စိုင္းရာဇာ
.
အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး
ေကာ္မရွင္မွ တရားစြဲထားသည့္ လား႐ိႈးၿမိဳ႕နယ္ လူဝင္မႈ ႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႕ အင္အားဆိုင္ရာ႐ံုးမွ
ဝန္ထမ္းမ်ား၏ အမႈႏွင့္ ပတ္သက္၍ တရားလို ျဖစ္သူ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ရံုးမွ
လက္ေထာက္ ၫႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးလြင္အား ဩဂုတ္လ ၂၁ ရက္တြင္ ရွမ္းျပည္နယ္တရားလႊတ္ေတာ္၌
စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။
.
.
လား႐ိႈးခ႐ိုင္ လူဝင္မႈႀကီးၾကပ္
ေရးႏွင့္ ျပည္သူ႕အင္အားဆိုင္ရာ႐ံုး (လဝက)မွ သက္ေသျဖစ္သူ ခ႐ိုင္မွဴး စိုးလင္းေအာင္အား
ဩဂုတ္လ ၇ ရက္က ရွမ္းျပည္နယ္ တရားလႊတ္ ေတာ္၌ စစ္ေဆးခဲ႔ရာ တရားစြဲဆို ခံထားရသည့္ လား႐ိႈးလဝကမွ
ၿမိဳ႕ နယ္ ဦးစီးမွဴး ဦးေက်ာ္ေက်ာ္လင္း ပါ (၅) ဦးသည္ အမႈျဖစ္ပြားသည့္ အခ်ိန္မွ စ၍ ႐ံုးသို႔
လာေရာက္ျခင္း မရွိဘဲ ထြက္ေျပး တိမ္းေရွာင္ေန သည့္ အျပင္ ဖမ္းဆီးႏိုင္မည့္ အ ေနအထား
မရွိပါေၾကာင္းႏွင့္ မည္ သည့္ေနရာကို ထြက္ေျပး တိမ္းေရွာင္ေနသည္ကို မသိရွိေၾကာင္း ထြက္ဆိုခဲ့သည္။
အဂတိလိုက္စားမႈ တိုက္ဖ်က္
ေရးေကာ္မရွင္မွ ဇြန္လ ၁၂ ရက္က လား႐ိႈးၿမိဳ႕မရဲစခန္းတြင္ အဂတိလိုက္ စားမႈ တိုက္ဖ်က္ေရးဥပေဒ
ပုဒ္မ ၅၆/ ၆၃ ျဖင့္ တရားစြဲဆိုထားသည့္ အမႈ ႏွင့္ ပတ္သက္၍ သက္ေသမ်ားအား ရွမ္းျပည္နယ္
တရားလႊတ္ေတာ္၌ ဇူ လိုင္လ ၂၄ ရက္ႏွင့္ ဩဂုတ္လ ၇ ရက္က စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ျဖစ္သည္။
.
ရွမ္းျပည္နယ္ တရားလႊတ္ေတာ္၌
စစ္ေဆးခဲ့သည့္ သက္ေသမ်ားမွာ လား႐ိႈးၿမိဳ႕မရဲစခန္းမွ ရဲအုပ္ စိုးမိုး ေဌး၊ လား႐ိႈးၿမိဳ႕၊
ရပ္ကြက္(၁) အုပ္ ခ်ဳပ္ေရးမွဴး ဦးစိုင္းသန္းထြန္းဝင္း၊ ရပ္ကြက္(၈) အုပ္ခ်ဳပ္ေရးမွဴး
ဦးဝင္း ျမ၊ ရပ္ကြက္(၁၁) အုပ္ခ်ဳပ္ေရးမွဴး ဦးလွသိန္း၊ လား႐ိႈးခ႐ိုင္ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္
ျပည္သူ႕အင္အား ဆိုင္ရာ႐ံုးမွ ခရိုင္ဦးစီးဌာနမွဴးတို႔ ျဖစ္ၾကၿပီး ၄င္းတို႕အား ရွမ္းျပည္နယ္
တရားလႊတ္ေတာ္ တရားသူႀကီး ဦး ခင္ေမာင္ေဌးႏွင့္ ရွမ္းျပည္နယ္ ဥပေဒ႐ံုးမွ ဒုတိယၫႊန္ၾကားေရးမွဴး
ေဒၚတင္တင္လွတို႕က တရားခြင္အတြင္း စစ္ေဆးခဲ့ျခင္း ျဖစ္သည္။
.
ထိုကဲ႔သို႔ စစ္ေဆးရာတြင္
တရားခံေျပးမ်ား ျဖစ္ၾကသည့္ လား႐ိႈး လဝကမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေက်ာ္ ေက်ာ္လင္း၊ လက္ေထာက္
လူဝင္မႈ ႀကီးၾကပ္ေရးမွဴး ဦးေက်ာ္သူဟိန္း၊ လက္ေထာက္ လူဝင္မႈႀကီးၾကပ္ေရး မွဴး ဦးထက္ဝင့္ေအာင္၊လက္ေထာက္
လူဝင္မႈ ႀကီးၾကပ္ေရးမွဴး ေဒၚအိအိ မြန္ေအာင္၊ ဒုတိယလူဝင္မႈ ႀကီးၾကပ္ ေရးမွဴး ေဒၚၾကည္ၾကည္ၫြန္႔၊
ဒုတိ ယ လူဝင္မႈႀကီးၾကပ္ေရးမွဴး ဦးရန္ ဝင္းေအာင္တို႔အား လား႐ိႈးၿမိဳ႕မရဲစ ခန္းမွ ရဲအုပ္
စိုးမိုးေဌး ဦးေဆာင္ ေသာ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ ေသမ်ားျဖစ္သည့္ ရပ္ကြက္အုပ္ခ်ဳပ္
ေရးမွဴးမ်ားႏွင့္အတူ ဇူလိုင္လ ၁၀ ရက္ႏွင့္ ၂၂ ရက္တို႕တြင္ ရွမ္းျပည္ နယ္ တရား႐ံုးမွ
ထုတ္ဆင့္သည့္ ဖမ္းဝရမ္းမ်ားအား အတည္ျပဳရန္ အတြက္ သြားေရာက္ေဆာင္ရြက္ရာ တြင္ တရားခံေျပးမ်ားအား
ေတြ႕ရွိရ ျခင္းမရွိဘဲ ေရွာင္တိမ္းေနသည္ဟု ထြက္ဆိုခဲ့ေၾကာင္း သိရသည္။
.
လား႐ိႈးၿမိဳ႕နယ္၊ လူဝင္မႈႀကီး
ၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆိုင္ ရာ႐ံုး (လဝက)မွ ၿမိဳ႕နယ္ ဦးစီးမွဴး ဦးစီးအရာရွိ ဦးေက်ာ္ေက်ာ္လင္းႏွင့္
ဝန္ထမ္း ၆ ဦး၊ အက်ိဳးေဆာင္ ၁ ဦးတို႕သည္ အိမ္ေထာင္စုဇယား ျပဳ လုပ္ျခင္းႏွင့္ ေမြး/တိုးစာရင္း
ျပဳလုပ္ ျခင္းတို႔အေပၚ ေငြေၾကးေတာင္းခံရ ယူေဆာင္ရြက္ေနသည္ဟု ဆိုကာအ ဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္
မရွင္မွ အဂတိလိုက္စားမႈ ဥပေဒျဖင့္ ဇြန္လ ၁၂ ရက္တြင္ လား႐ိႈးၿမိဳ႕မ ရဲစခန္း၌ အမႈ ဖြင့္လွစ္ၿပီးေနာက္
လက္ေထာက္ လူဝင္မႈႀကီးၾကပ္ေရး မွဴး ေဒၚခင္ေမထြန္းႏွင့္ ေဒၚမာေရွာက္ ဆန္းတို႔အား ဖမ္းဆီးထားရွိၿပီး
၄င္း တို႔ ၂ ဦးအား ဆက္လက္စစ္ေဆး မည္ျဖစ္ေၾကာင္းလည္း သိရသည္။
.
============================================================
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တရားစွဲထားသည့်
လားရှိုးလဝက အမှုနှင့်ပတ်သက်၍ တရားလိုအား ဩဂုတ်လ ၂၁ ရက်တွင် စစ်ဆေးမည်
.
စိုင်းရာဇာ
.
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တရားစွဲထားသည့် လားရှိုးမြို့နယ်
လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဆိုင်ရာရုံးမှ ဝန်ထမ်းများ၏ အမှုနှင့် ပတ်သက်၍
တရားလို ဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး
ဦးကျော်မိုးလွင်အား ဩဂုတ်လ ၂၁ ရက်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်၌ စစ်ဆေးမည်ဖြစ်ကြောင်း
သိရသည်။
.
လားရှိုးခရိုင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး
(လဝက)မှ သက်သေဖြစ်သူ ခရိုင်မှူး စိုးလင်းအောင်အား ဩဂုတ်လ ၇ ရက်က ရှမ်းပြည်နယ် တရားလွှတ်
တော်၌ စစ်ဆေးခဲ့ရာ တရားစွဲဆို ခံထားရသည့် လားရှိုးလဝကမှ မြို့ နယ် ဦးစီးမှူး ဦးကျော်ကျော်လင်း
ပါ (၅) ဦးသည် အမှုဖြစ်ပွားသည့် အချိန်မှ စ၍ ရုံးသို့ လာရောက်ခြင်း မရှိဘဲ ထွက်ပြေး
တိမ်းရှောင်နေ သည့် အပြင် ဖမ်းဆီးနိုင်မည့် အ နေအထား မရှိပါကြောင်းနှင့် မည် သည့်နေရာကို
ထွက်ပြေး တိမ်းရှောင်နေသည်ကို မသိရှိကြောင်း ထွက်ဆိုခဲ့သည်။
.
အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်မှ ဇွန်လ ၁၂ ရက်က လားရှိုးမြို့မရဲစခန်းတွင်
အဂတိလိုက် စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ၆၃ ဖြင့် တရားစွဲဆိုထားသည့် အမှု နှင့်
ပတ်သက်၍ သက်သေများအား ရှမ်းပြည်နယ် တရားလွှတ်တော်၌ ဇူ လိုင်လ ၂၄ ရက်နှင့် ဩဂုတ်လ ၇
ရက်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
.
ရှမ်းပြည်နယ် တရားလွှတ်တော်၌ စစ်ဆေးခဲ့သည့် သက်သေများမှာ လားရှိုးမြို့မရဲစခန်းမှ
ရဲအုပ် စိုးမိုး ဌေး၊ လားရှိုးမြို့၊ ရပ်ကွက်(၁) အုပ် ချုပ်ရေးမှူး ဦးစိုင်းသန်းထွန်းဝင်း၊
ရပ်ကွက်(၈) အုပ်ချုပ်ရေးမှူး ဦးဝင်း မြ၊ ရပ်ကွက်(၁၁) အုပ်ချုပ်ရေးမှူး ဦးလှသိန်း၊ လားရှိုးခရိုင်
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ ခရိုင်ဦးစီးဌာနမှူးတို့ ဖြစ်ကြပြီး
၄င်းတို့အား ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦး ခင်မောင်ဌေးနှင့် ရှမ်းပြည်နယ်
ဥပဒေရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်လှတို့က တရားခွင်အတွင်း စစ်ဆေးခဲ့ခြင်း
ဖြစ်သည်။
.
ထိုကဲ့သို့ စစ်ဆေးရာတွင် တရားခံပြေးများ ဖြစ်ကြသည့် လားရှိုး
လဝကမှ မြို့နယ်ဦးစီးမှူး ဦးကျော် ကျော်လင်း၊ လက်ထောက် လူဝင်မှု ကြီးကြပ်ရေးမှူး ဦးကျော်သူဟိန်း၊
လက်ထောက် လူဝင်မှုကြီးကြပ်ရေး မှူး ဦးထက်ဝင့်အောင်၊လက်ထောက် လူဝင်မှု ကြီးကြပ်ရေးမှူး
ဒေါ်အိအိ မွန်အောင်၊ ဒုတိယလူဝင်မှု ကြီးကြပ် ရေးမှူး ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိ ယ လူဝင်မှုကြီးကြပ်ရေးမှူး
ဦးရန် ဝင်းအောင်တို့အား လားရှိုးမြို့မရဲစ ခန်းမှ ရဲအုပ် စိုးမိုးဌေး ဦးဆောင် သော ရဲတပ်ဖွဲ့ဝင်များသည်
သက် သေများဖြစ်သည့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့်အတူ ဇူလိုင်လ ၁၀ ရက်နှင့် ၂၂
ရက်တို့တွင် ရှမ်းပြည် နယ် တရားရုံးမှ ထုတ်ဆင့်သည့် ဖမ်းဝရမ်းများအား အတည်ပြုရန် အတွက်
သွားရောက်ဆောင်ရွက်ရာ တွင် တရားခံပြေးများအား တွေ့ရှိရ ခြင်းမရှိဘဲ ရှောင်တိမ်းနေသည်ဟု
ထွက်ဆိုခဲ့ကြောင်း သိရသည်။
.
လားရှိုးမြို့နယ်၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်
ရာရုံး (လဝက)မှ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်လင်းနှင့် ဝန်ထမ်း ၆ ဦး၊
အကျိုးဆောင် ၁ ဦးတို့သည် အိမ်ထောင်စုဇယား ပြု လုပ်ခြင်းနှင့် မွေး/တိုးစာရင်း ပြုလုပ်
ခြင်းတို့အပေါ် ငွေကြေးတောင်းခံရ ယူဆောင်ရွက်နေသည်ဟု ဆိုကာအ ဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်
မရှင်မှ အဂတိလိုက်စားမှု ဥပဒေဖြင့် ဇွန်လ ၁၂ ရက်တွင် လားရှိုးမြို့မ ရဲစခန်း၌ အမှု
ဖွင့်လှစ်ပြီးနောက် လက်ထောက် လူဝင်မှုကြီးကြပ်ရေး မှူး ဒေါ်ခင်မေထွန်းနှင့် ဒေါ်မာရှောက်
ဆန်းတို့အား ဖမ်းဆီးထားရှိပြီး ၄င်း တို့ ၂ ဦးအား ဆက်လက်စစ်ဆေး မည်ဖြစ်ကြောင်းလည်း
သိရသည်။
.
No comments:
Post a Comment