မိုင္းတံုတြင္ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္အတြက္ အသားထုတ္လုပ္ ေရာင္းခ်ခြင့္ လက္မွတ္မ်ား ေပးအပ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, August 28, 2019

မိုင္းတံုတြင္ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္အတြက္ အသားထုတ္လုပ္ ေရာင္းခ်ခြင့္ လက္မွတ္မ်ား ေပးအပ္


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းတံုၿမိဳ႕နယ္တြင္၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ အသားထုတ္လုပ္ေရာင္းခ်ခြင့္ လက္မွတ္ ေပးအပ္ပြဲကို ဩဂုတ္ လ ၂၃ ရက္က ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ မိုင္းတံုၿမိဳ႕နယ္အတြင္း အသား ထုတ္လုပ္ ေရာင္းခ်ခြင့္လက္မွတ္ ေပး အပ္ျခင္းမွာ၂၀၁၉ ခုႏွစ္၊ ေအာက္တို ဘာလ ၁ ရက္မွ ၂၀၂၀ ခုႏွစ္၊ စက္ တင္ဘာလ ၃၁ ရက္အထိ ဘ႑ာ ႏွစ္ တစ္ႏွစ္အတြင္း အသားထုတ္ လုပ္ေရာင္းခ်ခြင့္ ျပဳမႈအတြက္ အသိ အမွတ္ျပဳ လက္မွတ္မ်ား ေပးအပ္ ျခင္းျဖစ္ေၾကာင္း သိရသည္။
.
“စနစ္တက် ထုတ္လုပ္ေရာင္း ခ်ႏိုင္ဖို႔၊ ခြင့္ျပဳခ်က္ မရွိတဲ့သူက သတ္ၿပီး ေရာင္းခ်ခြင့္ မရွိတာကို ထိန္းခ်ဳပ္ဖို႕၊ အထူးသျဖင့္ စားသံုးသူ အႏၲရာယ္ မျဖစ္ေစဖို႔ပါ”ဟု မိုင္းတံု ၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနမွ အမႈေဆာင္အရာရွိ ဦးျမင့္ႏိုင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
မိုင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ၏ အသားေရာင္းခ်ခြင့္ ျပဳလုပ္ငန္းမ်ားအတြက္ လက္မွတ္ရ ရွိသူမ်ားမွာ မိုင္းတံုၿမိဳ႕မ (ဝက္) အတြက္ အာမခံေငြက်ပ္ ၅ သိန္းျဖင့္ အျမင့္ဆံုး ေရာင္းခ်မည့္ အသား ေရာင္းေဈးႏႈန္းကို တစ္ပိႆာလွ်င္ က်ပ္ ၁၂၀ဝ၀ ျဖင့္ ေခါင္းခြန္သတ္မွတ္ ႏႈန္း ၇၀ဝ၀၊ တစ္ရက္ တစ္ေကာင္ ႏႈန္းျဖင့္လည္းေကာင္း၊ မိုင္းတံုၿမိဳ႕မ (အမဲ)အတြက္ အာမခံေငြ က်ပ္သိန္း ၃ သိန္းျဖင့္ တစ္ပိႆာလွ်င္ က်ပ္ ၁၂၀ဝ၀၊ ေခါင္းခြန္ သတ္မွတ္ႏႈန္း က်ပ္ ၁၀ဝ၀ဝ တစ္ရက္တစ္ေကာင္ ႏႈန္းျဖင့္ လည္းေကာင္း၊ ပံုပါက်င္ၿမိဳ႕ (ဝက္)အတြက္ အာမခံေငြ က်ပ္ ၂ သိန္းခြဲျဖင့္ တစ္ပိႆာလွ်င္ က်ပ္ ၁၂၀ဝ၀၊ ၂ ရက္လွ်င္ တစ္ေကာင္ ႏႈန္းျဖင့္ လည္းေကာင္း၊ ပံုပါက်င္ (အမဲ) အတြက္ အာမခံေငြ က်ပ္ ၁၁၀ဝ၀ဝ ျဖင့္ ၄ လ တစ္ေကာင္ ႏႈန္းျဖင့္လည္းေကာင္း၊ နားေကာင္း မူ(ဝက္) အာမခံ က်ပ္ ၇ သိန္းျဖင့္ ၁ ရက္ ၁ ေကာင္ႏႈန္း၊ နားေကာင္းမူ (အမဲ) အာမခံ က်ပ္ ၃ သိန္းခြဲျဖင့္ ၂ လ တစ္ေကာင္ ႏႈန္းျဖင့္ လည္း ေကာင္း တင္ျပ ေလွ်ာက္ထား၍ ခြင့္ ျပဳခ်က္ရသူ ၂ ဦးအား လက္မွတ္ မ်ား ထုတ္ေပးခဲ့ျခင္း ျဖစ္ၿပီး အသား ေရာင္းခ အျဖစ္ ၁ ပိႆာ အေပၚ စည္းၾကပ္ႏႈန္း ဝက္ က်ပ္ ၃၀ဝ က်ပ္၊ အမဲ ၄၀ဝ က်ပ္ သတ္မွတ္ ထားျခင္း ျဖစ္ေၾကာင္း သိရသည္။
.
ထို႔အျပင္ အသားမ်ားကို သတ္မွတ္ထားသည့္ ေဈးမ်ားတြင္သာ ေရာင္းခ်ရန္ျဖစ္ၿပီး ေန႔စဥ္ ေရာင္းခ်မည့္ အသားမ်ားကို က်န္းမာေရးအရ စစ္ေဆးခံရန္ႏွင့္ အမ်ားျပည္သူ စားသံုးရန္ မသင့္ေလ်ာ္သည့္ အသားမ်ားကို မေရာင္းခ်ရန္၊ ေန႔ႀကီးရက္ႀကီးမ်ားတြင္ အသားမေပၚရန္၊ စည္းကမ္းေဖာက္ဖ်က္ပါက ေငြဒဏ္ႏွင့္ အာမခံေငြ သိမ္းဆည္းျခင္း၊ အသားထုတ္လုပ္ခြင့္ ရပ္ဆိုင္းျခင္း စသည့္  စည္းကမ္းခ်က္ ၄၄ ခ်က္ႏွင့္ အညီ ေရာင္းခ်ခြင့္ျပဳ လက္မွတ္ ထုတ္ေပးျခင္းကို ရွမ္းျပည္နယ္စည္ ပင္သာယာေရး ဥပေဒႏွင့္အညီ လုပ္ ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
.
အဆိုပါ လက္မွတ္ေပးအပ္ပြဲသို႔ မိုင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာမူးလာ၊ ၿမိဳ႕နယ္ဆရာ ဝန္ ေဒါက္တာသက္ခိုင္မင္း၊ ၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးဟိန္းထက္ ေအာင္၊ ေမြးျမဴေရးႏွင့္ ကုသေရးဦး စီးဌာနမွ ေဒါက္တာ စိုင္းေအးလိႈင္၊ ၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မ တီ ဥကၠဌ ဦးသန္းေဌးႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့သည္။
.
============================================================
မိုင်းတုံတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်များ ပေးအပ်
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ် ပေးအပ်ပွဲကို ဩဂုတ် လ ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မိုင်းတုံမြို့နယ်အတွင်း အသား ထုတ်လုပ် ရောင်းချခွင့်လက်မှတ် ပေး အပ်ခြင်းမှာ၂၀၁၉ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်မှ ၂၀၂၀ ခုနှစ်၊ စက် တင်ဘာလ ၃၁ ရက်အထိ ဘဏ္ဍာ နှစ် တစ်နှစ်အတွင်း အသားထုတ် လုပ်ရောင်းချခွင့် ပြုမှုအတွက် အသိ အမှတ်ပြု လက်မှတ်များ ပေးအပ် ခြင်းဖြစ်ကြောင်း သိရသည်။
.
“စနစ်တကျ ထုတ်လုပ်ရောင်း ချနိုင်ဖို့၊ ခွင့်ပြုချက် မရှိတဲ့သူက သတ်ပြီး ရောင်းချခွင့် မရှိတာကို ထိန်းချုပ်ဖို့၊ အထူးသဖြင့် စားသုံးသူ အန္တရာယ် မဖြစ်စေဖို့ပါ”ဟု မိုင်းတုံ မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးမြင့်နိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အသားရောင်းချခွင့် ပြုလုပ်ငန်းများအတွက် လက်မှတ်ရ ရှိသူများမှာ မိုင်းတုံမြို့မ (ဝက်) အတွက် အာမခံငွေကျပ် ၅ သိန်းဖြင့် အမြင့်ဆုံး ရောင်းချမည့် အသား ရောင်းဈေးနှုန်းကို တစ်ပိဿာလျှင် ကျပ် ၁၂ဝဝဝ ဖြင့် ခေါင်းခွန်သတ်မှတ် နှုန်း ရဝဝဝ၊ တစ်ရက် တစ်ကောင် နှုန်းဖြင့်လည်းကောင်း၊ မိုင်းတုံမြို့မ (အမဲ)အတွက် အာမခံငွေ ကျပ်သိန်း ၃ သိန်းဖြင့် တစ်ပိဿာလျှင် ကျပ် ၁၂ဝဝဝ၊ ခေါင်းခွန် သတ်မှတ်နှုန်း ကျပ် ၁ဝဝဝဝ တစ်ရက်တစ်ကောင် နှုန်းဖြင့် လည်းကောင်း၊ ပုံပါကျင်မြို့ (ဝက်)အတွက် အာမခံငွေ ကျပ် ၂ သိန်းခွဲဖြင့် တစ်ပိဿာလျှင် ကျပ် ၁၂ဝဝဝ၊ ၂ ရက်လျှင် တစ်ကောင် နှုန်းဖြင့် လည်းကောင်း၊ ပုံပါကျင် (အမဲ) အတွက် အာမခံငွေ ကျပ် ၁၁ဝဝဝဝ ဖြင့် ၄ လ တစ်ကောင် နှုန်းဖြင့်လည်းကောင်း၊ နားကောင်း မူ(ဝက်) အာမခံ ကျပ် ၇ သိန်းဖြင့် ၁ ရက် ၁ ကောင်နှုန်း၊ နားကောင်းမူ (အမဲ) အာမခံ ကျပ် ၃ သိန်းခွဲဖြင့် ၂ လ တစ်ကောင် နှုန်းဖြင့် လည်း ကောင်း တင်ပြ လျှောက်ထား၍ ခွင့် ပြုချက်ရသူ ၂ ဦးအား လက်မှတ် များ ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီး အသား ရောင်းခ အဖြစ် ၁ ပိဿာ အပေါ် စည်းကြပ်နှုန်း ဝက် ကျပ် ၃ဝဝ ကျပ်၊ အမဲ ၄ဝဝ ကျပ် သတ်မှတ် ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အသားများကို သတ်မှတ်ထားသည့် ဈေးများတွင်သာ ရောင်းချရန်ဖြစ်ပြီး နေ့စဉ် ရောင်းချမည့် အသားများကို ကျန်းမာရေးအရ စစ်ဆေးခံရန်နှင့် အများပြည်သူ စားသုံးရန် မသင့်လျော်သည့် အသားများကို မရောင်းချရန်၊ နေ့ကြီးရက်ကြီးများတွင် အသားမပေါ်ရန်၊ စည်းကမ်းဖောက်ဖျက်ပါက ငွေဒဏ်နှင့် အာမခံငွေ သိမ်းဆည်းခြင်း၊ အသားထုတ်လုပ်ခွင့် ရပ်ဆိုင်းခြင်း စသည့်  စည်းကမ်းချက် ၄၄ ချက်နှင့် အညီ ရောင်းချခွင့်ပြု လက်မှတ် ထုတ်ပေးခြင်းကို ရှမ်းပြည်နယ်စည် ပင်သာယာရေး ဥပဒေနှင့်အညီ လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
.
အဆိုပါ လက်မှတ်ပေးအပ်ပွဲသို့ မိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ မြို့နယ်ဆရာ ဝန် ဒေါက်တာသက်ခိုင်မင်း၊ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဟိန်းထက် အောင်၊ မွေးမြူရေးနှင့် ကုသရေးဦး စီးဌာနမှ ဒေါက်တာ စိုင်းအေးလှိုင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မ တီ ဥက္ကဌ ဦးသန်းဌေးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats