ေနာင္ခ်ိဳတြင္ ဆာလာအိတ္ျဖင့္ ထည့္၍ ဆိုင္ကယ္ျဖင့္ သယ္လာေသာ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, August 1, 2019

ေနာင္ခ်ိဳတြင္ ဆာလာအိတ္ျဖင့္ ထည့္၍ ဆိုင္ကယ္ျဖင့္ သယ္လာေသာ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

ေဇယ်ာ
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕အဝင္၊ မူဆယ္-မႏၲေလး သြား ျပည္ေထာင္စုကားလမ္းေပၚတြင္ ေမာ္ေတာ္ဆိုင္ကယ္စီး၏ ခြၾကားတြင္ တင္ေဆာင္လာေသာ ဆာလာအိတ္ႏွင့္ ခရီးေဆာင္အိတ္ အတြင္းမွ ေရာင္စံုဆပ္ျပာခြက္မ်ားျဖင့္ ထည့္ထားသည့္ ေဒသ ကာလေပါက္ေစ်း တန္ဖိုးေငြက်ပ္ ၇၉၂ သိန္း တန္ဖိုးရွိ ဘိန္းျဖဴ အေလးခ်ိန္ ၃ ဒသမ ၉၆ ကီလို အား ဇူလိုင္လ ၃၁ ရက္၊ ေန႔လယ္ပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
မူးယစ္ ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု (၂၄) လားရႈိး (ေနာင္ခ်ိဳလႈပ္ရွား)မွ တပ္ဖြဲ႔ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ေနာင္ခ်ိဳၿမိဳ႕အဝင္၊ မူဆယ္-မႏၲေလး သြား ျပည္ေထာင္စုကားလမ္းေပၚတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရွမ္း႐ိုးမ-၂စစ္ဆင္ေရးအရ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနစဥ္ ေက်ာက္မဲဘက္မွ မႏၲေလး ဘက္သို႔ တန္႔ယန္းၿမိဳ႕နယ္၊ ခိုေဆာင္တန္ေက်းရြာေန စိုင္းစံယြမ္း ေမာင္းႏွင္ၿပီး ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္ေန မသဥၨာေက်ာ္ ၂၁ ႏွစ္ စီးနင္းလိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္ တန္႔ယန္းၿမိဳ႕နယ္၊ ခိုေဆာင္တန္ေက်းရြာေန စိုင္းစိန္ စီးနင္းေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္တို႔အား ရပ္တန္႔စစ္ေဆးရွာေဖြရာ အဆိုပါ ေမာ္ေတာ္ဆိုင္ကယ္ ၂ စီး၏ ခြၾကားတြင္ တင္ေဆာင္လာေသာ ဆာလာအိတ္ႏွင့္ ခရီးေဆာင္အိတ္မ်ားအတြင္းမွ ေရာင္စံုဆပ္ျပာခြက္မ်ားျဖင့္ ထည့္ထားသည့္ ဘိန္းျဖဴမ်ားကို သိမ္းဆည္းရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
၄င္းတို႔အား စစ္ေမးခ်က္အရ အဆိုပါဘိန္းျဖဴမ်ားအား လက္ခံရယူမည့္ သူမ်ားမွာ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ)ရပ္ကြက္ေနသူမ်ားျဖစ္ေၾကာင္း သိရသျဖင့္ သြားေရာက္ရွာေဖြရာ မခိုင္ခိုင္ဦး(ခ) အစ္မႀကီးႏွင့္ မသႏၲာဝင္း(ခ)ပီးနန္းလံတို႔အား ၎တို႔၏ ေနအိမ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ မူးယစ္ေဆး၀ါး လက္၀ယ္ေတြ႕ရွိသူမ်ားႏွင့္ လက္ခံရယူမည့္သူမ်ားအား ေနာင္ခ်ိဳၿမိဳ႕မ ရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
.

=====================
.
နောင်ချိုတွင် ဆာလာအိတ်ဖြင့် ထည့်၍ ဆိုင်ကယ်ဖြင့် သယ်လာသော ဘိန်းဖြူများ ဖမ်းဆီးရမိ
.
ဇေယျာ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေး သွား ပြည်ထောင်စုကားလမ်းပေါ်တွင် မော်တော်ဆိုင်ကယ် ၂ စီး၏ ခွကြားတွင် တင်ဆောင်လာသော ဆာလာအိတ်နှင့် ခရီးဆောင်အိတ် အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၇၉၂ သိန်း တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၃ ဒသမ ၉၆ ကီလို အား ဇူလိုင်လ ၃၁ ရက်၊ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၄) လားရှိုး (နောင်ချိုလှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေး သွား ပြည်ထောင်စုကားလမ်းပေါ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရှမ်းရိုးမ-၂စစ်ဆင်ရေးအရ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကျောက်မဲဘက်မှ မန္တလေး ဘက်သို့ တန့်ယန်းမြို့နယ်၊ ခိုဆောင်တန်ကျေးရွာနေ စိုင်းစံယွမ်း မောင်းနှင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ မသဉ္ဇာကျော် ၂၁ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် တန့်ယန်းမြို့နယ်၊ ခိုဆောင်တန်ကျေးရွာနေ စိုင်းစိန် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ မော်တော်ဆိုင်ကယ် ၂ စီး၏ ခွကြားတွင် တင်ဆောင်လာသော ဆာလာအိတ်နှင့် ခရီးဆောင်အိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
၎င်းတို့အား စစ်မေးချက်အရ အဆိုပါဘိန်းဖြူများအား လက်ခံရယူမည့် သူများမှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်နေသူများဖြစ်ကြောင်း သိရသဖြင့် သွားရောက်ရှာဖွေရာ မခိုင်ခိုင်ဦး(ခ) အစ်မကြီးနှင့် မသန္တာဝင်း(ခ)ပီးနန်းလံတို့အား ၎င်းတို့၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူများနှင့် လက်ခံရယူမည့်သူများအား နောင်ချိုမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats