က်ိဳင္းတံုတြင္ စက္သံုးဆီသယ္ယာဥ္ႏွင့္ စက္သံုးဆီကိုင္တြယ္ထိန္းသိမ္းျခင္းသင္တန္း ဖြင့္လွစ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, August 12, 2019

က်ိဳင္းတံုတြင္ စက္သံုးဆီသယ္ယာဥ္ႏွင့္ စက္သံုးဆီကိုင္တြယ္ထိန္းသိမ္းျခင္းသင္တန္း ဖြင့္လွစ္


ထက္တိုင္းေက်ာ္
.
စက္သံုးဆီသယ္ယာဥ္ ကိုင္တြယ္ထိန္းသိမ္းျခင္းသင္တန္း အမွတ္စဥ္ (/၂၀၁၉) ႏွင့္ စက္သံုးဆီ ကိုင္တြယ္ ထိန္းသိမ္းျခင္း အေျခခံသင္တန္း (၁၀/၂၀၁၉) ကို ဩဂုတ္လ ၉ ရက္က ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕ရွိ ျမန္မာ့ေရနံထြက္ပစၥည္း ေရာင္းဝယ္ေရးလုပ္ငန္း၊ ျပည္နယ္ေရာင္းဝယ္ေရးအရာရွိ႐ံုး၊ အစည္းအေဝးခန္းမ၌ ဖြင့္လွစ္ ခဲ့ေၾကာင္း သိရသည္။
.
.
ဒီသတင္းကေန မိမိတို႔ေဒသမွာ ျပည္သူအတြက္ ေကာင္းမြန္တဲ့ ဝန္ေဆာင္မႈကို ေပးႏိုင္မွာျဖစ္ပါတယ္။ သင္တန္းကေန ေဘးကင္းလံုျခံဳစိတ္ခ်ရဲ႕ စက္သံုးဆီျဖန္႔ခ်ိေရာင္းခ်ျခင္းဆိုင္ရာ နည္းစနစ္ေတြနဲ႔ ဆီသယ္ယာဥ္ ေမာင္းေတြအတြက္ ဘယ္လိုကိုင္တြယ္ထိန္းသိမ္းရမယ္ဆိုတာေတြကို သင္ၾကားပို႔ခ်သြားမွာျဖစ္ပါတယ္ဟု ရွမ္း ျပည္နယ္အေရွ႕ပိုင္း ျမန္မာ့ေရနံထြက္ပစၥည္းေရာင္းဝယ္ေရးလုပ္ငန္းမွ ျပည္နယ္ေရာင္းဝယ္ေရးအရာရွိ ဦးစိုင္းယီ ဆံခတ္မွ ေျပာဆိုခဲ့သည္။
.
ကၽြန္မက စက္သံုးဆီအေရာင္းဆိုင္မွာ ဝန္ထမ္းလုပ္ေနတာ သိပ္မၾကာေသးပါဘူး။ သမီးတို႔ေရွ႕က ဆီ အေရာင္းဝန္ထမ္းတိုင္း ဒီသင္တနး္ကို တက္ရတယ္လို႔ သိရၿပီး စနစ္တက်နဲ႔ စက္သံုးဆီ ကိုင္တြယ္ထိန္းသိမ္းေရးမွာ ခုသင္တန္းကေန အေထာက္အကူျဖစ္ေစမယ္လို႔ ထင္ပါတယ္ဟု တာခ်ီလိတ္ၿမိဳ႕မွ သင္တန္းတက္ေရာက္လာသူ တစ္ဦးက ၎၏အျမင္ကို ေျပာဆိုခဲ့သည္။
.
က်ိဳင္းတံုၿမိဳ႕တြင္ ယခုျပဳလုပ္သည့္ စက္သံုးဆီယာဥ္ ကိုင္တြယ္ထိန္းသိမ္းျခင္းသင္တန္းမွာ ပထမဆံုးအႀကိမ္ ျဖစ္ၿပီး စက္သံုးဆီကိုင္တြယ္ထိန္းသိမ္းျခင္းသင္တန္းကို ၁၀ ႀကိမ္ေျမာက္အျဖစ္ ဖြင့္လွစ္ႏိုင္ျခင္းျဖစ္ေၾကာင္း သိရ သည္။
.
သင္တန္းတြင္ ျမန္မာ့ေရနံထြက္ပစၥည္းေရာင္းဝယ္ေရးလုပ္ငန္အျပင္ က်ိဳင္းတံုၿမိဳ႕ရွိ အမွတ္ (၁၁၈) ယာဥ္ ထိန္းရဲတပ္ဖြဲ႕စုမွဴး႐ံုးႏွင့္ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနတို႔မွလည္း ယာဥ္စည္းကမ္းလမ္းစည္းကမ္းအသိပညာေပးေဆြး ေႏြးျခင္းႏွင့္ အေျခခံမီးၿငိႇမ္းသတ္နည္း လက္ေတြ႕သ႐ုပ္ျပသ သင္ၾကားျခင္းတို႔ကို ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ သင္တန္းသို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ က်ိဳင္းတံု၊ မိုင္းပ်ဥ္း၊ တာခ်ီလိတ္ႏွင့္ မိုင္းဆတ္ၿမိဳ႕နယ္ မ်ားမွ စက္သံုးဆီသယ္ယာဥ္ေမာင္း ၂၀ ဦးႏွင့္ စက္သံုးဆီအေရာင္းဝန္ထမ္း ၂၈ ဦးတို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
.
============================================================
ကျိုင်းတုံတွင် စက်သုံးဆီသယ်ယာဉ်နှင့် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်းသင်တန်း ဖွင့်လှစ်
.
ထက်တိုင်းကျော်
.
စက်သုံးဆီသယ်ယာဉ် ကိုင်တွယ်ထိန်းသိမ်းခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၁၉) နှင့် စက်သုံးဆီ ကိုင်တွယ် ထိန်းသိမ်းခြင်း အခြေခံသင်တန်း (၁၀/၂၀၁၉) ကို ဩဂုတ်လ ၉ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံး၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
.
ဒီသတင်းကနေ မိမိတို့ဒေသမှာ ပြည်သူအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုကို ပေးနိုင်မှာဖြစ်ပါတယ်။ သင်တန်းကနေ ဘေးကင်းလုံခြုံစိတ်ချရဲ့ စက်သုံးဆီဖြန့်ချိရောင်းချခြင်းဆိုင်ရာ နည်းစနစ်တွေနဲ့ ဆီသယ်ယာဉ် မောင်းတွေအတွက် ဘယ်လိုကိုင်တွယ်ထိန်းသိမ်းရမယ်ဆိုတာတွေကို သင်ကြားပို့ချသွားမှာဖြစ်ပါတယ်ဟု ရှမ်း ပြည်နယ်အရှေ့ပိုင်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ပြည်နယ်ရောင်းဝယ်ရေးအရာရှိ ဦးစိုင်းယီ ဆံခတ်မှ ပြောဆိုခဲ့သည်။
.
ကျွန်မက စက်သုံးဆီအရောင်းဆိုင်မှာ ဝန်ထမ်းလုပ်နေတာ သိပ်မကြာသေးပါဘူး။ သမီးတို့ရှေ့က ဆီ အရောင်းဝန်ထမ်းတိုင်း ဒီသင်တနး်ကို တက်ရတယ်လို့ သိရပြီး စနစ်တကျနဲ့ စက်သုံးဆီ ကိုင်တွယ်ထိန်းသိမ်းရေးမှာ ခုသင်တန်းကနေ အထောက်အကူဖြစ်စေမယ်လို့ ထင်ပါတယ်ဟု တာချီလိတ်မြို့မှ သင်တန်းတက်ရောက်လာသူ တစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့တွင် ယခုပြုလုပ်သည့် စက်သုံးဆီယာဉ် ကိုင်တွယ်ထိန်းသိမ်းခြင်းသင်တန်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်းသင်တန်းကို ၁၀ ကြိမ်မြောက်အဖြစ် ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရ သည်။
.
သင်တန်းတွင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်အပြင် ကျိုင်းတုံမြို့ရှိ အမှတ် (၁၁၈) ယာဉ် ထိန်းရဲတပ်ဖွဲ့စုမှူးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှလည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဆွေး နွေးခြင်းနှင့် အခြေခံမီးငြိှမ်းသတ်နည်း လက်တွေ့သရုပ်ပြသ သင်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ် များမှ စက်သုံးဆီသယ်ယာဉ်မောင်း ၂၀ ဦးနှင့် စက်သုံးဆီအရောင်းဝန်ထမ်း ၂၈ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats