မိုင္းဆတ္စည္ပင္မွ သားသတ္လုပ္ငန္း ၅ ခုအား လုပ္ငန္းရွင္ ၈ ဦးထံ ခ်ထားေပး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, August 30, 2019

မိုင္းဆတ္စည္ပင္မွ သားသတ္လုပ္ငန္း ၅ ခုအား လုပ္ငန္းရွင္ ၈ ဦးထံ ခ်ထားေပး

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ သားသတ္လုပ္ငန္း ၅ ခုအား လုပ္ငန္းရွင္ ၈ ဦးအား ခ်ထားေပးခဲ့ေၾကာင္း သိရသည္။
.
မိုင္းဆတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္အတြက္ အသားထုတ္လုပ္ ေရာင္းခ်ခြင့္ လက္မွတ္ စိစစ္ခ်ထားျခင္း အခမ္းအနားကို ၾသဂုတ္လ ၂၃ ရက္တြင္ စည္ပင္သာယာေရး ေကာ္မတီ႐ံုး၌ က်င္းပျပဳလုပ္ခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ ခ်ထားေပးခဲ့ျခင္း ျဖစ္ေၾကာင္း မိုင္းဆတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။
.

 အခမ္းအနားမွာ ၿမိဳ႕မ၀က္၊ ၿမိဳ႕မ အမဲ၊ ၿမိဳ႕မဆိတ္၊ ၿမိဳ႕သစ္  ဝက္၊ ဆိုက္ေခါင္ အမဲ သားသတ္လုပ္ငန္း ၅ ခုကို လုပ္ငန္းရွင္ ၈ ဦးဆီ လုပ္ငန္း လုပ္ကိုင္ခြင့္ ခ်ထားေပးခဲ့တာ ျဖစ္ပါတယ္။” ဟု မိုင္းဆတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွ တာ၀န္ရွိသူ တစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ အသားထုတ္ လုပ္ေရာင္းခ်ခြင့္ လက္မွတ္ စိစစ္ခ်ထားျခင္း အခမ္းအနားသို႔ ရွမ္းျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္၊ ၿမိဳ႕နယ္စီ မံခန္႔ခြဲမႈ ေကာ္မတီဥကၠဌႏွင့္ အဖြဲ႕၀င္မ်ားၿမိဳ႕နယ္သားသတ္ႀကီးၾကပ္ေရး အ ဖြဲ႕ဝင္မ်ားၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီအဖြဲ႕၀င္မ်ားႏွင့္ သားသတ္ လုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
.
===============
.
မိုင်းဆတ်စည်ပင်မှ သားသတ်လုပ်ငန်း ၅ ခုအား လုပ်ငန်းရှင် ၈ ဦးထံ ချထားပေး
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သားသတ်လုပ်ငန်း ၅ ခုအား လုပ်ငန်းရှင် ၈ ဦးအား ချထားပေးခဲ့ကြောင်း သိရသည်။
.
မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ် စိစစ်ချထားခြင်း အခမ်းအနားကို သြဂုတ်လ ၂၃ ရက်တွင် စည်ပင်သာယာရေး ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ယင်းကဲ့သို့ ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
.

  အခမ်းအနားမှာ မြို့မဝက်၊ မြို့မ အမဲ၊ မြို့မဆိတ်၊ မြို့သစ်  ဝက်၊ ဆိုက်ခေါင် အမဲ သားသတ်လုပ်ငန်း ၅ ခုကို လုပ်ငန်းရှင် ၈ ဦးဆီ လုပ်ငန်း လုပ်ကိုင်ခွင့် ချထားပေးခဲ့တာ ဖြစ်ပါတယ်။ဟု မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အသားထုတ် လုပ်ရောင်းချခွင့် လက်မှတ် စိစစ်ချထားခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီ မံခန့်ခွဲမှု ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သားသတ်ကြီးကြပ်ရေး အ ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် သားသတ် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats