လွိုင်လင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၂၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, August 18, 2019


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့၏ အနောက်ဘက် ၁ မိုင်ခန့် အကွာရှိ ဟိုတင့်ကျေးရွာအနီး၌ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသော ကျပ်သိန်းပေါင်း ၁၂၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများအား သြဂုတ်လ ၁၆ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.

.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လွိုင်လင်မြို့မရဲစခန်း၌  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သရသည်။
.
================
.
လွိုင်လင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၂၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်အတွင်း၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့၏ အနောက်ဘက် ၁ မိုင်ခန့် အကွာရှိ ဟိုတင့်ကျေးရွာအနီး၌ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသော ကျပ်သိန်းပေါင်း ၁၂၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများအား သြဂုတ်လ ၁၆ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.

ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများကို စစ်ဆေးနေစဉ် သြဂုတ် ၁၆ ရက် နံနက် ၁၁ နာရီခန့်တွင် လွိုင်လင်မြို့ ဘက်မှ တောင်ကြီးမြို့ဘက်သို့ စိုင်းအောင်နိုင်ထွန်း မောင်းနှင်၍ နော်ဂျာ လိုက်ပါလာသည့် Isuzu အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာ နောက်ကြမ်းခင်းအတွင်း ဝှက်၍ သယ်ဆောင်လာသော ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်း ၁၂၅၂၅၀ တန်ဖိုးရှိ အိုက်စ်၊ ကတ်တမင်း အခဲနှင့် အမှုန့် ၅၀၁ ကီလိုဂရမ်နှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လွိုင်လင်မြို့မရဲစခန်း၌  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats