၂၀၂၀ ေရြးေကာက္ပြဲတြင္ တပ္တြင္း မဲ႐ံုမ်ား မထားရွိေရးအတြက္ ျပင္ဆင္ထားဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 2, 2019

၂၀၂၀ ေရြးေကာက္ပြဲတြင္ တပ္တြင္း မဲ႐ံုမ်ား မထားရွိေရးအတြက္ ျပင္ဆင္ထားဟု ဆို


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္း တံုၿမိဳ႕မွ ႏိုင္ငံေရးပါတီမ်ားႏွင့္ ျပည္ ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္မ်ား ေတြ႕ဆံုပြဲကို ဇူလိုင္လ ၂၄ ရက္က က်ိဳင္းတံုၿမိဳ႕ရွိ တိုင္းလိယဥ္ ေက်းမႈခန္းမတြင္ ျပဳလုပ္ရာ အဆို ပါ ေတြ႕ဆံုပြဲတြင္ ျပည္ေထာင္စုေရြး ေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ ဦးသန္း ေဌးက ၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေရြးေကာက္ပြဲ က်င္းပခ်ိန္တြင္ တပ္တြင္းမဲ႐ံုမ်ား မထားရွိေရးအတြက္ ျပင္ဆင္ ေဆာင္ရြက္ထားသည္ဟု ေျပာဆိုခဲ့သည္။
.
.
အဆိုပါ ေတြ႕ဆံုပြဲတြင္ က်ိဳင္းတံု ၿမိဳ႕နယ္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ပါတီဥကၠဌ ေဒၚနန္းမြန္းတြီက ၂၀၂၀ ေရြးေကာက္ ပြဲတြင္ တပ္တြင္းမဲ႐ံုမ်ား မထားရွိေရး အတြက္ ျပင္ဆင္ထားျခင္း ရွိ/မရွိ ေဆြးေႏြးေမးျမန္းမႈကို ဦးသန္းေဌးက ယင္းကဲ့သို႔ ျပန္လည္ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
.
ကြ်န္မအေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲ က်င္းပေပးခ်ိန္မွာ အရင္လုပ္ခဲ့တဲ့ ေရြးေကာက္ပြဲေတြလိုပဲ တပ္တြင္း မဲ႐ံုေတြကို ထားဦးမွာလား၊ မထားေတာ့ဘူးလားဆိုတာ သိခ်င္လို႔ ေဆြးေႏြးေမးျမန္းခဲ့ပါတယ္ဟု ေဒၚ နန္းမြန္းတြီက ေျပာသည္။
.
က်ိဳင္းတံုၿမိဳ႕တြင္ က်င္းပၿပီးစီးခဲ့ သည့္ ၂၀၁၀ ႏွင့္ ၂၀၁၅ ခုႏွစ္ ျပည္ လံုးကြ်တ္ အေထြေထြ ေရြးေကာက္ ပြဲမ်ား၌ တပ္တြင္း မဲ႐ံုမ်ားတြင္ တပ္မေတာ္သားမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ားက ႀကိဳတင္မဲေပးခဲ့ရၿပီး ယင္းကဲ့သို႔ ႀကိဳတင္ မဲေပးျခင္းႏွင့္ ပတ္သက္၍ အျငင္းပြားဖြယ္ရာ ကိစၥအခ်ိဳ႕ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
.
ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္က က်င္းပျပဳလုပ္ခဲ့သည့္ ျပည္လံုးကြ်တ္ အေထြေထြေရြး ေကာက္ပြဲတြင္ က်ိဳင္းတံုၿမိဳ႕နယ္အေနျဖင့္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာအတြက္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ဦးစတီဖန္၊ ရွမ္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ (၆ )အတြက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီမွ ေဒါက္တာ စိုင္းဆိုင္ေက်ာက္ဆမ္၊ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၁) အတြက္ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ဦးစိုင္း လံုးဆိုင္(ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠ ဌ) တို႔မွ အႏိုင္ရရွိထားၿပီး ျပည္နယ္ လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၂) အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာကို အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ ခ်ဳပ္ပါတီမွ ေဒါက္တာဝဏၰစိုးက၂၀၁၇ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ အ ျခားပါတီမွ အႏိုင္ရပုဂၢိဳလ္အား ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ထံ ကန္႔ကြက္လႊာတင္ကာ ေကာ္မရွင္ဆံုး ျဖတ္ခ်က္အရ အႏိုင္ရရွိထားသူ ျဖစ္သည္။
.
============================================================
၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်း မဲရုံများ မထားရှိရေးအတွက် ပြင်ဆင်ထားဟု ဆို
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့မှ နိုင်ငံရေးပါတီများနှင့် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ဇူလိုင်လ ၂၄ ရက်က ကျိုင်းတုံမြို့ရှိ တိုင်းလိယဉ် ကျေးမှုခန်းမတွင် ပြုလုပ်ရာ အဆို ပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်း ဌေးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပချိန်တွင် တပ်တွင်းမဲရုံများ မထားရှိရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားသည်ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ တွေ့ဆုံပွဲတွင် ကျိုင်းတုံ မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဌ ဒေါ်နန်းမွန်းတွီက ၂၀၂၀ ရွေးကောက် ပွဲတွင် တပ်တွင်းမဲရုံများ မထားရှိရေး အတွက် ပြင်ဆင်ထားခြင်း ရှိ/မရှိ ဆွေးနွေးမေးမြန်းမှုကို ဦးသန်းဌေးက ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
ကျွန်မအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပေးချိန်မှာ အရင်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေလိုပဲ တပ်တွင်း မဲရုံတွေကို ထားဦးမှာလား၊ မထားတော့ဘူးလားဆိုတာ သိချင်လို့ ဆွေးနွေးမေးမြန်းခဲ့ပါတယ်ဟု ဒေါ် နန်းမွန်းတွီက ပြောသည်။
.
ကျိုင်းတုံမြို့တွင် ကျင်းပပြီးစီးခဲ့ သည့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ပြည် လုံးကျွတ် အထွေထွေ ရွေးကောက် ပွဲများ၌ တပ်တွင်း မဲရုံများတွင် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များက ကြိုတင်မဲပေးခဲ့ရပြီး ယင်းကဲ့သို့ ကြိုတင် မဲပေးခြင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ကိစ္စအချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ် အထွေထွေရွေး ကောက်ပွဲတွင် ကျိုင်းတုံမြို့နယ်အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစတီဖန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၆ )အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) အတွက်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်း လုံးဆိုင်(ရှမ်းပြည်နယ်လွှတ်တော်ဥက္က ဌ) တို့မှ အနိုင်ရရှိထားပြီး ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) အတွက် လွှတ်တော်ကိုယ်စားလှယ် နေရာကို အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီမှ ဒေါက်တာဝဏ္ဏစိုးက၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အ ခြားပါတီမှ အနိုင်ရပုဂ္ဂိုလ်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်ကာ ကော်မရှင်ဆုံး ဖြတ်ချက်အရ အနိုင်ရရှိထားသူ ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats