တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္ ဘတ္စကက္ေဘာၿပိဳင္ပြဲမ်ားတြင္ ရွမ္းျပည္နယ္အမ်ိဳးသားအသင္း ပထမဆုမ်ား ရရွိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, August 3, 2019

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္ ဘတ္စကက္ေဘာၿပိဳင္ပြဲမ်ားတြင္ ရွမ္းျပည္နယ္အမ်ိဳးသားအသင္း ပထမဆုမ်ား ရရွိ


စိုင္းရာဇာ
.
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္ အမ်ိဳးသား ဘတ္စကက္ေဘာၿပိဳင္ပြဲ ၅ ဦးတြဲႏွင့္ ပထမဆံုးအႀကိမ္ ထည့္သြင္း က်င္းပသည့္ ၃ ဦးတြဲ ဘတ္စကက္ေဘာၿပိဳင္ပြဲမ်ားတြင္ ရွမ္းျပည္နယ္ကိုယ္စားျပဳ အမ်ိဳးသား ဘတ္စကက္ေဘာ အသင္းက ပထမဆုမ်ား ရရွိခဲ့သည္ဟု သိရသည္။
.
.
၂၀၁၉ ခုႏွစ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ဘတ္စကက္ေဘာၿပိဳင္ပြဲကို ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕တြင္ အိမ္ရွင္အျဖစ္ ဇူလိုင္လ ၂၃ ရက္မွ ၂၉ ရက္အထိ လက္ခံက်င္းပခဲ့ရာ အဆိုပါ ဘတ္စကက္ေဘာၿပိဳင္ပြဲ ၃ ဦးတြဲ ႏွင့္ ၅ ဦးတြဲ ၿပိဳင္ပြဲမ်ားတြင္ ရွမ္းျပည္နယ္ကိုယ္စားျပဳ အမ်ိဳးသား ဘတ္စကက္ေဘာအသင္းက ပထမဆုမ်ားကို ရရွိခဲ့ျခင္းျဖစ္သည္။
.
အမ်ိဳးသား ၅ ဦးတြဲ ဘတ္စကက္ေဘာၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္အသင္းက ပထမ၊ မႏၲေလးတိုင္းေဒသႀကီး အသင္းက ဒုတိယဆု၊ ရန္ကုန္တိုင္းေဒသႀကီးအသင္းႏွင့္ ကရင္ျပည္နယ္အသင္းတို႔က ပူးတြဲတတိယဆုမ်ား ရရွိခဲ့ၿပီး အမ်ိဳးသမီး ဦးတြဲ ၿပိဳင္ပြဲတြင္ စစ္ကိုင္းတိုင္းေဒသႀကီးအသင္းက ပထမ၊ ရွမ္းျပည္နယ္အသင္းက ဒုတိယ၊ ကရင္ ျပည္နယ္ႏွင့္ မေကြးတိုင္းေဒသႀကီးတို႔က ပူးတြဲတတိယဆုမ်ား အသီးသီး ရရွိခဲ့ေၾကာင္း သိရသည္။
.
ထို႔အတူ အမ်ိဳးသား ၃ ဦးတြဲၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္အသင္းက ပထမ၊ ရန္ကုန္တိုင္းေဒသႀကီးအသင္းက ဒုတိယ၊ ကခ်င္ျပည္နယ္အသင္းက တတိယ၊ အမ်ိဳးသမီး ၃ ဦးတြဲၿပိဳင္ပြဲတြင္ ပဲခူးတိုင္းေဒသႀကီးအသင္းက ပထမ၊ စစ္ကိုင္းတိုင္းေဒသႀကီးအသင္းက ဒုတိယႏွင့္ မေကြးတိုင္းေဒသႀကီးအသင္းတို႔က တတိယဆုမ်ား ဆြတ္ခူးရရွိခဲ့ ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္ရဲ႕ အားကစားက႑ တိုးတက္ျမင့္မားေစဖို႔၊ ျပည္နယ္မွာ ဘတ္စကက္ေဘာအားကစားနည္း ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစဖို႔၊ ျမန္မာ့လက္ေရြးစင္ အားကစားသမားေတြ ရွာေဖြေမြးထုတ္ေပးဖို႔၊ ရွမ္းျပည္နယ္မွာရွိတဲ့ ပရိသတ္ေတြ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အဆင့္ ၿပိဳင္ပြဲကို မိမိေဒသမွာပဲ အားေပးၾကည့္႐ႈႏိုင္ဖို႔ ရည္ရြယ္ခ်က္ေတြနဲ႔ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တာျဖစ္ပါတယ္။ အရင္တုန္းက ဘတ္စကက္ေဘာကို ေယာက္တြဲပဲ ကစားခဲ့တယ္။ အခုက ေယာက္တြဲၿပိဳင္ပြဲကို ပါထည့္ၿပီး က်င္းပလာတယ္။ ေဘာလီေဘာၿပိဳင္ပြဲကိုေတာ့ ေတာင္ႀကီးမွာ လုပ္ခဲ့ပါ တယ္ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ကေမ႓ာဇတိုင္းသို႔ေျပာသည္။
.
ျပည္သူမ်ားအေနျဖင့္ ဘတ္စကက္ေဘာအားကစားနည္းကို က်ယ္က်ယ္ျပန္႔ျပန္ သိရွိလိုက္စားလာၿပီး ထူးခၽြန္ထက္ျမက္သည့္ လူငယ္အားကစားသမားမ်ား ေပၚထြက္လာေစရန္ႏွင့္ ျမန္မာ့လက္ေရြးစင္ အားကစားသမား မ်ား အင္အားျဖည့္တင္းၿပီး ႏိုင္ငံတကာၿပိဳင္ပြဲမ်ားတြင္ ေအာင္ျမင္မႈမ်ား ရရွိေစရန္ ရည္႐ြယ္၍ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္ အမ်ိဳးသား/အမ်ိဳးသမီး ဘတ္စကက္ေဘာၿပိဳင္ပြဲမ်ားကို ရွမ္းျပည္နယ္တြင္ အိမ္ရွင္အျဖစ္ လက္ခံ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။
.
၂၀၁၉ ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္ အမ်ိဳးသားဘတ္စကက္ေဘာၿပိဳင္ပြဲသို႔ အမ်ိဳးသားအသင္း မ်ားျဖစ္ေသာ ခ်င္းျပည္နယ္ႏွင့္ ေနျပည္ေတာ္ အသင္းမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိခဲ့ဘဲ အမ်ိဳးသမီးအသင္းမ်ား ျဖစ္ေသာ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ေနျပည္ေတာ္အသင္းတို႔မွလည္း ပါဝင္ယွဥ္ၿပိဳင္ျခင္း မရွိခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ ၿပိဳင္ပြဲသို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္၊ ရွမ္းျပည္ နယ္အစိုးရအဖြဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ား၊ တာဝန္ရွိ ပုဂၢိဳလ္မ်ားႏွင့္ အားကစားသမားမ်ား တက္ေရာက္ ဖြင့္လွစ္ေပးခဲ့ၿပီး ၿပိဳင္ပြဲယွဥ္ၿပိဳင္ကစားေနမႈမ်ားကို ၾကည့္႐ႈအားေပးခဲ့ေၾကာင္း သိရသည္။
.
============================================================
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဘတ်စကက်ဘောပြိုင်ပွဲများတွင် ရှမ်းပြည်နယ်အမျိုးသားအသင်း ပထမဆုများ ရရှိ
.
စိုင်းရာဇာ
.
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲ ၅ ဦးတွဲနှင့် ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပသည့် ၃ ဦးတွဲ ဘတ်စကက်ဘောပြိုင်ပွဲများတွင် ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသား ဘတ်စကက်ဘော အသင်းက ပထမဆုများ ရရှိခဲ့သည်ဟု သိရသည်။
.
၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အိမ်ရှင်အဖြစ် ဇူလိုင်လ ၂၃ ရက်မှ ၂၉ ရက်အထိ လက်ခံကျင်းပခဲ့ရာ အဆိုပါ ဘတ်စကက်ဘောပြိုင်ပွဲ ၃ ဦးတွဲ နှင့် ၅ ဦးတွဲ ပြိုင်ပွဲများတွင် ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသား ဘတ်စကက်ဘောအသင်းက ပထမဆုများကို ရရှိခဲ့ခြင်းဖြစ်သည်။
.
အမျိုးသား ၅ ဦးတွဲ ဘတ်စကက်ဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ပထမ၊ မန္တလေးတိုင်းဒေသကြီး အသင်းက ဒုတိယဆု၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့က ပူးတွဲတတိယဆုများ ရရှိခဲ့ပြီး အမျိုးသမီး ၅ ဦးတွဲ ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပထမ၊ ရှမ်းပြည်နယ်အသင်းက ဒုတိယ၊ ကရင် ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့က ပူးတွဲတတိယဆုများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
.
ထို့အတူ အမျိုးသား ၃ ဦးတွဲပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယ၊ ကချင်ပြည်နယ်အသင်းက တတိယ၊ အမျိုးသမီး ၃ ဦးတွဲပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းက ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဒုတိယနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့က တတိယဆုများ ဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ရဲ့ အားကစားကဏ္ဍ တိုးတက်မြင့်မားစေဖို့၊ ပြည်နယ်မှာ ဘတ်စကက်ဘောအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့၊ မြန်မာ့လက်ရွေးစင် အားကစားသမားတွေ ရှာဖွေမွေးထုတ်ပေးဖို့၊ ရှမ်းပြည်နယ်မှာရှိတဲ့ ပရိသတ်တွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ပြိုင်ပွဲကို မိမိဒေသမှာပဲ အားပေးကြည့်ရှုနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာဖြစ်ပါတယ်။ အရင်တုန်းက ဘတ်စကက်ဘောကို ၅ ယောက်တွဲပဲ ကစားခဲ့တယ်။ အခုက ၃ ယောက်တွဲပြိုင်ပွဲကို ပါထည့်ပြီး ကျင်းပလာတယ်။ ဘောလီဘောပြိုင်ပွဲကိုတော့ တောင်ကြီးမှာ လုပ်ခဲ့ပါ တယ်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမေ႓ာဇတိုင်းသို့ပြောသည်။
.
ပြည်သူများအနေဖြင့် ဘတ်စကက်ဘောအားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန် သိရှိလိုက်စားလာပြီး ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့လက်ရွေးစင် အားကစားသမား များ အင်အားဖြည့်တင်းပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲများကို ရှမ်းပြည်နယ်တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
.
၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲသို့ အမျိုးသားအသင်း များဖြစ်သော ချင်းပြည်နယ်နှင့် နေပြည်တော် အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ အမျိုးသမီးအသင်းများ ဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နေပြည်တော်အသင်းတို့မှလည်း ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပြိုင်ပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အားကစားသမားများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats