လင္းေခး သံဃနာယက ဥကၠဌ ဆရာေတာ္ အဖမ္းဆီးခံရသည္မွာ မဟုတ္မွန္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, August 2, 2019

လင္းေခး သံဃနာယက ဥကၠဌ ဆရာေတာ္ အဖမ္းဆီးခံရသည္မွာ မဟုတ္မွန္

အယ္လ္စိုင္
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လင္းေခးၿမဳိ႕နယ္ သံဃနာယက ဥကၠဌ၊ လင္းေခးၿမိဳ႕ ပရိယတၱိစာသင္တိုက္ (၀ါဆို ေက်ာင္းတိုက္) ဆရာေတာ္ ၀န္စန္းဆုမွာ မူးယစ္ေဆး၀ါးမႈျဖင့္ ဖမ္းဆီးခံသည္ဟု သတင္းမ်ား ထြက္ေပၚေနေသာ္လည္း အမွန္တကယ္ ဖမ္းဆီးခံရျခင္း မရွိေၾကာင္း ဆရာေတာ္က မိန္႔ၾကားသည္။
.
ဥဴးဇင္းလည္း ၾကားသိရပါတယ္၊ ဘယ္လို ဘာေၾကာင့္ ဒီလို ေျပာဆို၊ သတင္းလႊင့္ေနၾကတာကို ဥဴးဇင္း နားမလည္ဘူး၊ အဖမ္းလည္း မခံခဲ့ရပါဘူး။ ေက်ာင္းမွာပဲ ရိွေနတာပါ။” ဆရာေတာ္ ၀န္စန္းဆုက ကေမၻာဇတိုင္းသို႔ မိန္႔ၾကားသည္။
.
လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ ၀ါဆိုေက်ာင္း ပရိယတၱိစာသင္တိုက္၌ သတင္းသုံး ေနထိုင္လ်က္ရိွေသာ
ဆရာေတာ္၀န္စန္းဆု (ၿမိဳ႕နယ္သံဃနာယက ဥကၠဌ) ၏ ေက်ာင္ေဆာင္တြင္ မူးယစ္​​ေဆး၀ါးမ်ား​​ ေတြရိွရ၍ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးႏွင့္ တပ္ဖြဲ႔၀င္တို႔က လာေရာက္စစ္​​ေဆးေခၚေဆာင္ျခင္း ခံရကာ ဆရာေတာ္အခ်ဳပ္ခံေနရသည္ု သတင္းမ်ား ထြက္ေပၚေနျခင္း ျဖစ္ေသာ္လည္း ယင္းမွာ သတင္းမွားမွ်သာ ျဖစ္ေၾကာင္း ဆရာေတာ္က မိန္႔ၾကားခဲ့ျခင္း ျဖစ္သည္။
.
လင္းေခးၿမဳိ႕သည္ ရွမ္းျပည္နယ္အတြင္း၌ တည္ရွိေသာ္လည္း ပင္လယ္ေရ မ်က္ႏွာျပင္အထက္ ၉၉၆ ေပသာ တည္ရွိ၍ ပူအိုက္ေသာ ရာသီဥတု ရွိျခင္းေၾကာင့္ ရွမ္းအညာေဒသဟု တင္စားေခၚေ၀ၚေလ့ရွိကာ တစ္ၿမဳိ႕နယ္လံုးတြင္ လူဦးေရ စုစုေပါင္း ၄၆၈၁၅ ဦး ရွိၿပီး အမ်ားစုမွာ ဗုဒၶဘာသာ ကိုးကြယ္ၾကသူမ်ား ျဖစ္ေၾကာင္း အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။


=================

လင်းခေး သံဃနာယက ဥက္ကဌ ဆရာတော် အဖမ်းဆီးခံရသည်မှာ မဟုတ်မှန်
.
အယ်လ်စိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ် သံဃနာယက ဥက္ကဌ၊ လင်းခေးမြို့ ပရိယတ္တိစာသင်တိုက် (ဝါဆို ကျောင်းတိုက်) ဆရာတော် ဝန်စန်းဆုမှာ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အမှန်တကယ် ဖမ်းဆီးခံရခြင်း မရှိကြောင်း ဆရာတော်က မိန့်ကြားသည်။
.
ဥူးဇင်းလည်း ကြားသိရပါတယ်၊ ဘယ်လို ဘာကြောင့် ဒီလို ပြောဆို၊ သတင်းလွှင့်နေကြတာကို ဥူးဇင်း နားမလည်ဘူး၊ အဖမ်းလည်း မခံခဲ့ရပါဘူး။ ကျောင်းမှာပဲ ရှိနေတာပါ။ဆရာတော် ဝန်စန်းဆုက ကမ္ဘောဇတိုင်းသို့ မိန့်ကြားသည်။
.
လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝါဆိုကျောင်း ပရိယတ္တိစာသင်တိုက်၌ သတင်းသုံး နေထိုင်လျက်ရှိသော
ဆရာတော် ဝန်စန်းဆု (မြို့နယ်သံဃနာယက ဥက္ကဌ) ၏ ကျောင်းဆောင်တွင် မူးယစ်ဆေးဝါးများ တွေ့ရှိရ၍ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်တို့က လာရောက် စစ်ဆေး ခေါ်ဆောင်ခြင်း ခံရကာ ဆရာတော် အချုပ် ခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သော်လည်း ယင်းမှာ သတင်းမှားမျှသာ ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
.
လင်းခေးမြို့သည် ရှမ်းပြည်နယ်အတွင်း၌ တည်ရှိသော်လည်း ပင်လယ်ရေ မျက်နှာပြင်အထက် ၉၉၆ ပေသာ တည်ရှိ၍ ပူအိုက်သော ရာသီဥတု ရှိခြင်းကြောင့် ရှမ်းအညာဒေသဟု တင်စားခေါ်ဝေါ်လေ့ရှိကာ တစ်မြို့နယ်လုံးတွင် လူဦးရေ စုစုပေါင်း ၄၆၈၁၅ ဦး ရှိပြီး အများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများ ဖြစ်ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
.

No comments:

Post a Comment