ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံနယ္စပ္ေဒသ က်န္းမာေရးပူးေပါင္းေဆာင္ရြက္ေရး ညႇိႏိႈင္းေဆြးေႏြး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 16, 2019

ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံနယ္စပ္ေဒသ က်န္းမာေရးပူးေပါင္းေဆာင္ရြက္ေရး ညႇိႏိႈင္းေဆြးေႏြး


ထက္တိုင္းေက်ာ္
.
ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ နယ္စပ္ေဒသ က်န္းမာေရး ပူးေပါင္းေဆာင္ရြက္ေရး စီမံခ်က္ ညႇိႏိႈင္းအစည္းအေဝးကို ဩဂုတ္လ ရက္က ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕ရွိ Amazing ဟိုတယ္ အစည္းအေဝးခန္းမတြင္ က်င္းပျပဳ လုပ္ခဲ့ေၾကာင္း သိရသည္။
.
.
အစည္းအေဝးတြင္ နယ္စပ္ေဒသ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသအတြင္း ငွက္ဖ်ား၊ ေသြးလြန္တုပ္ေကြး၊ တီဘီႏွင့္ ခုခံအားက် ကာလသားေရာဂါအပါအဝင္ ကူးစက္ေရာဂါမ်ား ေစာင့္ၾကပ္ၾကည့္႐ႈျခင္း၊ ႀကိဳတင္ကာကြယ္ျခင္းႏွင့္ အျပန္ အလွန္ လူနာၫႊန္းပို႔ျခင္းစနစ္ ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ပိုမိုထိေရာက္ေစေရးတို႔ကို အျပန္အလွန္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
.
ထို႔အျပင္ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ နယ္စပ္ေဒသအတြင္း ရာသီအလိုက္ ျဖစ္ပြားတတ္သည့္ ကူးစက္ေရာဂါမ်ား ျဖစ္ပြားပါက ႏွစ္ႏိုင္ငံ က်န္းမာေရးဌာနမ်ားအၾကား သတင္းေပးပို႔မႈ လွ်င္ျမန္တိုးတက္ေကာင္းမြန္ေစရန္ႏွင့္ ကူးစက္ ေရာဂါ ျဖစ္ပြားပါက အခ်ိန္မီ ေစာစီးစြာ ထိန္းခ်ဳပ္ကာကြယ္ကုသႏိုင္ရန္ အပါအဝင္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္ သည့္ က်န္းမာေရးစနစ္ ပိုမိုတိုးတက္ေကာင္းမြန္ေရးဆိုင္ရာတို႔ကိုလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
.
ျမန္မာ-ထိုင္း အိမ္နီးခ်င္းႏွစ္ႏိုင္ငံ နယ္စပ္က ထိစပ္မႈရွိေနေတာ့ အျပန္အလွန္ ျပည္သူ႔က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ ရည္ရြယ္ခ်က္ေတြနဲပ ေဆာင္ရြက္တဲ့ ေတြ႕ဆံုပြဲျဖစ္လို႔ အက်ိဳးရွိေစမွာျဖစ္ပါတယ္ဟု ရွမ္းျပည္နယ္ အေရွ႕ပိုင္း ျပည္နယ္ကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရးဦးစီးဌာမွဴး ေဒါက္တာျမင့္ေက်ာ္က ေျပာဆိုခဲ့သည္။
.
အဆိုပါ ညႇိႏိႈင္းအစည္းအေဝးသို႔ ျမန္မာႏိုင္ငံဘက္မွ ရွမ္းျပည္နယ္ ကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရးဦးစီး ဌာနမွဴး ေဒါက္တာ သူဇာခ်စ္တင္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း ျပည္နယ္ကုသေရးႏွင့္ ျပည္သူ႔က်န္းမာ ေရးဦးစီးဌာနမွ ေဒါက္တာျမင့္ေက်ာ္တို႔ ဦးေဆာင္သည့္ က်ိဳင္းတံုခ႐ိုင္ႏွင့္ တာခ်ီလိတ္ခ႐ိုင္မွ ဆရာန္ ၃၁ ဦး တက္ ေရာက္ခဲ့ၿပီး ထိုင္းႏိုင္ငံ၊ ခ်င္း႐ိုင္ခ႐ိုင္မွ ျပည္သူ႔က်န္းမာေရးအရာရွိ ဒါ႐ိုက္တာ Dr.Thosatep Boontong (The Director of Chiang Rai Province  Public Health Office) ဦးေဆာင္သည့္ ဆရာဝန္ ၄၁ ဦး တက္ေရာက္ခဲ့ ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသသည္ အိမ္နီးခ်င္းထိုင္းႏိုင္ငံ၊ ခ်င္း႐ိုင္ခ႐ိုင္ႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနၿပီး ႏွစ္ ႏိုင္ငံျပည္သူမ်ားအၾကား ခရီးသြားလည္ပတ္ျခင္း၊ ကုန္စည္ကူးသန္းဖလွယ္ ေရာင္းဝယ္ျခင္း၊ က်န္းမာေရး၊ ပညာေရး က႑အသီးသီးတြင္ အျပန္အလွန္ ႏွီးေႏွာဖလွယ္ေဆြးေႏြးျခင္းမ်ား ရွိေနၿပီး ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးအတြက္ က်ိဳင္းတံု ခ်င္း႐ိုင္တို႔ကို ညီအစ္မၿမိဳ႕ေတာ္အျဖစ္ တသ္မွတ္ထားေၾကာင္း သိရသည္။
.
============================================================
မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသ ကျန်းမာရေးပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး
.
ထက်တိုင်းကျော်
.
မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရေး စီမံချက် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၈ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ Amazing ဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးတွင် နယ်စပ်ဒေသ နှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ တီဘီနှင့် ခုခံအားကျ ကာလသားရောဂါအပါအဝင် ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် အပြန် အလှန် လူနာညွှန်းပို့ခြင်းစနစ် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရေးတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
ထို့အပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း ရာသီအလိုက် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ ဖြစ်ပွားပါက နှစ်နိုင်ငံ ကျန်းမာရေးဌာနများအကြား သတင်းပေးပို့မှု လျှင်မြန်တိုးတက်ကောင်းမွန်စေရန်နှင့် ကူးစက် ရောဂါ ဖြစ်ပွားပါက အချိန်မီ စောစီးစွာ ထိန်းချုပ်ကာကွယ်ကုသနိုင်ရန် အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သည့် ကျန်းမာရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်ရေးဆိုင်ရာတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
မြန်မာ-ထိုင်း အိမ်နီးချင်းနှစ်နိုင်ငံ နယ်စပ်က ထိစပ်မှုရှိနေတော့ အပြန်အလှန် ပြည်သူ့ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲပ ဆောင်ရွက်တဲ့ တွေ့ဆုံပွဲဖြစ်လို့ အကျိုးရှိစေမှာဖြစ်ပါတယ် ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာမြင့်ကျော်က ပြောဆိုခဲ့သည်။
.
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ သူဇာချစ်တင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဒေါက်တာမြင့်ကျော်တို့ ဦးဆောင်သည့် ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်မှ ဆရာဝန် ၃၁ ဦး တက် ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်မှ ပြည်သူ့ကျန်းမာရေးအရာရှိ ဒါရိုက်တာ Dr.Thosatep Boontong (The Director of Chiang Rai Province  Public Health Office) ဦးဆောင်သည့် ဆရာဝန် ၄၁ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသည် အိမ်နီးချင်းထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး နှစ် နိုင်ငံပြည်သူများအကြား ခရီးသွားလည်ပတ်ခြင်း၊ ကုန်စည်ကူးသန်းဖလှယ် ရောင်းဝယ်ခြင်း၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍအသီးသီးတွင် အပြန်အလှန် နှီးနှောဖလှယ်ဆွေးနွေးခြင်းများ ရှိနေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ကျိုင်းတုံ ချင်းရိုင်တို့ကို ညီအစ်မမြို့တော်အဖြစ် တသ်မှတ်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats