ေမာက္မယ္ေရွာက္ခ်ိဳသီးမ်ား သီးထိုးယင္ က်ေရာက္မႈ ကာကြယ္ႏွိမ္နင္းေရးအတြက္ ကြင္းဆင္းေဆာင္ရြက္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, August 28, 2019

ေမာက္မယ္ေရွာက္ခ်ိဳသီးမ်ား သီးထိုးယင္ က်ေရာက္မႈ ကာကြယ္ႏွိမ္နင္းေရးအတြက္ ကြင္းဆင္းေဆာင္ရြက္


စိုင္းမ်ိဳးသန္႔ (ေမာက္မယ္)
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လင္းေခးခ႐ိုင္၊ ေမာက္မယ္ၿမိဳ႕နယ္တြင္ ေရွာက္ခ်ိဳသီး ထြက္ရွိခ်ိန္၌ သီးထိုးယင္ႏွင့္ ပိုးမႊားေရာဂါ က်ေရာက္မႈမ်ားေၾကာင့္ သီးႏွံပ်က္စီးမႈ မရွိေစေရးအတြက္ စိုက္ပ်ိဳးေရး ဦးစီးဌာနမွ ကြင္းဆင္း ေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္း သိရသည္။
.
 
.
ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းေဖြးဟြမ္ဦး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးဟန္သူရ၊ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲမႈေကာ္မတီ အဖြဲ႕ဝင္မ်ား၊ သက္ဆိုင္ရာဌာနမ်ား မွ တာဝန္ရွိသူမ်ား လိုက္ပါလ်က္ ဩဂုတ္လ ၂၁ ရက္၊ နံနက္ပိုင္းက ေမာက္မယ္ၿမိဳ႕နယ္၊ နမ့္လြတ္ေက်းရြာအုပ္စု၊ ကဒူးေလးေက်းရြာရွိ ေရွာက္ခ်ိဳဥယ်ာဥ္ၿခံမ်ားသို႕ လက္ ေတြ႕ကြင္းဆင္း သ႐ုပ္ျပ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
.
ထိုသို႔ ကြင္းဆင္း ေဆာင္ရြက္ ရာတြင္ ၿမိဳ႕နယ္စိုက္ပ်ိဳးေရး ဦးစီး ဌာနမွဴး ဦးသက္ႏိုင္က ေရွာက္ခ်ိဳ သီး စိုက္ပ်ိဳးေသာ ေတာင္သူမ်ား အား သီးထိုးယင္ႏွင့္ ပိုးမႊားေရာဂါ က်ေရာက္မႈ အေျခအေနအား အသိ ပညာေပး ေဆြးေႏြးေဟာေျပာခဲ့ၿပီး ၾနအ့ပူ ႏကါနညေူ ေဆး သံုးစြဲ၍ ဖမ္းယူပံု နည္းစနစ္မ်ားကို အဆင့္ ဆင့္ လက္ေတြ႕သ႐ုပ္ျပ ေဆာင္ရြက္ ခဲ့ေၾကာင္း သိရသည္။
.
ေမာက္မယ္ၿမိဳ႕နယ္အတြင္း ၿမိဳ႕ ၏ ေတာင္ဘက္ ၆ မိုင္ခန္႔အကြာရွိ နမ့္လြတ္ေက်းရြာအုပ္စု အတြင္း ေရွာက္ခ်ိဳသီးမ်ားကို အမ်ားအျပား စိုက္ပ်ိဳးၾကၿပီး ေတာင္ေပၚ ေရထြက္ လိုဏ္ဂူမွ ေရမ်ား ေကာင္းစြာရရွိ သည့္အတြက္ ေရွာက္ခ်ိဳသီးပင္အ တြက္ စိုစြတ္သည့္ ရာသီဥတုႏွင့္ ေျမအေနအထားေၾကာင့္ စိုက္ပ်ိဳး ေအာင္ျမင္လ်က္ရွိေၾကာင္း သိရ သည္။
.
ေရွာက္ခ်ိဳသီးကို အနယ္နယ္ အရပ္ရပ္သို႕ ပို႕ေဆာင္ေရာင္းခ်ျခင္း မ်ားရွိသလို ၿခံအထိ လာေရာက္ဝယ္ ယူမႈမ်ားလည္း ရွိေနေၾကာင္း သိရ သည္။
.
ေဒသခံ ေတာင္သူမ်ား အေန ျဖင့္ ေဈးႏႈန္းေကာင္း ရရွိသည့္ ေရွာက္ခ်ိဳ၊ လိေမၼာ္၊ သံပုရာ စ သည့္ ႏွစ္ရွည္ပင္မ်ားကို ပိုမိုစိုက္ ပ်ိဳးလာၾကေၾကာင္း သိရသည္။ ေရွာက္ခ်ိဳသီးမ်ားကို ေရာင္းခ်ရာတြင္ အရြယ္အစားေပၚ မူတည္၍ ၁၀ လံုးလွ်င္ ေငြက်ပ္ ၁၅၀ဝ မွ ၅၀ဝ၀ က်ပ္အထိ ေဈး ရရွိေၾကာင္း သိရ သည္။
.
============================================================
မောက်မယ်ရှောက်ချိုသီးများ သီးထိုးယင် ကျရောက်မှု ကာကွယ်နှိမ်နင်းရေးအတွက် ကွင်းဆင်းဆောင်ရွက်
.
စိုင်းမျိုးသန့် (မောက်မယ်)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ရှောက်ချိုသီး ထွက်ရှိချိန်၌ သီးထိုးယင်နှင့် ပိုးမွှားရောဂါ ကျရောက်မှုများကြောင့် သီးနှံပျက်စီးမှု မရှိစေရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
.
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ မှ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းက မောက်မယ်မြို့နယ်၊ နမ့်လွတ်ကျေးရွာအုပ်စု၊ ကဒူးလေးကျေးရွာရှိ ရှောက်ချိုဥယျာဉ်ခြံများသို့ လက် တွေ့ကွင်းဆင်း သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ထိုသို့ ကွင်းဆင်း ဆောင်ရွက် ရာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနမှူး ဦးသက်နိုင်က ရှောက်ချို သီး စိုက်ပျိုးသော တောင်သူများ အား သီးထိုးယင်နှင့် ပိုးမွှားရောဂါ ကျရောက်မှု အခြေအနေအား အသိ ပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး နြအ့ပူ နကါနညေူ ဆေး သုံးစွဲ၍ ဖမ်းယူပုံ နည်းစနစ်များကို အဆင့် ဆင့် လက်တွေ့သရုပ်ပြ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
.
မောက်မယ်မြို့နယ်အတွင်း မြို့ ၏ တောင်ဘက် ၆ မိုင်ခန့်အကွာရှိ နမ့်လွတ်ကျေးရွာအုပ်စု အတွင်း ရှောက်ချိုသီးများကို အများအပြား စိုက်ပျိုးကြပြီး တောင်ပေါ် ရေထွက် လိုဏ်ဂူမှ ရေများ ကောင်းစွာရရှိ သည့်အတွက် ရှောက်ချိုသီးပင်အ တွက် စိုစွတ်သည့် ရာသီဥတုနှင့် မြေအနေအထားကြောင့် စိုက်ပျိုး အောင်မြင်လျက်ရှိကြောင်း သိရ သည်။
.
ရှောက်ချိုသီးကို အနယ်နယ် အရပ်ရပ်သို့ ပို့ဆောင်ရောင်းချခြင်း များရှိသလို ခြံအထိ လာရောက်ဝယ် ယူမှုများလည်း ရှိနေကြောင်း သိရ သည်။
.
ဒေသခံ တောင်သူများ အနေ ဖြင့် ဈေးနှုန်းကောင်း ရရှိသည့် ရှောက်ချို၊ လိမ္မော်၊ သံပုရာ စ သည့် နှစ်ရှည်ပင်များကို ပိုမိုစိုက် ပျိုးလာကြကြောင်း သိရသည်။ ရှောက်ချိုသီးများကို ရောင်းချရာတွင် အရွယ်အစားပေါ် မူတည်၍ ၁၀ လုံးလျှင် ငွေကျပ် ၁၅ဝဝ မှ ၅ဝဝဝ ကျပ်အထိ ဈေး ရရှိကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats