လြဳိင္လင္၌ ၾကက္သြန္ျဖဴ အိတ္အတြင္း ထည့္သယ္လာသည့္ က်ပ္သိန္း ၄၀၀ တန္ဖိုးရွိ စိတ္ၾကြေဆးမ်ား ဖမ္းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, August 3, 2019

လြဳိင္လင္၌ ၾကက္သြန္ျဖဴ အိတ္အတြင္း ထည့္သယ္လာသည့္ က်ပ္သိန္း ၄၀၀ တန္ဖိုးရွိ စိတ္ၾကြေဆးမ်ား ဖမ္းမိ

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လြဳိင္လင္ၿမဳိ႕ အထြက္ရွိ ဟိုတင့္ေက်းရြာအနီး ျပည္ေထာင္စု လမ္းမေပၚတြင္ ၾကက္သြန္ျဖဴအိတ္မ်ား အတြင္း၌ ထည့္၍ သယ္ေဆာင္လာေသာ ေဒသ ကာလေပါက္ေစ်း တန္ဖိုးေငြ က်ပ္သိန္း ၄၀၀ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၀၀၀၀ အား ရဲတပ္ဖဲြ႕၀င္မ်ားမွ ၾသဂုတ္လ ၂ ရက္၊ နံနက္ပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
မူးယစ္ ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔စု (၂၇) လြိဳင္လင္မွ တပ္ဖဲြ႕၀င္မ်ား ပါ၀င္ေသာ ပူးေပါင္း အဖဲြ႕သည္ သက္ေသမ်ားႏွင့္အတူ လြိဳင္လင္- ေတာင္ႀကီးသြား ကားလမ္း၊ ဟိုတင့္ေက်းရြာ အနီးတြင္ လြိဳင္လင္ၿမိဳ႕ဘက္မွ ေတာင္ႀကီးၿမိဳ႕ဘက္သို႔ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ကြက္သစ္ရပ္ကြက္ေန ေစာေအာင္မ်ိဳး(ခ) ေအာင္ႀကီး ေမာင္းႏွင္ၿပီး ျမဝတီၿမိဳ႕၊ သကၤန္းညီေနာင္ (၆)လမ္းေန မစန္းစန္းရင္ႏွင့္ ဘားအံၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္ေန ဝင္းေဇာ္ထြန္း(ခ) ဝတုတ္တို႔ စီးနင္း လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္အား သတင္းအရ ရပ္တန္႔ စစ္ေဆးရွာေဖြစဥ္ ေမာ္ေတာ္ယာဥ္ေပၚတြင္ တင္ေဆာင္လာေသာ ၾကက္သြန္ျဖဴအိတ္ ၂ အိတ္အတြင္းမွ ပလတ္စတစ္ ကပ္ခြာအိတ္မ်ားျဖင့္ ထည့္ထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၀၀၀၀ ျပား၊ ေငြ ၈၃၀၀၀ က်ပ္ႏွင့္ လက္ကိုင္ဖုန္း ၃ လံုး တို႔အား ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.

ယင္း ဖမ္းဆီးရမိသူမ်ားအား ရဲတပ္ဖဲြ႕မွ စစ္ေမးခ်က္အရ အဆိုပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား သယ္ေဆာင္ခိုင္းသူမွာ ပင္လံုၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္ေန ခြန္ေမာင္ပုတ္ ျဖစ္ေၾကာင္း သိရသျဖင့္ သြားေရာက္ ရွာေဖြရာ ၎၏ေနအိမ္မွ လက္ကိုင္ဖုန္း ၁ လံုး၊ ေမာ္ေတာ္ယာဥ္ ၁ စီးတို႔ႏွင့္အတူ ဖမ္းဆီး ရမိခဲ့သည့္အျပင္ ဆက္လက္၍ ကြင္းဆက္ ေပၚေပါက္ခ်က္အရ အဆိုပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား၏ ပိုင္ရွင္ျဖစ္သူ ပင္လံုၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္ေန စိုင္းပီး အား ၎၏ေနအိမ္၌ လက္ကိုင္ဖုန္း ၁ လံုးႏွင့္အတူ ထပ္မံ ဖမ္းဆီးရမိခဲ့ေၾကာင္းလည္း သိရသည္။
.
အဆိုပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ေရာင္းခ်၊ ၀ယ္ယူ၊ သယ္ေဆာင္သူမ်ားအား လြိဳင္လင္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္အေရးထားေၾကာင္း သိရသည္။
.
================
.
လွိုင်လင်၌ ကြက်သွန်ဖြူ အိတ်အတွင်း ထည့်သယ်လာသည့် ကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့ အထွက်ရှိ ဟိုတင့်ကျေးရွာအနီး ပြည်ထောင်စု လမ်းမပေါ်တွင် ကြက်သွန်ဖြူအိတ်များ အတွင်း၌ ထည့်၍ သယ်ဆောင်လာသော ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ အား ရဲတပ်ဖွဲ့ဝင်များမှ သြဂုတ်လ ၂ ရက်၊ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ လွိုင်လင်- တောင်ကြီးသွား ကားလမ်း၊ ဟိုတင့်ကျေးရွာ အနီးတွင် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကွက်သစ်ရပ်ကွက်နေ စောအောင်မျိုး(ခ) အောင်ကြီး မောင်းနှင်ပြီး မြဝတီမြို့၊ သင်္ကန်းညီနောင် (၆)လမ်းနေ မစန်းစန်းရင်နှင့် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဝင်းဇော်ထွန်း(ခ) ဝတုတ်တို့ စီးနင်း လိုက်ပါလာသည့် မော်တော်ယာဉ်အား သတင်းအရ ရပ်တန့် စစ်ဆေးရှာဖွေစဉ် မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသော ကြက်သွန်ဖြူအိတ် ၂ အိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား၊ ငွေ ၈၃၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၃ လုံး တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ယင်း ဖမ်းဆီးရမိသူများအား ရဲတပ်ဖွဲ့မှ စစ်မေးချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်ခိုင်းသူမှာ ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်နေ ခွန်မောင်ပုတ် ဖြစ်ကြောင်း သိရသဖြင့် သွားရောက် ရှာဖွေရာ ၎င်း၏နေအိမ်မှ လက်ကိုင်ဖုန်း ၁ လုံး၊ မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည့်အပြင် ဆက်လက်၍ ကွင်းဆက် ပေါ်ပေါက်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ၏ ပိုင်ရှင်ဖြစ်သူ ပင်လုံမြို့၊ အမှတ်(၄)ရပ်ကွက်နေ စိုင်းပီး အား ၎င်း၏နေအိမ်၌ လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းချ၊ ဝယ်ယူ၊ သယ်ဆောင်သူများအား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats