ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္ကို ျပန္လည္ဖြဲ႕စည္းရာတြင္ မူေျပာင္းရန္ လိုအပ္ေနဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 2, 2019

ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္ကို ျပန္လည္ဖြဲ႕စည္းရာတြင္ မူေျပာင္းရန္ လိုအပ္ေနဟု ဆို


မင္းေဇာ္မင္း
.
လက္ရွိ ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႕အခြင့္အေရးေကာ္မရွင္၏ သက္ တမ္းသည္ လာမည့္စက္တင္ဘာလတြင္ ကုန္ဆံုးေတာ့မည္ျဖစ္ရာ ထပ္မံဖြဲ႕စည္းမည့္ ေကာ္မရွင္အသစ္တြင္ ပါဝင္လာမည့္လူမ်ား ေျပာင္းလဲ႐ံုသာ မကဘဲ မူဝါဒပါ ေျပာင္းလဲရန္ လိုအပ္ေနသည္ဟု ညီမွ်ျခင္းျမန္မာမွ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ေျပာဆို ခဲ့သည္။
.
 .
အဖြဲ႕အစည္း ၂၄ ခုျဖင့္ ဖြဲ႕စည္း ထားသည့္ ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႕အခြင့္အေရးေကာ္မရွင္ ျပဳျပင္ေျပာင္းလဲေရး ဆိုင္ရာ အရပ္ဘက္ အဖြဲ႕အစည္းမ်ား လုပ္ငန္းအဖြဲ႕ (MNHRC Reform Working Group-2019)က ဇူလိုင္လ၂၅ ရက္စြဲျဖင့္ ထုတ္ျပန္လိုက္သည့္ ေကာ္မရွင္ အဖြဲ႕ဝင္သစ္မ်ား ေရြးခ်ယ္ေရး လုပ္ငန္းစဥ္ ပြင့္လင္း ျမင္သာမႈႏွင့္ အားလံုးပါဝင္မႈရွိရန္ လိုအပ္သည္ဟူေသာ ထုတ္ျပန္ခ်က္အေပၚ ဦးေအာင္မ်ိဳးမင္းက ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။
.
ေကာ္မရွင္မွာ ပါတဲ့သူေတြက ဌာနဆိုင္ရာ ေစလႊတ္လိုက္တဲ့လူေတြ၊ ျပည္ထဲေရး၊ တပ္မေတာ္၊ အခုမပါေတာ့တဲ့ အက်ဥ္းဦးစီးၫႊန္ခ်ဳပ္တို႔လို လူေတြဆိုေတာ့ လူ႕အခြင့္အေရးကို တကယ္သိလား၊ တကယ္ပဲ ကာကြယ္  ေပးႏိုင္မလားဆိုတာ ဆန္းစစ္ဖို႔လိုမယ္။ လူ႕အခြင့္အေရးျဖစ္တဲ့အတြက္ လူ႕အခြင့္အေရး ႐ႈေထာင့္ကပဲ ၾကည့္ရမွာကို ဌာနဆိုင္ရာ အျမင္ေတြနဲ႔ ၾကည့္မယ္။ အခ်က္အလက္ တိက်မႈအစား အေပၚယံေလာက္ပဲ လုပ္မယ္ဆိုရင္ ဘယ္လို ယံုၾကည္ရမလဲ။ ေရြးခ်ယ္ေရး ဘုတ္အဖြဲ႕ ကိုယ္တိုင္ကအစိုးရ၊ ျပည္ထဲေရးတို႔က ျဖစ္ေနတယ္။ ဘယ္သူေတြကို ဘယ္လိုေရြးခ်ယ္ တယ္ဆိုတာ မသိရသလို သမာသမတ္ က်တဲ့သူလား၊ တကယ္လူ႕အခြင့္အေရးကို နားလည္ စာနာတဲ့သူလား ဆိုတာ သိဖို႔လိုမယ္။ ဒါေၾကာင့္ လူေတြ ကိုသာမက မူေတြပါ ျပင္ၿပီး အသစ္ ဖြဲ႕ဖို႔ တိုက္တြန္းရျခင္း ျဖစ္ပါတယ္ဟု ဦးေအာင္မ်ိဳးမင္းက ေျပာသည္။
.
ထို႔အတူ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းမွ ျမန္မာျပည္တာဝန္ခံ ဦးေအာင္မ်ိဳးေက်ာ္ ကလည္း ဥပေဒက အစျပင္ရမယ္။ အခုေရြးခ်ယ္ေရးဘုတ္အဖြဲ႕မွာ အစိုးရပိုင္းက အမ်ားဆံုးျဖစ္ေနတယ္။ ကမၻာေပၚမွာ လူ႕အခြင့္အေရးအခ်ိဳး ေဖာက္ဆံုးက လက္နက္ကိုင္ တပ္ဖြဲ႕ေတြနဲ႔ အစိုးရေတြ ျဖစ္ေနတာကို  ေကာ္မရွင္ ေရြးခ်ယ္တဲ့သူေတြက အစိုးရနဲ႔ ျပည္ထဲေရးကပဲ ဆိုရင္လူ႕အ ခြင့္အေရး ခ်ိဳးေဖာက္တာေတြကို ကာ ကြယ္ေပးတာ၊ အားေပးတာေတြ ရွိေနမွာျဖစ္သလို သူတို႔ ေရြးခ်ယ္လိုက္တဲ့ သူေတြကလည္း ဒီလိုလူေတြကိုပဲ ေရြးခ်ယ္ ၾကမွာျဖစ္တယ္။ ဒါေၾကာင့္ အလႊာစံုက လူ႕အခြင့္အေရးကို တကယ္ စာနာ လုပ္ကိုင္ႏိုင္သူေတြ၊ အမ်ိဳးသမီး၊ တိုင္းရင္းသားစတဲ့ နယ္ပယ္စံုက လူေတြကို ေရြးခ်ယ္ပါဝင္ဖို႔ လိုအပ္ပါတယ္။ ၿပီးေတာ့ ေကာ္မရွင္ရဲ႕ လုပ္ငန္းမွာ လြတ္လပ္စြာ လုပ္ပိုင္ခြင့္ရွိဖို႕ လိုမယ္။ အစိုးရကိုယ္စား ျပဳသူေတြ အစား တကယ့္အရပ္ဘက္ အဖြဲ႕အစည္းေတြက သူေတြကို ပြင့္လင္းျမင္ သာစြာ ေရြးခ်ယ္ေပးဖို႔ လိုအပ္ေနပါ တယ္ဟု ၎၏အျမင္ကို ေျပာဆိုခဲ့ သည္။
.
လက္ရွိ ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႕အခြင့္အေရးေကာ္မရွင္ ေရြးခ်ယ္ေရးဘုတ္အဖြဲ႕တြင္ ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္၊ ျပည္ထဲေရးဝန္ႀကီး၊ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္၊ ျမန္မာႏိုင္ငံ တရားလႊတ္ေတာ္ေရွ႕ေနမ်ား ေကာင္စီမွ ကိုယ္စားလွယ္ ၁ ဦး၊ ျပည္ေထာင္စု လႊတ္ေတာ္မွ ကိုယ္စားလွယ္ ၂ ဦး၊ ျမန္မာႏိုင္ငံအမ်ိဳးသမီးေရးရာအဖြဲ႕ခ်ဳပ္မွ ကိုယ္စားလွယ္ ၁ ဦး၊ ဥပေဒ ႏွင့္အညီ ဖြဲ႕စည္းထားေသာ အစိုးရမဟုတ္သည့္ အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္ ၂ ဦးတို႔ျဖင့္ ဖြဲ႕စည္း ထားေၾကာင္း သိရသည္။
.
============================================================
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းရာတွင် မူပြောင်းရန် လိုအပ်နေဟု ဆို
.
မင်းဇော်မင်း
.
လက်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သက် တမ်းသည် လာမည့်စက်တင်ဘာလတွင် ကုန်ဆုံးတော့မည်ဖြစ်ရာ ထပ်မံဖွဲ့စည်းမည့် ကော်မရှင်အသစ်တွင် ပါဝင်လာမည့်လူများ ပြောင်းလဲရုံသာ မကဘဲ မူဝါဒပါ ပြောင်းလဲရန် လိုအပ်နေသည်ဟု ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆို ခဲ့သည်။
.
အဖွဲ့အစည်း ၂၄ ခုဖြင့် ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (MNHRC Reform Working Group-2019)က ဇူလိုင်လ၂၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကော်မရှင် အဖွဲ့ဝင်သစ်များ ရွေးချယ်ရေး လုပ်ငန်းစဉ် ပွင့်လင်း မြင်သာမှုနှင့် အားလုံးပါဝင်မှုရှိရန် လိုအပ်သည်ဟူသော ထုတ်ပြန်ချက်အပေါ် ဦးအောင်မျိုးမင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ကော်မရှင်မှာ ပါတဲ့သူတွေက ဌာနဆိုင်ရာ စေလွှတ်လိုက်တဲ့လူတွေ၊ ပြည်ထဲရေး၊ တပ်မတော်၊ အခုမပါတော့တဲ့ အကျဉ်းဦးစီးညွှန်ချုပ်တို့လို လူတွေဆိုတော့ လူ့အခွင့်အရေးကို တကယ်သိလား၊ တကယ်ပဲ ကာကွယ်  ပေးနိုင်မလားဆိုတာ ဆန်းစစ်ဖို့လိုမယ်။ လူ့အခွင့်အရေးဖြစ်တဲ့အတွက် လူ့အခွင့်အရေး ရှုထောင့်ကပဲ ကြည့်ရမှာကို ဌာနဆိုင်ရာ အမြင်တွေနဲ့ ကြည့်မယ်။ အချက်အလက် တိကျမှုအစား အပေါ်ယံလောက်ပဲ လုပ်မယ်ဆိုရင် ဘယ်လို ယုံကြည်ရမလဲ။ ရွေးချယ်ရေး ဘုတ်အဖွဲ့ ကိုယ်တိုင်ကအစိုးရ၊ ပြည်ထဲရေးတို့က ဖြစ်နေတယ်။ ဘယ်သူတွေကို ဘယ်လိုရွေးချယ် တယ်ဆိုတာ မသိရသလို သမာသမတ် ကျတဲ့သူလား၊ တကယ်လူ့အခွင့်အရေးကို နားလည် စာနာတဲ့သူလား ဆိုတာ သိဖို့လိုမယ်။ ဒါကြောင့် လူတွေ ကိုသာမက မူတွေပါ ပြင်ပြီး အသစ် ဖွဲ့ဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်ဟု ဦးအောင်မျိုးမင်းက ပြောသည်။
.
ထို့အတူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော် ကလည်း ဥပဒေက အစပြင်ရမယ်။ အခုရွေးချယ်ရေးဘုတ်အဖွဲ့မှာ အစိုးရပိုင်းက အများဆုံးဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအချိုး ဖောက်ဆုံးက လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတွေ ဖြစ်နေတာကို  ကော်မရှင် ရွေးချယ်တဲ့သူတွေက အစိုးရနဲ့ ပြည်ထဲရေးကပဲ ဆိုရင်လူ့အ ခွင့်အရေး ချိုးဖောက်တာတွေကို ကာ ကွယ်ပေးတာ၊ အားပေးတာတွေ ရှိနေမှာဖြစ်သလို သူတို့ ရွေးချယ်လိုက်တဲ့ သူတွေကလည်း ဒီလိုလူတွေကိုပဲ ရွေးချယ် ကြမှာဖြစ်တယ်။ ဒါကြောင့် အလွှာစုံက လူ့အခွင့်အရေးကို တကယ် စာနာ လုပ်ကိုင်နိုင်သူတွေ၊ အမျိုးသမီး၊ တိုင်းရင်းသားစတဲ့ နယ်ပယ်စုံက လူတွေကို ရွေးချယ်ပါဝင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကော်မရှင်ရဲ့ လုပ်ငန်းမှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိဖို့ လိုမယ်။ အစိုးရကိုယ်စား ပြုသူတွေ အစား တကယ့်အရပ်ဘက် အဖွဲ့အစည်းတွေက သူတွေကို ပွင့်လင်းမြင် သာစွာ ရွေးချယ်ပေးဖို့ လိုအပ်နေပါ တယ်ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့ သည်။
.
လက်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ရွေးချယ်ရေးဘုတ်အဖွဲ့တွင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများ ကောင်စီမှ ကိုယ်စားလှယ် ၁ ဦး၊ ပြည်ထောင်စု လွှတ်တော်မှ ကိုယ်စားလှယ် ၂ ဦး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၁ ဦး၊ ဥပဒေ နှင့်အညီ ဖွဲ့စည်းထားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂ ဦးတို့ဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats