ကိုရီးယားႏိုင္ငံရွိ ေျမေအာက္ပိုက္လံုး စစ္ေဆးသည့္ လုပ္ငန္းခြင္တြင္ ျမန္မာ ၁ ဦး အပါအ၀င္ လုပ္သား ၃ ဦး ေရနစ္ ေသဆံုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, August 1, 2019

ကိုရီးယားႏိုင္ငံရွိ ေျမေအာက္ပိုက္လံုး စစ္ေဆးသည့္ လုပ္ငန္းခြင္တြင္ ျမန္မာ ၁ ဦး အပါအ၀င္ လုပ္သား ၃ ဦး ေရနစ္ ေသဆံုး

မင္းေဇာ္မင္း 
.
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ ယန္းခၽြန္ၿမိဳ႕နယ္၊ မုတ္ဒုန္ရွိ ဟြန္ဒိုင္းကုမၸဏီက ေဆာက္လုပ္ေနသည့္ ေျမေအာက္ ေရပိုက္လံုး စစ္ေဆးသည့္ လုပ္ငန္းခြင္တြင္ ေပ်ာက္ဆံုးေနေသာ ျမန္မာႏိုင္ငံမွ ေရႊ႕ေျပာင္းလုပ္သား အပါအ၀င္ ကိုရီးယားလုပ္သား ၂ ဦး၏ ရုပ္အေလာင္းမ်ားကို ၾသဂုတ္လ ၁ ရက္၊ နံနက္ပိုင္းက ရွာေဖြေရးအဖြဲ႕ ၁၁၉ မွ ျပန္လည္ေတြ႕ရွိေၾကာင္း KBS သတင္းဌာန၏ ထုတ္လႊင့္ခ်က္တြင္ ပါရွိသည္။
.
ကိုရီယားႏိုင္ငံသား ဂို ႏွင့္ ျမန္မာႏိုင္ငံမွ ကိုဇြဲလင္းေအာင္တို႔ ၂ ဦးသည္ ေျမေအာက္ မီတာ ၄၀ တြင္ ရွိသည့္ ေရပိုက္လံုးကို ၀င္ေရာက္စစ္ေဆးေနစဥ္ ဇူလိုင္လ ၃၁ ရက္ နံနက္ ၇ နာရီခန္႔က မိုးေလ၀သဦးစီးဌာနမွ မိုးႀကီးမည္ဟု ေၾကညာခ်က္အရ ကိုရီးယားလုပ္သား အန္ က လိုက္ပါေခၚယူခဲ့ေသာ္လည္း ခန္႕မွန္းသည္ထက္ ပိုမိုမ်ားျပားေသာ မိုးေရမ်ားေၾကာင့္ ေျမေပၚရွိ ထြက္ေပါက္တံခါးမ်ား အလိုအေလ်ာက္ ပြင့္လာကာ မိုးေရမ်ား အရွိန္ျပင္းစြာ စီး၀င္ခဲ့ျခင္းေၾကာင့္ လုပ္သား ၃ ဦးလံုး ေပ်ာက္ဆံုးခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ လုပ္သားမ်ားအား ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ ၁၁၉ မွ ယင္းေန႔ နံနက္ ၈နာရီခြဲမွ စတင္ကာ ရွာေဖြခဲ့ရာ ၁၀ နာရီေက်ာ္တြင္ ဂို အား ေတြ႕ရွိခဲ့ေသာ္လည္း ေဆးရံုအေရာက္တြင္ ေသဆံုးခဲ့ေၾကာင္း၊ ရွာေဖြမႈမ်ားအား ဆက္လက္ျပဳလုပ္ရာ ၾသဂုတ္လ ၁ ရက္ နံနက္ ၆ နာရီခန္႔၌ ေရနစ္ေသဆံုးေနသူ ၂ ဦး၏ ႐ုပ္အေလာင္းမ်ားကို ေတြ႕ရွိခဲ့ရျခင္း ျဖစ္ေၾကာင္း KBS သတင္းတြင္ ပါရွိသည္။
.
ေရနစ္ေသဆံုးသူ ျမန္မာလုပ္သားမွာ မေကြးတိုင္းေဒသႀကီး၊ ေရစႀကိဳၿမိဳ႕နယ္၊ နတ္ညႊန္ရြာမွ ျဖစ္ၿပီး ရုပ္အေလာင္းကို ယီဒဲ၊ မုတ္ဒုန္ေဆးရံုႀကီးရွိ အေအးတိုက္တြင္ ထားရွိေၾကာင္း KBS သတင္း ေဖာ္ျပခ်က္အရ သိရသည္။

(Photo - KBS)
===================

ကိုရီးယားနိုင်ငံရှိ မြေအောက်ပိုက်လုံး စစ်ဆေးသည့် လုပ်ငန်းခွင်တွင် မြန်မာ ၁ ဦး အပါအဝင် လုပ်သား ၃ ဦး ရေနစ် သေဆုံး
.
မင်းဇော်မင်း 
.
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ယန်းချွန်မြို့နယ်၊ မုတ်ဒုန်ရှိ ဟွန်ဒိုင်းကုမ္ပဏီက ဆောက်လုပ်နေသည့် မြေအောက် ရေပိုက်လုံး စစ်ဆေးသည့် လုပ်ငန်းခွင်တွင် ပျောက်ဆုံးနေသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား အပါအဝင် ကိုရီးယားလုပ်သား ၂ ဦး၏ ရုပ်အလောင်းများကို သြဂုတ်လ ၁ ရက်၊ နံနက်ပိုင်းက ရှာဖွေရေးအဖွဲ့ ၁၁၉ မှ ပြန်လည်တွေ့ရှိကြောင်း KBS သတင်းဌာန၏ ထုတ်လွှင့်ချက်တွင် ပါရှိသည်။
.
ကိုရီယားနိုင်ငံသား ဂို နှင့် မြန်မာနိုင်ငံမှ ကိုဇွဲလင်းအောင်တို့ ၂ ဦးသည် မြေအောက် မီတာ ၄၀ တွင် ရှိသည့် ရေပိုက်လုံးကို ဝင်ရောက်စစ်ဆေးနေစဉ် ဇူလိုင်လ ၃၁ ရက် နံနက် ၇ နာရီခန့်က မိုးလေဝသဦးစီးဌာနမှ မိုးကြီးမည်ဟု ကြေညာချက်အရ ကိုရီးယားလုပ်သား အန် က လိုက်ပါခေါ်ယူခဲ့သော်လည်း ခန့်မှန်းသည်ထက် ပိုမိုများပြားသော မိုးရေများကြောင့် မြေပေါ်ရှိ ထွက်ပေါက်တံခါးများ အလိုအလျောက် ပွင့်လာကာ မိုးရေများ အရှိန်ပြင်းစွာ စီးဝင်ခဲ့ခြင်းကြောင့် လုပ်သား ၃ ဦးလုံး ပျောက်ဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လုပ်သားများအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၁၁၉ မှ ယင်းနေ့ နံနက် ၈နာရီခွဲမှ စတင်ကာ ရှာဖွေခဲ့ရာ ၁၀ နာရီကျော်တွင် ဂို အား တွေ့ရှိခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း၊ ရှာဖွေမှုများအား ဆက်လက်ပြုလုပ်ရာ သြဂုတ်လ ၁ ရက်၊ နံနက် ၆ နာရီခန့်၌ ရေနစ်သေဆုံးနေသူ ၂ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း KBS သတင်းတွင် ပါရှိသည်။
.
ရေနစ်သေဆုံးသူ မြန်မာလုပ်သားမှာ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ နတ်ညွှန်ရွာမှ ဖြစ်ပြီး ရုပ်အလောင်းကို ယီဒဲ၊ မုတ်ဒုန်ဆေးရုံကြီးရှိ အအေးတိုက်တွင် ထားရှိကြောင်း KBS သတင်း ဖော်ပြချက်အရ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats