ျမန္မာႏိုင္ငံ တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္းမွ ပအိုဝ္းႏွင့္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားသို႔ လာေရာက္ ေလ့လာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, August 5, 2019

ျမန္မာႏိုင္ငံ တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္းမွ ပအိုဝ္းႏွင့္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားသို႔ လာေရာက္ ေလ့လာ


ထြန္းလြင္
.
ျမန္မာႏိုင္ငံ တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္း (Myanmar Ethnic Entrepreurs) အမႈေဆာင္ႏွင့္ တာဝန္ရွိသူမ်ားသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသႏွင့္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားသို႔ လာေရာက္ေလ့လာၿပီး တိုင္းရင္းသားလုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆံုခဲ့ေၾကာင္း သိရသည္။
.
.
အဆိုပါ အဖြဲ႕သည္ ဩဂုတ္လ ၃ ရက္က ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္တလံုးႀကီးၿမိဳ႕ရွိ ပအိုဝ္းအမ်ိဳးသား အဖြဲ႕ခ်ဳပ္ နာယက ဦးေအာင္ခမ္းထီႏွင့္ ေတြ႕ဆံုၿပီး စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
.
ထိုသို႔ ေတြ႕ဆံုရာတြင္ ျမန္မာႏိုင္ငံတိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေယာဆက္၊ အေထြေထြ အတြင္းေရးမွဴးႏွင့္ အဖြဲ႕ဝင္မ်ား၊ ဗမာ၊ မြန္၊ ရခိုင္၊ ရွမ္း၊ ကခ်င္၊ ကယား၊ ခ်င္း၊ ဓႏု၊ ကိုးကန္႔ စသည့္ေဒသမ်ားမွ တိုင္း ရင္းသားလုပ္ငန္းရွင္အသင္း ကိုယ္စားလွယ္မ်ားႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကၿပီး ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ နာယက ဦးေအာင္ခမ္းထီမွ တိုင္းရင္းသားကိုယ္စားလွယ္ေပါင္းစံု လာေရာက္တြ႕ဆံုၾကသည့္အတြက္ ဝမ္းေျမာက္ ပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ တိုင္းရင္းသားလူမ်ိဳးေပါင္း ၁၃၅ မ်ိဳး ေနထိုင္လ်က္ရွိၿပီး စည္းစည္းလံုးလံုး ညီညီၫြတ္ ၫြတ္ျဖင့္ ေရွ႕ဆက္လက္တြဲၿပီး ဝိုင္းဝန္းႀကိဳးပန္းၾကေစလိုေၾကာင္း ေျပာၾကားခဲ့သည္။
.
ထို႔ေနာက္ ျမန္မာႏိုင္ငံတိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေယာဆက္ႏွင့္ အေထြေထြအတြင္း ေရးမွဴးတို႔က တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္းသည္ ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားမ်ားအားလံုးျဖင့္ ဖြဲ႕စည္းထား ျခင္းျဖစ္ေၾကာင္း၊ ပအိုဝ္းလုပ္ငန္းရွင္မ်ားအသင္းကို ဦးေအာင္ခမ္းထီ၏ လမ္းၫႊန္မႈျဖင့္ စနစ္တက် ဖြဲ႕စည္းသြားေစ လိုပါေၾကာင္း၊ ျမန္မာႏိုင္ငံအတြင္းရွိ တိုင္းရင္းသားအားလံုးႏွင့္ ပူးေပါင္းၿပီး စီးပြားေရးေကာင္းမြန္သည့္ အဖြဲ႕မ်ား ျဖစ္ ေအာင္ တိုင္းရင္းသားအားလံုး ပူးေပါင္းေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း၊ ပအိုဝ္းေဒသအတြင္းရွိ စီးပြားေရးလုပ္ငန္း မ်ား၊ တိုင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ရင္းႏွီးမႈ ရရွိလာေစေရးႏွင့္ ျမန္မာႏိုင္ငံတိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္း ဖြဲ႕စည္းေရးႏွင့္ အသင္း၏ ရည္ရြယ္ခ်က္မ်ားကို ရွင္းလင္းေျပာၾကားခဲ့သည္။
.
"ကြ်န္ေတာ္တို႔ အဘေအာင္ခမ္းထီနဲ႔ လာေရာက္ေတြဆံုတာကေတာ့ အသင္းဖဲြ႔စည္းခြင့္နဲ႔ အႀကံဥာဏ္ ေတြေတာင္းမယ္ေပါ့။ အခုလို လာေရာက္ေတြ႕ဆံုတဲ့အခါမွာ ေႏြးေႏြးေထြးေထြး ႀကိဳဆိုတာ အရမ္းဝမ္းသာဖို႔ ေကာင္း ပါတယ္။ အဘေျပာၾကားတဲ့ စကားမွာ တိုင္းရင္းသားေတြ ပူးေပါင္းေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္သလို ျမန္မာ ျပည္စီးပြားေရးအတြက္လည္း ေအာင္ျမင္ေအာင္ ေဖာ္ေဆာင္ႏိုင္ပါေစ ဆိုတဲ့စကားဟာ အေတာ္ေကာင္းပါတယ္။ တိုင္းရင္းသားေတြ ေတြ႕ဆံုဖို႔ ကြန္ရက္တည္ေဆာက္သြားမယ္။ ဝက္ဘ္ဆိုဒ္လုပ္မယ္။ အဲဒီမွာ အဖြဲ႕လိုက္ခြဲၿပီး ေတြ႕ဆံုဖို႔ လုပ္သြားမယ္။ ဒါမွသာ တိုင္းရင္းသားေတြ ဖြံ႕ၿဖိဳးလာမယ္။ ျမန္မာႏိုင္ငံ တိုးတက္ဖို႔ အေထာက္အကူျပဳ လာမွာျဖစ္ပါတယ္ဟု ျမန္မာႏိုင္ငံတိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္း တြဲဘက္အတြင္းေရးမွဴး ေဒါက္တာေအာင္ရဲ ေဇာ္က ေျပာသည္။
.
ထို႔အတူ ဟိုပံုးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခြန္ေအာင္ေက်ာ္ကလည္း တိုင္းရင္းသားလုပ္ ငန္းရွင္မ်ားအသင္းအေနနဲ႔ တစ္ႏိုင္ငံလံုးမွာ က်ယ္က်ယ္ျပန္႔ျပန္႔လႈပ္ရွား ႏိုင္တဲ့ ဒီလိုပြဲမ်ိဳး ေပၚလာေတာ့ ကၽြန္ေတာ္ တို႔ အေနနဲ႔ ဝမ္းသာႀကိဳဆိုပါတယ္။ ဒီလိုအသင္းနဲ႔ ခ်ိတ္ဆက္ရတဲ့အတြက္ ေဒသအတြက္ေရာ၊ လူမ်ိဳးအတြက္ေရာ ဒီကေန ျပည္ေထာင္စုအက်ိဳးကိုပါ ေဆာင္ရြက္ႏိုင္မယ္လို႔ ယံုၾကည္ပါတယ္ဟု ၎၏အျမင္ကို ေျပာဆိုခဲ့သည္။
.
ဆက္လက္ၿပီး ျမန္မာႏိုင္ငံ တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေတာင္ႀကီး- ေက်ာက္တလံုးႀကီးသြား ကားလမ္းေဘး ဝင္းယစံျပေက်းရြာရွိ ျခံပိုင္ရွင္ ဦးခြန္သိန္းေမာင္၏ ျခံအတြင္း အာလူးစိုက္ ပ်ိဳးထားရွိမႈအေျခအေနႏွင့္ လမ္းေဘးဝဲယာရွိ ေဒသခံေတာင္သူမ်ား စိုက္ပ်ိဳးထားသည့္ ေထာပတ္ျခံမ်ားအား ေလ့ လာၾကည့္႐ႈခဲ့ေၾကာင္း သိရသည္။
.
အဆိုပါအဖြဲ႕သည္ ဩဂုတ္လ ၄ ရက္တြင္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမိဳ႕ရွိ ေနာင္ေတာင္း ပရဟိတဘုန္းေတာ္ႀကီးေက်ာင္းသင္ ပညာေရးေက်ာင္းသို႔ သြားေရာက္ခဲ့ၿပီး ဩဂုတ္လ ၅ ရက္တြင္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသ၊ ပင္းတယၿမိဳ႕၌လည္းေကာင္း၊ ဩဂုတ္လ ၆ ရက္တြင္ ရြာငံၿမိဳ႕၊ ဗထူးခန္းမ၌လည္းေကာင္း ေဒသခံမ်ား၊ လုပ္ငန္းရွင္အစုအဖြဲ႕မ်ား၊ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆံုမည္ျဖစ္ကာ ဩဂုတ္လ ၇ ရက္တြင္ ဆင္ဆာျပားသဘာဝ ေရဝင္ဂူႏွင့္ အမရာေကာ္ဖီစက္႐ံုတို႔ကို သြားေရာက္ၾကည့္႐ႈ ေလ့လာသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
============================================================
မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ပအိုဝ်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ လာရောက် လေ့လာ
.
ထွန်းလွင်
.
မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (Myanmar Ethnic Entrepreurs) အမှုဆောင်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ လာရောက်လေ့လာပြီး တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
အဆိုပါ အဖွဲ့သည် ဩဂုတ်လ ၃ ရက်က တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီနှင့် တွေ့ဆုံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးယောဆက်၊ အထွေထွေ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကယား၊ ချင်း၊ ဓနု၊ ကိုးကန့် စသည့်ဒေသများမှ တိုင်း ရင်းသားလုပ်ငန်းရှင်အသင်း ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီမှ တိုင်းရင်းသားကိုယ်စားလှယ်ပေါင်းစုံ လာရောက်တွ့ဆုံကြသည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး နေထိုင်လျက်ရှိပြီး စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်ဖြင့် ရှေ့ဆက်လက်တွဲပြီး ဝိုင်းဝန်းကြိုးပန်းကြစေလိုကြောင်း ပြောကြားခဲ့သည်။
.
ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးယောဆက်နှင့် အထွေထွေအတွင်း ရေးမှူးတို့က တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအားလုံးဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်ကြောင်း၊ ပအိုဝ်းလုပ်ငန်းရှင်များအသင်းကို ဦးအောင်ခမ်းထီ၏ လမ်းညွှန်မှုဖြင့် စနစ်တကျ ဖွဲ့စည်းသွားစေ လိုပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးနှင့် ပူးပေါင်းပြီး စီးပွားရေးကောင်းမွန်သည့် အဖွဲ့များ ဖြစ် အောင် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်း များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ရင်းနှီးမှု ရရှိလာစေရေးနှင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရေးနှင့် အသင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
.
"ကျွန်တော်တို့ အဘအောင်ခမ်းထီနဲ့ လာရောက်တွေဆုံတာကတော့ အသင်းဖွဲ့စည်းခွင့်နဲ့ အကြံဉာဏ် တွေတောင်းမယ်ပေါ့။ အခုလို လာရောက်တွေ့ဆုံတဲ့အခါမှာ နွေးနွေးထွေးထွေး ကြိုဆိုတာ အရမ်းဝမ်းသာဖို့ ကောင်း ပါတယ်။ အဘပြောကြားတဲ့ စကားမှာ တိုင်းရင်းသားတွေ ပူးပေါင်းအောင်မြင်အောင် ဆောင်ရွက်နိုင်သလို မြန်မာ ပြည်စီးပွားရေးအတွက်လည်း အောင်မြင်အောင် ဖော်ဆောင်နိုင်ပါစေ ဆိုတဲ့စကားဟာ အတော်ကောင်းပါတယ်။ တိုင်းရင်းသားတွေ တွေ့ဆုံဖို့ ကွန်ရက်တည်ဆောက်သွားမယ်။ ဝက်ဘ်ဆိုဒ်လုပ်မယ်။ အဲဒီမှာ အဖွဲ့လိုက်ခွဲပြီး တွေ့ဆုံဖို့ လုပ်သွားမယ်။ ဒါမှသာ တိုင်းရင်းသားတွေ ဖွံ့ဖြိုးလာမယ်။ မြန်မာနိုင်ငံ တိုးတက်ဖို့ အထောက်အကူပြု လာမှာဖြစ်ပါတယ်ဟု မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာအောင်ရဲ ဇော်က ပြောသည်။
.
ထို့အတူ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်ကလည်း တိုင်းရင်းသားလုပ် ငန်းရှင်များအသင်းအနေနဲ့ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှား နိုင်တဲ့ ဒီလိုပွဲမျိုး ပေါ်လာတော့ ကျွန်တော် တို့ အနေနဲ့ ဝမ်းသာကြိုဆိုပါတယ်။ ဒီလိုအသင်းနဲ့ ချိတ်ဆက်ရတဲ့အတွက် ဒေသအတွက်ရော၊ လူမျိုးအတွက်ရော ဒီကနေ ပြည်ထောင်စုအကျိုးကိုပါ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ဆက်လက်ပြီး မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တောင်ကြီး- ကျောက်တလုံးကြီးသွား ကားလမ်းဘေး ဝင်းယစံပြကျေးရွာရှိ ခြံပိုင်ရှင် ဦးခွန်သိန်းမောင်၏ ခြံအတွင်း အာလူးစိုက် ပျိုးထားရှိမှုအခြေအနေနှင့် လမ်းဘေးဝဲယာရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ထောပတ်ခြံများအား လေ့ လာကြည့်ရှုခဲ့ကြောင်း သိရသည်။
.
အဆိုပါအဖွဲ့သည် ဩဂုတ်လ ၄ ရက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ နောင်တောင်း ပရဟိတဘုန်းတော်ကြီးကျောင်းသင် ပညာရေးကျောင်းသို့ သွားရောက်ခဲ့ပြီး ဩဂုတ်လ ၅ ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပင်းတယမြို့၌လည်းကောင်း၊ ဩဂုတ်လ ၆ ရက်တွင် ရွာငံမြို့၊ ဗထူးခန်းမ၌လည်းကောင်း ဒေသခံများ၊ လုပ်ငန်းရှင်အစုအဖွဲ့များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကာ ဩဂုတ်လ ၇ ရက်တွင် ဆင်ဆာပြားသဘာဝ ရေဝင်ဂူနှင့် အမရာကော်ဖီစက်ရုံတို့ကို သွားရောက်ကြည့်ရှု လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats