သူတို႔ကမွ မီဒီယာအစစ္ေတြတဲ့လား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, August 18, 2019

သူတို႔ကမွ မီဒီယာအစစ္ေတြတဲ့လား

မင္းေဇာ္မင္း
.
'သိကၡာကို ရိကၡာျဖင့္ မလဲၾကရန္' သတင္းစာ ဆရာႀကီး လူထုစိန္ဝင္းက ဆိုခဲ့သည္။
.
၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒပါ ပုဒ္မ ၂၁ (က)တြင္ ႏိုင္ငံသားတိုင္းသည္ ဖြဲ႕စည္းပံုအေျခ ခံဥပေဒတြင္ သတ္မွတ္ျပဌာန္းထားသည့္ တန္း တူညီမွ် အခြင့္အေရး၊ လြတ္လပ္မႈ အခြင့္အ ေရး၊ တရားမွ်တမႈ အခြင့္အေရးကို ခံစားပိုင္ခြင့္ ရွိသည္။
.
ပုဒ္မ ၃၄၈ တြင္ ႏိုင္ငံေတာ္သည္ မည္ သည့္ႏိုင္ငံသားကိုမွ် လူမိ်ဳး၊ ဇာတိ၊ ကိုးကြယ္ ရာဘာသာ၊ ရာထူးဌာနႏၱရ၊ အဆင့္အတန္း၊ ယဥ္ေက်းမႈ၊ အမ်ိဳးသား၊ အမ်ိဳးသမီး၊ ဆင္းရဲ ခ်မ္းသာတို႕ကို အေၾကာင္းျပ၍ ခြဲျခားမႈ မရွိေစ ရ။
.
ပုဒ္မ ၃၄၉ တြင္ ႏိုင္ငံသားမ်ားသည္ ေအာက္ပါလုပ္ငန္းမ်ားကို လုပ္ကိုင္ေဆာင္ရြက္ ရာတြင္ တူညီေသာ အခြင့္အလမ္းရွိေစရမည္-(ခ)အလုပ္လုပ္ကိုင္မႈဟု ပါရွိပါသည္။
.

.
လက္ရွိတြင္ ၂ဝဝ၈ ကိုင္စြဲသူမ်ားႏွင့္ ျပဳ ျပင္ေရးသမားမ်ား အေျခအတင္ ျဖစ္ပြားေနဆဲ ရွိေသာ္လည္း မီဒီယာမ်ား အဆင့္အတန္းခြဲျခား ခံေနရမႈကိုမူ မည္သူကမွ် ေဆြးေႏြးေနသည္ကို မၾကားသိရေခ်။ စတုတၳမ႑ိဳင္ဟု ေျပာဆိုေန ၾကေစကာမူ လူရာမသြင္းခ်င္ၾကသည့္ ဌာနႏွင့္ ေနရာမ်ားကမူ မီဒီယာမ်ားကိုခြဲျခား ဆက္ဆံ ေနၾကသည္မွာ အေတာ္အ႐ုပ္ဆိုးေပသည္။
.
ယခင္ စာေပကင္ပင္တိုင္ေခတ္မွသည္ ပြင့္ လင္းလာသည့္ ယခု လူထုအစိုးရလက္ထက္ အထိပင္ မီဒီယာမ်ားအတြက္ မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါ ကိုယ့္လူကိုယ္သာ မ်က္ႏွာသာေပး သည့္ အေျခအေနသာ ရွိေနေသးသည္ ေျပာ လွ်င္ေျပာသူ အလြန္မဟုတ္ေပ။ တိုင္းျပည္၏ မ်က္စိ၊ နားမ်ားအေနျဖင့္ မီဒီယာသမားမ်ား ထမ္းေဆာင္ေနၾကသည့္အျပင္ Watch Dogs မ်ား အျဖစ္လည္း တာဝန္ယူေနၾကသည္ကို လက္မခံ၊ နားမလည္ၾကဟု ဆိုခ်င္သည္။
.

သို႕အတြက္ ျပန္ၾကားေရး ဝန္ႀကီးဌာနက မီဒီယာမ်ား ျမႇင့္တင္ေရး၊ မီဒီယာမ်ား ခိုင္မာ ေရးအတြက္ဆိုကာ မည္သို႕ပင္ ေျပာေနပါေစ လက္ေတြ႕တြင္မူ ၄င္းတို႕ လက္ေအာက္ခံမ်ားသာ လူရာသြင္းခံေနရၿပီး က်န္မီဒီယာမ်ားကို ေပးမ ဝင္သည့္ အစည္းအေဝးမ်ား၊ ေတြ႕ဆံုပြဲမ်ား ရွိ ေနသည္ျဖစ္ေၾကာင္း သိေစလိုသည္။
.
က်ိဳင္းတံုတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆံုေဆြး ေႏြးပြဲ ျပန္ဆက္မွအပ တက္ခြင့္မရ၊ ေတာင္ႀကီး တြင္ ျပည္ေထာင္စုဝန္ႀကီးႏွင့္အဖြဲ႕ တ႐ုတ္ႏွင့္ စီးပြားေရးဇုန္ကိစၥ ေဆြးေႏြးသည့္ (တတိယ)အႀကိမ္ သတင္းယူခြင့္ မရ၊ မႏၱေလးတြင္ သမၼ တႏွင့္ ေတြ႕ဆံုပြဲတြင္ တက္ခြင့္မရ စသည္ မ်ားက ၄င္းတို႕၏ အနီးကပ္ မီဒီယာမ်ားကိုသာ ခြင္႔ျပဳၿပီး ျပင္ပမီဒီယာဟု ၄င္းတို႔သံုးႏႈန္းသည့္ အျခားမီဒီယာမ်ားကို ခြင့္မျပဳသည့္ ခြဲျခားဆက္ ဆံခံရသည့္ ျပယုဂ္မ်ားပင္ ျဖစ္သည္။ မီဒီယာ မ်ားကို အတြင္းမီဒီယာ ျပင္ပမီဒီယာဟု ခြဲျခား သတ္မွတ္ထားသည္ေလာ ေမးလိုပါသည္။
.
က်ိဳင္းတံုတြင္ ျပည္ေထာင္စုေရြးေကာက္ ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆံုပြဲကို ဇူလိုင္လ ၂၄ ရက္က က်ိဳင္းတံုၿမိဳ႕၊ တုိင္းလိခန္း မေဆာင္တြင္ ျပဳလုပ္ခဲ့ရာ ျပန္ၾကားေရးႏွင့္ ဆက္ဆံေရးဌာနမွ ဝန္ထမ္းမ်ားကိုသာ သတင္း ယူခြင့္ျပဳခဲ့ၿပီး အျခား သတင္းေထာက္မ်ားကို ဝင္ေရာက္ခြင့္ မျပဳခဲ့သည့္ကိစၥျဖင့္ ပတ္သက္၍ ရွမ္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အ တြင္းေရးမွဴး ဦးေဇာ္ျမင့္ဝင္းက ''ကြၽန္ေတာ္တို႕ ျပန္ဆက္ကိုပဲ တရားဝင္ ဖိတ္ၾကားထားၿပီး ျပင္ ပမီဒီယာအေနနဲ႕ ေခတၱလက္ဖက္ရည္ေသာက္ အနားေပးခ်ိန္မွာ ေတြ႕ဆံုေမးျမန္းလိုတာကို ေမး ျမန္းႏိုင္ပါတယ္၊ ေဆြးေႏြးပြဲ ခန္းမထဲကိုဝင္ခြင့္ မေပးပါဘူး''ဟု ေျပာဆိုခဲ့သည္။
.
''ဒီလုိမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး၊ မီဒီယာ ဆိုတာ ျပည္သူေတြသိသင့္တာကို ခ်ျပေပးေန တာဆိုေတာ့ ခုလို ႏိုင္ငံေရးပါတီမ်ားနဲ႕ ေတြ႕ဆံုပြဲ မွာ အတူတူဝင္ခြင့္ ရွိေစခ်င္ပါတယ္''ဟု က်ိဳင္း တံုၿမိဳ႕၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ ပါတီဥကၠဌ ေဒါက္တာစိုင္းရြက္ဟြမ္က ေျပာသ လို ယင္းေဆြးေႏြးပြဲသို႕ တာခ်ီလိတ္ၿမိဳ႕မွ တက္ ေရာက္လာသည့္ ကူညီေသာလက္မ်ား ေဒသ ဖြံ႕ၿဖိဳးေရး အဖြဲ႕တာဝန္ခံ ဦးအားဘာကလည္း ''တရားဝင္ သတင္းမီဒီယာအေနနဲ႕ ဒီလိုေတြ႕ ဆံုပြဲမွာ တန္းတူသတင္းယူခြင့္ မရွိဘဲ ခြဲျခား တာမ်ိဳးကေတာ့ မျဖစ္သင့္ပါဘူး''ဟု ၄င္း၏ အျမင္ကို ေျပာၾကားခဲ့သည္။
.
ဤနည္းတူ ျပည္ေထာင္စု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး လာေရာက္ကာ ေတြ႕ဆံုပြဲ ျပဳလုပ္သည့္ အစည္းအေဝးသို႕ သ တင္းရယူရန္ သက္ဆိုင္ရာဌာနမွ ဖုန္းဆက္ေျပာ ၾကားသျဖင့္ လာေရာက္ခဲ့ေသာ္လည္း ခြင့္ျပဳ ထားသူမ်ားမွအပ ျပင္ပမီဒီယာမ်ား ဝင္ခြင့္မရ ဟုဆိုသျဖင့္ သတင္းရယူခြင့္ ဆံုး႐ႈံးခဲ့ရေၾကာင္း ပါ။
.
မီဒီယာ ေလာကသားမ်ားကိုလည္း ဆိုခ်င္ သည္။ ဒူးေနရာဒူး ေတာ္ေနရာေတာ္ ဆိုသလို ဝတ္စားဆင္ယင္မႈမ်ား၊ အေျပာအဆိုမ်ား၊ ဆက္ ဆံမႈမ်ား၊ ေနထုိင္မႈမ်ားကိုလည္း ႏိုင္ငံႀကီးသား ပီသစြာ လိုက္နာ က်င့္သံုးတတ္ေစရန္၊ မီဒီယာ ဝမ္းစာျပည့္ဝေစရန္လည္း ႀကိဳးပမ္းထား ၾကေစ ရန္ တိုက္တြန္းလိုသည္။
မီဒီယာ ေလာကသားမ်ားကိုလည္း ဆိုခ်င္ သည္။ ဒူးေနရာဒူး ေတာ္ေနရာေတာ္ ဆိုသလို ဝတ္စားဆင္ယင္မႈမ်ား၊ အေျပာအဆိုမ်ား၊ ဆက္ ဆံမႈမ်ား၊ ေနထုိင္မႈမ်ားကိုလည္း ႏိုင္ငံႀကီးသား ပီသစြာ လိုက္နာ က်င့္သံုးတတ္ေစရန္၊ မီဒီယာ ဝမ္းစာျပည့္ဝေစရန္လည္း ႀကိဳးပမ္းထား ၾကေစ ရန္ တိုက္တြန္းလိုသည္။
.
ထို႕အျပင္ ေလာကကို ေစာင့္ေရွာက္ေသာ ေလာကပါလ တရား(၂)ပါးျဖစ္သည့္ မေကာင္း မႈကို ျပဳရမည္ကိုရွက္ျခင္း၊ ေၾကာက္ျခင္းတို႕ျဖင့္ ေလာကကို ထိန္းသိမ္းေစာင့္ေရွာက္သူမ်ားအ ျဖစ္ ခံယူထားႏိုင္ပါက မိမိတို႕လုပ္ေဆာင္ရသည့္ မီဒီယာလုပ္ငန္းအေပၚ ပို၍ေကာင္းမြန္စြာ လုပ္ေဆာင္ႏိုင္မည္ဟု ယူဆပါသည္။
.
ကမၻာ့ေလာကႀကီးကို သဘာဝမ်ားျဖစ္ၾက သည့္ ေျမထု(Litho Sphere)၊ ေရထု (Hydro Sphere)၊ ေလထုk(Aero Sphere)တို႕ႏွင့္ သက္ ရွိေလာက (Bio Sphere) ၏ ဧကရာဇ္ဟု ေခၚ ဆိုအပ္သည့္ လူသားေလာက (Humanity Sphere) တို႕ အားလံုးအေပၚ လႊမ္းၿခံဳထားသည့္ သတင္းအခ်က္အလက္ ေလာကအလႊာ (Informo Sphere) တြင္ သတင္းမီဒီယာေလာက ဆို သည္မွာ အဓိက အခ်က္အခ်ာအလႊာ (Pivot Layer)အျဖစ္ တည္ရွိေနေၾကာင္း ႏွင့္ သတင္းေလာကကို ရွင္းျပလိုသည္။
.
သတင္းေလာကတြင္ သတင္းအတတ္ပညာ မ်ားစြာရွိရာ သတင္းေထာက္လွမ္း စံုစမ္းေရး သားသည့္ အတတ္ပညာ၊ (Investigative Jour-nalism)၊ စီးပြားေရး သတင္းပညာ (Economic Journalism) ၊ အခ်က္အလက္ သတင္း ပညာ (Data Journalism)၊ သတင္းဓာတ္ပံု/ ဗီြဒီယုိ ပညာ (Photo/ Video Journalism)၊ သတင္းေဆာင္း ပါးပညာ(News Feature Writing Journalism ) ကြန္ရက္သတင္းပညာ (Mobile Network Journalism) စသည္မ်ားျဖင့္ သတင္းအတတ္ပညာ မ်ားစြာရွိပါသည္။
.
အစဥ္အလာအရ နားလည္ သေဘာေပါက္ ထားၾကသည့္ သတင္းပညာ(Journalism) သည္သတင္း-News၊ သ႐ုပ္ေဖာ္ပစၥည္း (Descri ptive Material)ႏွင့္ သတင္းေကာက္ခ်က္ (Comment)တို႕ကို မီဒီယာ အေရာင္အေသြး မ်ိဳးစံုတို႕မွတစ္ဆင့္ ရရွိသည့္ ပညာတစ္ရပ္ျဖစ္ သည္။ သတင္းသမား (Journalist) တို႕သည္ သတင္းအခ်က္ အလက္ (Information)ႏွင့္ ထင္ျမင္ယူဆခ်က္ (Opinion)တို႕ကုိ လူ႕အဖြဲ႕အစည္းအတြင္း ဦးေဆာင္ျဖန္႕ျဖဴး သူမ်ားအျဖစ္တာဝန္ယူ ေဆာင္ရြက္ၾကသည္။ အင္တာနက္ နည္းပညာ႐ုတ္ျခည္း လွ်င္ျမန္စြာ တိုးတက္လာ မႈ၊ တိက်စြာ ေျပာရလွ်င္ လူမႈကြန္ရက္ေဆာ့ဖ္ ဝဲ(Social Network) ေရွ႕တန္းသို႕ ေရာက္လာျခင္းက အစဥ္အလာအရ နားလည္ထားသည့္ သတင္းပညာရပ္ကို လႈပ္ခါေစၿပီး ျဖစ္သည္။
.
သို႕ေသာ္ အစဥ္အလာအရ ေလ့လာတင္ျပ မႈမ်ားတြင္ တာဝန္ယူမႈ(Responsibility)ႏွင့္ ဦးတည္ခ်က္ ခိုင္မာမႈတို႕ ထားရွိရန္ လိုအပ္ဆဲ ျဖစ္ၿပီး ပုဂၢိဳလ္ေရး ဘက္လိုက္မႈ (Personal Bias)ႏွင့္ ဆႏၵစြဲျဖင့္ ရမ္းဆမႈ(Prejudic)တို႕ကို ေရွာင္ၾကဥ္ရန္ လိုအပ္ဆဲျဖစ္သည္။ သတင္းစာ ဆရာ Bill  Korach ႏွင့္ Tom Rosenstiel တို႕က သတင္းသမား အေနျဖင့္ လူအမ်ားသို႕ သတင္းအခ်က္အလက္မ်ား ပံ့ပိုးျခင္း တာဝန္ကို ျပည့္ဝစြာ ထမ္းေဆာင္ရန္အတြက္ လြတ္လပ္မႈ ရွိရန္ႏွင့္ မိမိကိုယ္မိမိ စီမံခန္႕ခြဲခြင့္ ရွိရန္ လိုအပ္သည္ဟု ဆိုသည္။
.
သတင္းပညာ (Journalism)၏ ပထမဦး ဆံုး တာဝန္မွာ အမွန္တရားပင္ ျဖစ္သည္။ ပထ မဦးဆံုး ေစာင့္သိေပးရမည့္သူမ်ားမွာ ႏိုင္ငံသား မ်ားပင္ ျဖစ္သည္။ ၄င္း၏ အႏွစ္သာရမွာ မွန္ ကန္မႈ ရွိ မရွိ စိစစ္ျခင္းႏွင့္ အ တည္ျပဳတတ္ ျခင္း စည္းကမ္းပင္ ျဖစ္သည္။  မိမိေလ့လာတင္ ျပသည့္ အေၾကာင္းအရာအေပၚ မွီခုိမႈကင္းရွင္း ေစရန္ ထိန္းသိမ္းရမည္၊ အာဏာ (Power) အေပၚ လြတ္လပ္စြာ ေစာင့္ၾကည့္ေလ့လာေနသူ အျဖစ္ တာဝန္ထမ္း ေဆာင္ရမည္၊ ျပည္သူအ မ်ား၏ ေဝဖန္ဆန္းစစ္မႈ (Criticism)ႏွင့္ ေတာင္းဆို ညိႇႏိႈင္းမႈ (Comprise) တို႕ကို ေဖာ္ ထုတ္ျပသရန္ ဟစ္တိုင္ (Forum) တစ္ခုကို ဖန္ တီးရမည္။ ထူးျခားမႈမ်ားကို စိတ္ဝင္စားဖြယ္ျဖစ္ လာေစရန္ႏွင့္ က်ိဳးေၾကာင္းဆီေလ်ာ္မႈ ရွိလာေစ ရန္ ႀကိဳးပမ္းအားထုတ္ရမည္။
.
သတင္း(News) ကို ျပည့္စံုေစရန္ အခ်ိဳး အစား မွန္ကန္ေစရန္ ထိန္းသိမ္းတင္ျပရမည္၊ သတင္းသမားမ်ားသည္ မိမိတို႕ ကိုယ္ပိုင္အသိ တရား (Conscious)ကို လြတ္လပ္စြာ အသံုးခ် ႏိုင္ခြင့္ ရွိရမည္။ သတင္းနယ္ပယ္သို႕ ဝင္ေရာက္ လာပါက ႏိုင္ငံသားမ်ားတြင္လည္း အခြင့္အေရး (Rights)ႏွင့္ တာဝန္(Responsibility) တို႕ရွိ ရမည္ ဆိုသည္မ်ားမွာ သတင္းသမားအတြက္ လမ္းၫႊန္ခ်က္မ်ားပင္ ျဖစ္သည္။
.
ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ အဖြဲ႕အစည္းမ်ား ကဲ့သို႔ပင္ သတင္းသမားမ်ားအတြက္ လိုက္နာ က်င့္သံုးရန္၂ဝ၁၄ ခုႏွစ္၊ မတ္လ-၁၄ ရက္က ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒအမွတ္-၁၂ ျဖင့္ ျပ႒ာန္းထားသည့္ သတင္းမီဒီယာဥပေဒ၊ ၂ဝ၁၅ ခုႏွစ္၊ ဇြန္လ ၁၇ ရက္က ျပန္ၾကားေရး ဝန္ႀကီးဌာနမွ အမိန္႕ေၾကာ္ျငာစာ အမွတ္(၄၅/ ၂ဝ၁၅) ျဖင့္ျပ႒ာန္းသည့္ နည္းဥပေဒ၊ ၂ဝ၁၄ ခု ႏွစ္၊ ေမလ-၃ ရက္က ထုတ္ျပန္သည့္ သတင္းမီ ဒီယာက်င့္ဝတ္မ်ား ရွိပါသည္။ သတင္းမီဒီယာ ဥပေဒ အခန္း(၃) သတင္းမီဒီယာသမားမ်ား၏ ရပိုင္ခြင့္မ်ား ပုဒ္မ ၄ အပိုဒ္ခြဲ (ဃ)တြင္ သက္ ဆိုင္ရာဌာန၊ အဖြဲ႕အစည္းက သတ္မွတ္ထား ေသာ စည္းကမ္းႏွင့္အညီ အစိုးရ႐ံုး၊ ဌာန၊ အ ဖြဲ႕အစည္းမ်ားတြင္ သတင္းအခ်က္အလက္ ရ ယူခြင့္၊ ေနရာထိုင္ခင္းရခြင့္ႏွင့္ ဝင္ထြက္သြား လာခြင့္တို႕ ရွိသည္ဟု ပါရွိသည္။
.
ယင္း အခ်က္အရ သတင္းမီဒီယာမ်ားကို ခြဲျခားဆက္ဆံခြင့္၊ သတင္း ရယူခြင့္မရွိဟု ဆို ခ်င္သည္။ ယင္းကိစၥအတြက္ လက္ရွိ ျမန္မာ ႏိုင္ငံ သတင္းမီဒီယာေကာင္စီ၏ တြဲဘက္အ တြင္းေရးမွဴးျဖစ္သူ ဦးျမင့္ေက်ာ္က လာမည့္ အစည္းအေဝးမ်ားတြင္ တင္ျပေဆာင္ရြက္သြား မည္ျဖစ္သည္ဟု ၄င္းက ေျပာသည္။
.
ျမန္မာႏိုင္ငံ စာနယ္ဇင္းေကာင္စီ သတင္း မီဒီယာ က်င့္ဝတ္လမ္းၫႊန္တြင္ ၁၉၄၈ ခုႏွစ္၊ ကုလသမဂၢႏိုင္ငံတကာ လူ႕အခြင့္အေရး ေၾက ညာစာတမ္း အပိုဒ္ ၁၉ တြင္ ေဖာ္ျပထားသည့္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာၾကားျခင္း၊ အေျခ ခံအခြင့္အေရးကို မူလအေျခခံအျဖစ္ သတ္မွတ္ သည္။ လူ႕အခြင့္အေရး ေၾကညာစာတမ္း အ ပိုဒ္ ၁၉ တြင္-
.
'လူတိုင္းသည္ လြတ္လပ္စြာ ေတြးေခၚႀကံ ဆခြင့္ႏွင့္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာၾကားခြင့္ ရွိသည္။ ထိုအခြင့္အေရးမ်ားတြင္ ေႏွာင့္ယွက္ ဟန္႕တားျခင္း၊ တစ္စံုတစ္ရာမရိွဘဲ လြတ္လပ္ စြာ ေတြးေခၚႀကံဆခြင့္ႏွင့္ နယ္နိမိတ္ စည္း မ်ဥ္းမ်ားႏွင့္ မသက္ဆိုင္ေစဘဲ မည္သည့္မီဒီ ယာမွမဆို သတင္းအခ်က္အလက္မ်ားနွင့္ စိတ္ ကူးစိတ္သန္းမ်ားကို လြတ္လပ္စြာ ရွာေဖြခြင့္၊ လက္ခံရယူခြင့္၊ တစ္ဆင့္ လႊဲေျပာင္းေပးခြင့္တို႕ ပါဝင္သည္' ဟု ေဖာ္ျပထားသည္ကုိ ရည္ၫႊန္း လိုသည္။
.
အဆိုပါ အတတ္အသိ ပညာမ်ားအား တတ္စြမ္းသမွ် သင္ယူ ျဖည့္ဆည္းထားၾကရန္ လည္း အႀကံျပဳပါေၾကာင္းႏွင့္ အေျပာအဆို အ ေနအထိုင္ စသည္မ်ားကိုလည္း အေလးထား ရန္ လိုေပမည္။ ၄င္းအျပင္ အဓိကမ်က္ႏွာမူရ မည့္ ျပည္သူမ်ား၏ 'မီဒီညာ'မ်ားဟု သမုတ္ခံရ မႈမ်ားမွလည္း လြတ္ကင္းရန္ မွန္ကန္ျပည့္စံု တိက်သည့္ သတင္းမ်ား ေဖာ္ျပႏိုင္ရန္လိုအပ္ ေပရာ ဆိုရွယ္မီဒီယာမ်ားတြင္ မရွိသည့္ 'တာ ဝန္ယူမႈ တာဝန္ခံမႈ' ႐ိုးသားသည့္ ကိုယ္က်င့္ သိကၡာမ်ားျဖင့္ သတင္းေလာကကို တည္ ေဆာက္ရန္လည္း တာဝန္ရွိၾကေပသည္။
.
ဤေနရာတြင္ ေထာက္ျပလိုသည္မွာ ၂ဝ၁၉ ခုႏွစ္၊ ၾသဂုတ္လ ၂ ရက္က က်င္းပခဲ့ သည့္ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ (၁၃)ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး သတၱမ ေန႕တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ အမ်ိဳးသား လႊတ္ေတာ္မဲဆႏၵနယ္ အမွတ္(၈)မွ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚအိအိၿပံဳးက ေမးျမန္းခဲ့သည့္ မႈခင္း သတင္းေထာက္အမည္ခံ အခ်ိဳ႕သတင္း ေထာက္မ်ားသည္ မႈခင္းမ်ားတြင္ အမႈလိုက္ အက်ိဳးေဆာင္အျဖစ္ လုပ္ကိုင္ျခင္း၊ ဝင္ေရာက္ စြက္ဖက္၍ ေငြေၾကး ေတာင္းခံျခင္း၊ အသင္း ဝင္အျဖစ္ ေလွ်ာက္ထားသူမ်ားထံမွ ေငြေၾကး ေကာက္ခံျခင္း၊ ေျမယာကိစၥမ်ားတြင္ ပါဝင္ ပတ္သက္ျခင္း၊ ဒုစ႐ိုက္လုပ္ငန္း လုပ္ကိုင္ေနသူ မ်ားထံမွ လစဥ္ေၾကးရယူျခင္းမ်ား စိစစ္ေတြ႕ရွိ ရၿပီး အေရးယူမည္ဟု ျပည္ထဲေရးဝန္ႀကီးဌာန မွ ဇြန္လအတြင္း သတင္းထုတ္ ျပန္ခဲ့ေၾကာင္း၊ သို႕ပါေသာ္လည္း လက္ရွိ ပကတိအေျခအေန မွာ မလိုလားအပ္ေသာ ဝန္ထုပ္ဝန္ပိုးမ်ားသာ ျပည္သူမ်ားက ခံစားလာေနရၾကရၿပီး ေၾကာက္ ရြံ႕မႈသာ ထပ္တိုးလာရပါတယ္၊ ဒါေၾကာင့္ စိ စစ္ၾကပ္မတ္ေပးရန္ လိုပါတယ္''ဟု ေျပာၾကားခဲ့ သည္ကို ျပည္ထဲေရးဒုဝန္ႀကီး၏ ေျဖၾကားခ်က္ အရ မႈခင္းသတင္းေထာက္မ်ားအေနျဖင့္ အမႈ ပြဲစား ျပဳလုပ္ျခင္း၊ ေငြေၾကးေပးေဆာင္ရသူမ်ား က တိုင္ၾကားျခင္း မရွိသည့္အေပၚ အခြင့္ေကာင္း ယူမႈမ်ား ျပဳလုပ္ေနသည္မ်ား ရွိေနၿပီး မႈခင္း သတင္းေထာက္မ်ား အေနျဖင့္ ၿခိမ္းေျခာက္ေငြ ေတာင္းခံမႈမ်ား ျပဳလုပ္သျဖင့္ အေရးယူသည့္ ျဖစ္စဥ္(၄)ခုရွိခဲ့သည္ ဟုေျဖၾကားခဲ့သည္။ ယင္း အသင္းဝင္မ်ား၏ ေဆာင္ရြက္ခ်က္မ်ားအေပၚ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီတြင္လည္း လာေရာက္ ဝန္ခံလက္မွတ္ေရးထိုးထားၿပီး ျဖစ္ သလို ယင္းအသင္းကို သတင္းမီဒီယာအျဖစ္ အသိအမွတ္ မျပဳေသးဟု စံုစမ္းသိရွိရသည္။
.
Democracy is not only HumanRights and but also responsibility ဟုဆိုထားသည့္ စကားအနက္ အဓိပၸါယ္အရ လူ႕အခြင့္အေရးသည္သာမက တာဝန္ယူမႈ၊ တာဝန္ခံမႈကိုပါရည္ ၫႊန္းသည့္ ဒီမုိကေရစီ စံခ်ိန္စံ ၫႊန္းတြင္ ပုဂၢလ အခြင့္အေရးမ်ားကို ကာကြယ္ျခင္း၊ သတင္း သိ ပိုင္ခြင့္ကို ျဖည့္ဆည္းေပးျခင္းႏွင့္ မီဒီယာလြတ္ လပ္ခြင့္ကို ကာကြယ္ေစာင့္ေရွာက္ျခင္း စသည့္ စံႏႈန္းမ်ားလည္း ပါဝင္ေပသည္။
Democracy is not only HumanRights and but also responsibility ဟုဆိုထားသည့္ စကားအနက္ အဓိပၸါယ္အရ လူ႕အခြင့္အေရးသည္သာမက တာဝန္ယူမႈ၊ တာဝန္ခံမႈကိုပါရည္ ၫႊန္းသည့္ ဒီမုိကေရစီ စံခ်ိန္စံ ၫႊန္းတြင္ ပုဂၢလ အခြင့္အေရးမ်ားကို ကာကြယ္ျခင္း၊ သတင္း သိ ပိုင္ခြင့္ကို ျဖည့္ဆည္းေပးျခင္းႏွင့္ မီဒီယာလြတ္ လပ္ခြင့္ကို ကာကြယ္ေစာင့္ေရွာက္ျခင္း စသည့္ စံႏႈန္းမ်ားလည္း ပါဝင္ေပသည္။
.
ဒီမိုကေရစီဆိုသည္မွာ သေဘာတူညီျခင္း မ်ားအေၾကာင္း သက္သက္မဟုတ္ပါ၊ အျငင္း ပြားမႈမ်ားကို ကြၽႏု္ပ္တို႕မည္ကဲ့သို႕ ကိုင္တြယ္ေျဖ ရွင္းၾကသည္ဆိုေသာ အခ်က္ကသာ ဒီမိုကေရစီ ျဖစ္သည္။ ထို႕အျပင္ ဒီမိုကေရစီ ဆိုသည္မွာ အမ်ားဆႏၵအရ အုပ္ခ်ဳပ္ျခင္းဆိုသည့္ အယူ အဆသက္သက္လည္း မဟုတ္ျပန္ေခ်၊ ေရြး ေကာက္ပြဲနည္းအားျဖင့္ ထုတ္ေဖာ္ေသာအမ်ား ဆႏၵအရ အုပ္ခ်ဳပ္ျခင္းဆိုသည္မွာ ဒီမိုကေရစီ ၏ အေရးပါေသာ အစိတ္အပိုင္း တစ္ခုသာျဖစ္ သည္။ အမ်ားျပည္သူ ေဆြးေႏြးျငင္းခံုျခင္းဆို ေသာ ေနာက္ခံတြင္ကား မတူညီေသာ အျမင္အ မ်ိဳးမ်ိဳးကို သင့္တင့္ေလ်ာက္ပတ္စြာ မွ်မွ်တတ ေဖာ္ျပျခင္း၊ လူနည္းစုမ်ား၏ ရပ္တည္ခ်က္ႏွင့္ အက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ျခင္း စ သည္တို႕မွာ ဒီမိုကေရစီပင္ ျဖစ္သည္။ မီဒီယာ က်င့္ဝတ္ လမ္းၫႊန္သည္ ဒီမိုကေရစီ ဗဟုဝါဒ ထင္ဟပ္ၿပီး ထိုဗဟုဝါဒ ရွင္သန္ေရးတြင္ မီဒီ ယာမ်ား ထမ္းရြက္ရေသာ အခန္းက႑ကို လည္း မီးေမာင္းထိုးေပးရန္ ရည္ရြယ္ပါသည္။
.
ဒီမိုကေရစီ အစိုးရမ်ားရွိသည့္ ႏိုင္ငံတစ္ႏိုင္ ငံ၏ ဒီမိုကေရစီ စံခ်ိန္စံၫႊန္းမ်ားကို တိုင္းတာ ရာတြင္ မီဒီယာလြတ္လပ္ခြင့္ျဖင့္ တိုင္းတာသည့္ အျပင္ အစိုးရ တစ္ရပ္ရပ္၏ ဝါဒျဖန္႕ သတင္းစာ မ်ား ရွိေနေသးပါက ဒီမိုကေရစီ စံခ်ိန္စံၫႊန္း တြင္ အႏုတ္လကၡဏာ ျပသေနဆဲျဖစ္သည္ဟု သတင္းေလာကတြင္ ဆိုၾကသည္။ ဥပမာကို အ ေမရိကန္ႏိုင္ငံတြင္ အစိုးရပိုင္ သတင္းစာ မရွိ ျခင္းႏွင့္ ႐ုရွားႏိုင္ငံ(ယခင္ဆိုဗီယက္)ရွိ အစိုးရ အာေဘာ္ ပရာပဒါသတင္းစာရွိျခင္းတို႕ကို ရည္ ၫႊန္းသည္။
.
တာဝန္ယူမႈရွိေသာ အစိုးရမ်ား၊ ႏိုင္ငံေရး သမားမ်ား၊ သတင္းမီဒီယာသမားမ်ားသည္ လူ႕ အဖြဲ႕အစည္း၏ အေကာင္းဆံုး အက်ိဳးစီးပြားကို ေဖာ္ေဆာင္ေပးမည္ဟူေသာ ဘံုရပ္တည္ခ်က္ ျဖင့္ လုပ္ကိုင္ ေဆာင္ရြက္ေနၾကေသာ္လည္း ယင္းတို႕အသီးသီး၏ အခန္းက႑မ်ားမွာမူ ကြဲ ျပားျခားနားသည္။ ရင့္က်က္ၿပီး ေကာင္းစြာလည္ ပတ္ေသာ ဒီမိုကရက္တစ္လူ႕အဖြဲ႕အစည္း တစ္ ခုတြင္ ႏိုင္ငံေရးသမားမ်ားႏွင့္ လြတ္လပ္ေသာ မီဒီယာမ်ားအၾကားမွ ဆက္ဆံေရးသည္ တစ္ဦး ႏွင့္တစ္ဦး ေရႊလမ္းေငြလမ္းေဖာက္ၿပီး အျပန္ အလွန္ ပါရမီျဖည့္ဖက္သေဘာ ေဆာင္ရြက္ၾက သည္မဟုတ္၊ ယင္းအား သတိႀကီးစြာ ေမးခြန္း ထုတ္ေနေသာ သံသယျဖင့္ ေစာင့္ၾကည့္ေနေသာ အေျခအေနမ်ိဳးဘက္သို႕ သဘာဝက်စြာ ပိုယိမ္း ေနတတ္သည္။ အမ်ားျပည္သူ အက်ိဳးစီးပြားႏွင့္ ဆက္စပ္ေသာ ကိစၥအားလံုး သိပိုင္ခြင့္ရရွိေရး၊ အမ်ားျပည္သူဆိုင္ရာ အဖြဲ႕အစည္းမ်ား၊ ပုဂၢလိ က အဖြဲ႕အစည္းမ်ားႏွင့္ လူပုဂၢိဳလ္မ်ား၏ ျပည္ သူမ်ားအေပၚ သက္ေရာက္ေစေသာ လုပ္ကိုင္ ေဆာင္ရြက္မႈမ်ားအားလံုး သတင္းထုတ္ျပန္ ေပးေရးတို႕ကိုလည္း အေထာက္အကူျပဳမည္ဟု သတင္းမီဒီယာက်င့္ဝတ္လမ္းၫႊန္က ဆိုထား သည္။
.
သို႕ျဖစ္၍ အေျခခံဥပေဒဖြဲ႕စည္းပံုပါ ပုဒ္မ မ်ားအရ ျဖစ္ေစ၊ သတင္းမီဒီယာဥပေဒ၊ က်င့္ ဝတ္မ်ားအရျဖစ္ေစ မီဒီယာမ်ားကို အစိုးရဝန္ ထမ္းျဖစ္၍ ေသာ္လည္းေကာင္း၊ လိုင္းမ်ား ထုတ္လႊင့္ေနသည့္ ကုမၸဏီမီဒီယာ ျဖစ္၍ဟု လည္းေကာင္း မ်က္ႏွာသာေပးကာ အျခားမီဒီ ယာမ်ားကို ခြဲျခားဆက္ဆံမႈမ်ား ပေပ်ာက္ေစခ်င္ ပါသည္။ သို႕မွသာ ဒီမိုကေရစီစံႏႈန္းကို ျဖည့္ စြက္သည့္ လူထုအစိုးရေကာင္း ျဖစ္လာႏိုင္ေစပါ မည္။
.
ဆရာေတာ္ အရွင္ေဆကိႏၵက''ဘုန္းဘုန္း အခ်စ္ဆံုးကလည္း မီဒီယာပဲ၊ ဘုန္းဘုန္းအ ေၾကာက္ဆံုးကလည္း မီဒီယာပဲ''ဟု မိန္႕ဖူးပါ သည္။ အမွန္ေတာ့ ကိုယ္မွန္လွ်င္ ေၾကာက္စ ရာ မလိုပါ၊ မမွန္လွ်င္သာ ေၾကာက္ရန္ လိုပါ မည္။ သတင္းသမားမ်ားကလည္း ၄င္းတို႕အား ဥပေဒအရ အေရးယူႏိုင္မႈမ်ားကို သတိထား ေရွာင္ၾကဥ္ ေနေၾကာင္းကိုလည္း သိေစလိုပါ သည္။ အထူးသျဖင့္ ျမန္မာ့လူ႕အဖြဲ႕အစည္းအ တြင္း ေခတ္စားလာေနသည့္ ႏိုင္၊ လြတ္၊ လံု ဥပေဒ၊ ႏိုင္ငံေက်ာ္ ဆက္သြယ္ေရးပုဒ္မ ၆၆ (ဃ)ႏွင့္ အေပါင္းပါပုဒ္မမ်ား၊ ကံမေကာင္းက ခံရမည့္ ၁၇(၁)အပါအဝင္ ၅ဝ၅(ခ)မ်ား စသည္ မ်ားကိုလည္း ေရွာင္ၾကဥ္ လုပ္ေဆာင္ေနရ ေၾကာင္း အသိေပးလိုပါသည္။
.
သို႕အတြက္ သတင္းမီဒီယာမ်ားကို မခြဲျခား ဘဲ သတင္းမီဒီယာဥပေဒ၊ နည္းဥပေဒ၊ က်င့္ ဝတ္မ်ားအရ သတင္းမ်ား ရယူခြင့္ျပဳႏိုင္ေရး လိုအပ္သလို ေဆာင္ရြက္ေပးႏိုင္ပါရန္ ဤ ေဆာင္းပါးျဖင့္ တင္ျပေတာင္းဆိုအပ္ပါသည္။ သတင္းမီဒီယာ ဥပေဒႏွင့္ က်င့္ဝတ္ကို လိုက္နာ သူတိုင္း သတင္းမီဒီယာအစစ္မ်ား ျဖစ္ေၾကာင္း ပါခင္ဗ်ား။
.
======================================
သူတို့ကမှ မီဒီယာအစစ်တွေတဲ့လား
မင်းဇော်မင်း
.
'သိက္ခာကို ရိက္ခာဖြင့် မလဲကြရန်' သတင်းစာ ဆရာကြီး လူထုစိန်ဝင်းက ဆိုခဲ့သည်။
.
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၁ (က)တွင် နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်း တူညီမျှ အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အ ရေး၊ တရားမျှတမှု အခွင့်အရေးကို ခံစားပိုင်ခွင့် ရှိသည်။
.
ပုဒ်မ ၃၄၈ တွင် နိုင်ငံတော်သည် မည် သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ် ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ ချမ်းသာတို့ကို အကြောင်းပြ၍ ခွဲခြားမှု မရှိစေ ရ။
.
ပုဒ်မ ၃၄၉ တွင် နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် ရာတွင် တူညီသော အခွင့်အလမ်းရှိစေရမည်-(ခ)အလုပ်လုပ်ကိုင်မှုဟု ပါရှိပါသည်။
.
လက်ရှိတွင် ၂ဝဝ၈ ကိုင်စွဲသူများနှင့် ပြု ပြင်ရေးသမားများ အခြေအတင် ဖြစ်ပွားနေဆဲ ရှိသော်လည်း မီဒီယာများ အဆင့်အတန်းခွဲခြား ခံနေရမှုကိုမူ မည်သူကမျှ ဆွေးနွေးနေသည်ကို မကြားသိရချေ။ စတုတ္ထမဏ္ဍိုင်ဟု ပြောဆိုနေ ကြစေကာမူ လူရာမသွင်းချင်ကြသည့် ဌာနနှင့် နေရာများကမူ မီဒီယာများကိုခွဲခြား ဆက်ဆံ နေကြသည်မှာ အတော်အရုပ်ဆိုးပေသည်။
.
ယခင် စာပေကင်ပင်တိုင်ခေတ်မှသည် ပွင့် လင်းလာသည့် ယခု လူထုအစိုးရလက်ထက် အထိပင် မီဒီယာများအတွက် မျက်နှာကြီးရာ ဟင်းဖတ်ပါ ကိုယ့်လူကိုယ်သာ မျက်နှာသာပေး သည့် အခြေအနေသာ ရှိနေသေးသည် ပြော လျှင်ပြောသူ အလွန်မဟုတ်ပေ။ တိုင်းပြည်၏ မျက်စိ၊ နားများအနေဖြင့် မီဒီယာသမားများ ထမ်းဆောင်နေကြသည့်အပြင် Watch Dogs များ အဖြစ်လည်း တာဝန်ယူနေကြသည်ကို လက်မခံ၊ နားမလည်ကြဟု ဆိုချင်သည်။
.
သို့အတွက် ပြန်ကြားရေး ဝန်ကြီးဌာနက မီဒီယာများ မြှင့်တင်ရေး၊ မီဒီယာများ ခိုင်မာ ရေးအတွက်ဆိုကာ မည်သို့ပင် ပြောနေပါစေ လက်တွေ့တွင်မူ ၄င်းတို့ လက်အောက်ခံများသာ လူရာသွင်းခံနေရပြီး ကျန်မီဒီယာများကို ပေးမ ဝင်သည့် အစည်းအဝေးများ၊ တွေ့ဆုံပွဲများ ရှိ နေသည်ဖြစ်ကြောင်း သိစေလိုသည်။
.
ကျိုင်းတုံတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေး နွေးပွဲ ပြန်ဆက်မှအပ တက်ခွင့်မရ၊ တောင်ကြီး တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ တရုတ်နှင့် စီးပွားရေးဇုန်ကိစ္စ ဆွေးနွေးသည့် (တတိယ)အကြိမ် သတင်းယူခွင့် မရ၊ မန္တလေးတွင် သမ္မ တနှင့် တွေ့ဆုံပွဲတွင် တက်ခွင့်မရ စသည် များက ၄င်းတို့၏ အနီးကပ် မီဒီယာများကိုသာ ခွင့်ပြုပြီး ပြင်ပမီဒီယာဟု ၄င်းတို့သုံးနှုန်းသည့် အခြားမီဒီယာများကို ခွင့်မပြုသည့် ခွဲခြားဆက် ဆံခံရသည့် ပြယုဂ်များပင် ဖြစ်သည်။ မီဒီယာ များကို အတွင်းမီဒီယာ ပြင်ပမီဒီယာဟု ခွဲခြား သတ်မှတ်ထားသည်လော မေးလိုပါသည်။
.
ကျိုင်းတုံတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ဇူလိုင်လ ၂၄ ရက်က ကျိုင်းတုံမြို့၊ တိုင်းလိခန်း မဆောင်တွင် ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ဆက်ဆံရေးဌာနမှ ဝန်ထမ်းများကိုသာ သတင်း ယူခွင့်ပြုခဲ့ပြီး အခြား သတင်းထောက်များကို ဝင်ရောက်ခွင့် မပြုခဲ့သည့်ကိစ္စဖြင့် ပတ်သက်၍ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အ တွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ''ကျွန်တော်တို့ ပြန်ဆက်ကိုပဲ တရားဝင် ဖိတ်ကြားထားပြီး ပြင် ပမီဒီယာအနေနဲ့ ခေတ္တလက်ဖက်ရည်သောက် အနားပေးချိန်မှာ တွေ့ဆုံမေးမြန်းလိုတာကို မေး မြန်းနိုင်ပါတယ်၊ ဆွေးနွေးပွဲ ခန်းမထဲကိုဝင်ခွင့် မပေးပါဘူး''ဟု ပြောဆိုခဲ့သည်။
.
''ဒီလိုမျိုးတော့ မဖြစ်သင့်ပါဘူး၊ မီဒီယာ ဆိုတာ ပြည်သူတွေသိသင့်တာကို ချပြပေးနေ တာဆိုတော့ ခုလို နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲ မှာ အတူတူဝင်ခွင့် ရှိစေချင်ပါတယ်''ဟု ကျိုင်း တုံမြို့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဥက္ကဌ ဒေါက်တာစိုင်းရွက်ဟွမ်က ပြောသ လို ယင်းဆွေးနွေးပွဲသို့ တာချီလိတ်မြို့မှ တက် ရောက်လာသည့် ကူညီသောလက်များ ဒေသ ဖွံ့ဖြိုးရေး အဖွဲ့တာဝန်ခံ ဦးအားဘာကလည်း ''တရားဝင် သတင်းမီဒီယာအနေနဲ့ ဒီလိုတွေ့ ဆုံပွဲမှာ တန်းတူသတင်းယူခွင့် မရှိဘဲ ခွဲခြား တာမျိုးကတော့ မဖြစ်သင့်ပါဘူး''ဟု ၄င်း၏ အမြင်ကို ပြောကြားခဲ့သည်။
.
ဤနည်းတူ ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လာရောက်ကာ တွေ့ဆုံပွဲ ပြုလုပ်သည့် အစည်းအဝေးသို့ သ တင်းရယူရန် သက်ဆိုင်ရာဌာနမှ ဖုန်းဆက်ပြော ကြားသဖြင့် လာရောက်ခဲ့သော်လည်း ခွင့်ပြု ထားသူများမှအပ ပြင်ပမီဒီယာများ ဝင်ခွင့်မရ ဟုဆိုသဖြင့် သတင်းရယူခွင့် ဆုံးရှုံးခဲ့ရကြောင်း ပါ။
.
မီဒီယာ လောကသားများကိုလည်း ဆိုချင် သည်။ ဒူးနေရာဒူး တော်နေရာတော် ဆိုသလို ဝတ်စားဆင်ယင်မှုများ၊ အပြောအဆိုများ၊ ဆက် ဆံမှုများ၊ နေထိုင်မှုများကိုလည်း နိုင်ငံကြီးသား ပီသစွာ လိုက်နာ ကျင့်သုံးတတ်စေရန်၊ မီဒီယာ ဝမ်းစာပြည့်ဝစေရန်လည်း ကြိုးပမ်းထား ကြစေ ရန် တိုက်တွန်းလိုသည်။
မီဒီယာ လောကသားများကိုလည်း ဆိုချင် သည်။ ဒူးနေရာဒူး တော်နေရာတော် ဆိုသလို ဝတ်စားဆင်ယင်မှုများ၊ အပြောအဆိုများ၊ ဆက် ဆံမှုများ၊ နေထိုင်မှုများကိုလည်း နိုင်ငံကြီးသား ပီသစွာ လိုက်နာ ကျင့်သုံးတတ်စေရန်၊ မီဒီယာ ဝမ်းစာပြည့်ဝစေရန်လည်း ကြိုးပမ်းထား ကြစေ ရန် တိုက်တွန်းလိုသည်။
.
ထို့အပြင် လောကကို စောင့်ရှောက်သော လောကပါလ တရား(၂)ပါးဖြစ်သည့် မကောင်း မှုကို ပြုရမည်ကိုရှက်ခြင်း၊ ကြောက်ခြင်းတို့ဖြင့် လောကကို ထိန်းသိမ်းစောင့်ရှောက်သူများအ ဖြစ် ခံယူထားနိုင်ပါက မိမိတို့လုပ်ဆောင်ရသည့် မီဒီယာလုပ်ငန်းအပေါ် ပို၍ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု ယူဆပါသည်။
.
ကမ္ဘာ့လောကကြီးကို သဘာဝများဖြစ်ကြ သည့် မြေထု(Litho Sphere)၊ ရေထု (Hydro Sphere)၊ လေထုk(Aero Sphere)တို့နှင့် သက် ရှိလောက (Bio Sphere) ၏ ဧကရာဇ်ဟု ခေါ် ဆိုအပ်သည့် လူသားလောက (Humanity Sphere) တို့ အားလုံးအပေါ် လွှမ်းခြုံထားသည့် သတင်းအချက်အလက် လောကအလွှာ (Informo Sphere) တွင် သတင်းမီဒီယာလောက ဆို သည်မှာ အဓိက အချက်အချာအလွှာ (Pivot Layer)အဖြစ် တည်ရှိနေကြောင်း နှင့် သတင်းလောကကို ရှင်းပြလိုသည်။
.
သတင်းလောကတွင် သတင်းအတတ်ပညာ များစွာရှိရာ သတင်းထောက်လှမ်း စုံစမ်းရေး သားသည့် အတတ်ပညာ၊ (Investigative Jour-nalism)၊ စီးပွားရေး သတင်းပညာ (Economic Journalism) ၊ အချက်အလက် သတင်း ပညာ (Data Journalism)၊ သတင်းဓာတ်ပုံ/ ဗွီဒီယို ပညာ (Photo/ Video Journalism)၊ သတင်းဆောင်း ပါးပညာ(News Feature Writing Journalism ) ကွန်ရက်သတင်းပညာ (Mobile Network Journalism) စသည်များဖြင့် သတင်းအတတ်ပညာ များစွာရှိပါသည်။
.
အစဉ်အလာအရ နားလည် သဘောပေါက် ထားကြသည့် သတင်းပညာ(Journalism) သည်သတင်း-News၊ သရုပ်ဖော်ပစ္စည်း (Descri ptive Material)နှင့် သတင်းကောက်ချက် (Comment)တို့ကို မီဒီယာ အရောင်အသွေး မျိုးစုံတို့မှတစ်ဆင့် ရရှိသည့် ပညာတစ်ရပ်ဖြစ် သည်။ သတင်းသမား (Journalist) တို့သည် သတင်းအချက် အလက် (Information)နှင့် ထင်မြင်ယူဆချက် (Opinion)တို့ကို လူ့အဖွဲ့အစည်းအတွင်း ဦးဆောင်ဖြန့်ဖြူး သူများအဖြစ်တာဝန်ယူ ဆောင်ရွက်ကြသည်။ အင်တာနက် နည်းပညာရုတ်ခြည်း လျှင်မြန်စွာ တိုးတက်လာ မှု၊ တိကျစွာ ပြောရလျှင် လူမှုကွန်ရက်ဆော့ဖ် ဝဲ(Social Network) ရှေ့တန်းသို့ ရောက်လာခြင်းက အစဉ်အလာအရ နားလည်ထားသည့် သတင်းပညာရပ်ကို လှုပ်ခါစေပြီး ဖြစ်သည်။
.
သို့သော် အစဉ်အလာအရ လေ့လာတင်ပြ မှုများတွင် တာဝန်ယူမှု(Responsibility)နှင့် ဦးတည်ချက် ခိုင်မာမှုတို့ ထားရှိရန် လိုအပ်ဆဲ ဖြစ်ပြီး ပုဂ္ဂိုလ်ရေး ဘက်လိုက်မှု (Personal Bias)နှင့် ဆန္ဒစွဲဖြင့် ရမ်းဆမှု(Prejudic)တို့ကို ရှောင်ကြဉ်ရန် လိုအပ်ဆဲဖြစ်သည်။ သတင်းစာ ဆရာ Bill  Korach နှင့် Tom Rosenstiel တို့က သတင်းသမား အနေဖြင့် လူအများသို့ သတင်းအချက်အလက်များ ပံ့ပိုးခြင်း တာဝန်ကို ပြည့်ဝစွာ ထမ်းဆောင်ရန်အတွက် လွတ်လပ်မှု ရှိရန်နှင့် မိမိကိုယ်မိမိ စီမံခန့်ခွဲခွင့် ရှိရန် လိုအပ်သည်ဟု ဆိုသည်။
.
သတင်းပညာ (Journalism)၏ ပထမဦး ဆုံး တာဝန်မှာ အမှန်တရားပင် ဖြစ်သည်။ ပထ မဦးဆုံး စောင့်သိပေးရမည့်သူများမှာ နိုင်ငံသား များပင် ဖြစ်သည်။ ၄င်း၏ အနှစ်သာရမှာ မှန် ကန်မှု ရှိ မရှိ စိစစ်ခြင်းနှင့် အ တည်ပြုတတ် ခြင်း စည်းကမ်းပင် ဖြစ်သည်။  မိမိလေ့လာတင် ပြသည့် အကြောင်းအရာအပေါ် မှီခိုမှုကင်းရှင်း စေရန် ထိန်းသိမ်းရမည်၊ အာဏာ (Power) အပေါ် လွတ်လပ်စွာ စောင့်ကြည့်လေ့လာနေသူ အဖြစ် တာဝန်ထမ်း ဆောင်ရမည်၊ ပြည်သူအ များ၏ ဝေဖန်ဆန်းစစ်မှု (Criticism)နှင့် တောင်းဆို ညှိနှိုင်းမှု (Comprise) တို့ကို ဖော် ထုတ်ပြသရန် ဟစ်တိုင် (Forum) တစ်ခုကို ဖန် တီးရမည်။ ထူးခြားမှုများကို စိတ်ဝင်စားဖွယ်ဖြစ် လာစေရန်နှင့် ကျိုးကြောင်းဆီလျော်မှု ရှိလာစေ ရန် ကြိုးပမ်းအားထုတ်ရမည်။
.
သတင်း(News) ကို ပြည့်စုံစေရန် အချိုး အစား မှန်ကန်စေရန် ထိန်းသိမ်းတင်ပြရမည်၊ သတင်းသမားများသည် မိမိတို့ ကိုယ်ပိုင်အသိ တရား (Conscious)ကို လွတ်လပ်စွာ အသုံးချ နိုင်ခွင့် ရှိရမည်။ သတင်းနယ်ပယ်သို့ ဝင်ရောက် လာပါက နိုင်ငံသားများတွင်လည်း အခွင့်အရေး (Rights)နှင့် တာဝန်(Responsibility) တို့ရှိ ရမည် ဆိုသည်များမှာ သတင်းသမားအတွက် လမ်းညွှန်ချက်များပင် ဖြစ်သည်။
.
ဌာနဆိုင်ရာဝန်ထမ်းများ၊ အဖွဲ့အစည်းများ ကဲ့သို့ပင် သတင်းသမားများအတွက် လိုက်နာ ကျင့်သုံးရန်၂ဝ၁၄ ခုနှစ်၊ မတ်လ-၁၄ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၁၂ ဖြင့် ပြဋ္ဌာန်းထားသည့် သတင်းမီဒီယာဥပဒေ၊ ၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်က ပြန်ကြားရေး ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ အမှတ်(၄၅/ ၂ဝ၁၅) ဖြင့်ပြဋ္ဌာန်းသည့် နည်းဥပဒေ၊ ၂ဝ၁၄ ခု နှစ်၊ မေလ-၃ ရက်က ထုတ်ပြန်သည့် သတင်းမီ ဒီယာကျင့်ဝတ်များ ရှိပါသည်။ သတင်းမီဒီယာ ဥပဒေ အခန်း(၃) သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ ပုဒ်မ ၄ အပိုဒ်ခွဲ (ဃ)တွင် သက် ဆိုင်ရာဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထား သော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ ဌာန၊ အ ဖွဲ့အစည်းများတွင် သတင်းအချက်အလက် ရ ယူခွင့်၊ နေရာထိုင်ခင်းရခွင့်နှင့် ဝင်ထွက်သွား လာခွင့်တို့ ရှိသည်ဟု ပါရှိသည်။
.
ယင်း အချက်အရ သတင်းမီဒီယာများကို ခွဲခြားဆက်ဆံခွင့်၊ သတင်း ရယူခွင့်မရှိဟု ဆို ချင်သည်။ ယင်းကိစ္စအတွက် လက်ရှိ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ၏ တွဲဘက်အ တွင်းရေးမှူးဖြစ်သူ ဦးမြင့်ကျော်က လာမည့် အစည်းအဝေးများတွင် တင်ပြဆောင်ရွက်သွား မည်ဖြစ်သည်ဟု ၄င်းက ပြောသည်။
.
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ သတင်း မီဒီယာ ကျင့်ဝတ်လမ်းညွှန်တွင် ၁၉၄၈ ခုနှစ်၊ ကုလသမဂ္ဂနိုင်ငံတကာ လူ့အခွင့်အရေး ကြေ ညာစာတမ်း အပိုဒ် ၁၉ တွင် ဖော်ပြထားသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခြင်း၊ အခြေ ခံအခွင့်အရေးကို မူလအခြေခံအဖြစ် သတ်မှတ် သည်။ လူ့အခွင့်အရေး ကြေညာစာတမ်း အ ပိုဒ် ၁၉ တွင်-
.
'လူတိုင်းသည် လွတ်လပ်စွာ တွေးခေါ်ကြံ ဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ရှိသည်။ ထိုအခွင့်အရေးများတွင် နှောင့်ယှက် ဟန့်တားခြင်း၊ တစ်စုံတစ်ရာမရှိဘဲ လွတ်လပ် စွာ တွေးခေါ်ကြံဆခွင့်နှင့် နယ်နိမိတ် စည်း မျဉ်းများနှင့် မသက်ဆိုင်စေဘဲ မည်သည့်မီဒီ ယာမှမဆို သတင်းအချက်အလက်များနှင့် စိတ် ကူးစိတ်သန်းများကို လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံရယူခွင့်၊ တစ်ဆင့် လွှဲပြောင်းပေးခွင့်တို့ ပါဝင်သည်' ဟု ဖော်ပြထားသည်ကို ရည်ညွှန်း လိုသည်။
.
အဆိုပါ အတတ်အသိ ပညာများအား တတ်စွမ်းသမျှ သင်ယူ ဖြည့်ဆည်းထားကြရန် လည်း အကြံပြုပါကြောင်းနှင့် အပြောအဆို အ နေအထိုင် စသည်များကိုလည်း အလေးထား ရန် လိုပေမည်။ ၄င်းအပြင် အဓိကမျက်နှာမူရ မည့် ပြည်သူများ၏ 'မီဒီညာ'များဟု သမုတ်ခံရ မှုများမှလည်း လွတ်ကင်းရန် မှန်ကန်ပြည့်စုံ တိကျသည့် သတင်းများ ဖော်ပြနိုင်ရန်လိုအပ် ပေရာ ဆိုရှယ်မီဒီယာများတွင် မရှိသည့် 'တာ ဝန်ယူမှု တာဝန်ခံမှု' ရိုးသားသည့် ကိုယ်ကျင့် သိက္ခာများဖြင့် သတင်းလောကကို တည် ဆောက်ရန်လည်း တာဝန်ရှိကြပေသည်။
.
ဤနေရာတွင် ထောက်ပြလိုသည်မှာ ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ ၂ ရက်က ကျင်းပခဲ့ သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမ နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ်(၈)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးက မေးမြန်းခဲ့သည့် မှုခင်း သတင်းထောက်အမည်ခံ အချို့သတင်း ထောက်များသည် မှုခင်းများတွင် အမှုလိုက် အကျိုးဆောင်အဖြစ် လုပ်ကိုင်ခြင်း၊ ဝင်ရောက် စွက်ဖက်၍ ငွေကြေး တောင်းခံခြင်း၊ အသင်း ဝင်အဖြစ် လျှောက်ထားသူများထံမှ ငွေကြေး ကောက်ခံခြင်း၊ မြေယာကိစ္စများတွင် ပါဝင် ပတ်သက်ခြင်း၊ ဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူ များထံမှ လစဉ်ကြေးရယူခြင်းများ စိစစ်တွေ့ရှိ ရပြီး အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန မှ ဇွန်လအတွင်း သတင်းထုတ် ပြန်ခဲ့ကြောင်း၊ သို့ပါသော်လည်း လက်ရှိ ပကတိအခြေအနေ မှာ မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးများသာ ပြည်သူများက ခံစားလာနေရကြရပြီး ကြောက် ရွံ့မှုသာ ထပ်တိုးလာရပါတယ်၊ ဒါကြောင့် စိ စစ်ကြပ်မတ်ပေးရန် လိုပါတယ်''ဟု ပြောကြားခဲ့ သည်ကို ပြည်ထဲရေးဒုဝန်ကြီး၏ ဖြေကြားချက် အရ မှုခင်းသတင်းထောက်များအနေဖြင့် အမှု ပွဲစား ပြုလုပ်ခြင်း၊ ငွေကြေးပေးဆောင်ရသူများ က တိုင်ကြားခြင်း မရှိသည့်အပေါ် အခွင့်ကောင်း ယူမှုများ ပြုလုပ်နေသည်များ ရှိနေပြီး မှုခင်း သတင်းထောက်များ အနေဖြင့် ခြိမ်းခြောက်ငွေ တောင်းခံမှုများ ပြုလုပ်သဖြင့် အရေးယူသည့် ဖြစ်စဉ်(၄)ခုရှိခဲ့သည် ဟုဖြေကြားခဲ့သည်။ ယင်း အသင်းဝင်များ၏ ဆောင်ရွက်ချက်များအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတွင်လည်း လာရောက် ဝန်ခံလက်မှတ်ရေးထိုးထားပြီး ဖြစ် သလို ယင်းအသင်းကို သတင်းမီဒီယာအဖြစ် အသိအမှတ် မပြုသေးဟု စုံစမ်းသိရှိရသည်။
.
Democracy is not only HumanRights and but also responsibility ဟုဆိုထားသည့် စကားအနက် အဓိပ္ပါယ်အရ လူ့အခွင့်အရေးသည်သာမက တာဝန်ယူမှု၊ တာဝန်ခံမှုကိုပါရည် ညွှန်းသည့် ဒီမိုကရေစီ စံချိန်စံ ညွှန်းတွင် ပုဂ္ဂလ အခွင့်အရေးများကို ကာကွယ်ခြင်း၊ သတင်း သိ ပိုင်ခွင့်ကို ဖြည့်ဆည်းပေးခြင်းနှင့် မီဒီယာလွတ် လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ခြင်း စသည့် စံနှုန်းများလည်း ပါဝင်ပေသည်။
.
ဒီမိုကရေစီဆိုသည်မှာ သဘောတူညီခြင်း များအကြောင်း သက်သက်မဟုတ်ပါ၊ အငြင်း ပွားမှုများကို ကျွနု်ပ်တို့မည်ကဲ့သို့ ကိုင်တွယ်ဖြေ ရှင်းကြသည်ဆိုသော အချက်ကသာ ဒီမိုကရေစီ ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီ ဆိုသည်မှာ အများဆန္ဒအရ အုပ်ချုပ်ခြင်းဆိုသည့် အယူ အဆသက်သက်လည်း မဟုတ်ပြန်ချေ၊ ရွေး ကောက်ပွဲနည်းအားဖြင့် ထုတ်ဖော်သောအများ ဆန္ဒအရ အုပ်ချုပ်ခြင်းဆိုသည်မှာ ဒီမိုကရေစီ ၏ အရေးပါသော အစိတ်အပိုင်း တစ်ခုသာဖြစ် သည်။ အများပြည်သူ ဆွေးနွေးငြင်းခုံခြင်းဆို သော နောက်ခံတွင်ကား မတူညီသော အမြင်အ မျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ မျှမျှတတ ဖော်ပြခြင်း၊ လူနည်းစုများ၏ ရပ်တည်ချက်နှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း စ သည်တို့မှာ ဒီမိုကရေစီပင် ဖြစ်သည်။ မီဒီယာ ကျင့်ဝတ် လမ်းညွှန်သည် ဒီမိုကရေစီ ဗဟုဝါဒ ထင်ဟပ်ပြီး ထိုဗဟုဝါဒ ရှင်သန်ရေးတွင် မီဒီ ယာများ ထမ်းရွက်ရသော အခန်းကဏ္ဍကို လည်း မီးမောင်းထိုးပေးရန် ရည်ရွယ်ပါသည်။
.
ဒီမိုကရေစီ အစိုးရများရှိသည့် နိုင်ငံတစ်နိုင် ငံ၏ ဒီမိုကရေစီ စံချိန်စံညွှန်းများကို တိုင်းတာ ရာတွင် မီဒီယာလွတ်လပ်ခွင့်ဖြင့် တိုင်းတာသည့် အပြင် အစိုးရ တစ်ရပ်ရပ်၏ ဝါဒဖြန့် သတင်းစာ များ ရှိနေသေးပါက ဒီမိုကရေစီ စံချိန်စံညွှန်း တွင် အနုတ်လက္ခဏာ ပြသနေဆဲဖြစ်သည်ဟု သတင်းလောကတွင် ဆိုကြသည်။ ဥပမာကို အ မေရိကန်နိုင်ငံတွင် အစိုးရပိုင် သတင်းစာ မရှိ ခြင်းနှင့် ရုရှားနိုင်ငံ(ယခင်ဆိုဗီယက်)ရှိ အစိုးရ အာဘော် ပရာပဒါသတင်းစာရှိခြင်းတို့ကို ရည် ညွှန်းသည်။
ဒီမိုကရေစီ အစိုးရများရှိသည့် နိုင်ငံတစ်နိုင် ငံ၏ ဒီမိုကရေစီ စံချိန်စံညွှန်းများကို တိုင်းတာ ရာတွင် မီဒီယာလွတ်လပ်ခွင့်ဖြင့် တိုင်းတာသည့် အပြင် အစိုးရ တစ်ရပ်ရပ်၏ ဝါဒဖြန့် သတင်းစာ များ ရှိနေသေးပါက ဒီမိုကရေစီ စံချိန်စံညွှန်း တွင် အနုတ်လက္ခဏာ ပြသနေဆဲဖြစ်သည်ဟု သတင်းလောကတွင် ဆိုကြသည်။
.
တာဝန်ယူမှုရှိသော အစိုးရများ၊ နိုင်ငံရေး သမားများ၊ သတင်းမီဒီယာသမားများသည် လူ့ အဖွဲ့အစည်း၏ အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်ပေးမည်ဟူသော ဘုံရပ်တည်ချက် ဖြင့် လုပ်ကိုင် ဆောင်ရွက်နေကြသော်လည်း ယင်းတို့အသီးသီး၏ အခန်းကဏ္ဍများမှာမူ ကွဲ ပြားခြားနားသည်။ ရင့်ကျက်ပြီး ကောင်းစွာလည် ပတ်သော ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း တစ် ခုတွင် နိုင်ငံရေးသမားများနှင့် လွတ်လပ်သော မီဒီယာများအကြားမှ ဆက်ဆံရေးသည် တစ်ဦး နှင့်တစ်ဦး ရွှေလမ်းငွေလမ်းဖောက်ပြီး အပြန် အလှန် ပါရမီဖြည့်ဖက်သဘော ဆောင်ရွက်ကြ သည်မဟုတ်၊ ယင်းအား သတိကြီးစွာ မေးခွန်း ထုတ်နေသော သံသယဖြင့် စောင့်ကြည့်နေသော အခြေအနေမျိုးဘက်သို့ သဘာဝကျစွာ ပိုယိမ်း နေတတ်သည်။ အများပြည်သူ အကျိုးစီးပွားနှင့် ဆက်စပ်သော ကိစ္စအားလုံး သိပိုင်ခွင့်ရရှိရေး၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိ က အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ပြည် သူများအပေါ် သက်ရောက်စေသော လုပ်ကိုင် ဆောင်ရွက်မှုများအားလုံး သတင်းထုတ်ပြန် ပေးရေးတို့ကိုလည်း အထောက်အကူပြုမည်ဟု သတင်းမီဒီယာကျင့်ဝတ်လမ်းညွှန်က ဆိုထား သည်။
.
သို့ဖြစ်၍ အခြေခံဥပဒေဖွဲ့စည်းပုံပါ ပုဒ်မ များအရ ဖြစ်စေ၊ သတင်းမီဒီယာဥပဒေ၊ ကျင့် ဝတ်များအရဖြစ်စေ မီဒီယာများကို အစိုးရဝန် ထမ်းဖြစ်၍ သော်လည်းကောင်း၊ လိုင်းများ ထုတ်လွှင့်နေသည့် ကုမ္ပဏီမီဒီယာ ဖြစ်၍ဟု လည်းကောင်း မျက်နှာသာပေးကာ အခြားမီဒီ ယာများကို ခွဲခြားဆက်ဆံမှုများ ပပျောက်စေချင် ပါသည်။ သို့မှသာ ဒီမိုကရေစီစံနှုန်းကို ဖြည့် စွက်သည့် လူထုအစိုးရကောင်း ဖြစ်လာနိုင်စေပါ မည်။
.
ဆရာတော် အရှင်ဆေကိန္ဒက''ဘုန်းဘုန်း အချစ်ဆုံးကလည်း မီဒီယာပဲ၊ ဘုန်းဘုန်းအ ကြောက်ဆုံးကလည်း မီဒီယာပဲ''ဟု မိန့်ဖူးပါ သည်။ အမှန်တော့ ကိုယ်မှန်လျှင် ကြောက်စ ရာ မလိုပါ၊ မမှန်လျှင်သာ ကြောက်ရန် လိုပါ မည်။ သတင်းသမားများကလည်း ၄င်းတို့အား ဥပဒေအရ အရေးယူနိုင်မှုများကို သတိထား ရှောင်ကြဉ် နေကြောင်းကိုလည်း သိစေလိုပါ သည်။ အထူးသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအ တွင်း ခေတ်စားလာနေသည့် နိုင်၊ လွတ်၊ လုံ ဥပဒေ၊ နိုင်ငံကျော် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နှင့် အပေါင်းပါပုဒ်မများ၊ ကံမကောင်းက ခံရမည့် ၁၇(၁)အပါအဝင် ၅ဝ၅(ခ)များ စသည် များကိုလည်း ရှောင်ကြဉ် လုပ်ဆောင်နေရ ကြောင်း အသိပေးလိုပါသည်။
.
သို့အတွက် သတင်းမီဒီယာများကို မခွဲခြား ဘဲ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့် ဝတ်များအရ သတင်းများ ရယူခွင့်ပြုနိုင်ရေး လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန် ဤ ဆောင်းပါးဖြင့် တင်ပြတောင်းဆိုအပ်ပါသည်။ သတင်းမီဒီယာ ဥပဒေနှင့် ကျင့်ဝတ်ကို လိုက်နာ သူတိုင်း သတင်းမီဒီယာအစစ်များ ဖြစ်ကြောင်း ပါခင်ဗျား။

No comments:

Post a Comment

Journal Download

Photo of three cats