ျပင္ဦးလြင္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕မ်ားတြင္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားမွ ဝင္ေရာက္ပစ္ခတ္မႈျဖစ္ပြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, August 15, 2019

ျပင္ဦးလြင္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕မ်ားတြင္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားမွ ဝင္ေရာက္ပစ္ခတ္မႈျဖစ္ပြား


မင္းေဇာ္မင္း
.
မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္မ်ားတြင္ ယေန႔ ဩဂုတ္လ ၁၅ ရက္၊ နံနက္ပိုင္းက လက္နက္ကိုင္တပ္ဖြဲ႕မ်ားမွ ဝင္ေရာက္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး ေသဆံုး၊ ဒဏ္ရာရရွိမႈမ်ား ရွိေန ေၾကာင္း သိရသည္။
.
.
“ေနာင္ခ်ိဳဘက္ တိုးလ္ဂိတ္နဲ႔ ျပင္ဦးလြင္ဘက္က ေက်ာက္ၾကမ္း ႏွစ္ဘက္ညပ္ေနတယ္။ တိုးလ္ဂိတ္မွာေတာ့ ကားတစ္စီး၊ လူတစ္ေယာက္၊ ဆိုင္ကယ္တစ္စီး၊ လူတစ္ေယာက္ မီး႐ိႈ႕သတ္ခံရတယ္။ ေဆး႐ံုမွာေတာ့ ၁၅ ေယာက္၊ အေယာက္ ၂၀ ေလာက္ ေရာက္ေနလို႔ လိုက္ၾကည့္အားေပးေနရတယ္။ ေအးရွားေဝါလ္ဘက္ေတာ့ ဝင္လို႔ မရေသးဘူး။ အခု ေက်ာက္မဲ ေနာင္ခ်ိဳကူးတဲ့ ဂုတ္တြင္းလမ္းက တံတား ခ်ိဳးပစ္ၿပီလို႔ သိရတယ္။ အင္အားကေတာ့ ၃/၄ ရာေလာက္ရွိမယ္လို႔ ခန္႔မွန္းတယ္။ ေသခ်ာေတာ့ မေျပာႏိုင္ေသးဘူး။ ခုထိ ပစ္ေနတုန္းပဲ” ဟု ေနာင္ခ်ိဳၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေဆြက ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါကိစၥႏွင့္ ပတ္သက္၍ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းအား ဆက္သြယ္ေမးျမန္းရာ ပစ္ခတ္မႈမ်ား ရွိခဲ့ေၾကာင္းႏွင့္ သတင္းထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။
.
ေနာင္ခ်ိဳၿမိဳ႕နယ္ မူးယစ္ေဆးဝါး စစ္ေဆးေရးဂိတ္ကို ဩဂုတ္လ ၁၅ ရက္၊ နံနက္ ၅ နာရီခန္႔က လက္နက္ကိုင္တပ္ဖြဲ႕မ်ားမွ ဝင္ေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ရဲစခန္းကိုလည္း မီး႐ိႈ႕ခဲ့သည္ဟု ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္ၾကမ္း မြန္ျမတ္ေစတနာ လူမႈကူညီေရးအသင္းမွ ကိုျမင့္ေဇာ္ႏိုင္က ေျပာသည္။
.
“ကၽြန္ေတာ္တိို႔ကိုယ္တိုင္ ပုန္းေနရတယ္။ ထိတဲ့သူလည္းထိ၊ ေသတဲ့သူလည္း ေသတယ္လို႔ သိရတယ္။ ခုခ်ိန္ထိ ပစ္ေနတုန္းပါပဲ။ လူအင္အားမ်ားတယ္။ ရာေက်ာ္မယ္ထင္တာပဲ” ဟု ကိုျမင့္ေဇာ္ႏိုင္က ယေန႔ ဩဂုတ္လ ၁၅ ရက္၊ နံနက္ ၁၀ နာရီတြင္ ေျပာသည္။
.
အလားတူ မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕၊ ေရခ်မ္းအိုးရပ္ကြက္ရွိ စစ္အင္ဂ်င္နီယာေက်ာင္း၊ တပ္မေတာ္ နည္းပညာတကၠသိုလ္ (DSTA) ကို လက္နက္ႀကီး ပစ္ခတ္ခံရသျဖင့္ လူတစ္ဦး ေသဆံုးကာ ၂ ဦးဒဏ္ရာရရွိခဲ့ သည့္အျပင္ ျပင္ဦးလြင္ၿမိဳ႕ အထြက္ရွိ မူးယစ္ေဆးဝါးရွာေဖြသည့္ X-Ray စက္ေနရာသို႔လည္း လက္နက္ႀကီး/ငယ္ မ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
.

============================================================
ပြင်ဦးလွင်နှင့် နောင်ချိုမြို့များတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွား
.
မင်းဇော်မင်း
.
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်များတွင် ယနေ့ ဩဂုတ်လ ၁၅ ရက်၊ နံနက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိနေ ကြောင်း သိရသည်။
.
နောင်ချိုဘက် တိုးလ်ဂိတ်နဲ့ ပြင်ဦးလွင်ဘက်က ကျောက်ကြမ်း နှစ်ဘက်ညပ်နေတယ်။ တိုးလ်ဂိတ်မှာတော့ ကားတစ်စီး၊ လူတစ်ယောက်၊ ဆိုင်ကယ်တစ်စီး၊ လူတစ်ယောက် မီးရှို့သတ်ခံရတယ်။ ဆေးရုံမှာတော့ ၁၅ ယောက်၊ အယောက် ၂၀ လောက် ရောက်နေလို့ လိုက်ကြည့်အားပေးနေရတယ်။ အေးရှားဝေါလ်ဘက်တော့ ဝင်လို့ မရသေးဘူး။ အခု ကျောက်မဲ နောင်ချိုကူးတဲ့ ဂုတ်တွင်းလမ်းက တံတား ချိုးပစ်ပြီလို့ သိရတယ်။ အင်အားကတော့ ၃/၄ ရာလောက်ရှိမယ်လို့ ခန့်မှန်းတယ်။ သေချာတော့ မပြောနိုင်သေးဘူး။ ခုထိ ပစ်နေတုန်းပဲဟု နောင်ချိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းရာ ပစ်ခတ်မှုများ ရှိခဲ့ကြောင်းနှင့် သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
နောင်ချိုမြို့နယ် မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်ကို ဩဂုတ်လ ၁၅ ရက်၊ နံနက် ၅ နာရီခန့်က လက်နက်ကိုင်တပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကိုလည်း မီးရှို့ခဲ့သည်ဟု နောင်ချိုမြို့၊ ကျောက်ကြမ်း မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှ ကိုမြင့်ဇော်နိုင်က ပြောသည်။
.
ကျွန်တော်တိို့ကိုယ်တိုင် ပုန်းနေရတယ်။ ထိတဲ့သူလည်းထိ၊ သေတဲ့သူလည်း သေတယ်လို့ သိရတယ်။ ခုချိန်ထိ ပစ်နေတုန်းပါပဲ။ လူအင်အားများတယ်။ ရာကျော်မယ်ထင်တာပဲဟု ကိုမြင့်ဇော်နိုင်က ယနေ့ ဩဂုတ်လ ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် ပြောသည်။
.
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရေချမ်းအိုးရပ်ကွက်ရှိ စစ်အင်ဂျင်နီယာကျောင်း၊ တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) ကို လက်နက်ကြီး ပစ်ခတ်ခံရသဖြင့် လူတစ်ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ သည့်အပြင် ပြင်ဦးလွင်မြို့ အထွက်ရှိ မူးယစ်ဆေးဝါးရှာဖွေသည့် X-Ray စက်နေရာသို့လည်း လက်နက်ကြီး/ငယ် များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment