အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ က်ိဳင္းတံုတြင္ ေတြ႕ဆံုေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, August 31, 2019

အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ က်ိဳင္းတံုတြင္ ေတြ႕ဆံုေန


ကေမ႓ာဇတိုင္း
.
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၄ ဖြဲ႕တို႔ သည္ ယေန႔ ဩဂုတ္လ ၃၁ ရက္၊ နံနက္ပိုင္းက က်ိဳင္းတံုၿမိဳ႕ရွိ Amazing Kentong Resort ဟိုတယ္၌ ေတြ႕ဆံု ေဆြးေႏြးလ်က္ ရွိေၾကာင္း သိရသည္။
.


.
ထိုသို႔ေတြ႕ဆံုရာတြင္ အစိုးရ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ ဒုတိယဥကၠဌ ဦးသိန္းေဇာ္ႏွင့္ အဖြဲ႕ဝင္မ်ား  တက္ေရာက္လ်က္ရွိၿပီး ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ျဖစ္ေသာ ကခ်င္ လြတ္ေျမာက္ေရးတပ္မေတာ္ (KIA)၊ တအာင္းပေလာင္အမ်ိဳးသားတပ္မေတာ္ (TNLA)၊ ျမန္မာအမ်ိဳးသား ဒီမိုကေရစီမဟာမိတ္တပ္မေတာ္ (ကိုးကန္႔) (MNDAA) ႏွင့္ ရခိုင့္တပ္မေတာ္ (AA) မွ တာဝန္ရွိသူမ်ား တက္ေရာက္ ေဆြးေႏြးလ်က္ရွိေၾကာင္း သိရသည္။
.
အဆိုပါ ေတြ႕ဆံုမႈတြင္ ပဏာမ အပစ္ရပ္စာခ်ဳပ္တြင္ ႏွစ္ဘက္တပ္မ်ား တပ္စြဲမည့္ကိစၥ၊ လိုက္နာရမည့္ စည္းကမ္းမ်ားကို ေဆြးေႏြးသြားရန္ ရွိမည္ျဖစ္ေၾကာင္း TNLA မွ သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ေျပာဆိုထားသည္။
.
ေဆြးေႏြးပြဲအၿပီး ညေနပိုင္းတြင္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္၍ သတင္းမီဒီယာမ်ားအား သတင္းထုတ္ျပန္ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
============================================================
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံတွင် တွေ့ဆုံနေ
.
ကမ္ဘောဇတိုင်း
.
ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့တို့ သည် ယနေ့ ဩဂုတ်လ ၃၁ ရက်၊ နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ Amazing Kentong Resort ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးလျက် ရှိကြောင်း သိရသည်။
.
ထိုသို့တွေ့ဆုံရာတွင် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ  တက်ရောက်လျက်ရှိပြီး မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သော ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းပလောင်အမျိုးသားတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (ကိုးကန့်) (MNDAA) နှင့် ရခိုင့်တပ်မတော် (AA) မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ တွေ့ဆုံမှုတွင် ပဏာမ အပစ်ရပ်စာချုပ်တွင် နှစ်ဘက်တပ်များ တပ်စွဲမည့်ကိစ္စ၊ လိုက်နာရမည့် စည်းကမ်းများကို ဆွေးနွေးသွားရန် ရှိမည်ဖြစ်ကြောင်း TNLA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောဆိုထားသည်။
.
ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ သတင်းမီဒီယာများအား သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats