နန်းနန်း (ရှမ်းပြည်)
.
လွန်ခဲ့သည့်နှစ်
၃ဝ က ကီကီးယားခေါ်မြို့က လေးတွင် သဲကန္တာရအပေါ် တိတ်ဆိတ်စွာတိုက်ပွဲ ဆင်ခြင်းဖြစ်ပွားခဲ့သည်။
ခဲ့သည်။
.
.
ကီကီးယားသည်
ကျော်ကြားသည်။
.
ဤသဲကန္တာရကြီးသည်
စတုရန်းကီလိုမီတာ ၃၃၇ဝဝဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ဂျာမဏီနိုင်ငံထက် အနည်းငယ်သာ
အကြီးဆုံးဖြစ်သည်။
.
သဲကန္တာရဆက်လက်
.
သို့ဖြစ်၍လွန်ခဲ့သော
နှစ် ၃ဝ ကာလအတွင်း သဲကန္တာရနှင့် မြို့များအကြားတွင် ဟက်တာ ပေါင်း ၇၇ဝဝဝ ရှည်လျားသော
.
.
ကီကီးယားရှိ
.
.
တရုတ်ပြည်သူ့
.
'ကီကီးယားမှာ
.
အလီက ကီကီးယားတွင်
.
'ကျွန်တော်တို့ဟာ
.
၁၉၈၅ ခုတွင်
.
စွန့်စားရမည့်
.
ဘီကမြေဆီလွှာပတ်ဝန်းကျင်လေ့လာခြင်း
.
မြေဆီလွှာနှင့်
လုပ်ကြ သည်။
.
ဤအချိန်အတွင်းတွင်
.
ရင်းပြောပြသည်။
.
၁၉၈၆ မှ ၂ဝ၁၅
.
မိုးလေဝသဌာနကလည်း
ပြောကြားသည်။
.
သစ်တောဝန်ထမ်းများ၏
.
'လူတွေပင်ပင်ပန်းပန်း
.
ဆက်လက်ရှိနေသော
စီမံကိန်း
ကီကီးယား၏
.
ကီကီးယားပရောဂျက်
စတင်ခဲ့သည်။
.
အာခ်စူးမြစ်
စိုက်ပျိုးပြီး လေပြီ။
.
ဂေဟဗေဒစီမံကိန်း
.
စတင်စိုက် ပျိုးစေသည်။
.
.
နှစ်အတော်ကြာအောင်
.
Source –
Xinhuanet
======================================
သဘာဝအပေါ် လူသား၏ အောင်နိုင်မှု
နန်းနန်း (ရှမ်းပြည်)
.
လွန်ခဲ့သည့်နှစ်
၃ဝ က ကီကီးယားခေါ်မြို့က လေးတွင် သဲကန္တာရအပေါ် တိတ်ဆိတ်စွာတိုက်ပွဲ ဆင်ခြင်းဖြစ်ပွားခဲ့့သည်။
ဤမြို့ကလေးသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း
ရှင်းဂျန်ဝီးဝါး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
နယ်မြေတွင် တည်ရှိ သည်။ ရလာဘ်မှာမြေကြီး တုန်လှုပ်လောက် အောင်ဖြစ်ခဲ့သည်။ ဒေသခံလူများက
တိုက်ပွဲ တွင်အနိုင်ရပြီး ပိုရုပ်ကောင်းသော ပတ်ဝန်းကျင် အတွက် ဆက်လက်တိုက်ပွဲဝင်မည့်
သူများသို့ သဘာဝမိခင်၏ မကောင်းခြင်းများကို တွန်းလှန် တိုက်ခိုက်ရန် စိတ်ဓာတ်ကို လက်ဆင့်ကမ်းပေး
ခဲ့သည်။
.
ကီကီးယားသည် တရုတ်နိုင်ငံတွင်
အကြီး ဆုံးသဲကန္တာရဖြစ်သော တာကလီမာကန်၏ အနောက်မြောက်အစွန်းတွင် တည်ရှိပြီး ¤င်း၏ ဆိုးဝါးလှသည့် ရာသီဥတုနှင့် အမြဲထာဝစဉ်ရှိနေ သော သဲမုန်တိုင်းများကြောင့်
နာမည်ဆိုးနှင့် ကျော်ကြားသည်။
.
ဤသဲကန္တာရကြီးသည်
စတုရန်းကီလိုမီတာ ၃၃ရဝဝဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ဂျာမဏီနို်င်ငံထက် အနည်းငယ်သာ
ငယ်သော အရွယ်ပမာဏရှိသည်။ ကမ္ဘာပေါ်တွင် ရွေ့လျား သောသဲရှိသည့် သဲကန္တာရများအနက် ဒုတိယ
အကြီးဆုံးဖြစ်သည်။
.
သဲကန္တာရဆက်လက် မကျယ်ပြန့်စေရန်
နှင့် အနီးအနားနေပြည်သူတို့အပေါ်ကျရောက် သော သဲနှင့်ဖုန်မုန်တိုင်းများ၏ ဒဏ်သက်သာ စေရန်
ကီကီးယားတွင် ၁၉၈၆ ခု၌သစ်ပင်သစ် တောစိုက်ရန် စီမံကိန်းစတင်ခဲ့ပြီး ၂ဝ၁၅ ခုတွင် ပြီးဆုံးခဲ့သည်။
.
သို့ဖြစ်၍လွန်ခဲ့သော
နှစ် ၃ဝ ကာလအတွင်း သဲကန္တာရနှင့် မြို့များအကြားတွင် ဟက်တာ ပေါင်း ရရဝဝဝ ရှည်လျားသော
ကြီးမားကျယ် ပြန့်သည့် အစိမ်းရောင်နံရံကြီးကို တဖြည်းဖြည်း နှင့် တည်ဆောက်နိုင်ခဲ့သည်။
.
တစ်ဆူးပြည်နယ်တွင်ရှိသော
ကီကီးယား၏ မှတ်သားဖွယ်ကောင်းသော အောင်မြင်မှုက သဲကန္တာရများအား အိုအေစစ် ဖြစ်လာစေရန်
မျှော်မှန်းပြီး စတင်ဆောင်ရွက်နေပြီ ဖြစ်သော ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများတွင်
ပါ ဝင်နေသူများအတွက် စိတ်ဓာတ်တက်ကြွ၊ အားကျစရာဖြစ်စေခဲ့ပေသည်။
.
မဖြစ်နိုင်လောက်အောင်ခက်ခဲသောအလုပ်
ကီကီးယားရှိ လူများသည်
နှစ်ပေါင်းရာချီ အောင် မိုးခေါင်ခြင်းဒဏ်ကို ခံစားခဲ့ကြရသည်။
.
သမိုင်းမှတ်တမ်းများအရ
ချင်မင်းဆက် (၁၆၄၄-၁၉၁၁) လက်ထက်တွင် ဒေသခံအရာရှိ တစ်ယောက်က ကီကီးယားတွင် ရေတွင်းတူး
ပြီး မြေအောက်ရေကို ရှာဖွေရန် စေခိုင်းခဲ့ဖူးသည်။ သို့သော်လည်း ကုန်ကျစရိတ် မြင့်မားလွန်းသ
ဖြင့် တာဝန်ရှိသူများက ဤကြိုးစားမှုကို စွန့် လွတ်ခဲ့ကြသည်။
.
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
မတည်ထောင် မီ ၁၉၄၉ ခုတွင် ဒေသခံများက ဒုတိယအကြိမ် ကြိုးစားမှုလုပ်ကြပြန်သည်။ ကီကီးယားတွင်ရေ
တွင်းများစွာ တူးဖော်ကြသော်လည်း ရေအားမ ရရှိခဲ့ကြပေ။ ၁၉၆ဝ ခုနှစ်မှာ အာခ်စူးမြို့သို့
မြစ် တစ်မြစ်မှ ရေသွယ်ယူလာရန် ကြိုးစားမှုကို လည်း စွန့်ပယ်ခဲ့ရသည်။
.
'ကီကီးယားမှာ သစ်ပင်စိုက်တာဟာ
သဲထဲ မှာငါးမွေးတာနဲ့ ဘာမှမကွာခြားဘူး' ဟု ကီကီး ယားမှ အသက် ၇၇ နှစ်ရှိအငြိမ်းစားသစ်တော
ဝန်ထမ်း အလီစုလေမန်က ပြောသည်။
.
အလီက ကီကီးယားတွင်
နှစ်စဉ်နှစ်တိုင်း ရက် ၁ဝဝ ခန့် ဖုန်နှင့်သဲမုန်တိုင်းဒဏ် ခံရသည် ဟုပြောသည်။ 'နွေဦးနဲ့
ဆောင်းရာသီမှာ ပြင်း ထန်တဲ့လေတိုက်ခတ်ပြီး မြို့တွေကို သဲတွေနဲ့ ဖုံးလွှမ်းသွားစေတယ်
မြို့သူမြို့သားတွေဟာ နေ့လယ်ခင်းမှာတောင် မီးထွန်းထားရတယ်'
.
'ကျွန်တော်တို့ဟာ
ဒါကိုခံနိုင်ရင်ခံ မခံနိုင် ရင်ထွက်ပြေးရတာပဲ'ဟု အလီက ပြောသည်။
.
၁၉၈၅ ခုတွင် အာခ်စူးရှိ
ဌာနဆိုင်ရာခေါင်း ဆောင်များက တစ်ခုခုလုပ်ရတော့မည်ဟု ဆုံး ဖြတ်သည်။ အခြေအနေကောင်းလာစေရန်
နောက်တစ်နှစ်တွင် သဲကန္တာရတိုက်ဖျက်ရေး ဌာနချုပ်ရုံးခန်းကို ဖွင့်လှစ်လိုက်သည်။
.
စွန့်စားရမည့် ဆုံးဖြတ်ချက်နှင့်
ပတ်သက်၍ လူတော်တော်များများက မယုံမရဲဖြစ်နေသော် လည်း ဒေသဆိုင်ရာ သစ်တောဌာန ညွှန်ကြား
ရေးမှူးဖြစ်သူ ဘီကီရှန်းကမူ 'နောက်လာမယ့် မျိုးဆက်တွေအတွက် ကျုပ်ကတော့ ဒီဟာလာ ဟင်းလင်းမြေကို
အစိမ်းရောင်လွင်ပြင်အဖြစ် ပြောင်းဖို့စွန့်စားမှုကို လိုလိုလားလား လက်ခံ ဆောင်ရွက်ချင်တယ်'
.
ဘီကမြေဆီလွှွာပတ်ဝန်းကျင်လေ့လာခြင်း
ဖြင့် စတင်သည်။ ရေသွင်းရန်လိုအပ်နေသော ချောက်နက်များနှင့် ဆားငန်မြေစသောကြီးမား သည့်
အခက်အခဲများက ရှေ့တွင်စောင်ကြိုနေ သည်။
.
မြေဆီလွှာနှင့် ရေပြဿနာဖြေရှင်းရန်
ပ ညာရှင်များနှင့် လုပ်သားများအစုလိုက် ကီကီး ယားသို့ ဝင်လာသည်။ ဟာလာဟင်းလင်းမြေသို့
အပင်ငယ်များ သစ်ပင်များ သယ်ယူလာနိုင်ရန် လမ်းများဖောက်ခြင်း ခင်းခြင်းများ လုပ်ကြ သည်။
.
ဤအချိန်အတွင်းတွင်
ဒေသဆိုင်ရာအစိုးရ က ပြည်သူလူထုအား သစ်ပင်များစိုက်ပျိုးရန် တိုက်တွန်းနိုးဆော်လျက်ရှိသည်။
နောက်ပိုင်း တွင် အာခ်စူးမြို့ရှိ အလွှာစုံမှ လူများကမိမိတို့ ဆန္ဒသဘောထား အလျောက်စီမံကိန်းတွင်
ပါဝင်လာကြပြီး စိုက်ပျိုးရန်မြေကျင်းတူးခြင်း၊ မြေဆီသြဇာထည့်ခြင်းများ ပြုလုပ်လာကြသည်။
.
'အခုထိကျွန်မခန္ဓာကိုယ်တစ်ခုလုံး
နာကြင် စေတဲ့ သစ်ပင်စိုက်ဖို့ ကျင်းတူးရတာကို မကြာ ခဏအိမ်မက်မက်နေတုန်းပဲ' ဟု အသက်
၅ဝ ကျော် လိုင်ချင်းက သူမအသက် ၂ဝ အရွယ်က သစ်ပင်စိုက်ခဲ့သည့်နေရာများကို ပြန်စဉ်းစား
ရင်းပြောပြသည်။
.
၁၉၈၆ မှ ၂ဝ၁၅ အထိလူ
၃ ဒသမ ၄ သန်းတို့က အာခ်စူးတွင် သစ်ပင် ၁၃ ဒသမ ၃၇ သန်းကို လုပ်အားပေးစိုက်ပျိုးခဲ့ကြသည်ဟု
ဒေသဆိုင်ရာ သစ်တောဌာနက ဆိုသည်။
.
မိုးလေဝသဌာနကလည်း
တစ်နှစ်အတွင်း ဖုံထူရက်များသည် ရက် ၁ဝဝ မှ ၂၉ ရက်သို့ သိသိသာသာကျဆင်းလာသည်ဟု ထုတ်ဖော်
ပြောကြားသည်။
.
သစ်တောဝန်ထမ်းများ၏
ကျေးဇူးကြာင့် လည်း သစ်ပင်များရှင်သန်မှုနှုန်းမှာ မျှော်လင့် ထားသည်ထက် ကျော်လွန်သော
၈၇ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရသည်။
.
'လူတွေပင်ပင်ပန်းပန်း
စိုက်ပျိုးထားရတဲ့ အပင်တွေကို မကြည့်ပေးနိုင်ခဲ့ရင် ကျွန်တော့်အ နေနဲ့ အပြစ်ရှိသလို
ခံစားနေရမှာပါ။' ဟု အာခ်စူးသစ်တောများကို ဆယ်စုနှစ် ၃ ခုကြာ အောင် လှည့်လည်စောင့်ကြပ်
ကြည့်ရှုပေးခဲ့ရ သူ အီမန်မီမက်ကပြောသည်။
.
ဆက်လက်ရှိနေသော စီမံကိန်း
ကီကီးယား၏ အောက်မေ့ဖွယ်ခန်းမတွင်
ဒေသတွင်းသစ်ပင်စိုက်ပျိုးပြီးသော နေရာများ နှင့် ပတ်သက်သည့် မှတ်တမ်းစာအုပ်အနီရောင်ကို
ပြသထားသည်။ ကိန်းဂဏန်းများကား ရပ်တန့် သွားခြင်းမရှိဘဲ ဆက်၍သာတိုးတက်နေသည်။ ကီကီးယား၏
စိမ်းလန်းစိုပြည်ရေး စီမံကိန်း၏ ကျေးဇူးကြောင့် ဖြစ်သည်။
.
ကီကီးယားပရောဂျက်
ပြီးဆုံးပြီးနောက် ရာသီဥတုဆိုင်ရာ နောက်ထပ်ပရောဂျက် ၃ ခု ကိုတာကလီမာကန်သဲကန္တာရအဝန်းအဝိုင်းတွင်
စတင်ခဲ့သည်။
.
အာခ်စူးမြစ် ချိုင့်ဝှမ်းတွင်
ဟက်တာ ၈၄ဝဝဝ ကျယ်ဝန်းသော အစိမ်းရောင် စီမံကိန်း တစ်ခု ပြီးဆုံးသွားပြီး အိုဂန်မြစ်ချိုင့်ဝှမ်းတွင်
လည်း ၇၁ဝဝဝ ဟက်တာစီမံကိန်းတစ်ခု ပြီးဆုံး လုနီးဖြစ်နေလေပြီ။ နွေဦးကာလက ကောင် ထိုက်လိုက်ဒေသရှိ
ဟက်တာ ၄ဝဝဝ ကျယ်ဝန်း သော နေရာတွင် သစ်ပင်များကို စိုက်ပျိုးပြီး လေပြီ။
.
ဂေဟဗေဒစီမံကိန်း
၃ ခုနှင့်အတူ သယ်ယူ ပို့ဆောင်ရေး ကွန်ရက်များ ဆည်မြောင်းရေပေး ရေးစနစ်နှင့် သစ်ပင်စိုက်ပျိုးရေး
လုပ်ငန်းများ လည်း ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီဖြစ်သည်။ ဤစီမံ ကိန်းများ ပြီးစီးမည့် ၂ဝ၂ဝ
ခုတွင် ဒေသခံ လူ ၁ သန်း အကျိုးခံစားရရန် မျှော်မှန်းထား သည်။
.
ခက်ခက်ခဲခဲစိုက်ပျိုးခဲ့ရသော
သစ်တောများ ကို ပို၍ကောင်းစွာထိန်းသိမ်းစောင့်ရှောက်နိုင် ရန်နှင့် ဒေသခံများ၏ ဝင်ငွေကို
ပို၍တည်ငြိမ် စေရန် ဒေသအစိုးရက ဝင်ငွေရစေနိုင်သော ပန်းသီးပင်များ ဂျူဂျူသီးပင်များကို
စတင်စိုက် ပျိုးစေသည်။
.
တရုတ်လူမျိုးများအကြား
ကျယ်ပြန့်စွာသိရှိ နေပြီးသော အရသာချိုချို၊ အရည်ရွမ်းရွမ်း အာခ်စူးပန်းသီးများသည် ရှင်ဂျန်၏
ထင်ရှား သောစိုက်ပျိုးရေးထွက်ကုန် ဖြစ်နေလေပြီ။
.
နှစ်အတော်ကြာအောင်
ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ပေးပြီးနောက် ရှင်ဂျန်တွင် အာခ်စူး အား အဓိကသစ်တောနှင့်
သစ်သီးထွက်ရှိရာ ဒေသဖြစ်လာခဲ့လေပြီ။ ပြည်နယ်၏ စုစုပေါင်း ထွက်ကုန်တန်ဖိုးမှာ ၂ဝ၁၇ ခုတွင်
ယွမ်ငွေ ၁၃ ဘီလီယံ (၁ ဒသမ ၈၈ ဘီလီယံ ့ှ ဒေါ်လာ) ဖြစ်သည်။
.
လူတို့၏ နေထိုင်မှုအဆင့်အတန်းပိုမိုမြင့်
မားလာစေရန် ဒေသအစိုးရက ညစ်ညမ်းမှုလျော့ ကျအောင် ထိန်းသိမ်းခြင်းနှင့် မြို့တော်တည်
ဆောက်ခြင်းများကို ထိန်းသိမ်းဆောင်ရွက်ပေး နေသည်။ မြို့သူမြို့သားများမှာ သန့်ရှင်းသော
မြစ်များနှင့် ပန်းခြံအသစ်များနံဘေး၊ မြို့ထဲရှိအ ပန်းဖြေရပ်ဝန်းရင်ပြင်များတွင် လမ်းလျှောက်
ခြင်းပြုကြရန် အားပေးအားမြောက်ပြုခြင်း ခံနေကြရသည်။
Source –
Xinhuanet
No comments:
Post a Comment