လြိဳင္လင္တြင္ က်ပ္သိန္း ၂၉၀ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ - Kanbawza Tai News

Breaking

Thursday, August 1, 2019

လြိဳင္လင္တြင္ က်ပ္သိန္း ၂၉၀ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

ေဇယ်ာ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လြဳိင္လင္ၿမဳိ႕နယ္၊ ဟိုတင့္ေက်းရြာအနီး၊ ျပည္ေထာင္စုလမ္းေပၚတြင္ ေငြက်ပ္ သိန္း ၂၉၀ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားကို ဇူလိုင္လ ၃၁ ရက္၊ ညေနပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔စု(၂၇) လြိဳင္လင္မွ တပ္ဖြဲ႔ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႔သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ ဟိုတင့္ေက်းရြာအနီး ျပည္ေထာင္စု လမ္းမေပၚတြင္ လြိဳင္လင္ၿမိဳ႕ဘက္မွ ေတာင္ႀကီးၿမိဳ႕ဘက္သို႔ ရန္ကုန္တိုင္းေဒသ ႀကီး၊ ေကာ့မွဴးၿမိဳ႕နယ္၊ ၾကာကန္ေက်းရြာေန စိုးႏိုင္ ေမာင္းႏွင္ၿပီး မရမ္းကုန္းၿမိဳ႕နယ္၊ (၁၃)ရပ္ကြက္ေန မသင္းသင္းႏြယ္ႏွင့္ အင္းစိန္ၿမိဳ႕နယ္၊ ေစာ္ဘြားႀကီးကုန္း၊ ရန္ႀကီးေအာင္လမ္းေန ေက်ာ္သူရတို႔ စီးနင္း လိုက္ပါလာေသာ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ စစ္ေဆးရွာေဖြစဥ္ ေငြက်ပ္ သိန္း ၂၉၀ တန္ဖိုးရွိ စိတ္ၾကြ႐ူးသြပ္ေဆးျပားမ်ား၊ ICE မ်ားကို ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
မသင္းသင္းႏြယ္၏ ခႏၶာကိုယ္ေပၚတြင္ သိုဝွက္သယ္ ေဆာင္လာေသာ ပလတ္စတစ္ကပ္ခြာ အိတ္မ်ားျဖင့္ ထည့္ထားသည့္ ေဒသကာလေပါက္ေစ်း တန္ဖိုးေငြက်ပ္ ၄၀ သိန္း တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၀၀၀ ျပားေမာ္ေတာ္ယာဥ္ေပၚတြင္ တင္ေဆာင္လာေသာ ေဒသကာလေပါက္ေစ်း တန္ဖိုးေငြက်ပ္ ၂၅၀ သိန္း တန္ဖိုးရွိ ICE အေလးခ်ိန္ ၁ ကီလိုႏွင့္အတူ၊ ေငြ ၅၂၅၀၀၀ က်ပ္၊ လက္ကိုင္ဖုန္း ၃ လံုးႏွင့္ ေရႊထည္/ ေငြထည္ ပစၥည္းမ်ားအား ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္ဟု မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ထားသည္။
.
အဆိုပါ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား လြိဳင္လင္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအား ေဖာ္ထုတ္စစ္ေဆးလ်က္ ရွိေၾကာင္း သိရသည္။

================

လွိုင်လင်တွင် ကျပ်သိန်း ၂၉၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
.
ဇေယျာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းပေါ်တွင် ငွေကျပ် သိန်း ၂၉၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇူလိုင်လ ၃၁ ရက်၊ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဟိုတင့်ကျေးရွာအနီး ပြည်ထောင်စု လမ်းမပေါ်တွင် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ရန်ကုန်တိုင်းဒေသ ကြီး၊ ကော့မှူးမြို့နယ်၊ ကြာကန်ကျေးရွာနေ စိုးနိုင် မောင်းနှင်ပြီး မရမ်းကုန်းမြို့နယ်၊ (၁၃)ရပ်ကွက်နေ မသင်းသင်းနွယ်နှင့် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း၊ ရန်ကြီးအောင်လမ်းနေ ကျော်သူရတို့ စီးနင်း လိုက်ပါလာသော မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေစဉ် ငွေကျပ် သိန်း ၂၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ၊ ICE များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မသင်းသင်းနွယ်၏ ခန္ဓာကိုယ်ပေါ်တွင် သိုဝှက်သယ် ဆောင်လာသော ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့် ထည့်ထားသည့် ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား၊ မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၅၀ သိန်း တန်ဖိုးရှိ ICE အလေးချိန် ၁ ကီလိုနှင့်အတူ၊ ငွေ ၅၂၅၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် ရွှေထည်/ ငွေထည် ပစ္စည်းများအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats