ေက်ာက္မဲၿမိဳ႕နယ္၊ နမ့္ဟူးေတာင္ေက်းရြာအုပ္စုမွ ရာအိမ္မွဴး၊ ဆယ္အိမ္မွဴး ၂၂ ဦး တာဝန္မွ ႏုတ္ထြက္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 2, 2019

ေက်ာက္မဲၿမိဳ႕နယ္၊ နမ့္ဟူးေတာင္ေက်းရြာအုပ္စုမွ ရာအိမ္မွဴး၊ ဆယ္အိမ္မွဴး ၂၂ ဦး တာဝန္မွ ႏုတ္ထြက္


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္၊ နမ့္ဟူးေတာင္ ေက်းရြာအုပ္စုမွ အုပ္ခ်ဳပ္ေရးဆိုင္ရာ ရာအိမ္မွဴး၊ ဆယ္အိမ္မွဴး ၂၂ ဦး တို႔သည္ ထမ္းေဆာင္ေနသည့္ တာဝန္မ်ားမွ ႏုတ္ထြက္ေၾကာင္း ဇူလိုင္လ ၂၃ ရက္က ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး႐ံုးသို႔ စာျဖင့္ လက္မွတ္ေရးထိုး တင္ျပခဲ့သည္ဟု သိရသည္။
.
.
၎တို႔သည္ နမ့္ဟူးေတာင္ေက်း ရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းတင့္ခ်ိဳကဲ့သို႔ မတရားအသင္းဥပေဒ ပုဒ္မ ၁၇ (၁)ျဖင့္ အေရးယူခံရမည္ကို စိုး ရြံ႕ၾကသျဖင့္ ယခုကဲ့သို႔ ႏုတ္ထြက္ရ ျခင္းျဖစ္ေၾကာင္း သိရသည္။
.
ဦးစိုင္းတင့္ခ်ိဳလို ျဖစ္မွာစိုးလို႔ ပါ။ သူလို အုပ္ခ်ဳပ္ေရးဆိုင္ရာ ဂုဏ္ ျပဳလႊာရထားတဲ့သူေတာင္ ျဖစ္ရင္ ကြ်န္ ေတာ္တို႔ဆို ပိုဆိုးမွာေပါ့ဟု ႏုတ္ထြက္စာ တင္ခဲ့သူ ရာအိမ္မွဴး ဦးေရာကြယ္က ေျပာသည္။
.
ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းတင့္ခ်ိဳမွာ ေက်းရြာလူထုအ တြက္ ထရန္စေဖာ္မာ တပ္ဆင္ရန္ ေငြက်ပ္သိန္း ၂၀ ကို ဘဏ္မွ ထုတ္ယူ ၿပီး ေခတၲထိန္းသိမ္းထားစဥ္ ဆက္ေၾကး ေကာက္ခံရေငြဟု ဆိုကာ ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္သျဖင့္ ၎အေနျဖင့္လည္း ထရန္စေဖာ္မာ ကိစၥအတြက္ ေငြက်ပ္ သိန္း ၃၀ ခန္႔ ေပးရန္ရွိသည္ ကို သိမ္းမထားရဲေၾကာင္း ဦးေရာကြယ္က ဆက္လက္ေျပာဆိုခဲ့သည္။
.
ထို႔အတူ နမ့္ဟူးေတာင္း ေက်း ရြာမွ ရာအိမ္မွဴး ဦးစိုင္းသန္းၫြန္႔ႏွင့္ ကားလမ္းပန္ေမာင္းရြာမွ ရာအိမ္မွဴး ဦးျမင့္ေက်ာ္ တို႔ကလည္း ဦးစိုင္းတင့္ ခ်ိဳကဲ့သို႔ ျဖစ္မည္စိုးသျဖင့္ အုပ္ခ်ဳပ္ေရးတာဝန္မွ ႏုတ္ထြက္ရျခင္း ျဖစ္ကာ ရပ္ရြာသာေရး၊ နာေရးကိစၥမ်ား တြင္သာ လုပ္ေဆာင္သြားမည္ျဖစ္ ေၾကာင္း ေျပာဆိုခဲ့သည္။
.
တို႔ ၂၂ ဦး လက္မွတ္ေရးထိုး ၍ တင္ျပခဲ့သည့္ တာဝန္မွ ႏုတ္ထြက္ ခြင့္စာတြင္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းတင့္ခ်ိဳႏွင့္အတူ ရာအိမ္မွဴး၊ ဆယ္အိမ္မွဴး အဖြဲ႕ဝင္ ၁၅ ဦးျဖင့္ ၂၀၁၃ ခုႏွစ္မွ စတင္၍ တာဝန္မ်ားကို  ေအးေအးခ်မ္းခ်မ္း ထမ္းေဆာင္ခဲ့ၾက ၿပီး ၂၀၁၅ ခုႏွစ္ေနာက္ပိုင္းတြင္ အ ဖြဲ႕အစည္းအမ်ိဳးမ်ိဳး စတင္ေပၚေပါက္ လာခ်ိန္မွစ၍ မိမိတို႔အေပၚ အႏၱရာယ္အမ်ိဳးမ်ိဳးႏွင့္ ရင္ဆိုင္ႀကံဳေတြ႕ရမည္ကို စိုးရိမ္သည္အတြက္ ၂၀၁၆ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္က တာဝန္မွ ႏုတ္ထြက္လိုေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံသို႔ တင္ျပခဲ့ေသာ္လည္း ႏုတ္ထြက္ခြင့္မျပဳခဲ့ေၾကာင္း၊ ဦးစိုင္းတင့္ခ်ိဳ အဖမ္းခံရသည့္ အခ်ိန္မွစ၍ အေထြေထြ တာဝန္မ်ားသည္ မိမိတို႔ အေပၚ မလြဲမေသြက်ေရာက္လာမည္ ျဖစ္သျဖင့္ အႏၱရာယ္ႏွင့္ ႀကံဳေတြ႕ရ မည္ကို စိုးရိမ္ပူပန္သည့္ အတြက္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၂၃ ရက္မွ စ၍ မိမိတို႔သေဘာ ဆႏၵအေလ်ာက္ ႏုတ္ထြက္ေၾကာင္းႏွင့္ ဦးစိုင္းတင့္ခ်ိဳ ျပန္လည္လြတ္ေျမာက္လာ ခ်ိန္တြင္ တာဝန္ကို ဆက္လက္ ထမ္းေဆာင္ ရန္ မိမိတို႔ ျပန္လည္ေရြးခ်ယ္မည္ ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။
.
အဆိုပါ ႏုတ္ထြက္စာကို ေက်ာက္မဲၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးထံသို႔ လိပ္မူေပးပို႔ထားၿပီး ေက်ာက္မဲၿမိဳ႕ရွိ စစ္ဘက္ေရးရာ လံုၿခံဳေရးတပ္ဖြဲ႕၊ လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား႐ံုး၊ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးႏွင့္ ၿမိဳ႕မရဲစခန္းမ်ားသို႔ မိတၲဴ ေပးပို႔ျဖန္႔ေဝထားေၾကာင္း သိရသည္။
.
ယင္းကဲ့သို႔ ရာအိမ္မွဴး၊ဆယ္အိမ္ မွဴးမ်ား ႏုတ္ထြက္မႈႏွင့္ ပတ္သက္၍ မတရားအသင္း ဆက္သြယ္မႈ ဥပေဒ ပုဒ္မ ၁၇ (၁)ျဖင့္ ဖမ္းဆီးခံရသူေက်း ရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္း တင့္ခ်ိဳ၏ အစ္ကို ဦးစိုင္းျမင့္ဘိုက ကြ်န္ေတာ့္ညီလို ျဖစ္မွာေၾကာက္လို႔ ႏုတ္ထြက္ၾကတာပါ။ ရပ္ရြာအတြက္ စိတ္မေကာင္း ပါဘူး။ အုပ္ခ်ဳပ္ေရး အပိုင္းမွာ ခုလိုျဖစ္လို႔ အေရးယူမယ္ ဆိုရင္ ရွမ္းျပည္နယ္ထဲမွာရွိတဲ့ အုပ္ ခ်ဳပ္ေရးမွဴးေတြ အားလံုးလိုလို ခံရမွာ ပါပဲဟု ၎၏အျမင္ကို ေျပာဆိုခဲ့သည္။
.
နမ့္ဟူးေတာင္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းတင့္ခ်ိဳအား တပ္မေတာ္မွ တရားလို ျပဳလုပ္ကာ တရားစြဲဆိုထားသျဖင့္ လက္ရွိတြင္ ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ (ပ) ၁၅၁/ ၂၀၁၉(ဈ)မတရားအသင္း ဆက္သြယ္ မႈ ဥပေဒပုဒ္မ ၁၇ (၁) ျဖင့္ ဖမ္းဆီးခ်ဳပ္ ေႏွာင္ ထားရွိကာတရားရင္ဆိုင္ေနရ ေၾကာင္း သိရသည္။
.
အဆိုပါကိစၥမ်ားႏွင့္ ပတ္သက္၍ က်င္းပၿပီးစီးခဲ့သည့္ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္  ေျမာက္ပံုမွန္အစည္းအေဝး ပထမေန႔တြင္ ေက်ာက္မဲၿမိဳ႕နယ္မဲဆႏၵနယ္ အ မွတ္ (၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးစိုင္းထြန္းဉာဏ္က မူဆယ္၊ လား႐ိႈး၊ ေက်ာက္မဲ၊ မိုးမိတ္ ခ႐ိုင္အျပင္ ပေလာင္ႏွင့္ ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းရွိ တရား႐ံုးမ်ားတြင္ မတရားအသင္း ဆက္သြယ္မႈပုဒ္မ ၁၇ (၁) ျဖင့္ တရား ရင္ဆိုင္ေနရေသာ အမႈႏွင့္ တရားခံ အေရအတြက္ကို သိရွိလိုေၾကာင္းေမးခြန္းေမးျမန္းရာ ရွမ္းျပည္နယ္တ ရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္က “ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ခ႐ိုင္အတြင္းရွိ တရား႐ံုးမ်ားတြင္ မတရားအသင္း ဆက္သြယ္မႈ ပုဒ္မ ၁၇(၁)၊ ၁၇ (၂)အ ရ တရားစြဲဆိုထားေသာ အမႈေပါင္း ၁ မႈရွိၿပီး စုစုေပါင္း တရားခံ ၁ ဦး၊ လား႐ိႈးတြင္ အမႈေပါင္း ၃ မႈရွိၿပီး စုစုေပါင္း တရားခံ ၅ ဦး၊ ေက်ာက္မဲ တြင္ အမႈေပါင္း ၇ မႈရွိၿပီး စုစုေပါင္း တရားခံ ၈ ဦးရွိေၾကာင္းျပန္လည္ ေျဖၾကားထားသည္။
.
============================================================
ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်ကျေးရွာအုပ်စုမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၂၂ ဦး တာဝန်မှ နုတ်ထွက်
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၂၂ ဦး တို့သည် ထမ်းဆောင်နေသည့် တာဝန်များမှ နုတ်ထွက်ကြောင်း ဇူလိုင်လ ၂၃ ရက်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ စာဖြင့် လက်မှတ်ရေးထိုး တင်ပြခဲ့သည်ဟု သိရသည်။
.
၎င်းတို့သည် နမ့်ဟူးတောင်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင့်ချိုကဲ့သို့ မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁)ဖြင့် အရေးယူခံရမည်ကို စိုး ရွံ့ကြသဖြင့် ယခုကဲ့သို့ နုတ်ထွက်ရ ခြင်းဖြစ်ကြောင်း သိရသည်။
.
ဦးစိုင်းတင့်ချိုလို ဖြစ်မှာစိုးလို့ ပါ။ သူ့လို အုပ်ချုပ်ရေးဆိုင်ရာ ဂုဏ် ပြုလွှာရထားတဲ့သူတောင် ဖြစ်ရင် ကျွန် တော်တို့ဆို ပိုဆိုးမှာပေါ့ဟု နုတ်ထွက်စာ တင်ခဲ့သူ ရာအိမ်မှူး ဦးရောကွယ်က ပြောသည်။
.
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင့်ချိုမှာ ကျေးရွာလူထုအ တွက် ထရန်စဖော်မာ တပ်ဆင်ရန် ငွေကျပ်သိန်း ၂၀ ကို ဘဏ်မှ ထုတ်ယူ ပြီး ခေတ္တထိန်းသိမ်းထားစဉ် ဆက်ကြေး ကောက်ခံရငွေဟု ဆိုကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သဖြင့် ၎င်းအနေဖြင့်လည်း ထရန်စဖော်မာ ကိစ္စအတွက် ငွေကျပ် သိန်း ၃၀ ခန့် ပေးရန်ရှိသည် ကို သိမ်းမထားရဲကြောင်း ဦးရောကွယ်က ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ နမ့်ဟူးတောင်း ကျေး ရွာမှ ရာအိမ်မှူး ဦးစိုင်းသန်းညွန့်နှင့် ကားလမ်းပန်မောင်းရွာမှ ရာအိမ်မှူး ဦးမြင့်ကျော် တို့ကလည်း ဦးစိုင်းတင့် ချိုကဲ့သို့ ဖြစ်မည်စိုးသဖြင့် အုပ်ချုပ်ရေးတာဝန်မှ နုတ်ထွက်ရခြင်း ဖြစ်ကာ ရပ်ရွာသာရေး၊ နာရေးကိစ္စများ တွင်သာ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။
.
၎င်းတို့ ၂၂ ဦး လက်မှတ်ရေးထိုး ၍ တင်ပြခဲ့သည့် တာဝန်မှ နုတ်ထွက် ခွင့်စာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင့်ချိုနှင့်အတူ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အဖွဲ့ဝင် ၁၅ ဦးဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ တာဝန်များကို  အေးအေးချမ်းချမ်း ထမ်းဆောင်ခဲ့ကြ ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် အ ဖွဲ့အစည်းအမျိုးမျိုး စတင်ပေါ်ပေါက် လာချိန်မှစ၍ မိမိတို့အပေါ် အန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ကို စိုးရိမ်သည်အတွက် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က တာဝန်မှ နုတ်ထွက်လိုကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြခဲ့သော်လည်း နုတ်ထွက်ခွင့်မပြုခဲ့ကြောင်း၊ ဦးစိုင်းတင့်ချို အဖမ်းခံရသည့် အချိန်မှစ၍ အထွေထွေ တာဝန်များသည် မိမိတို့ အပေါ် မလွဲမသွေကျရောက်လာမည် ဖြစ်သဖြင့် အန္တရာယ်နှင့် ကြုံတွေ့ရ မည်ကို စိုးရိမ်ပူပန်သည့် အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှ စ၍ မိမိတို့သဘော ဆန္ဒအလျောက် နုတ်ထွက်ကြောင်းနှင့် ဦးစိုင်းတင့်ချို ပြန်လည်လွတ်မြောက်လာ ချိန်တွင် တာဝန်ကို ဆက်လက် ထမ်းဆောင် ရန် မိမိတို့ ပြန်လည်ရွေးချယ်မည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
အဆိုပါ နုတ်ထွက်စာကို ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ လိပ်မူပေးပို့ထားပြီး ကျောက်မဲမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ လွှတ် တော်ကိုယ်စားလှယ်များရုံး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့မရဲစခန်းများသို့ မိတ္တူ ပေးပို့ဖြန့်ဝေထားကြောင်း သိရသည်။
.
ယင်းကဲ့သို့ ရာအိမ်မှူး၊ဆယ်အိမ် မှူးများ နုတ်ထွက်မှုနှင့် ပတ်သက်၍ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)ဖြင့် ဖမ်းဆီးခံရသူကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်း တင့်ချို၏ အစ်ကို ဦးစိုင်းမြင့်ဘိုက ကျွန်တော့်ညီလို ဖြစ်မှာကြောက်လို့ နုတ်ထွက်ကြတာပါ။ ရပ်ရွာအတွက် စိတ်မကောင်း ပါဘူး။ အုပ်ချုပ်ရေး အပိုင်းမှာ ခုလိုဖြစ်လို့ အရေးယူမယ် ဆိုရင် ရှမ်းပြည်နယ်ထဲမှာရှိတဲ့ အုပ် ချုပ်ရေးမှူးတွေ အားလုံးလိုလို ခံရမှာ ပါပဲဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
နမ့်ဟူးတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင့်ချိုအား တပ်မတော်မှ တရားလို ပြုလုပ်ကာ တရားစွဲဆိုထားသဖြင့် လက်ရှိတွင် ကျောက်မဲမြို့မရဲစခန်းမှ (ပ) ၁၅၁/ ၂၀၁၉(ဈ)မတရားအသင်း ဆက်သွယ် မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးချုပ် နှောင် ထားရှိကာတရားရင်ဆိုင်နေရ ကြောင်း သိရသည်။
.
အဆိုပါကိစ္စများနှင့် ပတ်သက်၍ ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်  မြောက်ပုံမှန်အစည်းအဝေး ပထမနေ့တွင် ကျောက်မဲမြို့နယ်မဲဆန္ဒနယ် အ မှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းထွန်းဉာဏ်က မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ မိုးမိတ် ခရိုင်အပြင် ပလောင်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တရားရုံးများတွင် မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရား ရင်ဆိုင်နေရသော အမှုနှင့် တရားခံ အရေအတွက်ကို သိရှိလိုကြောင်းမေးခွန်းမေးမြန်းရာ ရှမ်းပြည်နယ်တ ရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ တရားရုံးများတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၁၇ (၂)အ ရ တရားစွဲဆိုထားသော အမှုပေါင်း ၁ မှုရှိပြီး စုစုပေါင်း တရားခံ ၁ ဦး၊ လားရှိုးတွင် အမှုပေါင်း ၃ မှုရှိပြီး စုစု ပေါင်း တရားခံ ၅ ဦး၊ ကျောက်မဲ တွင် အမှုပေါင်း ၇ မှုရှိပြီး စုစုပေါင်း တရားခံ ၈ ဦးရှိကြောင်းပြန်လည် ဖြေကြားထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats