၊ တောင်ကြီးမြို့တော် ရဲ့ အစိမ်းရောင်မြင်ကွင်းညွန်းကိန်း (GVI)နဲ့ တိုင်းတာကြည့်မယ်ဆိုရင် ဘယ်လောက်ရှိနိုင်မလဲ။
.
ရန်ကုန်စီးပွားရေးမြို့တော်ရဲ့ ကောင်းကင် က ရိုက်တဲ့ မြေပြင်ဓာတ်ပုံကိုကြည့်ရင် စိမ်းစို တဲ့ တောအုပ်လေးတွေ နေရာအနှံ့မြင်ရတယ်၊ တောင်ကြီးရဲ့ မြေပြင်ဓာတ်ပုံက တိုက်တာချည်း ပဲမြင်ရပါတယ်။ သစ်ပင် မရှိရင် ရေဒုက္ခလည်းမ ကြာမီလာလိမ့်မယ်၊ ရေခန်းခြောက်သွားရင် မြို့ ပျက်နိုင်တယ်လို့ စိုးရိမ်တာ မလွန်ပါဘူး။
.
အိမ်ခြံဝင်းတိုင်းလိုလို သမံတလင်း ခင်းပစ် ကြတယ်၊ ရွာသွန်းတဲ့မိုးရေကို အလဟဿမစီး ဆင်းစေဘဲ မြေအောက်ရေထိန်းသိမ်းစေတဲ့ နည်းလမ်းကောင်းကို ပညာရှင်တွေရဲ့ အကြံ ဉာဏ်ယူပြီး ညွန်ကြားဆောင်ရွက်စေသင့်ပါတယ် နောက်ပြီး တောင်ကြီးမြို့က စိမ့်စမ်းရေထွက် နေရာများ ရေပေးဝေကန်ကြီးများ ပတ်လည် သစ်ကြီးဝါးကြီးများ တည်ရှိနေမှ ရေများ ထာဝရ ထွက်နေမှာဖြစ်တယ်။ သစ်ပင်ဝါးပင်များဟာ မိုး ရေကိုမြေကြီးအတွင်းစိမ့်ဝင်စေတယ်။ တောင် ကြီးမြို့ရဲ့အနောက်ဘက်တစ်ကြော တောင်ကမ်း ပါးယံမှ နေပြောက်မထိုးနိုင်တဲ့ တောအုပ်ကြီးရှိ ရင် အထင်ကရအင်းလေးကန်ကြီးကို ကာကွယ် ရာရောက်မယ်။ အင်းလေးကန်ထဲကို အရပ်ရှစ် မျက်နှာက နှုန်းတွေပို့ချမှုများရင် ကန်ကြီးတိမ် ကောသွားမှာစိုးပါတယ်။ နောင်တစ်ချိန်မှာ အင်းလေးကန်ကြီးဆိုတာ ပျောက်ကွယ်သွား တယ် ဆိုတာမျိုးမဖြစ်ရလေအောင် ဝိုင်းဝန်းပြီး စောင့်ရှောက်ရမယ်။
.
နောက်သတင်းတစ်ခုက ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းဖြစ်စဉ်ဟာ ကုလသမဂ္ဂအဖွဲ့ရဲ့ အဓိကရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာတစ်ရပ် ဖြစ်ပြီး ဒီရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကို အချိန်မီပြုပြင်နိုင်ခြင်းမရှိရင် ကမ္ဘာတစ်ဝန်းလုံး အတွက် ဘေးအန္တရာယ်ဆိုးတစ်ခုဖြစ်လာမည့် အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။ လာမည့်စက်တင်ဘာလ ၂၃ ရက်နယူးယောက်မြို့မှာ ကျင်းပမည့်ရာသီဥ တုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲမှာ အနာ ဂတ်ရာသီဥတုဆိုင်ရာ ရေရှည်စီမံကိန်းနဲ့ ပတ် သက်ပြီး တက်ရောက်လာမည့် ကမ္ဘာ့ခေါင်း ဆောင်ကြီးများနဲ့ ဆွေးနွေးသွားမယ်လို့ သိရပါ တယ်။ ဒီရာသီဥတုဘေးအန္တရာယ်ဆိုးတွေဟာ ကမ္ဘာကို ကိုင်လှုပ်နေပါပြီ။ 
.
အခုမိုးရွာနေပါပြီ အကြောင်းကြောင်း ကြောင့် ပျက်စီးခဲ့တဲ့အပင်များနေရာမှာ ပြန် လည်ဖြည့်စွက်စိုက်ကြပါစို့လို့ တိုက်တွန်းလိုက် ရပါသည်။
အခုမိုးရွာနေပါပြီ အကြောင်းကြောင်း ကြောင့် ပျက်စီးခဲ့တဲ့အပင်များနေရာမှာ ပြန် လည်ဖြည့်စွက်စိုက်ကြပါစို့လို့ တိုက်တွန်းလိုက် ရပါသည်။

No comments:

Post a Comment