.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊
မူဆယ္ၿမိဳ႕နယ္၊ ၁၀၅ မိုင္ေက်းရြာ အနီးရွိ ၿခံဳမ်ားအတြင္း၌ မူးယစ္ေဆး၀ါး သံုးစြဲသူ အမ်ားအျပား ရွိေနေၾကာင္း သတင္းအရ မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ႏွင့္
တပ္မေတာ္စစ္ေၾကာင္းတို႔ ပါ၀င္ေသာ ပူးေပါင္းအဖဲြ႕မွ
၀င္ေရာက္ ရွာေဖြဖမ္းဆီးခဲ့ရာ အမ်ိဳးသမီး ၂ ဦး အပါအ၀င္ ၂၅ ဦးကို ၾသဂုတ္လ
၁ ရက္က ဖမ္းဆီးရမိခဲ့ေၾကာင္း မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးက သိရသည္။
.
မူဆယ္ၿမိဳ႕နယ္၊
၁၀၅ မိုင္ေက်းရြာ၊ နယ္ေျမ(၃) ေနာက္ေၾကာဘက္ ဆက္သြယ္ေရးကုန္းရွိ ေနၾကာရိုင္း ၿခံဳမ်ားအတြင္း၌ မူးယစ္ေဆး၀ါး သံုးစြဲသူမ်ားရွိေနသည္ဟု ရပ္ကြက္ေန ျပည္သူမ်ား၏ သတင္းေပးတိုင္ၾကားမႈအရ တပ္မေတာ္သားမ်ား၊ မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၀င္မ်ား၊ နမ့္ခမ္းၿမိဳ႕မ
ျပည္သူ႕စစ္တပ္ဖြဲ႕၀င္မ်ား၊ မီးသတ္ တပ္ဖဲြ႕၀င္မ်ားႏွင့္ ရပ္မိရပ္ဖမ်ား ပါ၀င္ေသာ ပူးေပါင္းအဖြဲ႕က ၀င္ေရာက္ဖမ္းဆီးခဲ့ျခင္း ျဖစ္ေၾကာင္း မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။
.
“ မူးယစ္ေဆးေတြနဲ႕
မိတဲ့ သူေတြကိုေတာ့ မူးယစ္ပုဒ္မေတြနဲ႕အမႈ ဖြင့္ထားပါတယ္။
က်န္သူေတြကိုေတာ့ ေျခခ်ဳပ္ အေနနဲ႕အေရးယူဖို႔ လုပ္ေဆာင္ေနပါတယ္” ဟု မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ ရဲဦးစီးအရာရွိ ရဲအုပ္
ေဇာ္သန္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ဖမ္းဆီးရမိသူမ်ားမွာ ေဒသခံ အနည္းငယ္သာ ပါ၀င္ၿပီး အျခားေဒသ အသီးသီးမွ မူဆယ္သို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိေနၾကသူ ပိုမို
မ်ားျပားေၾကာင္းလည္း သိရသည္။
.
“ အခ်ဳပ္ခန္းထဲမွာလည္ဒ မူးယစ္သံုးသမားေတြနဲ႔ပဲ ျပည့္က်ပ္ေနတာျဖစ္လို႕ အမွဳေတြ
အျမန္ျဖတ္ႏိုင္အာင္ တရားေရးဌာနေတြနဲ႔ ညႇိႏႈိင္းလုပ္ေဆာင္သြားဖုိ႕ ရွိပါ့မယ္။ မူးယစ္ေဆးစြဲသူေတြအတြက္ ေဆးျဖတ္စခန္းေတြ၊ ျပန္လည္ ထူေထာင္ေရး လူမႈေရးျပစ္ဒဏ္ေပးဖို႔က အေဆာက္အဦေတြ ဘာမွ အဆင္သင့္ မရွိေသးေတာ့
ဥပေဒအရပဲ ထိန္းခ်ဳပ္ႏိုင္ပါဦးမယ္” ဟု မူဆယ္ၿမိဳနယ္ မဲဆႏၵနယ္အမွတ္(၁)မွ ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္သိန္းက ေျပာသည္။
.
အဆိုပါ ဖမ္းဆီးရမိသူမ်ား အနက္မွ မူးယစ္ေဆး၀ါး လာေရာက္ ေရာင္းခ်သည့္ အိုက္သန္းအား မယပ(ပ) ၈၃/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က) ျဖင့္ လည္းေကာင္း၊ ေရွာင္လြင္(မ)အား
မယပ(ပ)၈၄/၂၀၁၉၊ မူး/စိတ္ ပုဒ္မ ၁၆(ဂ) ျဖင့္ လည္းေကာင္း အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။
=====================
မူဆယ်တွင် မူးယစ်ဆေး သုံးစွဲနေသော အမျိုးသမီး ၂ ဦး အပါအဝင် ၂၅ ဦးအား ဖမ်းမိ
.
စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ကျေးရွာ အနီးရှိ ခြုံများအတွင်း၌ မူးယစ်ဆေးဝါး သုံးစွဲသူ အများအပြား
ရှိနေကြောင်း သတင်းအရ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတို့ ပါဝင်သော
ပူးပေါင်းအဖွဲ့မှ ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ရာ အမျိုးသမီး ၂ ဦး အပါအဝင် ၂၅ ဦးကို သြဂုတ်လ
၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
.
မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ကျေးရွာ၊
နယ်မြေ(၃) နောက်ကြောဘက် ဆက်သွယ်ရေးကုန်းရှိ နေကြာရိုင်း ခြုံများအတွင်း၌ မူးယစ်ဆေးဝါး
သုံးစွဲသူများရှိနေသည်ဟု ရပ်ကွက်နေ ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုအရ တပ်မတော်သားများ၊
မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့်
ရပ်မိရပ်ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။
.
“ မူးယစ်ဆေးတွေနဲ့ မိတဲ့ သူတွေကိုတော့
မူးယစ်ပုဒ်မတွေနဲ့အမှု ဖွင့်ထားပါတယ်။ ကျန်သူတွေကိုတော့ ခြေချုပ် အနေနဲ့အရေးယူဖို့
လုပ်ဆောင်နေပါတယ်”
ဟု မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲဦးစီးအရာရှိ ရဲအုပ် ဇော်သန်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဖမ်းဆီးရမိသူများမှာ
ဒေသခံ အနည်းငယ်သာ ပါဝင်ပြီး အခြားဒေသ အသီးသီးမှ မူဆယ်သို့ အကြောင်းအမျိုးမျိုးဖြင့်
ရောက်ရှိနေကြသူ ပိုမို များပြားကြောင်းလည်း သိရသည်။
.
“ အချုပ်ခန်းထဲမှာလည်ဒ မူးယစ်သုံးသမားတွေနဲ့ပဲ
ပြည့်ကျပ်နေတာဖြစ်လို့ အမှုတွေ အမြန်ဖြတ်နိုင်အာင် တရားရေးဌာနတွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားဖို့
ရှိပါ့မယ်။ မူးယစ်ဆေးစွဲသူတွေအတွက် ဆေးဖြတ်စခန်းတွေ၊ ပြန်လည် ထူထောင်ရေး လူမှုရေးပြစ်ဒဏ်ပေးဖို့က
အဆောက်အဦတွေ ဘာမှ အဆင်သင့် မရှိသေးတော့ ဥပဒေအရပဲ ထိန်းချုပ်နိုင်ပါဦးမယ်” ဟု
မူဆယ်မြိုနယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက
ပြောသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများ
အနက်မှ မူးယစ်ဆေးဝါး လာရောက် ရောင်းချသည့် အိုက်သန်းအား မယပ(ပ) ၈၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ
၁၉(က) ဖြင့် လည်းကောင်း၊ ရှောင်လွင်(မ)အား မယပ(ပ)၈၄/၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၆(ဂ) ဖြင့်
လည်းကောင်း အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။
No comments:
Post a Comment