အထူးဒေသ (၄) တွင် အာဖရိကဝက်တုပ်ကွေးရောဂါ တွေ့ရှိရသဖြင့် ဝက်နှင့် ဝက်ထွက်ပစ္စည်း တင်သွင်း ရောင်းချခွင့် ပိတ်ပင် - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Boxed(True/False)
Treasure Palace Hotel
Photo of three cats
Sunday, August 4, 2019
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ () နယ်မြေအတွင်း အာဖရိကဝက်တုပ်ကွေးရောဂါ တွေ့ရှိသဖြင့် အထူးဒေသ () ဒေသန္တရအုပ်ချုပ်ရေးကော်မတီမျ ဩဂုတ်လ ၂ ရက်စွဲပါစာဖြင့် ဒေသတွင်းသို့ ဝက်နှင့် ဝက်ထွက် ပစ္စည်း တင်သွင်းရောင်းချခြင်းမပြုရန် တားမြစ်ခဲ့သည်ဟု သိရသည်။
.
.
.
အထူးဒေသ () နယ်မြေရှိ ဒေသအုပ်ချုပ်ရေး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေး တာယန်ခံတို့မှ အာဖရိကဝက်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် ကျေးရွာများသို့ သွားရောက်ပြီး လက်ရှိမွေးမြူ ထားသော ဝက်ကောင်များကို မီးရှို့ခြင်း၊ ပိုးသတ်ခြင်းနှင့် တွင်းတူးမြှုပ်နှံခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး ဝက်နှင့် ပတ်သက်သည့် စားသောက်ကုန်များကို ရောင်းချပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကာ သတင်းပေးသူအား ဆုငွေချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာထားသည်ဟု သိရသည်။
.
.
.
အထူးဒေသ () နယ်မြေရှိ ဒေသအုပ်ချုပ်ရေး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေး တာယန်ခံတို့မှ အာဖရိကဝက်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် ကျေးရွာများသို့ သွားရောက်ပြီး လက်ရှိမွေးမြူ ထားသော ဝက်ကောင်များကို မီးရှို့ခြင်း၊ ပိုးသတ်ခြင်းနှင့် တွင်းတူးမြှုပ်နှံခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး ဝက်နှင့် ပတ်သက်သည့် စားသောက်ကုန်များကို ရောင်းချပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကာ သတင်းပေးသူအား ဆုငွေချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာထားသည်ဟု သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ () မိုင်းလားနှင် နယ်မြေချင်း ထိစပ်နေသော တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ်အနှံ့တွင် အာဖရိဝက်တုပ်ကွေးရောဂါ (Africa Swine Flue) ကြောင့် ဝက်ကောင်ရေ တစ်သန်းကျော်ကို ဖျက်ဆီးခဲ့ရကြောင်း သိရသည်
.
============================================================
အထူးဒေသ (၄) တွင် အာဖရိကဝက်တုပ်ကွေးရောဂါ တွေ့ရှိရသဖြင့် ဝက်နှင့် ဝက်ထွက်ပစ္စည်း တင်သွင်း ရောင်းချခွင့် ပိတ်ပင်
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) နယ်မြေအတွင်း အာဖရိကဝက်တုပ်ကွေးရောဂါ တွေ့ရှိသဖြင့် အထူးဒေသ (၄) ဒေသန္တရအုပ်ချုပ်ရေးကော်မတီမျ ဩဂုတ်လ ၂ ရက်စွဲပါစာဖြင့် ဒေသတွင်းသို့ ဝက်နှင့် ဝက်ထွက် ပစ္စည်း တင်သွင်းရောင်းချခြင်းမပြုရန် တားမြစ်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ တားမြစ်ချက်တွင် အာဖရိကဝက်တုပ်ကွေး ကပ်ရောဂါ ဖြစ်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်၊ ရောဂါ မပြန့်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရန်နျင့် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေး၊ စားသုံးသူနှင့် မွေးမြူရေး လုပ်ငန်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအာမခံချက်ပေးနိုင်ရန် တားမြစ်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
.
ယင်းထုတ်ပြန်ချက်အရ အခြားသော အရပ်ဒေသမှ ဝက်ကောင်၊ ဝက်သား၊ ဆားသိပ်ဝက်သား၊ ဝက်သားခြောက်၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ရေခဲရိုက်ဝက်သားများအား ဒေသအတွင်း ဝင်ရောက်ခြင်းကို တားမြစ် ထားပြီး ယင်းပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုကြရန်နှင့် လက်ရှိ သိုလှောင်ထားသော ရေခဲရိုက် ဝက်သား၊ ဆားသိပ်ဝက်သား၊ ဝက်သားခြောက်၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် လက်ကျန်ပစ္စည်းများကို ချိတ် ပိတ်သိုလှောင်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။
.
မိုင်းလားဈေးထဲမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်က မလတ်ဆတ်၊ မသန့်ရှင်းတဲ့ ဝက်သားတွေကို လိုက်လံ စစ်ဆေးနေတယ်လို့တော့ ကြားမိပါတယ်။ အဲဒီလို ဝက်သားတွေကို တွေ့ရင် စွန့်ပစ်ခိုင်းနေတယ်လို့လည်း ကြားရ ပါတယ်ဟု မိုင်းလားမြို့မဈေးမှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
အထူးဒေသ (၄) နယ်မြေရှိ ဒေသအုပ်ချုပ်ရေး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေး တာယန်ခံတို့မှ အာဖရိကဝက်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် ကျေးရွာများသို့ သွားရောက်ပြီး လက်ရှိမွေးမြူ ထားသော ဝက်ကောင်များကို မီးရှို့ခြင်း၊ ပိုးသတ်ခြင်းနှင့် တွင်းတူးမြှုပ်နှံခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး ဝက်နှင့် ပတ်သက်သည့် စားသောက်ကုန်များကို ရောင်းချပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကာ သတင်းပေးသူအား ဆုငွေချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာထားသည်ဟု သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားနှင် နယ်မြေချင်း ထိစပ်နေသော တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ်အနှံ့တွင် အာဖရိဝက်တုပ်ကွေးရောဂါ (Africa Swine Flue) ကြောင့် ဝက်ကောင်ရေ တစ်သန်းကျော်ကို ဖျက်ဆီးခဲ့ရကြောင်း သိရသည်။
.
No comments:
Post a Comment
Journal Download
Photo of three cats