က်ားျဖစ္လာေသာ သားမ်ားႏွင့္ ထီး မျဖစ္ေသာ သမီးမ်ား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, August 15, 2019

က်ားျဖစ္လာေသာ သားမ်ားႏွင့္ ထီး မျဖစ္ေသာ သမီးမ်ား


ေက်ာင္လင္းထြန္း (ေခ်ာင္းဦး)
.
ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁ ရက္က ရန္ကုန္အ ေရွ႕ပိုင္းတကၠသိုလ္နဲ႔ သန္လ်င္နည္းပညာတကၠ သိုလ္က ေက်ာင္းသားေတြေဘာလံုးအသင္း ၂ သင္း ယွဥ္ၿပိဳင္ရင္း ေဘာလံုးသမားခ်င္းခ်င္း စကားမ်ားရာမွတစ္ဆင့္ ေဘာလံုးပြဲပရိသတ္ ေက်ာင္းသားအခ်င္းခ်င္း ရန္ျဖစ္ၾကပါတယ္။ အုတ္ခဲက်ိဳး၊ ေရသန္႔ဘူး၊ ထီးေတြ၊ ဖိနပ္ေတြနဲ႔ ပစ္ေပါက္ၾကရင္း ဦးေခါင္းေပါက္ ဒဏ္ရာရ ေက်ာင္းသား ၃ ဦးနဲ႔ လက္ေကာက္ဝတ္ဒဏ္ရာ ရသူ ၅ ဦးစသျဖင့္ သတင္းေတြျမင္ရၾကားရေတာ့ အင္မတန္ကိုစိတ္မေကာင္းျဖစ္ရပါတယ္။
.
၂ဝ၁၈ ခုႏွစ္ထဲကလည္း တကၠသိုလ္သႀကၤန္ ဆိုၿပီး တကၠသိုလ္အတြင္း ေရပက္ၾကေရကစား ၾကရင္းနဲ႔ ေက်ာင္းသားအခ်င္းခ်င္း စကားမ်ား ရန္ျဖစ္ၾကတဲ့ သတင္းလူမႈကြန္ရက္မွျမင္ရတာ စိတ္မခ်မ္းသာစရာပါ။ တကယ္ေတာ့ အဲဒီတကၠ သိုလ္သႀကၤန္ဆိုၿပီးေတာ့ ေရပက္ေရကစားၾက Sound box ေတြတအုန္းအုန္း တဒိုင္းဒိုင္းဖြင့္ၿပီး တကၠသိုလ္က ေက်ာင္းသား ေက်ာင္းသူေတြ ဒြန္႔ၾက (Dance) ၾကတဲ့အခ်ိန္ က တကယ့္သႀကၤန္ကာလမဟုတ္ပါဘူး။ သူတို႔ တေတြကဲခ်င္ၾကလို႔ ဘယ္ဆရာ၊ ဘယ္ေက်ာင္း သားေက်ာင္းသူေတြ ထြင္လိုက္ၾကတယ္မသိဘူး သႀကၤန္အတုလုပ္ၿပီး ေပ်ာ္ပြဲရြင္ပြဲျဖစ္သြားတာပါ။ ကြၽန္ေတာ္ကိုယ္တိုင္ 'သႀကၤန္ကအစစ္မဟုတ္ ေလေတာ့ တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူ ေတြ အစစ္မဟုတ္ၾကေလေတာ့' ဆိုၿပီး ေရးခဲ့ ပါေသးတယ္။
.


.
အဆင့္ျမင့္ပညာလို႔ သတ္မွတ္ထားတဲ့ တကၠ သိုလ္အဆင့္က ေက်ာင္းသားေက်ာင္းသူေတြ ယေန႔ေခတ္ကာလမွာ ဘာေၾကာင့္အဓိပၸာယ္မရွိ တဲ့၊ တန္ဖိုးမဲ့လုပ္ရပ္ေတြ လုပ္ေနၾကတာလဲ၊ လုပ္လာၾကတာလဲ ေသခ်ာစဥ္းစားၾကည့္ေတာ့ ေအာက္သက္မေက်ၾကျခင္းနဲ႔ အေျခခံပညာစာ မေက်ၾကျခင္းက အဓိကျဖစ္လာတာေပါ့။ အ ေျခခံပညာစာမေက်ၾကေလေတာ့ သမိုင္း၊ ပထ ဝီ၊ သိပၸံႏွင့္ သဘာဝပတ္ဝန္းက်င္ကို တန္ဖိုး ထားရေကာင္းမွန္း မသိၾက။ စာေပဗဟုသုတရွာ မွီးျခင္းလည္း လြန္စြာအားနည္းလာၾကပါတယ္။ ျပည္သူ႕နီတိ၊ ေလာကနီတိကို မဆိုထားႏွင့္ သားသမီးဝတ္၊ တပည့္ဝတ္ကိုပင္ ေကာင္းစြာမ သိၾက။ ထို႔ထက္ပို၍က်ယ္ျပန္႔ေသာ မိတ္ေဆြ ဝတ္တို႔၊ မိတ္စစ္မိတ္တုတို႔ကို မခြဲျခားတတ္ၾက ေလေတာ့ သူငယ္ခ်င္းတန္ဖိုးကိုလည္း နားမ လည္၊ လူမႈေရးလည္းေခါင္းပါးလာၿပီး အခ်င္း ခ်င္းရန္လိုၾကေတာ့တာပါပဲ။
.

ယေန႔ေခတ္ရဲ႕ ဆရာ၊ဆရာမ (ေက်ာင္းနဲ႔ ျပင္ပဘာသာျပ) ေတြညည္းညဴေနတဲ့ 'ကေလး ေတြက တစ္ႏွစ္ၿပီးတစ္ႏွစ္ စာသင္ရတာပိုပိုၿပီး ဆိုးလာတယ္။ စာလိုခ်င္စိတ္မွမဟုတ္ဘူး။ အ ျခားဗဟုသုတ၊ လူေနမႈပညာလည္း လိုခ်င္စိတ္ မရွိၾကေတာ့ဘူး။ သူတို႔မွားေနလို႔ ဆိုဆံုးမတာ ေတာင္မွ မ်က္ႏွာကဆူပုတ္ေနတာပဲ။ တခ်ိဳ႕က ေလးေတြဆို ဆရာ၊ ဆရာမက ဆံုးမရင္ရြဲ႕လား၊ မဲ့လားနဲ႔။ ဒီၾကားထဲ မိဘကပါ ကေလးေတြေျပာ စကားယံုၿပီး ကာဆီးကာဆီးနဲ႔။ ကိုယ့္ကေလး ကို ကိုယ့္ဘာသာလည္းမဆံုးမႏိုင္၊ ေနာက္က် ေတာ့ အဲ့ဒီကေလးက မိမႏိုင္ဖမႏိုင္ျဖစ္လာၿပီး ပတ္ဝန္းက်င္ဒုကၡေပးေတာ့တာပဲ' ဆိုတာေတြ ၾကားေနရပါတယ္။ ပညာရဲ႕ အတိမ္အနက္၊က ေလးေတြရဲ႕ကိုယ္က်င့္စ႐ိုက္ ေျပာင္းလဲလာမႈကို နားလည္သေဘာေပါက္ၾကဖို႔ လိုပါတယ္။
.
တစ္ခါတကၠသိုလ္တက္ေနတဲ့ ေက်ာင္းသား ေက်ာင္းသူအမ်ားစုရဲ႕မိဘေတြ၊ အေဆာင္မွဴး ေတြကလည္းညည္းေန ၾကျပန္တယ္။ 'ဖုန္းဟန္း ဆက္နဲ႔ ဆိုင္ကယ္ကလည္း တစ္ႏွစ္တစ္မ်ိဳး၊ ၂ မ်ိဳးေျပာင္းခ်င္ၾကတယ္။ ညဆိုလည္း ဟိုဟာရမယ္ရွာ အျပင္ထြက္၊ သူ႕ေမြးေန႔မို႔ KTV မွာ သီခ်င္းဆိုရတာနဲ႔။ သူတို႔ဘာေန႔မို႔လို႔ Cocktail (အရက္ အေပ်ာ့) ဆိုင္မွာပြဲလုပ္ရတာနဲ႔ စိတ္ညစ္ ပါတယ္။ စာက်ေတာ့ျဖင့္ ၇ တန္း ၈ တန္းက ေမာင္ေတြ၊ ညီမေတြ ေမးတဲ့စာေတာင္ ေမ့ေနရ တာနဲ႔ ဝါးတားတားပါပဲ။ ေက်ာင္းဖြင့္တဲ့ေန႔ေတာ့ အဝတ္အစား အပ်ံစား၊ Shopping ကို သြား၊ gym သြား၊ စားေသာက္ဆိုင္သြား။ ညက်ေတာ့ ဟိုသြားဒီသြား၊ အိမ္တို႔အေဆာင္တို႔ ေရာက္ေတာ့ ဖုန္း ဟန္းဆက္နဲ႔ ဂိမ္းေဆာ့၊ Facebook သံုး အင္တာနက္အၿမဲစိမ္း။ မနက္ ၇ နာရီခြဲ ၈ နာရီ မွထ။ ဘယ္အခ်ိန္ မွဘုရားရွိခိုးတယ္၊ ပရိတ္၊ ပ႒ာန္းရြတ္တယ္လို႔လည္းမၾကား။ မနက္ေစာေစာ ေသာက္ေတာ္ေရ၊ ဆီမီး၊ ဘုရား ပန္းကပ္တယ္လို႔လည္း မျမင္ရမၾကားရ။ စိတ္ပ်က္ပါ တယ္။ မိဘကေျပာျပန္ရင္လည္း သူတို႔သိ သူတို႔တတ္။ ေတာ္ေတာ္ေျပာရဆိုရ ဆံုးမရခက္ပါတယ္ေလ' ဆိုတဲ့ မိဘအုပ္ထိန္းသူအမ်ားစုရဲ႕ ညည္းညဴမႈမ်ားက မၾကားခ်င္ အဆံုး။
.
ဆိုေတာ့ဘယ္သူ႕မွာတာဝန္ရွိပါသနည္း။ ကေလးေတြအခုလိုျဖစ္သြားတာ ပညာေရးစနစ္ ေၾကာင့္လား၊ မိဘေစာင့္ေရွာက္အုပ္ထိန္းမႈ အားနည္းသြားျခင္းေၾကာင့္လား။ ေခတ္ေရစီး ေၾကာင့္လား၊ ကေလးေတြ ကိုယ္တိုင္လည္း လိုခ်င္စိတ္၊ လိုက္နာခ်င္စိတ္ မရွိၾကလို႔လား။ အေျဖကေတာ့ ရွိပါသည္။ အားလံုးေသာ အ ေၾကာင္းေၾကာင္းေၾကာင့္ ပါပဲေလ။

ကေလးေတြအခုလိုျဖစ္သြားတာ ပညာေရးစနစ္ ေၾကာင့္လား၊ မိဘေစာင့္ေရွာက္အုပ္ထိန္းမႈ အားနည္းသြားျခင္းေၾကာင့္လား။ ေခတ္ေရစီး ေၾကာင့္လား၊ ကေလးေတြ ကိုယ္တိုင္လည္း လိုခ်င္စိတ္၊ လိုက္နာခ်င္စိတ္ မရွိၾကလို႔လား။ အေျဖကေတာ့ ရွိပါသည္။ အားလံုးေသာ အ ေၾကာင္းေၾကာင္းေၾကာင့္ ပါပဲေလ။

.
ပညာေရးစနစ္ဆိုပါစို႔။ ခက္ဆစ္မရတဲ့က ေလး၊ ျမန္မာစာအဓိပၸာယ္မသိတဲ့ကေလး All Clear Pass မူျဖင့္ အတန္းတက္ရဆိုေတာ့ ဆ ရာဆရာမက စာေလ့လာခိုင္းတာေတာင္ စိတ္မ ဝင္စားၾကေတာ့။ စိတ္မဝင္စားလို႔ ဆရာဆရာမ ေတြက ဆူပူႀကိမ္းေမာင္းျပန္ေတာ့ မိဘအားကိုး ၾက၊ မိဘကလည္း ္ေခနဘသသု အားကိုးနဲ႔ ဖြၾက ဆိုေတာ့ ဆရာဆရာမေတြက 'တပည့္ဂုေဏာ၊ မိဘဂုေဏာအနေႏၱာ' ရြတ္ဆိုရမလိုလို။ မိဘအ မ်ားစုရဲ႕ ဆင္ေျခကလည္း 'က်ဴရွင္မတက္ရင္ မ်က္ႏွာတစ္မ်ိဳး'တဲ့။ ဆရာဆရာမေတြက ျပန္ လည္ေခ်ပၾကတာက 'ေက်ာင္းမွာအျခားတာဝန္၊ (ကေလးကိုဂီတ၊ အက၊ သက္ေမြး) ေတြသင္ ေပးရေတာ့ ေက်ာင္းစာကေက်ာင္းခ်ိန္ျပင္ပပဲ သင္ရတာေလ။ လစာနည္းတာလည္း ကာမိတာ ေပါ့'တဲ့။
.
စဥ္းစားၾကည့္ေတာ့ မိဘေတြအိမ္မွာ သင္ ေပးသင့္တဲ့ သက္ေမြး(အခ်က္အျပဳတ္၊ အခ်ဳပ္ အလုပ္) ေတြကို မိဘအုပ္ထိန္းသူသင္မေပးလို႔ ေက်ာင္းကသင္ေပးေနရတာလို႔ပဲ ျမင္မိပါတယ္။ မိဘအုပ္ထိန္းသူအေနနဲ႔ ကိုယ့္သားသမီးကို ငယ္စဥ္ကပင္ ေလ့က်င့္သင္ၾကားေပးသင့္ေသာ နံနက္ေစာေစာထ၊ သန္႔ရွင္းေရးလုပ္ၿပီး၊ ဘုရား ေသာက္ေတာ္ေရကပ္၊ ဘုရားရွိခိုး စတာေတြ ေလ့က်င့္ေပးသင့္ပါတယ္။ မိဘအုပ္ထိန္းသူဆို တာကလည္း ကေလးေတြရဲ႕ စံျပျဖစ္ေလေတာ့ ကိုယ္ကိုယ္တိုင္ေစာေစာထ၊ ဘုရားတရားစတဲ့ ဘာသာေရးလုပ္ငန္းေတြမနက္တိုင္းလုပ္ျပေန ရင္ ႏုနယ္တဲ့ကေလးေတြဆိုတာ အတုျမင္အ တတ္သင္ၿပီး ဦးေဆာင္လမ္းျပတဲ့သူအေပၚ အ မ်ားႀကီး မူတည္ပါတယ္။
.
                   'ငယ္ေသာ္ကားသား၊ ဆံုးမျငားက
                   ႀကီးေသာအခါ၊ 'အား'ပမာ
                   မွန္စြာအားကိုးရပါမည္။
                   ငယ္ေသာ္ကားသား၊ လိုလိုက္ျငားက
                   ႀကီးေသာအခါ၊ 'က်ား'ပမာ
.
လြန္စြာေၾကာက္ရပါလိမ့္မည္။' ဆို သည္ႏွင့္အညီ သားေယာက်္ားေလးမ်ားကို ငယ္ စဥ္ကမဆံုးမ၊ မသြန္သင္ခဲ့လွ်င္ ႀကီးေသာအခါ မိဘကပင္သားကို ေၾကာက္ေနရေတာ့မည္။ တစ္ခုခုခိုင္းလွ်င္၊ အမွားျမင္၍ ေျပာဆိုဆံုးမလွ်င္ သားစိတ္ဆိုးမည္လားကို သားမ်က္ႏွာၾကည့္ေန ရလွ်င္ အဓိပၸာယ္ႏွင့္တန္ဖိုးကင္းမဲ့ေနေသာ မိ ဘႏွင့္သားပင္ျဖစ္ေနေရာေပါ့။ မိဘကလည္း မိ ဘနဲ႔မတူ၊ သားကလည္း သားနဲ႔မတူၾကေတာ့ လလံုးလံုးျဖစ္ၿပီး လူျဖစ္႐ံႈးၾကျခင္းပင္။
.
                   'ငယ္ေသာ္ကားသမီး၊ ဆံုးမၿပီးက
                   ႀကီးေသာအခါ၊ ထီးပမာ
                   မွန္စြာေအးရိပ္ရပါမည္။
                   ငယ္ေသာ္ကားသမီး၊ ဆံုးမနည္းက
                   ႀကီးေသာအခါ၊ မီးပမာ
လြန္စြာပူရပါလိ္မ့္မည္။' ဆိုသည္ႏွင့္အ ညီ သမီးမိန္းကေလးကို ငယ္စဥ္ကပင္ ဗိုင္း ေတာင့္ေက်ာက္ဖိ၊ အိေျႏၵသိကၡာရွိေအာင္ ဆံုးမ သြန္သင္ရပါလိမ့္မည္။ သို႔မဟုတ္ပါက ယေန႔ ေခတ္မွာ ပို၍ဆိုးပါေတာ့တယ္။
.
သားေယာက်ာၤးေလးေတြ က်ားမျဖစ္ဖို႔၊ သ မီးမိန္းကေလးေတြ ထီးျဖစ္ၾကဖို႔ မိဘအုပ္ထိန္း သူ၊ ဆရာဆရာမတို႔အေနနဲဲ႔ ကိုယ္တိုင္လည္း ကေလးေတြရဲ႕ စံျပအျဖစ္စာေပဖတ္႐ႈေလ့လာ ၾကရမွာပါ။ အခ်ိန္တန္ဖိုး၊ ဘဝတန္ဖိုး၊ ပညာ တန္ဖိုး တကယ္ရွိေအာင္ေနျပၾကရမွာပါ။ ကိုယ္ ကိုယ္တိုင္လည္း စံနမူနာအျဖစ္ မွတ္ေက်ာက္ တင္ေနထိုင္ႏိုင္ၿပီဆိုမွ ကေလးေတြကို အိမ္မွာ၊ လမ္းမွာ၊ ပတ္္ဝန္းက်င္မွာ၊ ေက်ာင္းမွာ၊ ေစ့ေစ့ စပ္စပ္ စိတ္ရွည္ရွည္နဲ႔ ေလ့က်င့္ပ်ိဳးေထာင္ရပါ မယ္။ ေလာကနီတိ၊ မဂၤလာအသိေတြကို ကိုယ္ တိုင္လည္း သိရွိလိိုက္နာ၊ ကေလးေတြကိုလည္း နားလည္လိုက္နာတတ္ေအာင္ ျပဳစုလမ္းၫႊန္ ထိန္းေက်ာင္းၾကရင္းျဖင့္ 'အား'ျဖစ္ေစေသာ သား၊ 'ထီး' ျဖစ္ေစေသာ သမီး ကို တန္ဖိုးရွိ ရွိ ေမြးထုတ္ရယူႏိုင္ၾကမွာျဖစ္ေၾကာင္းပါဗ်ာ။
.
=================================================
ကျားဖြစ်လာသော သားများနှင့် ထီး မဖြစ်သော သမီးများ
ကျောင်လင်းထွန်း (ချောင်းဦး)
.
ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်က ရန်ကုန်အ ရှေ့ပိုင်းတက္ကသိုလ်နဲ့ သန်လျင်နည်းပညာတက္က သိုလ်က ကျောင်းသားတွေဘောလုံးအသင်း ၂ သင်း ယှဉ်ပြိုင်ရင်း ဘောလုံးသမားချင်းချင်း စကားများရာမှတစ်ဆင့် ဘောလုံးပွဲပရိသတ် ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြပါတယ်။ အုတ်ခဲကျိုး၊ ရေသန့်ဘူး၊ ထီးတွေ၊ ဖိနပ်တွေနဲ့ ပစ်ပေါက်ကြရင်း ဦးခေါင်းပေါက် ဒဏ်ရာရ ကျောင်းသား ၃ ဦးနဲ့ လက်ကောက်ဝတ်ဒဏ်ရာ ရသူ ၅ ဦးစသဖြင့် သတင်းတွေမြင်ရကြားရတော့ အင်မတန်ကိုစိတ်မကောင်းဖြစ်ရပါတယ်။
.
၂ဝ၁၈ ခုနှစ်ထဲကလည်း တက္ကသိုလ်သင်္ကြန် ဆိုပြီး တက္ကသိုလ်အတွင်း ရေပက်ကြရေကစား ကြရင်းနဲ့ ကျောင်းသားအချင်းချင်း စကားများ ရန်ဖြစ်ကြတဲ့ သတင်းလူမှုကွန်ရက်မှမြင်ရတာ စိတ်မချမ်းသာစရာပါ။ တကယ်တော့ အဲဒီတက္က သိုလ်သင်္ကြန်ဆိုပြီးတော့ ရေပက်ရေကစားကြ Sound box တွေတအုန်းအုန်း တဒိုင်းဒိုင်းဖွင့်ပြီး တက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ ဒွန့်ကြ (Dance) ကြတဲ့အချိန် က တကယ့်သင်္ကြန်ကာလမဟုတ်ပါဘူး။ သူတို့ တတွေကဲချင်ကြလို့ ဘယ်ဆရာ၊ ဘယ်ကျောင်း သားကျောင်းသူတွေ ထွင်လိုက်ကြတယ်မသိဘူး သင်္ကြန်အတုလုပ်ပြီး ပျော်ပွဲရွင်ပွဲဖြစ်သွားတာပါ။ ကျွန်တော်ကိုယ်တိုင် 'သင်္ကြန်ကအစစ်မဟုတ် လေတော့ တက္ကသိုလ်ကျောင်းသား ကျောင်းသူ တွေ အစစ်မဟုတ်ကြလေတော့' ဆိုပြီး ရေးခဲ့ ပါသေးတယ်။
.
အဆင့်မြင့်ပညာလို့ သတ်မှတ်ထားတဲ့ တက္က သိုလ်အဆင့်က ကျောင်းသားကျောင်းသူတွေ ယနေ့ခေတ်ကာလမှာ ဘာကြောင့်အဓိပ္ပာယ်မရှိ တဲ့၊ တန်ဖိုးမဲ့လုပ်ရပ်တွေ လုပ်နေကြတာလဲ၊ လုပ်လာကြတာလဲ သေချာစဉ်းစားကြည့်တော့ အောက်သက်မကျေကြခြင်းနဲ့ အခြေခံပညာစာ မကျေကြခြင်းက အဓိကဖြစ်လာတာပေါ့။ အ ခြေခံပညာစာမကျေကြလေတော့ သမိုင်း၊ ပထ ဝီ၊ သိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်ကို တန်ဖိုး ထားရကောင်းမှန်း မသိကြ။ စာပေဗဟုသုတရှာ မှီးခြင်းလည်း လွန်စွာအားနည်းလာကြပါတယ်။ ပြည်သူ့နီတိ၊ လောကနီတိကို မဆိုထားနှင့် သားသမီးဝတ်၊ တပည့်ဝတ်ကိုပင် ကောင်းစွာမ သိကြ။ ထို့ထက်ပို၍ကျယ်ပြန့်သော မိတ်ဆွေ ဝတ်တို့၊ မိတ်စစ်မိတ်တုတို့ကို မခွဲခြားတတ်ကြ လေတော့ သူငယ်ချင်းတန်ဖိုးကိုလည်း နားမ လည်၊ လူမှုရေးလည်းခေါင်းပါးလာပြီး အချင်း ချင်းရန်လိုကြတော့တာပါပဲ။
.
ယနေ့ခေတ်ရဲ့ ဆရာ၊ဆရာမ (ကျောင်းနဲ့ ပြင်ပဘာသာပြ) တွေညည်းညူနေတဲ့ 'ကလေး တွေက တစ်နှစ်ပြီးတစ်နှစ် စာသင်ရတာပိုပိုပြီး ဆိုးလာတယ်။ စာလိုချင်စိတ်မှမဟုတ်ဘူး။ အ ခြားဗဟုသုတ၊ လူနေမှုပညာလည်း လိုချင်စိတ် မရှိကြတော့ဘူး။ သူတို့မှားနေလို့ ဆိုဆုံးမတာ တောင်မှ မျက်နှာကဆူပုတ်နေတာပဲ။ တချို့က လေးတွေဆို ဆရာ၊ ဆရာမက ဆုံးမရင်ရွဲ့လား၊ မဲ့လားနဲ့။ ဒီကြားထဲ မိဘကပါ ကလေးတွေပြော စကားယုံပြီး ကာဆီးကာဆီးနဲ့။ ကိုယ့်ကလေး ကို ကိုယ့်ဘာသာလည်းမဆုံးမနိုင်၊ နောက်ကျ တော့ အဲ့ဒီကလေးက မိမနိုင်ဖမနိုင်ဖြစ်လာပြီး ပတ်ဝန်းကျင်ဒုက္ခပေးတော့တာပဲ' ဆိုတာတွေ ကြားနေရပါတယ်။ ပညာရဲ့ အတိမ်အနက်၊က လေးတွေရဲ့ကိုယ်ကျင့်စရိုက် ပြောင်းလဲလာမှုကို နားလည်သဘောပေါက်ကြဖို့ လိုပါတယ်။
.
တစ်ခါတက္ကသိုလ်တက်နေတဲ့ ကျောင်းသား ကျောင်းသူအများစုရဲ့မိဘတွေ၊ အဆောင်မှူး တွေကလည်းညည်းနေ ကြပြန်တယ်။ 'ဖုန်းဟန်း ဆက်နဲ့ ဆိုင်ကယ်ကလည်း တစ်နှစ်တစ်မျိုး၊ ၂ မျိုးပြောင်းချင်ကြတယ်။ ညဆိုလည်း ဟိုဟာရမယ်ရှာ အပြင်ထွက်၊ သူ့မွေးနေ့မို့ KTV မှာ သီချင်းဆိုရတာနဲ့။ သူတို့ဘာနေ့မို့လို့ Cocktail (အရက် အပျော့) ဆိုင်မှာပွဲလုပ်ရတာနဲ့ စိတ်ညစ် ပါတယ်။ စာကျတော့ဖြင့် ၇ တန်း ၈ တန်းက မောင်တွေ၊ ညီမတွေ မေးတဲ့စာတောင် မေ့နေရ တာနဲ့ ဝါးတားတားပါပဲ။ ကျောင်းဖွင့်တဲ့နေ့တော့ အဝတ်အစား အပျံစား၊ Shopping ကို သွား၊ gym သွား၊ စားသောက်ဆိုင်သွား။ ညကျတော့ ဟိုသွားဒီသွား၊ အိမ်တို့အဆောင်တို့ ရောက်တော့ ဖုန်း ဟန်းဆက်နဲ့ ဂိမ်းဆော့၊ Facebook သုံး အင်တာနက်အမြဲစိမ်း။ မနက် ၇ နာရီခွဲ ၈ နာရီ မှထ။ ဘယ်အချိန် မှဘုရားရှိခိုးတယ်၊ ပရိတ်၊ ပဋ္ဌာန်းရွတ်တယ်လို့လည်းမကြား။ မနက်စောစော သောက်တော်ရေ၊ ဆီမီး၊ ဘုရား ပန်းကပ်တယ်လို့လည်း မမြင်ရမကြားရ။ စိတ်ပျက်ပါ တယ်။ မိဘကပြောပြန်ရင်လည်း သူတို့သိ သူတို့တတ်။ တော်တော်ပြောရဆိုရ ဆုံးမရခက်ပါတယ်လေ' ဆိုတဲ့ မိဘအုပ်ထိန်းသူအများစုရဲ့ ညည်းညူမှုများက မကြားချင် အဆုံး။
.
ဆိုတော့ဘယ်သူ့မှာတာဝန်ရှိပါသနည်း။ ကလေးတွေအခုလိုဖြစ်သွားတာ ပညာရေးစနစ် ကြောင့်လား၊ မိဘစောင့်ရှောက်အုပ်ထိန်းမှု အားနည်းသွားခြင်းကြောင့်လား။ ခေတ်ရေစီး ကြောင့်လား၊ ကလေးတွေ ကိုယ်တိုင်လည်း လိုချင်စိတ်၊ လိုက်နာချင်စိတ် မရှိကြလို့လား။ အဖြေကတော့ ရှိပါသည်။ အားလုံးသော အ ကြောင်းကြောင်းကြောင့် ပါပဲလေ။
.
ပညာရေးစနစ်ဆိုပါစို့။ ခက်ဆစ်မရတဲ့က လေး၊ မြန်မာစာအဓိပ္ပာယ်မသိတဲ့ကလေး All Clear Pass မူဖြင့် အတန်းတက်ရဆိုတော့ ဆ ရာဆရာမက စာလေ့လာခိုင်းတာတောင် စိတ်မ ဝင်စားကြတော့။ စိတ်မဝင်စားလို့ ဆရာဆရာမ တွေက ဆူပူကြိမ်းမောင်းပြန်တော့ မိဘအားကိုး ကြ၊ မိဘကလည်း ်ခေနဘသသု အားကိုးနဲ့ ဖွကြ ဆိုတော့ ဆရာဆရာမတွေက 'တပည့်ဂုဏော၊ မိဘဂုဏောအနန္တော' ရွတ်ဆိုရမလိုလို။ မိဘအ များစုရဲ့ ဆင်ခြေကလည်း 'ကျူရှင်မတက်ရင် မျက်နှာတစ်မျိုး'တဲ့။ ဆရာဆရာမတွေက ပြန် လည်ချေပကြတာက 'ကျောင်းမှာအခြားတာဝန်၊ (ကလေးကိုဂီတ၊ အက၊ သက်မွေး) တွေသင် ပေးရတော့ ကျောင်းစာကကျောင်းချိန်ပြင်ပပဲ သင်ရတာလေ။ လစာနည်းတာလည်း ကာမိတာ ပေါ့'တဲ့။
.
စဉ်းစားကြည့်တော့ မိဘတွေအိမ်မှာ သင် ပေးသင့်တဲ့ သက်မွေး(အချက်အပြုတ်၊ အချုပ် အလုပ်) တွေကို မိဘအုပ်ထိန်းသူသင်မပေးလို့ ကျောင်းကသင်ပေးနေရတာလို့ပဲ မြင်မိပါတယ်။ မိဘအုပ်ထိန်းသူအနေနဲ့ ကိုယ့်သားသမီးကို ငယ်စဉ်ကပင် လေ့ကျင့်သင်ကြားပေးသင့်သော နံနက်စောစောထ၊ သန့်ရှင်းရေးလုပ်ပြီး၊ ဘုရား သောက်တော်ရေကပ်၊ ဘုရားရှိခိုး စတာတွေ လေ့ကျင့်ပေးသင့်ပါတယ်။ မိဘအုပ်ထိန်းသူဆို တာကလည်း ကလေးတွေရဲ့ စံပြဖြစ်လေတော့ ကိုယ်ကိုယ်တိုင်စောစောထ၊ ဘုရားတရားစတဲ့ ဘာသာရေးလုပ်ငန်းတွေမနက်တိုင်းလုပ်ပြနေ ရင် နုနယ်တဲ့ကလေးတွေဆိုတာ အတုမြင်အ တတ်သင်ပြီး ဦးဆောင်လမ်းပြတဲ့သူအပေါ် အ များကြီး မူတည်ပါတယ်။

စဉ်းစားကြည့်တော့ မိဘတွေအိမ်မှာ သင် ပေးသင့်တဲ့ သက်မွေး(အချက်အပြုတ်၊ အချုပ် အလုပ်) တွေကို မိဘအုပ်ထိန်းသူသင်မပေးလို့ ကျောင်းကသင်ပေးနေရတာလို့ပဲ မြင်မိပါတယ်။ မိဘအုပ်ထိန်းသူအနေနဲ့ ကိုယ့်သားသမီးကို ငယ်စဉ်ကပင် လေ့ကျင့်သင်ကြားပေးသင့်သော နံနက်စောစောထ၊ သန့်ရှင်းရေးလုပ်ပြီး၊ ဘုရား သောက်တော်ရေကပ်၊ ဘုရားရှိခိုး စတာတွေ လေ့ကျင့်ပေးသင့်ပါတယ်။

.
                        'ငယ်သော်ကားသား၊ ဆုံးမငြားက
                        ကြီးသောအခါ၊ 'အား'ပမာ
                        မှန်စွာအားကိုးရပါမည်။
                        ငယ်သော်ကားသား၊ လိုလိုက်ငြားက
                        ကြီးသောအခါ၊ 'ကျား'ပမာ
.
လွန်စွာကြောက်ရပါလိမ့်မည်။' ဆို သည်နှင့်အညီ သားယောကျ်ားလေးများကို ငယ် စဉ်ကမဆုံးမ၊ မသွန်သင်ခဲ့လျှင် ကြီးသောအခါ မိဘကပင်သားကို ကြောက်နေရတော့မည်။ တစ်ခုခုခိုင်းလျှင်၊ အမှားမြင်၍ ပြောဆိုဆုံးမလျှင် သားစိတ်ဆိုးမည်လားကို သားမျက်နှာကြည့်နေ ရလျှင် အဓိပ္ပာယ်နှင့်တန်ဖိုးကင်းမဲ့နေသော မိ ဘနှင့်သားပင်ဖြစ်နေရောပေါ့။ မိဘကလည်း မိ ဘနဲ့မတူ၊ သားကလည်း သားနဲ့မတူကြတော့ လလုံးလုံးဖြစ်ပြီး လူဖြစ်ရှုံးကြခြင်းပင်။
.
                        'ငယ်သော်ကားသမီး၊ ဆုံးမပြီးက
                        ကြီးသောအခါ၊ ထီးပမာ
                        မှန်စွာအေးရိပ်ရပါမည်။
                        ငယ်သော်ကားသမီး၊ ဆုံးမနည်းက
                        ကြီးသောအခါ၊ မီးပမာ
လွန်စွာပူရပါလိ်မ့်မည်။' ဆိုသည်နှင့်အ ညီ သမီးမိန်းကလေးကို ငယ်စဉ်ကပင် ဗိုင်း တောင့်ကျောက်ဖိ၊ အိန္ဒြေသိက္ခာရှိအောင် ဆုံးမ သွန်သင်ရပါလိမ့်မည်။ သို့မဟုတ်ပါက ယနေ့ ခေတ်မှာ ပို၍ဆိုးပါတော့တယ်။
.
သားယောကျာင်္းလေးတွေ ကျားမဖြစ်ဖို့၊ သ မီးမိန်းကလေးတွေ ထီးဖြစ်ကြဖို့ မိဘအုပ်ထိန်း သူ၊ ဆရာဆရာမတို့အနေနဲဲ့ ကိုယ်တိုင်လည်း ကလေးတွေရဲ့ စံပြအဖြစ်စာပေဖတ်ရှုလေ့လာ ကြရမှာပါ။ အချိန်တန်ဖိုး၊ ဘဝတန်ဖိုး၊ ပညာ တန်ဖိုး တကယ်ရှိအောင်နေပြကြရမှာပါ။ ကိုယ် ကိုယ်တိုင်လည်း စံနမူနာအဖြစ် မှတ်ကျောက် တင်နေထိုင်နိုင်ပြီဆိုမှ ကလေးတွေကို အိမ်မှာ၊ လမ်းမှာ၊ ပတ််ဝန်းကျင်မှာ၊ ကျောင်းမှာ၊ စေ့စေ့ စပ်စပ် စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပျိုးထောင်ရပါ မယ်။ လောကနီတိ၊ မင်္ဂလာအသိတွေကို ကိုယ် တိုင်လည်း သိရှိလိိုက်နာ၊ ကလေးတွေကိုလည်း နားလည်လိုက်နာတတ်အောင် ပြုစုလမ်းညွှန် ထိန်းကျောင်းကြရင်းဖြင့် 'အား'ဖြစ်စေသော သား၊ 'ထီး' ဖြစ်စေသော သမီး ကို တန်ဖိုးရှိ ရှိ မွေးထုတ်ရယူနိုင်ကြမှာဖြစ်ကြောင်းပါဗျာ။

No comments:

Post a Comment