ကျောက်မဲမြို့၊ စိန်ကျောက်တောင်ဘုန်းတော်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွား - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Boxed(True/False)
Treasure Palace Hotel
Photo of three cats
Sunday, August 11, 2019
ကောင်းမွန်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၃)၊ မန်နားရပ်ရှိ စိန်ကျောက်တောင် ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ ဩဂုတ်လ ၁၁ ရက်၊ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အမှတ် (၃) ရပ်ကွက်၊ မန်နားရပ်ရှိ စိန်ကျောက်တောင် ဘုန်းတော်ကြီးကျောင်းတွင် နံနက် ၇ နာရီခွဲခန့်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် မီးအားငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
.
.
.
============================================================
ကျောက်မဲမြို့၊ စိန်ကျောက်တောင်ဘုန်းတော်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွား
.
ကောင်းမွန်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၃)၊ မန်နားရပ်ရှိ စိန်ကျောက်တောင် ဘုုန်းတော်ကြီးကျောင်းတွင် ယနေ့ ဩဂုတ်လ ၁၁ ရက်၊ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အမှတ် (၃) ရပ်ကွက်၊ မန်နားရပ်ရှိ စိန်ကျောက်တောင် ဘုန်းတော်ကြီးကျောင်းတွင် နံနက် ၇ နာရီခွဲခန့်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းမီးငြိှမ်းသတ်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် မီးအားငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
"ဝါယာရှော့ခ်ဖြစ်ပြီးလောင်တာပါ။ ဘုန်းကြီးကျောင်းဆိုတော့ အထဲမှာ အလှူပစ္စည်းတွေ စောင်တွေ ရှိတယ်။ အတွင်းကလောင်တာတဲ့အခါ ကျတော့ လောင်စာတွေနဲ့ မြန်သွားတာ" ဟု ကျောက်မဲ မြို့၊ ဇိဝိတဒါနလူမှုကူညီရေး အသင်းမှ ဦးတင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ကျောက်မဲမြို့နယ်မီးသတ်ဦးစီးဌာနသို့ ကမေ႓ာဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ မီးငြိှမ်းသွားတဲ့အဖွဲ့တွေ ပြန်မလာသေးပါဘူး။ သူတို့ပြန်လာမှ သိရမှာပါဟု ပြန်လည်ဖြေကြားခဲ့သည်။
.
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ လူသူထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မသိရှိရသေးချေ။
.
No comments:
Post a Comment
Journal Download
Photo of three cats