ရွမ္းေျမာက္ ပစ္ခတ္မႈမ်ားတြင္ ေသဆံုးသူ ၇ ဦးႏွင့္ ဒဏ္ရာရသူ ၁၃ ဦး ရွိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, August 16, 2019

ရွမ္းေျမာက္ ပစ္ခတ္မႈမ်ားတြင္ ေသဆံုးသူ ၇ ဦးႏွင့္ ဒဏ္ရာရသူ ၁၃ ဦး ရွိ


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္တြင္း ရဲကင္းစခန္း၊ ေက်ာက္မဲၿမိဳ႕သို႕အထြက္ ေနာင္ခ်ိဳတိုးဂိတ္၊ မူးယစ္ေဆး၀ါးစစ္ေဆးေရးဂိတ္ႏွင့္ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္တစ္ခုတို႔အား ၾသဂုတ္လ ၁၅ ရက္က တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႕မ်ားက ၀င္ေရာက္ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ ေသဆံုးသူ ၇ ဦးႏွင့္ ဒဏ္ရာ ရရွိသူ ၁၃ ဦး ရွိခဲ့ေၾကာင္း သိရသည္။
.
.
ေနာင္ခ်ိဳေဆး႐ံုကို ေသဆံုးၿပီး ေရာက္လာတာကေတာ့ တပ္က ၂ ေယာက္၊ ရဲက ၂ ေယာက္ပါ။ လူနာ အေနနဲ႔ကေတာ့ ၁၃ ေယာက္ ေရာက္ပါတယ္။ အဲဒီထဲက ၃ ေယာက္ကေတာ့ ျပင္းထန္ဒဏ္ရာ ျဖစ္တဲ့အတြက္ ျပင္ဦးလြင္ ေဆး႐ံုကို လႊဲလိုက္ပါတယ္။ က်န္တဲ့ ၁၀ ေယာက္ကေတာ့ သာမန္ဒဏ္ရာပဲျဖစ္တဲ့အတြက္ ေဆး႐ံုမွာ ကုသမႈခံယူၿပီး ဆင္းသြားပါၿပီ။ ေက်ာက္မဲေဆး႐ံုကိုေတာ့ ေသဆံုးသူ ၃ ဦး ေရာက္လာပါတယ္။ အဲဒီ ၃ ဦးကလည္း ရဲလို႔ပဲ အၾကမ္းဖ်ဥ္း သိရပါတယ္ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
TNLAAA ႏွင့္ MNDAA တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕မ်ားမွ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္ နည္းပညာ တကၠသိုလ္အား ျပင္ဦးလြင္-လား႐ိႈး ကားလမ္း၏ အေရွ႕ဘက္ျခမ္းမွ ၁၀၇ မမ ေရွာ့တိုက္ဒံုးသီးမ်ားျဖင့္ လည္းေကာင္း၊ ေအးရွားေ၀ါလ္ တိုးဂိတ္ႏွင့္ မူးယစ္ေဆး၀ါး စစ္ေဆးေရးဂိတ္တို႔အား ေမာ္ေတာ္ယာဥ္ ၁  စီးေပၚမွ အာရ္ပီဂ်ီျဖင့္ လည္းေကာင္း၊  ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္တြင္းရဲကင္းစခန္း၊ ေက်ာက္မဲသို႕အထြက္ ေနာင္ခ်ိဳတိုးဂိတ္ႏွင့္ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္အား လည္းေကာင္း တစ္ခ်ိန္တည္း ေႏွာင့္ယွက္ ပစ္ခတ္ခဲ့ေၾကာင္း၊ အလားတူ ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္တြင္း ရဲကင္းစခန္းအား အင္အားအလံုးအရင္းျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ တံတားလံုၿခံဳေရး ေဆာင္ရြက္ ေနေသာ ရဲတပ္ဖြဲ႕၀င္ ၃ ဦးက်ဆံုး၍ ၄ ဦး ေပ်ာက္ဆံုးလ်က္ ရွိၿပီး ဂုတ္တြင္းတံတားအား ေဖာက္ခြဲ ဖ်က္ဆီးသြားကာ အဆိုပါ ရဲကင္းစခန္းသုိ႔ စစ္ကူေပးရန္ သြားေရာက္ခဲ့သည့္ လံုၿခံဳေရးအဖြဲ႕ႏွင့္လည္း ထပ္မံ ထိေတြ႕မႈ ျဖစ္ပြားခဲ့ရာ တပ္မေတာ္မွ အရာရွိ/စစ္သည္ ၇ ဦး က်ဆံုးခဲ့ေၾကာင္း၊ ေနာင္ခ်ိဳ တိုးဂိတ္အနီး မူးယစ္ေဆး၀ါးစစ္ေဆးေရးဂိတ္၌ လံုၿခံဳေရး ေဆာင္ရြက္ေနေသာ ပူးေပါင္းအဖြဲ႕အား ၀င္ေရာက္တိုက္ခိုက္မႈေၾကာင့္ လံုၿခံဳေရး ေဆာင္ရြက္ေနေသာ  စစ္သည္ ၂ ဦး က်ဆံုးခဲ့ၿပီး မီး႐ိႈ႕ထားခဲ့သည့္ အရပ္သားအေလာင္း ၁ ေလာင္း၊ ဆုိင္ကယ္ ၁ စီး၊ ေမာ္ေတာ္ယာဥ္ ၄ စီးတို႔အား ေတြ႕ရွိခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။
.
အဆိုပါ ပစ္ခတ္မႈမ်ားႏွင့္ ပတ္သက္၍ TNLA ေျပာခြင့္ရ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ MNDAA ရယ္၊ AA ရယ္၊ TNLA ရယ္ ပူးေပါင္းၿပီးေတာ့ ျဖစ္တာပါ။ တပ္မေတာ္က ထိုးစစ္ေတြ ေတာ္ေတာ္ေလး မ်ားလာတယ္။ ကၽြန္ေတာ္တို႔ လႈပ္ရွားမႈ အတြင္းပိုင္းအထိ ဝင္ေရာက္မႈ ရွိလာတယ္။ ကၽြန္ေတာ္တို႔က လႈပ္ရွားမႈ ေတာ္ေတာ္ေလး က်ဥ္းၾကပ္လာတယ္။ ဒါေၾကာင့္ ျပန္လည္ၿပီး ခုခံကာကြယ္ျခင္းပါဟု ေျပာဆိုထားသည္။
.
ကြတ္ခိုင္ၿမိဳ႕နယ္၊ ေရွာက္ေဟာ္ေက်းရြာ အေရွ႕ေတာင္ဘက္ ေခ်ာင္းဆံုေနရာတစ္၀ိုက္တြင္ ဇူလိုင္လ ၂၅ ရက္က မူးယစ္ေဆး၀ါး စုစုေပါင္းတန္ဖိုးေငြက်ပ္ ၁၆ ဘီလီယံေက်ာ္ႏွင့္ မူးယစ္ေဆး၀ါး ႐ိုက္စက္အပါအ၀င္ ဆက္စပ္ပစၥည္းမ်ား၊ ဘိန္းခ်က္စခန္းမ်ားအား လည္းေကာင္း၊ ၾသဂုတ္လ ၈ ရက္ေန႔တြင္ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ရက္ခံုတုိင္ေက်းရြာမွ မူးယစ္ေဆး၀ါးတန္ဖုိး က်ပ္ ၅ ဘီလီယံခန္႔၊ ခဲယမ္းႏွင့္ဆက္စပ္ပစၥည္းမ်ားအားလည္းေကာင္း တပ္မေတာ္မွ သိမ္းဆည္း ရရွိခဲ့သည့္အေပၚ ေက်နပ္မႈ မရွိျခင္း၊ ရခိုင္ျပည္နယ္တြင္  AA တပ္ဖဲြ႕မ်ား ထိခိုက္က်ဆံုးမႈ မ်ားျပားၿပီး စစ္ေရးအရ AA  TNLA MNDAA တို႔မွ တရားဥပေဒစိုးမုိးမႈကို ထိပါးေႏွာင့္ယွက္ကာ အၾကမ္းဖက္ ပစ္ခတ္ တိုက္ခိုက္မႈမ်ား က်ဴးလြန္လာခဲ့ျခင္းျဖစ္သည္ဟုလည္း တပ္မေတာ္မွ သတင္း ထုတ္ျပန္ ထားသည္။
.
ျမန္မာႏိုင္ငံေျမာက္ပိုင္းႏွင့္ ရခိုင္ေဒသတြင္ တပ္မေတာ္မွ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကို ရပ္တန္႔ရန္ အတြက္ AATNLA ႏွင့္ MNDAA တို႔မွ ၿပီးခဲ့သည့္ ဩဂုတ္လ ၁၂ ရက္က ပူးတြဲသေဘာထား ထုတ္ျပန္ခ်က္ တစ္ေစာင္ ထုတ္ျပန္ထားသည္။
.
============================================================
ရှမ်းမြောက် ပစ်ခတ်မှုများတွင် သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရသူ ၁၃ ဦး ရှိ
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲကင်းစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ခုတို့အား သြဂုတ်လ ၁၅ ရက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာ ရရှိသူ ၁၃ ဦး ရှိခဲ့ကြောင်း သိရသည်။
.
နောင်ချိုဆေးရုံကို သေဆုံးပြီး ရောက်လာတာကတော့ တပ်က ၂ ယောက်၊ ရဲက ၂ ယောက်ပါ။ လူနာ အနေနဲ့ကတော့ ၁၃ ယောက် ရောက်ပါတယ်။ အဲဒီထဲက ၃ ယောက်ကတော့ ပြင်းထန်ဒဏ်ရာ ဖြစ်တဲ့အတွက် ပြင်ဦးလွင် ဆေးရုံကို လွှဲလိုက်ပါတယ်။ ကျန်တဲ့ ၁၀ ယောက်ကတော့ သာမန်ဒဏ်ရာပဲဖြစ်တဲ့အတွက် ဆေးရုံမှာ ကုသမှုခံယူပြီး ဆင်းသွားပါပြီ။ ကျောက်မဲဆေးရုံကိုတော့ သေဆုံးသူ ၃ ဦး ရောက်လာပါတယ်။ အဲဒီ ၃ ဦးကလည်း ရဲလို့ပဲ အကြမ်းဖျဉ်း သိရပါတယ်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
TNLAAA နှင့် MNDAA တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်အား ပြင်ဦးလွင်-လားရှိုး ကားလမ်း၏ အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက်ဒုံးသီးများဖြင့် လည်းကောင်း၊ အေးရှားဝေါလ် တိုးဂိတ်နှင့် မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်တို့အား မော်တော်ယာဉ် ၁  စီးပေါ်မှ အာရ်ပီဂျီဖြင့် လည်းကောင်း၊  နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲကင်းစခန်း၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်အား လည်းကောင်း တစ်ချိန်တည်း နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲကင်းစခန်းအား အင်အားအလုံးအရင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တံတားလုံခြုံရေး ဆောင်ရွက် နေသော ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၍ ၄ ဦး ပျောက်ဆုံးလျက် ရှိပြီး ဂုတ်တွင်းတံတားအား ဖောက်ခွဲ ဖျက်ဆီးသွားကာ အဆိုပါ ရဲကင်းစခန်းသို့ စစ်ကူပေးရန် သွားရောက်ခဲ့သည့် လုံခြုံရေးအဖွဲ့နှင့်လည်း ထပ်မံ ထိတွေ့မှု ဖြစ်ပွားခဲ့ရာ တပ်မတော်မှ အရာရှိ/စစ်သည် ၇ ဦး ကျဆုံးခဲ့ကြောင်း၊ နောင်ချို တိုးဂိတ်အနီး မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့အား ဝင်ရောက်တိုက်ခိုက်မှုကြောင့် လုံခြုံရေး ဆောင်ရွက်နေသော  စစ်သည် ၂ ဦး ကျဆုံးခဲ့ပြီး မီးရှို့ထားခဲ့သည့် အရပ်သားအလောင်း ၁ လောင်း၊ ဆိုင်ကယ် ၁ စီး၊ မော်တော်ယာဉ် ၄ စီးတို့အား တွေ့ရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါ ပစ်ခတ်မှုများနှင့် ပတ်သက်၍ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA ရယ်၊ AA ရယ်၊ TNLA ရယ် ပူးပေါင်းပြီးတော့ ဖြစ်တာပါ။ တပ်မတော်က ထိုးစစ်တွေ တော်တော်လေး များလာတယ်။ ကျွန်တော်တို့ လှုပ်ရှားမှု အတွင်းပိုင်းအထိ ဝင်ရောက်မှု ရှိလာတယ်။ ကျွန်တော်တို့က လှုပ်ရှားမှု တော်တော်လေး ကျဉ်းကြပ်လာတယ်။ ဒါကြောင့် ပြန်လည်ပြီး ခုခံကာကွယ်ခြင်းပါဟု ပြောဆိုထားသည်။
.
ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက်တွင် ဇူလိုင်လ ၂၅ ရက်က မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါး ရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်းများအား လည်းကောင်း၊ သြဂုတ်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာမှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအားလည်းကောင်း တပ်မတော်မှ သိမ်းဆည်း ရရှိခဲ့သည့်အပေါ် ကျေနပ်မှု မရှိခြင်း၊ ရခိုင်ပြည်နယ်တွင်  AA တပ်ဖွဲ့များ ထိခိုက်ကျဆုံးမှု များပြားပြီး စစ်ရေးအရ AA  TNLA MNDAA တို့မှ တရားဥပဒေစိုးမိုးမှုကို ထိပါးနှောင့်ယှက်ကာ အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်မှုများ ကျူးလွန်လာခဲ့ခြင်းဖြစ်သည်ဟုလည်း တပ်မတော်မှ သတင်း ထုတ်ပြန် ထားသည်။
.
မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ရခိုင်ဒေသတွင် တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်တန့်ရန် အတွက် AATNLA နှင့် MNDAA တို့မှ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်က ပူးတွဲသဘောထား ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ထားသည်။
.

No comments:

Post a Comment