ရန်ကုန်တိုင်းအစိုးရမှ ကမ္ဘောဇဘဏ်အား အထူးဂုဏ်ထူးဆောင်ဆုနှင့် အခွန်အများဆုံး ထမ်းဆောင်သူဆုများ ပေးအပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, August 14, 2019



ကမ္ဘောဇတိုင်း
.
.


.
.
.
.
============================================================
ရန်ကုန်တိုင်းအစိုးရမှ ကမ္ဘောဇဘဏ်အား အထူးဂုဏ်ထူးဆောင်ဆုနှင့် အခွန်အများဆုံး ထမ်းဆောင်သူဆုများ ပေးအပ်
.
ကမ္ဘောဇတိုင်း
.
တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ၇ နှစ်ဆက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သော ကမ္ဘောဇဘဏ် အား အထူးဂုဏ်ထူးဆောင်ဆု အပါ အဝင် အခွန်အများဆုံး ထမ်းဆောင် သူ လုပ်ငန်းရှင်ဆု ၂ ဆုကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဩ ဂုတ်လ ၅ ရက်တွင် ပေးအပ်ခဲ့သည်။
.
၂၀၁၇-၂၀၁၈ စည်းကြပ်နှစ် အ တွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်း ခွန်နှင့် အထူးကုန်စည်ခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များ အား မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပေး အပ်ချီးမြှင့်ပွဲကို ဩဂုတ်လ ၅ ရက် တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကမ္ဘော ဇဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော် လင်းအောင်အား ဂုဏ်ပြုဆုဖလား၊ လည်ဆွဲနှင့် အထူးဂုဏ်ထူးဆောင် ဆု လက်မှတ်တို့ကို လည်းကောင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာကို ဒုတိယအုပ် ချုပ်မှုဒါရိုက်တာ ဒေါ်သီတာအေးမွန် အား လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဂုဏ်ပြုမှတ်တမ်းလွှာကို ဒုတိယအုပ် ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့်ချိုအား လည်းကောင်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်လီမိတက်သည် အခွန်ဘဏ္ဍာတာဝန်ကို မြန်မာတစ်နိုင်ငံလုံးတွင် ပထမနေရာမှ ၇ နှစ် ဆက် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁-၁၂ အခွန်စည်းကြပ်နှစ်တွင် ကျပ် သန်းပေါင်း ၆၀၁၅ သန်း၊ ၂၀၁၂-၁၃ အခွန်စည်းကြပ်နှစ်တွင် အခွန်စည်းကြပ်နှစ်တွင် ကျပ်သန်း ပေါင်း ၁၀၈၂၇ ၊၂၀၁၃-၁၄ အခွန် စည်းကြပ်နှစ်တွင် ကျပ်သန်းပေါင်း ၁၇၀၆၂ ၊ ၂၀၁၄-၁၅ အခွန်စည်း ကြပ်နှစ်တွင် ကျပ်သန်းပေါင်း၂၂၀၁၄ ၊ ၂၀၁၅ -၁၆ အခွန် စည်းကြပ်နှစ် တွင် ကျပ်သန်းပေါင်း ၂၃၁၅၅ ၊ ၂၀၁၆-၁၇ အခွန်စည်းကြပ်နှစ်တွင် ကျပ်သန်းပေါင်း ၂၈၀၄၂ ၊ ၂၀၁၇-၁၈ အခွန်စည်းကြပ်နှစ်တွင် ကျပ် သန်းပေါင်း ၃၁၃၃၂ အား အခွန်ပေး ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊၂၀၁၇- ၂၀၁၈ အခွန်စည်းကြပ်နှစ်၌ နိုင်ငံ တော် အခွန်ဘဏ္ဍာအတွက် ဝင်ငွေ ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူး ကုန်စည်ခွန် အများဆုံး ထမ်းဆောင် ခဲ့သော ပြည်တွင်းနှင့် ပြည်ပလုပ် ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment