မလတ်တောင် မြေပြိုမှု ဖြစ်ပွားရာ ဒေသရှိ မိသားစုများအား ကမ္ဘောဇအနာဂတ်အလင်းတန်းမှ ကျပ်သိန်း ၃၅၀ ထောက်ပံ့ - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Wednesday, August 14, 2019
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မလတ်တောင်မြေပြိုမှု ဖြစ်ပွားခဲ့သော မွန်ပည်နယ်၊ ပေါင်မြို့နယ်၊ သဲဖူကုန်း ကျေးရွာရှိ ဒေသခံ မိသားစုများအား ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း တာဝန်ရှိသူများမှ သြဂုတ်လ၁၃ ရက်တွင် သွားရောက် တွေ့ဆုံ အားပေးမှုများ ပြုလုပ်ကာ လိုအပ်သော ကူညီထောက်ပံ့မများနှင့် ငွေကျပ် သိန်း ၃၅၀ ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
.
မလတ်တောင် မေပြိုကျမှု ဖြစ်ပွားခဲ့သည့် သဲဖူကုန်း ကျေးရွာတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Yangon Rescue Organization မှ တစ်ဆင့် ဒေသခံ မိသားစုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀ သိန်းစီ၊ မေပြိုကျမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သော ဘုန်းတော်ကီးကျောင်းအတွက် ငွေကျပ်သိန်း ၂၀ ၊ ဒဏ်ရာ ရရှိ၍ မော်လမြိုင်ဆေးရုံတွင် ဆေးကူသမှု ခံယူနေသူများအတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လူမှုကူညီရေးအဖွဲ့များနှင့် ရှာဖွေ ကယ်ဆယ်ရေးသမားများအတွက် သောက်ရေသန့်ဘူး ၁၀၀၀ ၊ ခေါက်ဆွဲခောက်ဖာ ၂၇၀ ၊ ငါးသေတ္တာ ၉၂၀ူး၊ မုန်နှင့် အခား လိုအပ်သော စားနပ်ရိက္ခာများ အပါအ၀င် လှူဒါန်းငွေကျပ်သိန်း ၃၅၀ ကို ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့ ပေးခဲ့ခြင်း ဖြစ်သည်။
.
Yangon Rescue Organisation အား အသင်းပေါင်း ၁၀၃ သင်းလူနာတင်ယာဉ် ၂၈၂ စီးဖင့် ဖွဲ့စည်းထားပြီး မီးဘေး၊ ရေဘေးနှင့် သဘာဝဘေးများကို အချိန်နှင့် တစ်ပေးညီ ကူညီ ကယ်ဆယ်ပေးလျက်ရှိသော အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။
.
.
ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် စတင် တည်ထောင်ချိန်မှ ယနေအထိ နေရာဒေသအနှံ့ အပြား၌ လူမျိုး၊ ဘာသာမရွေး လိုအပ်သော ကဏ္ဍ အသီးသီးတွက် ကျပ်ငွေ ၁၅၆ ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်သည်။
.
===================
.
မလတ်တောင် မြေပြိုမှု ဖြစ်ပွားရာ ဒေသရှိ မိသားစုများအား ကမ္ဘောဇအနာဂတ်အလင်းတန်းမှ ကျပ်သိန်း ၃၅၀ ထောက်ပံ့
.
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မလတ်တောင်မြေပြိုမှု ဖြစ်ပွားခဲ့သော မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်း ကျေးရွာရှိ ဒေသခံ မိသားစုများအား ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း တာဝန်ရှိသူများမှ သြဂုတ်လ၊ ၁၃ ရက်တွင် သွားရောက် တွေ့ဆုံ အားပေးမှုများ ပြုလုပ်ကာ လိုအပ်သော ကူညီထောက်ပံ့မှုများနှင့် ငွေကျပ် သိန်း ၃၅၀ ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
.
မလတ်တောင် မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် သဲဖြူကုန်း ကျေးရွာတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Yangon Rescue Organization မှ တစ်ဆင့် ဒေသခံ မိသားစုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀ သိန်းစီ၊ မြေပြိုကျမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သော ဘုန်းတော်ကြီးကျောင်းအတွက် ငွေကျပ်သိန်း ၂၀ ၊ ဒဏ်ရာ ရရှိ၍ မော်လမြိုင်ဆေးရုံတွင် ဆေးကူသမှု ခံယူနေသူများအတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လူမှုကူညီရေးအဖွဲ့များနှင့် ရှာဖွေ ကယ်ဆယ်ရေးသမားများအတွက် သောက်ရေသန့်ဘူး ၁၀၀၀ ၊ ခေါက်ဆွဲခြောက်ဖာ ၂၇၀ ၊ ငါးသေတ္တာ ၉၂၀ ဘူး၊ မုန့်နှင့် အခြား လိုအပ်သော စားနပ်ရိက္ခာများ အပါအဝင် လှူဒါန်းငွေကျပ်သိန်း ၃၅၀ ကို ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့ ပေးခဲ့ခြင်း ဖြစ်သည်။
.
Yangon Rescue Organisation အား အသင်းပေါင်း ၁၀၃ သင်း၊ လူနာတင်ယာဉ် ၂၈၂ စီးဖြင့် ဖွဲ့စည်းထားပြီး မီးဘေး၊ ရေဘေးနှင့် သဘာဝဘေးများကို အချိန်နှင့် တစ်ပြေးညီ ကူညီ ကယ်ဆယ်ပေးလျက်ရှိသော အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။
.
ရေကြီး ရေလံျှမှုနဲ့ မြေပြိုမှု ဖြစ်ပွားတဲ့ ဒေသတွေမှာ လိုအပ်တဲ့ အကူအညီနှင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းအသီးသီးက ကယ်ဆယ်ရေးသမားတွေကို အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းက လေးစားစွာနဲ့ ကျေးဇူးတင်ရှိပါတယ်။ဟု ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် စတင် တည်ထောင်ချိန်မှ ယနေ့ အထိ နေရာဒေသအနှံ့ အပြား၌ လူမျိုး၊ ဘာသာမရွေး လိုအပ်သော ကဏ္ဍ အသီးသီးအတွက် ကျပ်ငွေ ၁၅၆ ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်သည်။
.
No comments:
Post a Comment