က်ိဳင္းလပ္တြင္ ေရေခ်ာင္းအတြင္း ငါးေရွာ့ခ္တိုက္ရာမွ အမ်ိဳးသားတစ္ဦးေသဆံုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, August 7, 2019

က်ိဳင္းလပ္တြင္ ေရေခ်ာင္းအတြင္း ငါးေရွာ့ခ္တိုက္ရာမွ အမ်ိဳးသားတစ္ဦးေသဆံုး


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းလပ္ၿမိဳ႕၊ မိုင္းပါလွ်ိဳးအုပ္စု၊ ဝမ္မီးမိုင္ေက်းရြာအနီး ပါႏြန္ေခ်ာင္းအတြင္း၌ ဩဂုတ္ ၆ ရက္ညေနပိုင္းက ငါးေရွာ့တိုက္သည့္ အမ်ိဳးသားတစ္ဦးကို ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
.
က်ိဳင္းလပ္ၿမိဳ႕၊ ဝမ္မီးမိုင္ ေက်းရြာအနီး၊ ပါႏြန္းေခ်ာင္းအတြင္း ဩဂုတ္လ ၆ ရက္၊ ည ၁၀ နာရီခြဲခန္႔က လူေသအေလာင္းတစ္ေလာင္း ေတြ႕ရွိေၾကာင္း သတင္းအရ နယ္ေျမစခန္းမွဴး ရဲအုပ္ ျမင့္စိုးေအာင္ႏွင့္ တာဝန္ရွိသူမ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ ပါႏြန္းေခ်ာင္းကမ္းစပ္တြင္ ငါးေရွာ့တိုက္သည့္ ဘတၳရီႏွင့္ ေရွာ့တိုက္တံ ႏွစ္ေခ်ာင္းအား ဘယ္၊ ညာကိုင္လ်က္ ေသဆံုး ေနေသာ အမ်ိဳးသားအလာင္းတစ္ေလာင္းအား ေတြ႕ရွိရၿပီ ဆက္လက္ စစ္ေဆးရာ ေသဆံုးသူမွာ အိုက္ခမ္းကိန္(၂၇ ႏွစ္)၊ မိုင္းပါလွ်ိဳးအုပ္စု၊ က်ိဳင္းလပ္ၿမိဳ႕ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ အိုက္ခမ္းကိန္(၂၇ ႏွစ္)၊ မိုင္းပါလွ်ိဳးအုပ္စု၊ က်ိဳင္းလပ္ၿမိဳ႕ေနထိုင္သူ ေသဆံုးျခင္းႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ စစ္ေဆးႏိုင္ရန္ မိုင္းပါလွ်ိဳးနယ္ေျမရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္ (၁/၂၀၁၉)ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
ကျိုင်းလပ်တွင် ရေချောင်းအတွင်း ငါးရှော့ခ်တိုက်ရာမှ အမျိုးသားတစ်ဦးသေဆုံး
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးအုပ်စု၊ ဝမ်မီးမိုင်ကျေးရွာအနီး ပါနွန်ချောင်းအတွင်း၌ ဩဂုတ် ၆ ရက်ညနေပိုင်းက ငါးရှော့တိုက်သည့် အမျိုးသားတစ်ဦးကို သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ကျိုင်းလပ်မြို့၊ ဝမ်မီးမိုင် ကျေးရွာအနီး၊ ပါနွန်းချောင်းအတွင်း ဩဂုတ်လ ၆ ရက်၊ ည ၁၀ နာရီခွဲခန့်က လူသေအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ နယ်မြေစခန်းမှူး ရဲအုပ် မြင့်စိုးအောင်နှင့် တာဝန်ရှိသူများသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ပါနွန်းချောင်းကမ်းစပ်တွင် ငါးရှော့တိုက်သည့် ဘတ္ထရီနှင့် ရှော့တိုက်တံ နှစ်ချောင်းအား ဘယ်၊ ညာကိုင်လျက် သေဆုံး နေသော အမျိုးသားအလာင်းတစ်လောင်းအား တွေ့ရှိရပြီ ဆက်လက် စစ်ဆေးရာ သေဆုံးသူမှာ အိုက်ခမ်းကိန်(၂၇ နှစ်)၊ မိုင်းပါလျှိုးအုပ်စု၊ ကျိုင်းလပ်မြို့နေထိုင်သူဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ အိုက်ခမ်းကိန်(၂၇ နှစ်)၊ မိုင်းပါလျှိုးအုပ်စု၊ ကျိုင်းလပ်မြို့နေထိုင်သူ သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မိုင်းပါလျှိုးနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၉)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats