ကျိုင်းတုံမြို့ရှိ မော်တော်ယာဉ်လိုင်းတွင် IKBZ အာမခံလုပ်ငန်းအကြောင်း တွေ့ဆုံရှင်းလင်း - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Boxed(True/False)
Treasure Palace Hotel
Photo of three cats
Sunday, August 4, 2019
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ မော်တော်ယာဉ်လိုင်းဂိတ်များမှ ဂိတ်တာဝန်ရှိသူများနှင့် ယာဉ်ပိုင်ရှင်များအား ဇူလိုင်လ ၃၀ ရက်၊ နံနက်ပိုင်းက မြို့နယ်မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ထိန်းသိမ်းရေးရုံး IKBZ အာမခံလုပ်ငန်းအကြောင်း တွေ့ဆုံရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
.
အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း (IKBZ) တွင် ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်သည့် အာမခံ အမျိုးအစားများလည်း ပါဝင်ပြီး တရားဝင် မော်တော်ယာဉ်မျိုးစုံနှင့် ရွေ့လျားနိုင်သော ယာဉ်၊ ယန္တရားများ အားလုံး၊ မည်သည့်စက်တပ်ယာဉ်မဆို မော်တော်ယာဉ်အလုံးစုံ အာမခံထားနိုင်ကာ ပြည်တွင်း/ပြည်ပသို့ ခရီးသွား မည့်သူများလည်း အသက်အရွယ်မရွေး ခရီးသွားအာမခံ ထားနိုင်ကြောင်း သိရသည်။
.
.
.
.
အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း (IKBZ) ရုံးခွဲများကို ရှမ်းပြည်နယ်အတွင်း တောင်ကြီးမြို့၊ လားရှိုးမြို့နှင့် ကျိုင်းတုံမြို့တို့တွင် ဖွင်လှစ်ထားပြီး တာချီလိတ်တွင် ရုံးခွဲသစ် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
============================================================
ကျိုင်းတုံမြို့ရှိ မော်တော်ယာဉ်လိုင်းတွင် IKBZ အာမခံလုပ်ငန်းအကြောင်း တွေ့ဆုံရှင်းလင်း
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ မော်တော်ယာဉ်လိုင်းဂိတ်များမှ ဂိတ်တာဝန်ရှိသူများနှင့် ယာဉ်ပိုင်ရှင်များအား ဇူလိုင်လ ၃၀ ရက်၊ နံနက်ပိုင်းက မြို့နယ်မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ထိန်းသိမ်းရေးရုံး ၌ IKBZ အာမခံလုပ်ငန်းအကြောင်း တွေ့ဆုံရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
အပြည်ပြည်ဆိုင်ရာ ကမေ႓ာဇအာမခံလုပ်ငန်း (IKBZ) တွင် ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်သည့် အာမခံ အမျိုးအစားများလည်း ပါဝင်ပြီး တရားဝင် မော်တော်ယာဉ်မျိုးစုံနှင့် ရွေ့လျားနိုင်သော ယာဉ်၊ ယန္တရားများ အားလုံး၊ မည်သည့်စက်တပ်ယာဉ်မဆို မော်တော်ယာဉ်အလုံးစုံ အာမခံထားနိုင်ကာ ပြည်တွင်း/ပြည်ပသို့ ခရီးသွား မည့်သူများလည်း အသက်အရွယ်မရွေး ခရီးသွားအာမခံ ထားနိုင်ကြောင်း သိရသည်။
.
ခရီးသွားအာမခံလုပ်ငန်းအတွက် ပြည်တွင်း တစ်ရက်ခရီးစဉ်ကနေ ၃ လခရီးအထိ ပရီမီယံနှုန်းထားကို ၁၀၀ ကျပ်ကစပြီး ၅၀၀ ကျပ်အထိ ရှိပါတယ်။ လမ်းခရီးမှာ မတော်တဆဖြစ်စဉ်မျိုး ဘေးအန္တရာယ် ကြုံရပြီး ထိခိုက် ပွန်းပဲ့တာနဲ့ ကိုယ်အင်္ဂါ ပျက်စီးတာ၊ သေဆုံးတာ ဖြစ်ခဲ့ရင် သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းအတိုင်း IKBZ ကလျော်ကြေး ပေးပါတယ်ဟု IKBZ မှ လက်ထောက်မန်နေဂျာ ဦးညွန့်အိမ်ကောင်းက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးဟန်သင်းက ကျွန်တော်က ယာဉ်မတော်တဆဖြစ်စဉ် ကြုံရတိုင်း ယာဉ်နဲ့ ခရီးသည် ထိခိုက်သေဆုံးမှုတွေ အတွက် IKBZ နဲ့ ချိတ်ဆက်ပြီး အကူအညီတွေ ပေးရဖူးပါတယ်။ လျော်ကြေးအတွက် ခေါင်းခဲရတတ်တဲ့ ယာဉ်ပိုင်ရှင်မှာ အထောက်အကူတွေ အများကြီးဖြစ်စေပါတယ်ဟု ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ်တွင် မော်တော်ယာဉ်လိုင်းဂိတ် ၃၀ ကျော် ရှိနေသော်လည်း IKBZ နှင့် ချိတ်ဆက်၍ ယာဉ်နှင့် ခရီးသွားအာမခံထားသည့် ယာဉ်လိုင်းမျာ ၁၃ လိုင်းခန့်သာ ရှိသေးကြောင်း သိရသည်။
.
အပြည်ပြည်ဆိုင်ရာ ကမေ႓ာဇအာမခံလုပ်ငန်း (IKBZ) ရုံးခွဲများကို ရှမ်းပြည်နယ်အတွင်း တောင်ကြီးမြို့၊ လားရှိုးမြို့နှင့် ကျိုင်းတုံမြို့တို့တွင် ဖွင်လှစ်ထားပြီး တာချီလိတ်တွင် ရုံးခွဲသစ် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
No comments:
Post a Comment
Journal Download
Photo of three cats