မူဆယ္တြင္ လူေနရပ္ကြက္အတြင္း ေျမၿပိဳက်မႈမ်ား ျဖစ္ပြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 16, 2019

မူဆယ္တြင္ လူေနရပ္ကြက္အတြင္း ေျမၿပိဳက်မႈမ်ား ျဖစ္ပြား


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕ေပၚရွိ ရပ္ကြက္ ၂ ခုတြင္ မိုးအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ ဩဂုတ္လ ၁၅ ရက္၊ ညပိုင္းက ေျမၿပိဳက်မႈမ်ား ျဖစ္ၿပီးခဲ့ၿပီး ေနထိုင္သူမ်ားကို ႀကိဳတင္ဖယ္ရွားႏိုင္ခဲ့သျဖင့္ ထိခိုက္ဒဏ္ရာရမႈ မရွိခဲ့ေၾကာင္း သိရသည္။
.
.
ဩဂုတ္လ ၁၂ ရက္မွ စတင္၍ အဆက္မျပတ္ မိုးသည္းထန္စြာရြားသြန္းခဲ့မႈေၾကာင့္ ေတာင္ေစာင္းရွိ ေျမသားမ်ား ေလ်ာ့က်လာကာ ေျမၿပိဳမည့္ အႏၲရာယ္ရွိသျဖင့္ လူေနအိမ္မ်ားတြင္ ေနထိင္သူမ်ားကို ႀကိဳတင္ဖယ္ရွားႏိုင္ခဲ့သျဖင့္ ထိခိုက္မႈ မရွိခဲ့ျခင္းျဖစ္ေၾကာင္း မူဆယ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဥိးစိုင္းေက်ာ္သိန္းက ေျပာသည္။
.
“တစ္အိမ္ဆိုရင္ ေရွ႕ ၃ ရက္ေလာက္ကတည္းက အႏၲရာယ္ရွိလို႔ ဖယ္ခိုင္းေနတာ မဖယ္ဘူး။ ဩဂုတ္လ ၁၅ ရက္ မွာမွ ေသခ်ာေျပာၿပီး ဖယ္ခိုင္း႐ံုပဲရွိေသးတယ္။ ေျမၿပိဳက်တယ္။ အေပၚက အုတ္တံတိုင္းလည္း ၿပိဳသြားတယ္။ အခုေတာ့ ႀကိဳတင္ေရွာင္ႏိုင္လို႔ အားလံုးလြတ္ကင္းၾကပါတယ္” ဟု ဦးစိုင္းေက်ာ္သိန္းက ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
ေျမၿပိဳမႈ ျဖစ္ပြားခဲ့သည့္ ေနရာမ်ားမွာ မူဆယ္ၿမိဳ႕၊ ခရစ္ယာန္ရပ္ကြက္ႏွင့္ ေကာင္းေနာင္ရပ္ကြက္တို႔ျဖစ္ၿပီး ခရစ္ယာ ရပ္ကြက္ရွိ အမွတ္ (၁) အထက္တန္းေက်ာင္း ောက္ေက်ာ ေတာင္ေစာင္းေနရာမ်ားတြင္ ေဆာက္လုပ္ထားသည့္ လူေနအိမ္ ၃ လံုး၊ ေကာင္းေနာင္ရပ္ကြက္၊ နတ္စင္ေကုန္းေက်ာမွ ေနအိမ္တစ္လံုးတို႔ ေျမၿပိဳက်ကာ ေအာက္ဘက္ရွိ လူေနအိမ္ ၆ လံုးေပၚသို႔ ၿပိဳက်ခဲ့ျခင္းျဖစ္သည္။
.
“ကမ႓ားရံနဲ႔ ဆက္စပ္ေနတဲ့ ေနအိမ္ေတြကို မိုးႀကီးၿပီး ေျမၿပိဳမယ့္အႏၲရာယ္ရွိေၾကာင္း ႀကိဳတင္အေၾကာင္းၾကား အသိေပးမႈေတြ လုပ္ေနပါတယ္။ ေျမာင္းေတြ ေရစီးေရလာ ေကာင္းမြန္ၿပီး မပိတ္ေအာင္ လုပ္ေနပါတယ္” ဟု မူဆယ္ ၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေက်ာ္မိုးက ေျပာသည္။
.
အဆိုပါ ေျမၿပိဳက်မႈတြင္ ပါဝင္သြားသည့္ ေနအိမ္မ်ားမွ ေနထိုင္သူမ်ားကို နီးစပ္သည့္ ေဆြမ်ိဳးအိမ္မ်ားသို႔ ေျပာင္းေရႊ႕ ခိုင္းထားၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသူရန္၊ စည္ပင္သာယာေရးအရာရွိတို႔မွ လာေရာက္ႀကီးၾကပ္ကာ ရပ္ကြက္ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ပစၥည္းမ်ားကို ေျပာင္းေရႊ႕သယ္ေပးခဲ့ၾကေၾကာင္းႏွင့္ ေကာင္းမူးလြယ္ နယ္ေျမ (၂) ရွိ ေရတိုက္စားမႈကိုလည္း ေရေျမာင္းေဖာ္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
.
============================================================
မူဆယ်တွင် လူနေရပ်ကွက်အတွင်း မြေပြိုကျမှုများ ဖြစ်ပွား
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်ရှိ ရပ်ကွက် ၂ ခုတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဩဂုတ်လ ၁၅ ရက်၊ ညပိုင်းက မြေပြိုကျမှုများ ဖြစ်ပြီးခဲ့ပြီး နေထိုင်သူများကို ကြိုတင်ဖယ်ရှားနိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
.
ဩဂုတ်လ ၁၂ ရက်မှ စတင်၍ အဆက်မပြတ် မိုးသည်းထန်စွာရွားသွန်းခဲ့မှုကြောင့် တောင်စောင်းရှိ မြေသားများ လျော့ကျလာကာ မြေပြိုမည့် အန္တရာယ်ရှိသဖြင့် လူနေအိမ်များတွင် နေထိင်သူများကို ကြိုတင်ဖယ်ရှားနိုင်ခဲ့သဖြင့် ထိခိုက်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဥိးစိုင်းကျော်သိန်းက ပြောသည်။
.
တစ်အိမ်ဆိုရင် ရှေ့ ၃ ရက်လောက်ကတည်းက အန္တရာယ်ရှိလို့ ဖယ်ခိုင်းနေတာ မဖယ်ဘူး။ ဩဂုတ်လ ၁၅ ရက် မှာမှ သေချာပြောပြီး ဖယ်ခိုင်းရုံပဲရှိသေးတယ်။ မြေပြိုကျတယ်။ အပေါ်က အုတ်တံတိုင်းလည်း ပြိုသွားတယ်။ အခုတော့ ကြိုတင်ရှောင်နိုင်လို့ အားလုံးလွတ်ကင်းကြပါတယ်ဟု ဦးစိုင်းကျော်သိန်းက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
မြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာများမှာ မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်နှင့် ကောင်းနောင်ရပ်ကွက်တို့ဖြစ်ပြီး ခရစ်ယာ ရပ်ကွက်ရှိ အမှတ် (၁) အထက်တန်းကျောင်း ောက်ကျော တောင်စောင်းနေရာများတွင် ဆောက်လုပ်ထားသည့် လူနေအိမ် ၃ လုံး၊ ကောင်းနောင်ရပ်ကွက်၊ နတ်စင်ကေုန်းကျောမှ နေအိမ်တစ်လုံးတို့ မြေပြိုကျကာ အောက်ဘက်ရှိ လူနေအိမ် ၆ လုံးပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။
.
ကမ႓ားရံနဲ့ ဆက်စပ်နေတဲ့ နေအိမ်တွေကို မိုးကြီးပြီး မြေပြိုမယ့်အန္တရာယ်ရှိကြောင်း ကြိုတင်အကြောင်းကြား အသိပေးမှုတွေ လုပ်နေပါတယ်။ မြောင်းတွေ ရေစီးရေလာ ကောင်းမွန်ပြီး မပိတ်အောင် လုပ်နေပါတယ်ဟု မူဆယ် မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။
.
အဆိုပါ မြေပြိုကျမှုတွင် ပါဝင်သွားသည့် နေအိမ်များမှ နေထိုင်သူများကို နီးစပ်သည့် ဆွေမျိုးအိမ်များသို့ ပြောင်းရွှေ့ ခိုင်းထားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရန်၊ စည်ပင်သာယာရေးအရာရှိတို့မှ လာရောက်ကြီးကြပ်ကာ ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပစ္စည်းများကို ပြောင်းရွှေ့သယ်ပေးခဲ့ကြကြောင်းနှင့် ကောင်းမူးလွယ် နယ်မြေ (၂) ရှိ ရေတိုက်စားမှုကိုလည်း ရေမြောင်းဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats