လားရိႈးၿမိဳ႕မွ မႏၱေလးၿမိဳ႕သို႔ ေျပးဆဲြေသာ မီးရထားလမ္းေၾကာင္းကို လမ္းလံုျခံဳေရးအရအတြက္ ေျပးဆဲြမႈရပ္နား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 16, 2019

လားရိႈးၿမိဳ႕မွ မႏၱေလးၿမိဳ႕သို႔ ေျပးဆဲြေသာ မီးရထားလမ္းေၾကာင္းကို လမ္းလံုျခံဳေရးအရအတြက္ ေျပးဆဲြမႈရပ္နား


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕မွ မႏၱေလးၿမိဳ႕သို႔ ေျပးဆဲြေသာ ျမန္မာ႔မီးရထားလမ္းေၾကာင္းကို  လမ္းလံုျခံဳေရးအရ ေျပးဆဲြျခင္းကို ၾသဂုတ္ ၁၆ ရက္မွစတင္ ရပ္နားလိုက္ေၾကာင္း လားရိႈးၿမိဳ႕ ဘူတာရံုမွ သိရွိရသည္။
.
.
မႏၱေလး-လားရိႈးသြား ျပည္ေထာင္စုလမ္းမႀကီးေပၚ ေက်ာက္မဲႏွင့္ ျပင္ဦးလြင္လမ္းပိုင္းအတြင္း ၾသဂုတ္ ၁၅ ရက္က ျဖစ္ပြားခဲ႔ေသာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔မ်ားမွ ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ကားလမ္းႏွင္႔ အၿပိဳင္ ေဖာက္လုပ္ေျပးဆဲြေနေသာ လားရိႈးမွ မႏၱေလးသြား မီးရထားလိုင္းကို ၾသဂုတ္ ၁၆ ရက္တြင္ ရပ္နား လိုက္ျခင္းျဖစ္သည္။
.
အဓိက ကေတာ့ မေန႔(ၾသဂုတ္ ၁၅ ရက္)က ျဖစ္ပြားခဲ႔တဲ႔ ပစ္ခတ္မႈေတြေၾကာင့္ လမ္းပိုင္းရွင္းလင္းေရး မလုပ္ရေသးလို႔ပါ။ လံုျခံဳေရးအဆင့္ျဖစ္တဲ႔အတြက္ အထက္က ညႊန္ၾကားတဲ႔အတိုင္း ေဆာင္ရြက္ရမွာ ျဖစ္ပါ တယ္။’’ဟု လားရိႈးၿမိဳ႕ ဘူတာရံုမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
.
အဆိုပါ လားရိႈး - မႏၱေလးသြား မီးရထားလမ္းသည္ ကားလမ္းႏွင္႔အၿပိဳင္ ေဖာက္လုပ္ေျပးဆဲြေနျခင္းေၾကာင့္ အမ်ားျပည္သူမ်ား အသက္အႏၱရာယ္ကင္းရွင္းေစရန္ႏွင့္ လမ္းပိုင္းရွင္းလင္းမႈမ်ားလုပ္ေဆာင္ႏိုင္ရန္အတြက္ ရပ္နားထားျခင္းျဖစ္ေၾကာင္း သိရသည္။
.
ကားလမ္းရယ္၊ ရထားလမ္းရယ္ ပိတ္ထားေတာ့ ကုန္ေစ်းႏႈန္းက တက္မွာ ေသခ်ာပါတယ္။  ပိုက္ဆံရွိတဲ႔ လူေတြအတြက္ကေတာ့ ေလယာဥ္ပ်ံနဲ႔ သြားၾကေပါ့။ ဘယ္သူေတြ ဘယ္လိုသြားသြား အဓိကကေတာ့ ကုန္ေစ်းႏႈန္း မတက္ပါေစနဲ႔လို႔ ဆုေတာင္းေနပါတယ္။ အခုေတာင္ၿမိဳ႕ထဲမွာ ဆန္ေတြ ဝယ္ယူေနၾကတာ အမ်ားႀကီးေတြ႔ခဲ႔ရပါတယ္။’’ဟု လားရိႈးၿမိဳ႕တြင္း အငွားကား ေမာင္းႏွင္သူ ကိုေက်ာ္ေဆြက ေျပာသည္။
.
အဆိုပါ လားရိႈး-မႏၱေလးသြား မီးရထားလိုင္းသည္ လူတစ္ဦးလွ်င္ အထက္တန္း ၅၅၅၀ က်ပ္၊ ရိုးရိုးတန္း ၂၄၀၀ က်ပ္ျဖင့္ ေန႔စဥ္ နံနက္ ၅း၀၀ နာရီအခ်ိန္တြင္ ေျပးဆဲြေပးေနၿပီး လားရိႈးၿမိဳ႕သို႔ လာေရာက္ေရာင္းခ်သည့္  ကုန္စိမ္းေစ်းသည္ အမ်ားစုသည္ မီးရထားျဖင့္ ကုန္စိမ္းမ်ားကို တင္ပို႔ေလ့ရွိေၾကာင္း သိရသည္။ 
.
============================================================
လားရှိုးမြို့မှ မန္တလေးမြို့သို့ ပြေးဆွဲသော မီးရထားလမ်းကြောင်းကို လမ်းလုံခြုံရေးအရအတွက် ပြေးဆွဲမှုရပ်နား

.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ မန္တလေးမြို့သို့ ပြေးဆွဲသော မြန်မာ့မီးရထားလမ်းကြောင်းကို  လမ်းလုံခြုံရေးအရ ပြေးဆွဲခြင်းကို သြဂုတ် ၁၆ ရက်မှစတင် ရပ်နားလိုက်ကြောင်း လားရှိုးမြို့ ဘူတာရုံမှ သိရှိရသည်။
.
မန္တလေး-လားရှိုးသွား ပြည်ထောင်စုလမ်းမကြီးပေါ် ကျောက်မဲနှင့် ပြင်ဦးလွင်လမ်းပိုင်းအတွင်း သြဂုတ် ၁၅ ရက်က ဖြစ်ပွားခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကားလမ်းနှင့် အပြိုင် ဖောက်လုပ်ပြေးဆွဲနေသော လားရှိုးမှ မန္တလေးသွား မီးရထားလိုင်းကို သြဂုတ် ၁၆ ရက်တွင် ရပ်နား လိုက်ခြင်းဖြစ်သည်။
.
အဓိက ကတော့ မနေ့(သြဂုတ် ၁၅ ရက်)က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် လမ်းပိုင်းရှင်းလင်းရေး မလုပ်ရသေးလို့ပါ။ လုံခြုံရေးအဆင့်ဖြစ်တဲ့အတွက် အထက်က ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။’’ဟု လားရှိုးမြို့ ဘူတာရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ လားရှိုး - မန္တလေးသွား မီးရထားလမ်းသည် ကားလမ်းနှင့်အပြိုင် ဖောက်လုပ်ပြေးဆွဲနေခြင်းကြောင့် အများပြည်သူများ အသက်အန္တရာယ်ကင်းရှင်းစေရန်နှင့် လမ်းပိုင်းရှင်းလင်းမှုများလုပ်ဆောင်နိုင်ရန်အတွက် ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။
.
ကားလမ်းရယ်၊ ရထားလမ်းရယ် ပိတ်ထားတော့ ကုန်စျေးနှုန်းက တက်မှာ သေချာပါတယ်။  ပိုက်ဆံရှိတဲ့ လူတွေအတွက်ကတော့ လေယာဉ်ပျံနဲ့ သွားကြပေါ့။ ဘယ်သူတွေ ဘယ်လိုသွားသွား အဓိကကတော့ ကုန်စျေးနှုန်း မတက်ပါစေနဲ့လို့ ဆုတောင်းနေပါတယ်။ အခုတောင်မြို့ထဲမှာ ဆန်တွေ ဝယ်ယူနေကြတာ အများကြီးတွေ့ခဲ့ရပါတယ်။’’ဟု လားရှိုးမြို့တွင်း အငှားကား မောင်းနှင်သူ ကိုကျော်ဆွေက ပြောသည်။
.
အဆိုပါ လားရှိုး-မန္တလေးသွား မီးရထားလိုင်းသည် လူတစ်ဦးလျှင် အထက်တန်း ၅၅၅၀ ကျပ်၊ ရိုးရိုးတန်း ၂၄၀၀ ကျပ်ဖြင့် နေ့စဉ် နံနက် ၅းဝ၀ နာရီအချိန်တွင် ပြေးဆွဲပေးနေပြီး လားရှိုးမြို့သို့ လာရောက်ရောင်းချသည့်  ကုန်စိမ်းစျေးသည် အများစုသည် မီးရထားဖြင့် ကုန်စိမ်းများကို တင်ပို့လေ့ရှိကြောင်း သိရသည်။ 
.

No comments:

Post a Comment

Journal Download

Photo of three cats