တ႐ုတ္ႏိုင္ငံသို႔ ေရာင္းစားခံရသည့္ အမ်ိဳးသမီး တစ္ဦးအား တ႐ုတ္ရဲတပ္ဖြဲ႕ အကူအညီျဖင့္ ျပန္လည္ကယ္တင္ႏိုင္ခဲ့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, August 1, 2019

တ႐ုတ္ႏိုင္ငံသို႔ ေရာင္းစားခံရသည့္ အမ်ိဳးသမီး တစ္ဦးအား တ႐ုတ္ရဲတပ္ဖြဲ႕ အကူအညီျဖင့္ ျပန္လည္ကယ္တင္ႏိုင္ခဲ့


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္မွ တ႐ုတ္ႏိုင္ငံသို႔ လူကုန္ကူးေရာင္းစားခံခဲ့ရသူ အမ်ိဳးသမီးတစ္ဦးအား တ႐ုတ္ႏိုင္ငံရဲတပ္ဖြဲ႕၏ အကူအညီျဖင့္ ျပန္လည္ကယ္တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။
.
.
ကြတ္ခိုင္ၿမိဳ႕နယ္၊ ဟိုနားေက်းရါာမွ လူကုန္ကူးခံရသူ မေဟာ္လင္ယံု ဆိုသူအား ဇူလိုင္လ ၂၇ ရက္က တ႐ုတ္ႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕မွ ျပန္လည္လႊဲေျပာင္းအပ္ႏွံလာျခင္းျဖစ္ၿပီး လက္ရွိတြင္ ၎အား မူဆယ္ၿမိဳ႕နယ္ အမ်ိဳးသမီးျပန္လည္လက္ခံေစာင့္ေရွာက္ေရးေဂဟာတြင္ ေခတၱထားရွိကာ ေထာက္ပံ့ေရးကိစၥရပ္မ်ားကို ေဆာင္ရြက္ ေပးထားေၾကာင္း မူဆယ္ လူကုန္ကူးမႈ တိုက္ဖ်က္ေရးရဲတပ္ဖြဲ႕မွ ဒုရဲမွဴး ေက်ာ္ၫြန္႔က ေျပာသည္။
.
“လြန္ခဲ့တဲ့ ၁၀ လ ေလာက္ကတည္းကာ ေပ်ာက္သြားတာပါ။ သူ႔အစ္ကို မႏၲေလး အလုပ္သြားလုပ္ရာက အိမ္ျပန္လာ တဲ့အခ်ိန္ ညီမကိုမေတြ႕လို႔ ေမးရင္းနဲ႔ လြန္ခဲ့တဲ့ ၂ လ ေလာက္က We Chat နဲ႔ အဆက္အသြယ္ရခဲ့တာပါ။ တ႐ုတ္ ရဲတပ္ဖြဲ႕ကို အကူအညီေတာင္းခံၿပီး ျပန္ကယ္တင္ရတာပါ။ ကေလးေတာင္ ၁ ႏွစ္ေက်ာ္ေနၿပီ. သူ႔တ႐ုတ္ေယာက္်ား က ကေလးမရခင္ ဖုန္းေပးမကိုင္လို႔ အခု ကေလးရၿပီးမွ အဆက္အသြယ္ရၿပီး ျပန္ေခၚႏိုင္တာပါ။ ကေလးကိုေတာ့ သူ႔ေယာက္်ားဆီမွာပဲ ထားခဲ့ရတယ္။ သူ႔အစ္မတစ္ေယာက္လည္း လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က ေပ်ာက္သြားတာ သတင္းအစအန မရေသးဘူးျဖစ္ေနတယ္” ဟု ဒုရဲမွဴးေက်ာ္ၫြန္႔က ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
ကြတ္ခိုင္ၿမိဳ႕နယ္၊ ဟိုနားေက်းရြာေန မေဟာ္လင္ယံုကို ေဆြမွိဳးေတာ္စပ္သူ အမ်ိဳးသမီး ၃ ဦးက ၂၀၁၇ ခုႏွစ္၊ မတ္လအတြင္းက တ႐ုတ္ထမင္းဆိုင္တစ္ဆိုင္တြင္ တစ္လလွ်င္ ယြမ္ ၃၀၀၀ ျဖင့္ အလုပ္လုပ္ရန္ ေသြးေဆာင္ဖ်ားေယာင္းေခၚေဆာင္၍ တ႐ုတ္ႏိုင္ငံ၊ အန္ေဟြးျပည္နယ္၊ အန္းေဟြးရွန္းၿမိဳ႕၊ ေဟြေခ်ာက္တာေတြ႕ရြာရွိ တ႐ုတ္အမ်ိဳးသား ဝမ္ထင့္ထင့္ ဆိုသူထံ ယြမ္ ၁ သိန္းခြဲျဖင့္ ေရာင္းစားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ မေဟာ္လင္ယံုကို တ႐ုတ္ႏိုင္ငံ၌ ေရာင္းစားခဲ့သူ လား႐ိႈးၿမိဳ႕ေန ေဒၚရန္ေဟြ႕၊ ေဒၚရန္ခ်ိဳက္ႏွင့္ ေဒၚေလာက္ရွင္တို႔ ၃ ဦးအား ကြတ္ခိုင္ၿမိဳ႕မရဲစခန္းမွ (ပ)၃၈/၂၀၁၉၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဥပေဒ ပုဒ္မ ၂၈ (က) ျဖင့္ အမႈဖြင့္ဖမ္းဆီးအေရးယူထားၿပီး လာမည့္ ဩဂုတ္လ ၅ ရက္တြင္ တရား႐ံုး ထြက္ဆိုခ်က္ ေပးၿပီးေနာက္ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္အပ္ႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
============================================================
တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီး တစ်ဦးအား တရုတ်ရဲတပ်ဖွဲ့ အကူအညီဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှ တရုတ်နိုင်ငံသို့ လူကုန်ကူးရောင်းစားခံခဲ့ရသူ အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံရဲတပ်ဖွဲ့၏ အကူအညီဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
.
ကွတ်ခိုင်မြို့နယ်၊ ဟိုနားကျေးရါာမှ လူကုန်ကူးခံရသူ မဟော်လင်ယုံ ဆိုသူအား ဇူလိုင်လ ၂၇ ရက်က တရုတ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ပြန်လည်လွှဲပြောင်းအပ်နှံလာခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းအား မူဆယ်မြို့နယ် အမျိုးသမီးပြန်လည်လက်ခံစောင့်ရှောက်ရေးဂေဟာတွင် ခေတ္တထားရှိကာ ထောက်ပံ့ရေးကိစ္စရပ်များကို ဆောင်ရွက် ပေးထားကြောင်း မူဆယ် လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး ကျော်ညွန့်က ပြောသည်။
.
လွန်ခဲ့တဲ့ ၁၀ လ လောက်ကတည်းကာ ပျောက်သွားတာပါ။ သူ့အစ်ကို မန္တလေး အလုပ်သွားလုပ်ရာက အိမ်ပြန်လာ တဲ့အချိန် ညီမကိုမတွေ့လို့ မေးရင်းနဲ့ လွန်ခဲ့တဲ့ ၂ လ လောက်က We Chat နဲ့ အဆက်အသွယ်ရခဲ့တာပါ။ တရုတ် ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံပြီး ပြန်ကယ်တင်ရတာပါ။ ကလေးတောင် ၁ နှစ်ကျော်နေပြီ. သူ့တရုတ်ယောက်ျား က ကလေးမရခင် ဖုန်းပေးမကိုင်လို့ အခု ကလေးရပြီးမှ အဆက်အသွယ်ရပြီး ပြန်ခေါ်နိုင်တာပါ။ ကလေးကိုတော့ သူ့ယောက်ျားဆီမှာပဲ ထားခဲ့ရတယ်။ သူ့အစ်မတစ်ယောက်လည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပျောက်သွားတာ သတင်းအစအန မရသေးဘူးဖြစ်နေတယ်ဟု ဒုရဲမှူးကျော်ညွန့်က ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
ကွတ်ခိုင်မြို့နယ်၊ ဟိုနားကျေးရွာနေ မဟော်လင်ယုံကို ဆွေမှိုးတော်စပ်သူ အမျိုးသမီး ၃ ဦးက ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက တရုတ်ထမင်းဆိုင်တစ်ဆိုင်တွင် တစ်လလျှင် ယွမ် ၃၀၀၀ ဖြင့် အလုပ်လုပ်ရန် သွေးဆောင်ဖျားယောင်းခေါ်ဆောင်၍ တရုတ်နိုင်ငံ၊ အန်ဟွေးပြည်နယ်၊ အန်းဟွေးရှန်းမြို့၊ ဟွေချောက်တာတွေ့ရွာရှိ တရုတ်အမျိုးသား ဝမ်ထင့်ထင့် ဆိုသူထံ ယွမ် ၁ သိန်းခွဲဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မဟော်လင်ယုံကို တရုတ်နိုင်ငံ၌ ရောင်းစားခဲ့သူ လားရှိုးမြို့နေ ဒေါ်ရန်ဟွေ့၊ ဒေါ်ရန်ချိုက်နှင့် ဒေါ်လောက်ရှင်တို့ ၃ ဦးအား ကွတ်ခိုင်မြို့မရဲစခန်းမှ (ပ)၃၈/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၈ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားပြီး လာမည့် ဩဂုတ်လ ၅ ရက်တွင် တရားရုံး ထွက်ဆိုချက် ပေးပြီးနောက် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats