လဲခ်ားတြင္ ထင္း႐ွဴးပင္မ်ား ခုတ္လွဲကာ လင္ဇီးမိႈ စိုက္ပ်ိဳးေနမႈေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈမ်ား ရွိေနဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, August 14, 2019

လဲခ်ားတြင္ ထင္း႐ွဴးပင္မ်ား ခုတ္လွဲကာ လင္ဇီးမိႈ စိုက္ပ်ိဳးေနမႈေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈမ်ား ရွိေနဟု ဆို


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လြိဳင္လင္ခ႐ိုင္၊ လဲခ်ားၿမိဳ႕နယ္၊ ထြန္ယိန္း ေက်းရြာအုပ္စုအတြင္း ထင္း႐ွဴးပင္မ်ားကို ခုတ္လဲကာ လင္ဇီးမိႈ စိုက္ ပ်ိဳးေရး လုပ္ေဆာင္ေနမႈမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈမ်ား ရွိေနသည္ဟု လဲခ်ားၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းဥကၠာထံမွ သိရသည္။
.


.
သစ္ေတာသစ္ပင္ေတြ ခုတ္ ျဖတ္ဖ်က္ဆီးတာကေတာ့ မလိုလား ပါဘူး။ သက္ဆိုင္ရာ အာဏာပိုင္ေတြ ကြင္းဆင္းၾကည့္႐ႈၿပီး တားျမစ္ေပး ေစခ်င္ပါတယ္။ ေက်းရြာသူ/ေက်းရြာ သားေတြ အလုပ္ရတယ္ ဆိုေပမယ့္ သစ္ေတာသစ္ပင္ေတြ သဘာဝပတ္ ဝန္းက်င္ ပ်က္စီးရမယ့္အစား ထိန္း သိမ္းေစာင့္ေရွာက္သင့္တယ္။ ေက်း ရြာလူႀကီးေတြကိုေတာ့ အတတ္ႏိုင္ ဆံုး ေဆြးေႏြး ညႇိႏိႈင္းထားပါတယ္။ ေက်းရြာကလူေတြလည္း ခုတ္ၿပီး သားကလြဲလို႔ ဆက္မခုတ္ေတာ့ဘူး လို႔ ေျပာပါတယ္ဟု ျပည္သူ႕လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးစိုင္းဥကၠာက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
လဲခ်ားၿမိဳ႕နယ္၊ ထြန္ယိန္းေက်းရြာအုပ္စု၊ ပါေနာ္၊ ကုန္ခမ္း၊ ေဟြကံု၊ ဝမ့္ကတ္ေက်းရြာမ်ားရွိ ထင္းရွဴး ေတာမွ ဧက ၅၀ဝ ခန္႔ကို ခုတ္လွဲကာ အျခားေဒသမွ ကုမၸဏီမ်ားက လင္ ဇီးမိႈ လာေရာက္စိုက္ပ်ိဳးေနၾကၿပီး ေဒသခံမ်ားကို ေန႔စား ခန္႔အပ္ျခင္း၊ အလုပ္အကိုင္ ေပးျခင္းမ်ားေၾကာင့္ ေက်းရြာအတြက္ ေငြရလမ္းရွိလာၾက ေသာ္လည္း တရားမဝင္သည့္အျပင္ သဘာဝ ပတ္ဝန္းက်င္ ထိခိုက္ပ်က္ စီးရသျဖင့္ သတင္းရသည္ႏွင့္ အသိ ပညာေပးေျပာဆို ညႇိႏိႈင္းခဲ့ရေၾကာင္း ၎မွ ဆက္လက္ေျပာဆိုခဲ့သည္။
.
ယင္းကဲ့သို႔ ထင္း႐ွဴးပင္မ်ားအား ခုတ္လွဲမႈႏွင့္ ပတ္သက္၍ ေတာင္ႀကီး ၿမိဳ႕အေျခစိုက္ Our Lovely World သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အဖြဲ႕မွ ကိုဖိုးခ်မ္းက ေဒသခံေတြ အလုပ္ရတယ္ ဆိုေပမယ့္ ေရရွည္မွာ အက်ိဳး မျဖစ္ထြန္းမယ့္ ေအာက္ေျခ အလုပ္ေတြပါ။ ၿပီးေတာ့ တ႐ုတ္ျပည္ ကို တိုက္႐ိုက္ပို႔တာျဖစ္လို႔ ကိုယ့္ႏိုင္ ငံအတြက္ အက်ိဳး မရွိပါဘူး။ လင္ဇီး မိႈ စိုက္ပ်ိဳးေရးမွာသံုးတဲ့ ေဆးေတြက လည္း ေဂဟစနစ္ကို အမ်ားဆံုး ထိ ခိုက္ေစတာျဖစ္လို႔ မလိုလားအပ္တဲ့ စိုက္ပ်ိဳးေရးစနစ္တစ္ခုပါပဲ”ဟု ၏အျမင္ကို ေျပာဆိုခဲ့သည္။
.
ဝမ့္ကတ္ရြာကေတာ့ ကန္႔ကြက္လို႔ လုပ္ငန္းခ်ဲ႕ထြင္တာ မရွိဘူး။ တျခား ရြာေတြမွာေတာ့ ခုတ္ၿပီးသား ထင္း႐ွဴးတံုးေတြမွာ အပိုင္းပိုင္းျဖတ္ အေခါက္ေတြကို ခြာၿပီး မိႈစိုက္ၾက တယ္။ ထြက္လာတဲ့ မိႈေတြကို တ ႐ုတ္ျပည္ကို ပို႔တယ္လို႔ သိရတယ္။ ၿပီးခဲ့တဲ့ ႏွစ္ဆန္းပိုင္းကတည္းက စစိုက္လာတာပါဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။
.
အဆိုပါ စိုက္ပ်ိဳးေရးနယ္ေျမမွာ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ လႊမ္းမိုးမႈေအာက္တြင္ ရွိေနသျဖင့္ လုပ္ငန္းမ်ား တားဆီးေပးရန္ စာျဖင့္ ဆက္သြယ္တင္ျပထားေသာ္လည္း ယခုအခ်ိန္အထိ ထူးျခားမႈ မရွိေသး ေၾကာင္း သိရသည္။
.
ထင္းရွဴးပင္မ်ားကို ခုတ္လွဲကာ လင္ဇီးမိႈစိုက္ပ်ိဳးေရး ျပဳလုပ္ေနသည့္ ထြန္ယိန္း ေက်းရြာအုပ္စုတြင္ ေက်း ရြာေပါင္း ၂၇ ရြာ ပါဝင္ၿပီး လဲခ်ားၿမိဳ႕ အေနာက္ဘက္ ၂၇ မိုင္ခန္႔ ကြာေဝးေၾကာင္း သိရသည္။
.
============================================================
လဲချားတွင် ထင်းရှူးပင်များ ခုတ်လှဲကာ လင်ဇီးမှို စိုက်ပျိုးနေမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ရှိနေဟု ဆို
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ ထွန်ယိန်း ကျေးရွာအုပ်စုအတွင်း ထင်းရှူးပင်များကို ခုတ်လဲကာ လင်ဇီးမှို စိုက် ပျိုးရေး လုပ်ဆောင်နေမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ရှိနေသည်ဟု လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဥက္ကာထံမှ သိရသည်။
.
သစ်တောသစ်ပင်တွေ ခုတ် ဖြတ်ဖျက်ဆီးတာကတော့ မလိုလား ပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေ ကွင်းဆင်းကြည့်ရှုပြီး တားမြစ်ပေး စေချင်ပါတယ်။ ကျေးရွာသူ/ကျေးရွာ သားတွေ အလုပ်ရတယ် ဆိုပေမယ့် သစ်တောသစ်ပင်တွေ သဘာဝပတ် ဝန်းကျင် ပျက်စီးရမယ့်အစား ထိန်း သိမ်းစောင့်ရှောက်သင့်တယ်။ ကျေး ရွာလူကြီးတွေကိုတော့ အတတ်နိုင် ဆုံး ဆွေးနွေး ညှိနှိုင်းထားပါတယ်။ ကျေးရွာကလူတွေလည်း ခုတ်ပြီး သားကလွဲလို့ ဆက်မခုတ်တော့ဘူး လို့ ပြောပါတယ်ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းဥက္ကာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လဲချားမြို့နယ်၊ ထွန်ယိန်းကျေးရွာအုပ်စု၊ ပါနော်၊ ကုန်ခမ်း၊ ဟွေကုံ၊ ဝမ့်ကတ်ကျေးရွာများရှိ ထင်းရှူး တောမှ ဧက ၅ဝဝ ခန့်ကို ခုတ်လှဲကာ အခြားဒေသမှ ကုမ္ပဏီများက လင် ဇီးမှို လာရောက်စိုက်ပျိုးနေကြပြီး ဒေသခံများကို နေ့စား ခန့်အပ်ခြင်း၊ အလုပ်အကိုင် ပေးခြင်းများကြောင့် ကျေးရွာအတွက် ငွေရလမ်းရှိလာကြ သော်လည်း တရားမဝင်သည့်အပြင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက် စီးရသဖြင့် သတင်းရသည်နှင့် အသိ ပညာပေးပြောဆို ညှိနှိုင်းခဲ့ရကြောင်း ၎င်းမှ ဆက်လက်ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ထင်းရှူးပင်များအား ခုတ်လှဲမှုနှင့် ပတ်သက်၍ တောင်ကြီး မြို့အခြေစိုက် Our Lovely World သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ကိုဖိုးချမ်းက ဒေသခံတွေ အလုပ်ရတယ် ဆိုပေမယ့် ရေရှည်မှာ အကျိုး မဖြစ်ထွန်းမယ့် အောက်ခြေ အလုပ်တွေပါ။ ပြီးတော့ တရုတ်ပြည် ကို တိုက်ရိုက်ပို့တာဖြစ်လို့ ကိုယ့်နိုင် ငံအတွက် အကျိုး မရှိပါဘူး။ လင်ဇီး မှို စိုက်ပျိုးရေးမှာသုံးတဲ့ ဆေးတွေက လည်း ဂေဟစနစ်ကို အများဆုံး ထိ ခိုက်စေတာဖြစ်လို့ မလိုလားအပ်တဲ့ စိုက်ပျိုးရေးစနစ်တစ်ခုပါပဲဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ဝမ့်ကတ်ရွာကတော့ ကန့်ကွက်လို့ လုပ်ငန်းချဲ့ထွင်တာ မရှိဘူး။ တခြား ရွာတွေမှာတော့ ခုတ်ပြီးသား ထင်းရှူးတုံးတွေမှာ အပိုင်းပိုင်းဖြတ် အခေါက်တွေကို ခွာပြီး မှိုစိုက်ကြ တယ်။ ထွက်လာတဲ့ မှိုတွေကို တ ရုတ်ပြည်ကို ပို့တယ်လို့ သိရတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကတည်းက စစိုက်လာတာပါဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါ စိုက်ပျိုးရေးနယ်မြေမှာ လက်နက်ကိုင် အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသဖြင့် လုပ်ငန်းများ တားဆီးပေးရန် စာဖြင့် ဆက်သွယ်တင်ပြထားသော်လည်း ယခုအချိန်အထိ ထူးခြားမှု မရှိသေး ကြောင်း သိရသည်။
.
ထင်းရှူးပင်များကို ခုတ်လှဲကာ လင်ဇီးမှိုစိုက်ပျိုးရေး ပြုလုပ်နေသည့် ထွန်ယိန်း ကျေးရွာအုပ်စုတွင် ကျေး ရွာပေါင်း ၂၇ ရွာ ပါဝင်ပြီး လဲချားမြို့ အနောက်ဘက် ၂၇ မိုင်ခန့် ကွာဝေးကြောင်း သိရသည်။
.

No comments:

Post a Comment