လား႐ိႈးတြင္ အမ်ိဳးသားတစ္ဦး ေမာင္းႏွင္လာေသာ အိမ္စီးကားတစ္စီး ဓါတ္တိုက္ဝင္တိုက္၍ မီးေလာင္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, August 13, 2019

လား႐ိႈးတြင္ အမ်ိဳးသားတစ္ဦး ေမာင္းႏွင္လာေသာ အိမ္စီးကားတစ္စီး ဓါတ္တိုက္ဝင္တိုက္၍ မီးေလာင္


စုလိႈင္
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕၊ ရပ္ကြက္ (၈)၊ ျပည္ေထာင္စုလမ္းမႀကီး၊ ဝိပႆနာဓမၼရိပ္သာအဝင္လမ္း ထိပ္တြင္ ယေန႔ ဩဂုတ္လ ၁၃ ရက္၊ နံနက္အေစာပိုင္းက အမ်ိဳးသားတစ္ဦး ေမာင္းႏွင္လာေသာ အိမ္စီးကား တစ္စီး ဓါတ္တိုင္ကို ဝင္ေရာက္တိုက္မိကာ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
.
“မနက္ ၄ နာရီခြဲေလာက္မွာ ဖုန္းဆက္လာတယ္။ အဲဒါနဲ႔ မီးသတ္ကို အေၾကာင္းၾကားေပးလိုက္တယ္။ ဟိုေရာက္ေတာ့ မီးသတ္ကား ၂ စီး၊ လူနာတင္ယာဥ္ ၁ စီးနဲ႔ ယာဥ္ထိန္းေတြ ေရာက္ေနၿပီ။ သူတို႔နဲ႔ ေပါင္းၿပီးေတာ့ ကားထဲမွာညႇပ္ေနတဲ့ လူတစ္ေယာက္ကို ဆြဲထုတ္ၿပီး မီးျငႇိမ္းတယ္။ လူနာကေတာ့ ခြဲစိပ္ေဆာင္ကို တင္ရတယ္။ နည္းနည္း သတိမရွိဘူး။ မစိုးရိမ္ရပါဘူး။ ဘယ္ဘက္ေျခေထာက္ ေျခသလံုးနားမွာ မီးနည္းနည္းေလာင္သြားတယ္။ ဘယ္သူဘယ္ဝါဆိုတာ မသိရေသးပါဘူး” ဟု လား႐ိႈးလူငယ္ လူမႈကူညီေရးအသင္းမွ ကိုစိုင္းဝသုန္က ေျပာသည္။
.
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ လား႐ိႈးၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕သို႔ ကေမ႓ာဇတိုင္းမွ ဆက္သြယ္ေမးျမန္းရာတြင္ “ကားက အရွိန္မထိန္းႏိုင္ဘဲ ဓါတ္တိုင္ကိုဝင္တိုက္ၿပီး မီးစြဲေလာင္သြားတာပါ။ HNE ထံုးေဆးေရနဲ႔ မီးသတ္ကားမွာ ပါလာတဲ့ ေရနဲ႔ ၿငိႇမ္းသတ္ခဲ့တာပါ” ဟု ျပန္လည္ေျဖၾကားခဲ့သည္။
.
ၿပီးခဲ့သည့္ ဩဂုတ္လ ၈ ရက္ကလည္း လား႐ိႈးၿမိဳ႕၊ ရပ္ကြက္ (၇) ေရြေညာင္ပင္လမ္းဆံုအနီးတြင္ အမ်ိဳးသားတစ္ဦး ဆိုင္ကယ္တိမ္းေမွာက္ကာ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
.
============================================================
လားရှိုးတွင် အမျိုးသားတစ်ဦး မောင်းနှင်လာသော အိမ်စီးကားတစ်စီး ဓါတ်တိုက်ဝင်တိုက်၍ မီးလောင်
.
စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၈)၊ ပြည်ထောင်စုလမ်းမကြီး၊ ဝိပဿနာဓမ္မရိပ်သာအဝင်လမ်း ထိပ်တွင် ယနေ့ ဩဂုတ်လ ၁၃ ရက်၊ နံနက်အစောပိုင်းက အမျိုးသားတစ်ဦး မောင်းနှင်လာသော အိမ်စီးကား တစ်စီး ဓါတ်တိုင်ကို ဝင်ရောက်တိုက်မိကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
မနက် ၄ နာရီခွဲလောက်မှာ ဖုန်းဆက်လာတယ်။ အဲဒါနဲ့ မီးသတ်ကို အကြောင်းကြားပေးလိုက်တယ်။ ဟိုရောက်တော့ မီးသတ်ကား ၂ စီး၊ လူနာတင်ယာဉ် ၁ စီးနဲ့ ယာဉ်ထိန်းတွေ ရောက်နေပြီ။ သူတို့နဲ့ ပေါင်းပြီးတော့ ကားထဲမှာညှပ်နေတဲ့ လူတစ်ယောက်ကို ဆွဲထုတ်ပြီး မီးငြှိမ်းတယ်။ လူနာကတော့ ခွဲစိပ်ဆောင်ကို တင်ရတယ်။ နည်းနည်း သတိမရှိဘူး။ မစိုးရိမ်ရပါဘူး။ ဘယ်ဘက်ခြေထောက် ခြေသလုံးနားမှာ မီးနည်းနည်းလောင်သွားတယ်။ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူးဟု လားရှိုးလူငယ် လူမှုကူညီရေးအသင်းမှ ကိုစိုင်းဝသုန်က ပြောသည်။
.
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့နယ် မီးသတ်တပ်ဖွဲ့သို့ ကမေ႓ာဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ကားက အရှိန်မထိန်းနိုင်ဘဲ ဓါတ်တိုင်ကိုဝင်တိုက်ပြီး မီးစွဲလောင်သွားတာပါ။ HNE ထုံးဆေးရေနဲ့ မီးသတ်ကားမှာ ပါလာတဲ့ ရေနဲ့ ငြိှမ်းသတ်ခဲ့တာပါဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်ကလည်း လားရှိုးမြို့၊ ရပ်ကွက် (၇) ရွေညောင်ပင်လမ်းဆုံအနီးတွင် အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats