နမ့္စန္ၿမိဳ႕နယ္အတြင္းရွိ သဘာဝေရထြက္ အမ်ားစုတြင္ ေရထြက္အား ေလ်ာ့နည္းလာေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 9, 2019

နမ့္စန္ၿမိဳ႕နယ္အတြင္းရွိ သဘာဝေရထြက္ အမ်ားစုတြင္ ေရထြက္အား ေလ်ာ့နည္းလာေန


ထြန္းလြင္
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လြိဳင္လင္ခ႐ိုင္၊ နမ့္စန္ၿမိဳ႕နယ္အတြင္းရွိ ေတာင္ေပၚေဒသမ်ားတြင္ ယခင္က ေခ်ာင္းေဘးတစ္ေလွ်ာက္ လက္တြင္းႏွင့္ သဘာဝ စိမ့္စမ္းေရမ်ားကို ေရသြယ္ပိုက္၊ ဝါးပိုးဝါးတို႔ျဖင့္ အိမ္တိုင္ ရာေရာက္ သြယ္ယူအသံုးျပဳခဲ့ရာ ယခုအခါ ေရထြက္အမ်ားစုမွာ ေရထြက္အား ေလ်ာ့နည္းလာေနေၾကာင္း နမ့္စန္ၿမိဳ႕နယ္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ သိရသည္။
.
.
အရင္တုန္းက ေက်းရြာေတြမွာ စိမ့္စမ္းေရထြက္ကေန ေရသြယ္ယူ အသံုးျပဳတယ္။ လက္တူးတြင္း တူးေဖၚ အသံုးျပဳတယ္။ ေနာက္ပိုင္းမွာ တစ္ႏွစ္ထက္တစ္ႏွစ္ ရာသီဥတု ေျပာင္းလာတာရယ္ တခ်ိဳ႕ေရထြက္ ေတြမွာရွိတဲ႔ သစ္ပင္ေတြ ခုတ္လဲ၊ ေရထြက္ေတြထဲ သဲႏုန္းေတြ ပို႔ခ်တာေၾကာင့္ ေရထြက္အားနည္းသြားပါတယ္။ လိုက္လံတိုင္းတာစစ္ေဆးတဲ့ အခါမွာ ၅၀ ရာခိုင္ႏႈန္းေလာက္ ေရထြက္အား ေလ်ာ့နည္းလာတာ ေတြ႕ ရပါတယ္ဟု နမ့္စန္ၿမိဳ႕နယ္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီး ဌာနမွ တာဝန္ရွိသူက ေျပာသည္။
.
အဆိုပါ ေရထြက္မ်ားရွိ သဘာဝခ်ံဳႏြယ္၊ သစ္ပင္မ်ားကို စည္းကမ္းမဲ့ ခုတ္လဲျခင္း၊ သဘာဝေက်ာက္တန္းမ်ားအား ဖ်က္ဆီးျခင္းႏွင့္ သဲႏုန္း ပို႔ခ်ျခင္းမ်ားေၾကာင့္ ေရအရင္း အျမစ္မ်ား ပ်က္စီးလာၿပီး ရာသီဥတု ေျပာင္းလဲ ေဖာက္ျပန္လာသည္ႏွင့္ အမွ်ေရထြက္မ်ား ခန္းေျခာက္ျခင္း၊ ေရထြက္ႏႈန္း ေလ်ာ့က်ျခင္းတို႔ ျဖစ္ ေပၚလ်က္ရွိရာ ႏွစ္စဥ္ေႏြရာသီ ကာလတြင္ ေသာက္သံုးေရ ရွားပါးမႈဒဏ္ကို ႀကံဳေတြ႕ ခံစားေနရေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ ေႏြရာသီကာလအတြင္း ေသာက္သံုးေရ ရွားပါးျပတ္လပ္မႈ မရွိေစေရးအတြက္ ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္ဦးစီးႏွင့္ ဝန္ထမ္းမ်ား၊ ေဒသခံျပည္သူမ်ား ပူးေပါင္း၍ ၿမိဳ႕နယ္အတြင္းရွိ ေရထြက္မ်ားအား ေရထြက္ႏႈန္း၊ ေရအရည္အေသြး စမ္းသပ္တိုင္းတာျခင္းမ်ား ေဆာင္ရြက္လ်က္ရွိၿပီး ေက်းရြာေရေပးေရးဆိုင္ရာ အေျခခံ အ ခ်က္အလက္မ်ား ေကာက္ယူျခင္းႏွင့္ ေဒသခံ ျပည္သူမ်ားအား သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးနည္းလမ္းမ်ား အသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းတို႔ကို ကြင္းဆင္းေဆာင္ ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
နမ့္စန္ၿမိဳ႕နယ္သည္ ရွမ္းျပည္ နယ္ေတာင္ပိုင္း၊ လြိဳင္လင္ခ႐ိုင္ အတြင္းရွိ ေတာင္ႀကီး-က်ိဳင္းတံု-တာခ်ီ လိတ္လမ္း၊ ေတာင္ႀကီး-လင္းေခး-မိုင္းပန္လမ္းဆံုရာ ေနရာတြင္ တည္ရွိၿပီး ၿမိဳ႕နယ္လူဦးေရ စုစုေပါင္း ၁၀၃၆၁၈ ဦး ရွိေၾကာင္း သိရသည္။ နမ့္စန္ၿမိဳ႕နယ္အတြင္း ေက်းလက္ ေဒသ ဖြံ႕ၿဖိဳးေရးလုပ္ငန္း အေနျဖင့္ ေသာက္သံုးေရ ရရွိေရးအတြက္ ေရကန္ ၈ ကန္၊ အဝီစိတြင္း ၆ တြင္း၊ စိမ့္စမ္းေရ သြယ္ယူျခင္းလုပ္ငန္း ၈ ခုမွ အိမ္ေျခ ၂၀ဝ၀ ေက်ာ္ကို ျဖန္႔ ျဖဴးေပးလ်က္ရွိေၾကာင္း သိရသည္။
.
============================================================
နမ့်စန်မြို့နယ်အတွင်းရှိ သဘာဝရေထွက် အများစုတွင် ရေထွက်အား လျော့နည်းလာနေ
.
ထွန်းလွင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသများတွင် ယခင်က ချောင်းဘေးတစ်လျှောက် လက်တွင်းနှင့် သဘာဝ စိမ့်စမ်းရေများကို ရေသွယ်ပိုက်၊ ဝါးပိုးဝါးတို့ဖြင့် အိမ်တိုင် ရာရောက် သွယ်ယူအသုံးပြုခဲ့ရာ ယခုအခါ ရေထွက်အများစုမှာ ရေထွက်အား လျော့နည်းလာနေကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
.
အရင်တုန်းက ကျေးရွာတွေမှာ စိမ့်စမ်းရေထွက်ကနေ ရေသွယ်ယူ အသုံးပြုတယ်။ လက်တူးတွင်း တူးဖေါ် အသုံးပြုတယ်။ နောက်ပိုင်းမှာ တစ်နှစ်ထက်တစ်နှစ် ရာသီဥတု ပြောင်းလာတာရယ် တချို့ရေထွက် တွေမှာရှိတဲ့ သစ်ပင်တွေ ခုတ်လဲ၊ ရေထွက်တွေထဲ သဲနုန်းတွေ ပို့ချတာကြောင့် ရေထွက်အားနည်းသွားပါတယ်။ လိုက်လံတိုင်းတာစစ်ဆေးတဲ့ အခါမှာ ၅၀ ရာခိုင်နှုန်းလောက် ရေထွက်အား လျော့နည်းလာတာ တွေ့ ရပါတယ်ဟု နမ့်စန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ရှိသူက ပြောသည်။
.
အဆိုပါ ရေထွက်များရှိ သဘာဝချုံနွယ်၊ သစ်ပင်များကို စည်းကမ်းမဲ့ ခုတ်လဲခြင်း၊ သဘာဝကျောက်တန်းများအား ဖျက်ဆီးခြင်းနှင့် သဲနုန်း ပို့ချခြင်းများကြောင့် ရေအရင်း အမြစ်များ ပျက်စီးလာပြီး ရာသီဥတု ပြောင်းလဲ ဖောက်ပြန်လာသည်နှင့် အမျှရေထွက်များ ခန်းခြောက်ခြင်း၊ ရေထွက်နှုန်း လျော့ကျခြင်းတို့ ဖြစ် ပေါ်လျက်ရှိရာ နှစ်စဉ်နွေရာသီ ကာလတွင် သောက်သုံးရေ ရှားပါးမှုဒဏ်ကို ကြုံတွေ့ ခံစားနေရကြောင်း သိရသည်။
.
သို့ဖြစ်၍ နွေရာသီကာလအတွင်း သောက်သုံးရေ ရှားပါးပြတ်လပ်မှု မရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရေထွက်များအား ရေထွက်နှုန်း၊ ရေအရည်အသွေး စမ်းသပ်တိုင်းတာခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာရေပေးရေးဆိုင်ရာ အခြေခံ အ ချက်အလက်များ ကောက်ယူခြင်းနှင့် ဒေသခံ ပြည်သူများအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနည်းလမ်းများ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းတို့ကို ကွင်းဆင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.
နမ့်စန်မြို့နယ်သည် ရှမ်းပြည် နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် အတွင်းရှိ တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ်လမ်း၊ တောင်ကြီး-လင်းခေး-မိုင်းပန်လမ်းဆုံရာ နေရာတွင် တည်ရှိပြီး မြို့နယ်လူဦးရေ စုစုပေါင်း ၁၀၃၆၁၈ ဦး ရှိကြောင်း သိရသည်။ နမ့်စန်မြို့နယ်အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း အနေဖြင့် သောက်သုံးရေ ရရှိရေးအတွက် ရေကန် ၈ ကန်၊ အဝီစိတွင်း ၆ တွင်း၊ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ၈ ခုမှ အိမ်ခြေ ၂ဝဝဝ ကျော်ကို ဖြန့် ဖြူးပေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats