စိုင္းရာဇာ
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕နယ္၊ ပန္ဆိုင္း
(ၾကာကုတ္)ၿမိဳ႕၊ နမ့္ေတာင္းေက်းရြာအုပ္စု၊ အထက(ခြဲ) ေက်ာင္း
မွ ေက်ာင္းသား/ေက်ာင္းသူ ၁၆ ဦးအား မစင္သုတ္လိမ္း အျပစ္ေပးသည့္ ဆရာမကို ၿမိဳ ႔နယ္ပညာေရးမွဴး႐ံုးမွ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
.
နမ့္ေတာင္းေက်းရြာအုပ္စု၊
အထက(ခြဲ)ေက်ာင္း၊ စတုတၳတန္းတြင္
ပညာသင္ယူေနသည့္ ေက်ာင္းသား/ေက်ာင္းသူ မ်ားအား အဂၤလိပ္စာ ဘာသာသင္ၾကားေပးသည့္ ဆရာမ ေဒၚအိဇာဇာေအာင္သည္
ၾသဂုတ္လ ၁ ရက္တြင္ လပတ္စာေမးပြဲက်ေသာ ေက်ာင္းသား/သူ ၁၆ ဦးအား စာသင္ခန္းေဘး ကြင္းျပင္တြင္
မတ္တပ္ရပ္၍ လက္ေျမႇာက္ ခိုင္းျခင္း၊ တုတ္ျဖင့္ ၃ ခ်က္႐ိုက္ျခင္း ၊ ေက်ာင္းသူ ၃ ဦးအား အိမ္သာမွ မစင္အား
သြားေရာက္ယူေစ၍ ပါးစပ္ႏွင့္ ႏႈတ္ခမ္းတြင္
သုတ္လိမ္းေစခိုင္းျခင္းမ်ား ျပဳလုပ္ခဲ႔ေၾကာင္း သိရသည္။
“တိုင္စာလည္း ရွိၿပီဆိုေတာ့
လား႐ိႈးျပည္နယ္ပညာေရးမွဴး႐ံုးကေန စစ္ဖို႔ေတာ့ လုပ္ေနၿပီ။ မူဆယ္ၿမိဳ ႔နယ္ပညာေရး ႐ံုးက တာဝန္ရွိတဲ႔သူေတြကို စစ္ဖို႔ သြားခိုင္းထားတယ္” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္
ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက
ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထိုသို႔ ေက်ာင္းသား/သူမ်ားအား ပါးစပ္ႏွင့္ ႏႈတ္ခမ္းတြင္ မစင္သုတ္လိမ္းေစခိုင္းျခင္း လုပ္ရပ္ကို ေက်ာင္းသားမိဘ
မ်ားမွ လံုးဝမေက်နပ္ပါေၾကာင္းႏွင့္ အဆိုပါလုပ္ရပ္မ်ားသည္ ေက်ာင္းသား/သူထု တစ္ရပ္လံုးႏွင့္
ေက်ာင္းသား မိဘထု တစ္ရပ္လံုးအား ႐ုိင္းျပစြာ ေစာ္ကားသည္ဟု ခံစားရပါေၾကာင္း
ကခ်င္လူငယ္လႈပ္ရွားမႈအဖြဲ႕မွ အဖြဲ႕ဝင္ တစ္ဦးက ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
ေက်ာင္းသား/ေက်ာင္းသူမ်ားအား
အျပစ္ေပးသည့္ ဆရာမ ေဒၚအိဇာဇာေအာင္သည္ နမ့္ေတာင္းေက်းရြာအုပ္စု
အထက (ခြဲ) ေက်ာင္းတြင္ ၁၀ ႏွစ္ေက်ာ္ တာယန္ထမ္းေဆာင္ေနသူျဖစ္ၿပီး ၂၀၁၆-၁၇
ပညာသင္ႏွစ္ ကလည္း ေက်ာင္းေျပးသည့္ တတိယတန္း ေက်ာင္းသား ၅ ဦးအား
အဝတ္ဗလာျဖင့္ အလံတုိင္ေရွ ႔ မတ္တပ္ရပ္ခိုင္းေစျခင္း၊ ၂၀၁၈-၁၉ ပညာသင္ႏွစ္တြင္ လပတ္စာေမးပြဲက်သည့္
စတုတၳတန္း ေက်ာင္းသား/သူ ၁၃ ဦးအား မစင္နံ႔ ႐ွဴေစျခင္း မ်ားကို
ေစခိုင္းခဲ့ဖူးေၾကာင္း သိရသည္။
.
============================================================
မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာ စာသင်ကျောင်းမှ ကျောင်းသား/သူ
၁၆ ဦးအား မစင်သုတ်လိမ်းခိုင်းသည့် ဆရာမကို စစ်ဆေးသွားမည်
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်း (ကြာကုတ်)မြို့၊
နမ့်တောင်းကျေးရွာအုပ်စု၊ အထက(ခွဲ) ကျောင်း မှ ကျောင်းသား/ကျောင်းသူ ၁၆ ဦးအား မစင်သုတ်လိမ်း
အပြစ်ပေးသည့် ဆရာမကို မြို ့နယ်ပညာရေးမှူးရုံးမှ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
နမ့်တောင်းကျေးရွာအုပ်စု၊ အထက(ခွဲ)ကျောင်း၊ စတုတ္ထတန်းတွင် ပညာသင်ယူနေသည့်
ကျောင်းသား/ကျောင်းသူ များအား အင်္ဂလိပ်စာ ဘာသာသင်ကြားပေးသည့် ဆရာမ ဒေါ်အိဇာဇာအောင်သည်
သြဂုတ်လ ၁ ရက်တွင် လပတ်စာမေးပွဲကျသော ကျောင်းသား/သူ ၁၆ ဦးအား စာသင်ခန်းဘေး ကွင်းပြင်တွင်
မတ်တပ်ရပ်၍ လက်မြှောက် ခိုင်းခြင်း၊ တုတ်ဖြင့် ၃ ချက်ရိုက်ခြင်း ၊ ကျောင်းသူ ၃ ဦးအား
အိမ်သာမှ မစင်အား သွားရောက်ယူစေ၍ ပါးစပ်နှင့် နှုတ်ခမ်းတွင် သုတ်လိမ်းစေခိုင်းခြင်းများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“တိုင်စာလည်း
ရှိပြီဆိုတော့ လားရှိုးပြည်နယ်ပညာရေးမှူးရုံးကနေ စစ်ဖို့တော့ လုပ်နေပြီ။ မူဆယ်မြို
့နယ်ပညာရေး ရုံးက တာဝန်ရှိတဲ့သူတွေကို စစ်ဖို့ သွားခိုင်းထားတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ကျောင်းသား/သူများအား ပါးစပ်နှင့် နှုတ်ခမ်းတွင် မစင်သုတ်လိမ်းစေခိုင်းခြင်း
လုပ်ရပ်ကို ကျောင်းသားမိဘ များမှ လုံးဝမကျေနပ်ပါကြောင်းနှင့် အဆိုပါလုပ်ရပ်များသည်
ကျောင်းသား/သူထု တစ်ရပ်လုံးနှင့် ကျောင်းသား မိဘထု တစ်ရပ်လုံးအား ရိုင်းပြစွာ စော်ကားသည်ဟု
ခံစားရပါကြောင်း ကချင်လူငယ်လှုပ်ရှားမှုအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
ကျောင်းသား/ကျောင်းသူများအား အပြစ်ပေးသည့် ဆရာမ ဒေါ်အိဇာဇာအောင်သည်
နမ့်တောင်းကျေးရွာအုပ်စု အထက (ခွဲ) ကျောင်းတွင် ၁၀ နှစ်ကျော် တာယန်ထမ်းဆောင်နေသူဖြစ်ပြီး
၂၀၁၆-၁၇ ပညာသင်နှစ် ကလည်း ကျောင်းပြေးသည့် တတိယတန်း ကျောင်းသား ၅ ဦးအား အဝတ်ဗလာဖြင့်
အလံတိုင်ရှေ ့ မတ်တပ်ရပ်ခိုင်းစေခြင်း၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် လပတ်စာမေးပွဲကျသည့်
စတုတ္ထတန်း ကျောင်းသား/သူ ၁၃ ဦးအား မစင်နံ့ ရှူစေခြင်း များကို စေခိုင်းခဲ့ဖူးကြောင်း
သိရသည်။
.
No comments:
Post a Comment