ေထာင္သား၊ ေထာင္စကား မၾကားလိုပါလွ်င္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 2, 2019

ေထာင္သား၊ ေထာင္စကား မၾကားလိုပါလွ်င္


ေကာင္းျမင့္ျမတ္စိန္
.
''စာၾကည့္တိုက္ တံခါးတစ္ခ်ပ္ ဖြင့္ထား ျခင္းဟာ ေထာင္တံခါးမ်ားစြာကို ပိတ္ေစတယ္ လို႔ မွတ္သားခဲ့ရဖူးပါတယ္။ ဒီေန႔အခါမွာေတာ့ စာၾကည့္တိုက္ တံခါးေတြ ပိတ္ထားတာ မ်ားေန ပါတယ္။ ဒါေၾကာင့္ ေထာင္တံခါးေတြပြင့္ေနတာ လား မသိဘူးေနာ္''ဟူ၍ စာေရးဆရာ လိႈင္း နႏၵာ(ေတာင္ႀကီး)က လူငယ္မ်ားကို ေဟာေျပာခဲ့ ေလသည္။ ၁၈-၇-၁၉ ရက္က ေအးသာယာၿမိဳ႕ နည္းပညာ အထက္တန္းေက်ာင္းတြင္ 'စာဖတ္ ရွိန္ ျမႇင့္တင္ေရး ေဟာေျပာေဆြးေႏြးပြဲ' ျပဳလုပ္ ရာတြင္ နည္းပညာ အထက္တန္းေက်ာင္းသား ေက်ာင္းသူမ်ားအား ေဟာေျပာခဲ့ျခင္း ျဖစ္သည္။ စာဖတ္ရွိန္ ျမႇင့္တင္ေရးကြန္ရက္ (ရွမ္းျပည္နယ္) ၏ လႈပ္ရွားမႈလည္း ျဖစ္သည္။
.


.
စည္ကားအပ္ေသာ စာၾကည့္တိုက္မ်ားတြင္ လူဝင္လူထြက္ မရွိသေလာက္ နည္းပါးေျခာက္ ကပ္ ေနေသာ္လည္း မစည္ကားအပ္ေသာ     'ေထာင္'တြင္ကား လူမ်ားအဝင္အထြက္မ်ား ကာ စည္ကားေနျခင္းသည္ကား လူ႕ေလာကအ တြက္ ေကာင္းေသာ လကၡဏာမဟုတ္ပါေခ်။ ၂ဝ၁၉ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ အက်ဥ္းသားဦး ေရ ၉ဝဝဝဝ ေက်ာ္ပင္ ရွိခဲ့သည္။ ႏုိင္ငံေတာ္ သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ဧၿပီလ ၁၇ ရက္ (ျမန္မာ့ႏွစ္ဆန္းတစ္ရက္ေန႔ျမတ္)တြင္ အ က်ဥ္းသား (၉၅၈၅)ဦးႏွင့္ ဧၿပီလ ၂၆ ရက္တြင္ ၆၉၄၈ ဦး စုစုေပါင္း လြတ္ၿငိမ္းခ်မ္းသာခြင့္ ရ သူ ၁၆၅၃၃ ဦး ရွိခဲ့သည္။ သို႔ေသာ္လည္း ျပန္ လည္မ်ားျပားလာေနေၾကာင္း သိရသည္။ ႏုိင္ငံ ေတာ္ အစိုးရအဆက္ဆက္မွာလည္း ေထာင္ သားမ်ားကို အခါအားေလ်ာ္စြာ လြတ္ၿငိမ္းခ်မ္း သာခြင့္မ်ား ေပးခဲ့ေလသည္။ သို႔ေသာ္ ေထာင္ သားဦးေရက ခဏသာ ေလ်ာ့သြားသည္။ ျပန္ လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္မ်ားပမာ၊ ေရထြက္ ေကာင္းေသာ ေရတြင္းက ေရမ်ားပမာ တိုးပြား ျပည့္ၿဖိဳးေနၿမဲ ျဖစ္သည္။ ေထာင္ႀကီး၊ ေထာင္ ငယ္ အသြယ္သြယ္ႏွင့္ အခ်ဳပ္ခန္းမ်ားကို ထပ္မံ တည္ေဆာက္ေနရေလသည္။ စာၾကည့္တိုက္ မ်ားကေတာ့ တစ္ခုၿပီး တစ္ခု ပ်က္ေနေတာ့ သည္။ စာၾကည့္တိုက္မ်ား ပ်က္လာသေလာက္ အက်ဥ္းေထာင္၊ အခ်ဳပ္ခန္းမ်ား ေဆာက္ေနရ ေပလိမ့္မည္ေလာ။ မေကာင္းမႈမ်ား၊ ဝိသမေလာ ဘျဖင့္ လုပ္ရပ္မ်ား၊ ဒုစ႐ိုက္မႈမ်ား၊ လူမဆန္မႈ၊ လူစိတ္ေပ်ာက္မႈမ်ားက ယခုအခါ ေၾကာက္ခမန္း လိလိ တိုးပြားေနသည္။ ထို႕ေၾကာင့္ ရာဇဝတ္ မႈမ်ား၊ တရားမမႈမ်ား လြန္စြာ မ်ားျပားလာရ သည္။ ထိုအခါ ရာဇဝတ္မႈ ေထာင္သားမ်ား၊ တရားမမႈ အက်ဥ္းသားမ်ားလည္း တိုးပြားလာ သည္။ ေထာင္သားမ်ားကို လြတ္ၿငိမ္းခ်မ္းသာ ခြင့္ ေပးျခင္းျဖင့္ ေထာင္သားေလွ်ာ့ခ်ေနျခင္းမွာ လည္း အေကာင္းဆံုး ေျဖရွင္းနည္း မဟုတ္ေသး။ ထို႕ေၾကာင့္ ေထာင္မ်ားတြင္ ပညာသင္ေပးျခင္း မ်ား၊ ဆယ္တန္းစာေမးပြဲျပန္ေျဖခြင့္ ေပးျခင္းမ်ား၊ စာၾကည့္တိုက္ ထားေပးျခင္း၊တရားေဟာ ဆ ရာေတာ္ႀကီးမ်ား၏ တရားပြဲမ်ား စီစဥ္ေပးျခင္း တို႕ကို ျပဳလုပ္ေပးေနေၾကာင္း သိရသည္။
.
''ေထာင္ေတြမွာ လူမ်ားေနတဲ့ ျပႆနာကို တစ္ႀကိမ္တစ္ခါသာ မွားယြင္းခဲ့သူေတြ အေနနဲ႕ လည္း ျပန္လည္ျပဳျပင္ႏုိင္စြမ္း ရွိေစခ်င္ပါတယ္။ လူေရာ စိတ္ေရာ ျပဳျပင္ေျပာင္းလဲေစၿပီး ျမန္မာ့ လူ႕ေဘာင္ ဖြံ႕ၿဖိဳးတိုးတက္ေစခ်င္ပါတယ္''ဟူ၍ ျမန္မာႏုိင္ငံ အမ်ိဳးသား လူ႕အခြင့္အေရးေကာ္မ ရွင္မွ အဖြဲ႕ဝင္ ျဖစ္ေသာ ဦးယုလြင္ေအာင္က ေျပာခဲ့သည္။ ေထာင္သားတစ္ဦး ျဖစ္လာလွ်င္ ကာယကံရွင္အတြက္ သာမကပါ သူ၏ မိသား စု၊ ေဆြမ်ိဳး၊ အသိုင္းအဝိုင္းလည္း ေသာကဒုကၡ မ်ားရသည္။ ဆုတ္ယုတ္မႈ မ်ားလွသည္။ တိုင္း ျပည္အတြက္ လုပ္အားမ်ား၊ ေငြအားမ်ားလည္း နစ္နာသြားရသည္။ တစ္ဦးတစ္ေယာက္၏ မွား ယြင္းမိုက္မဲမႈေၾကာင့္ လူအမ်ား (မိသားစု)ႏွင့္ တုိင္းျပည္က ရင္းႏွီးေပးဆပ္ေနရမႈက မ်ားျပား လွ၏။
.

ေထာင္သားမ်ားအတြက္ ႏုိင္ငံေတာ္ကကုန္ က်စရိတ္မွာလည္း တြက္စစ္ၾကည့္လွ်င္ အလြန္ မ်ားျပားသည္။ အက်ဥ္းသားတစ္ဦးအတြက္ စား စရိတ္ကိုပင္ ၾကည့္ပါဦး။ ယခင္က အက်ဥ္း သား တစ္ဦး၏ စားစရိတ္ ၆ဝဝ က်ပ္မွ ယခုအ ခါ (၉၆ဝ)က်ပ္အထိ အကုန္က်ခံကာ ေကြၽးေမြး ေနရသည္။ အၾကမ္းအားျဖင့္ အက်ဥ္းသားတစ္ ဦးလွ်င္ (၁ဝဝဝ)က်ပ္ခန္႕ျဖင့္ တြက္လွ်င္ အ က်ဥ္းသား (၈ဝဝဝဝ)ေက်ာ္အတြက္ တစ္ရက္ ကုန္က်ေငြမွာ သန္းေပါင္း (၈ဝ) ျဖစ္သည္။ တစ္လအတြက္ဆိုလွ်င္ က်ပ္သန္းေပါင္း (၂၄ဝဝ) ျဖစ္ကာ တစ္ႏွစ္ဆိုလွ်င္ က်ပ္သန္းေပါင္း (၂၈ ၈ဝဝ) ျဖစ္သည္။ တိုင္းျပည္၏ ဘ႑ာေငြမ်ား ကို ထိုသို႔ သုံးစြဲေနရျခင္းက ႏွေျမာစရာေကာင္း လွသည္။ ဤသည္မွာ စားစရိတ္ကိုသာ တြက္ ၾကည့္ျခင္းမွ် ျဖစ္သည္။ အျခားစရိတ္စက မ်ား စြာ ကုန္က်ေနရေသးသည္။ ေနရာထုိင္ခင္း အ ေဆာက္အအံုမ်ား၊ အဝတ္အထည္၊ ေရ၊ မီး၊ ေဆးဝါး စသည္ လူတစ္ဦးအတြက္ ကုန္က်စ ရိတ္မ်ားစြာ ရွိပါသည္။ ေထာင္သား အဆင့္မ ေရာက္ခင္၊ အမႈအခင္း ျပဳ၍ တရားစီရင္ေရး ကိစၥအဝဝအထိ တြက္လွ်င္ႏုိင္ငံေတာ္က စီမံ ေဆာင္ရြက္ေသာ ကိစၥမ်ားက မ်ားျပားလြန္းလွ သည္။ တရားေရးဆိုင္ရာ ဝန္ထမ္းမ်ား၊ ဥပေဒ ဆိုင္ရာ ဝန္ထမ္းမ်ားမွ အစ ျပာတာအထိ ခန္႔ ထားေဆာင္ရြက္ရ၊ ႐ုံးမ်ား၊ ဌာနမ်ား၊ တည္ ေထာင္ရျဖင့္ ေထာင့္ေစ့ေအာင္ စီမံေနရသည္။ သို႔ျဖစ္ရာ အက်ဥ္းသား (ေထာင္သား)ေလ်ာ့က် ေရးမွာ အလြန္အေရးႀကီးလွေပသည္။
.
ကုသျခင္းထက္ ႀကိဳတင္ကာကြယ္ျခင္းက ပို၍ ေကာင္းသည္ကို အားလံုးလက္ခံၿပီး ျဖစ္ သည္။ ေထာင္တံခါးမ်ားစြာ ပိတ္သြားေစေရးအ တြက္ စာၾကည့္တိုက္မ်ားတြင္ လူမ်ားစည္ကား လာေစရန္ တာဝန္ရွိ လူႀကီးမင္းမ်ားႏွင့္ တာဝန္ သိ ျပည္သူအားလံုးက စိတ္ဝင္စား လုပ္ေဆာင္ ၾကရန္ အေရးႀကီးသည္။ ''ကြၽန္ေတာ္တို႔ ေအး သာယာၿမိဳ႕မွာ အရင္က ရပ္ကြက္တခ်ိဳ႕မွာ စာၾကည့္တိုက္ ရွိတယ္ဗ်။ ဒါေပမဲ့ဗ်ာ လူ ႀကီးေတြ ကလည္း ဂ႐ုမစိုက္၊ အားမေပး၊ လူ ေတြကလည္း ကိုယ့္စားဝတ္ေနေရး အတြက္ ပဲ လံုးပန္းေနၾကရေတာ့ အဲဒီစာၾကည့္တိုက္ေတြ မွာ စာအုပ္ငွားတဲ့သူ မရွိသေလာက္ပါပဲ။ အခု ေတာ့ အဲဒီစာၾကည့္တိုက္ေတြလည္း မရွိေတာ့ ပါဘူး။ အဲ နယ္ေျမ (၆)ထဲမွာေတာ့ စာၾကည့္ တိုက္တစ္ခု ရွိေသးတယ္။ ဒါေပမဲ့ ပိတ္ထားရ တာက မ်ားပါတယ္။ စာဖတ္မယ့္လူ စာအုပ္ငွား မယ့္လူ ရွားတယ္ေလ''ဟု စာေရးဆရာ ကိုတူး (ေအးသာယာ)က ဆိုသည္။
.
ေအးသာယာၿမိဳ႕တြင္ ယခင္က စာအုပ္အ ငွားဆိုင္မ်ား ရပ္ကြက္တိုင္းတြင္ ရွိခဲ့သည္။ ၂ဝဝဝ ခုႏွစ္ ေနာက္ပိုင္းတြင္ ၾကက္ေပ်ာက္ငွက္ ေပ်ာက္ ေပ်ာက္ကြယ္ကုန္သည္။ ယခုအခါ ေဖာင္ေတာ္ေပါက္ ဘုန္းႀကီးေက်ာင္း အနီးရွိ   ''ေရႊေပါက္ပြင့္''စာအုပ္အငွားဆိုင္ႏွင့္ စာေရးဆ ရာ ရဲေဘာ္ျမသိန္း (ဟိုပံုး)၏ အိမ္ေရွ႕ရွိ စာအုပ္ အငွားဆုိင္တို႔သာ ရွိေတာ့သည္။ ထိုဆုိင္မ်ားမွာ လည္း ငွားသူ ရွားသြားပါၿပီ။ ေအးသာယာၿမိဳ႕ တြင္ စာအုပ္အေရာင္းဆုိင္ တစ္ဆုိင္သာရွိသည္။ သို႔ေသာ္ ေက်ာင္းသံုးစာအုပ္မ်ားသာ အဝယ္မ်ား သည္။ သုတ၊ ရသစာအုပ္မ်ားမွာ ဗီ႐ိုထဲတြင္ အလွျပထားသည့္ႏွယ္ ေနရာမေရြ႕ေခ်။ သတင္း စာႏွင့္ ဂ်ာနယ္မ်ားကိုပင္ ဝယ္သူနည္းလွ၏။
.
'ေရႊေပါက္ပြင့္'စာအုပ္အငွားဆုိင္မွ ကိုဝင္း ေထြးက ''စာအုပ္ငွားတဲ့သူကေတာ့ အရင္တုန္း ကနဲ႔စာရင္ အေတာ္ကို နည္းသြားပါတယ္။ ကြၽန္ ေတာ္တို႔က စာကို မဖတ္ရ မေနႏုိင္တဲ့သူေတြ မို႔ ဒီစာအုပ္ဆုိင္ေလးကို ထိန္းသိမ္းထားတာပါ။ စာအုပ္ငွားတာ တစ္ခုတည္းနဲ႔ေတာ့ မရပ္တည္ ႏုိင္ပါဘူး။ မိတၱဴကူးစက္ေလးနဲ႔ မိတၱဴကူးေပးတဲ့ အလုပ္ကိုပါ တြဲထားရပါတယ္။ စာဖတ္တဲ့သူ ေတာ္ေတာ္နည္းသြားၿပီ။ ဖုန္းပဲ ပြတ္ေနၾကေတာ့ တယ္။ ကြၽန္ေတာ္ကေတာ့ ဖုန္းထဲက စာဖတ္ရ တာ အားမရဘူး။ အရသာ မေတြ႕ဘူး။ စာအုပ္ ကိုင္ၿပီး စာေတြကို ဖတ္ရမွပဲ အားရတယ္။ ေက် နပ္တယ္။ ဖုန္းထဲကို ထည့္ထားတဲ့ဝတၴဳတစ္ပုဒ္ ဖတ္ဖို႔ မလြယ္ဘူး။ ဖတ္ရတာလည္း စိတ္မရွည္ ဘူး။ ေဆာင္းပါး တစ္ပုဒ္ၿပီးေအာင္ ဖတ္ဖို႕ ေတာင္ အေတာ္စိတ္ရွည္ရွည္ ထားေနရတယ္။ စာအုပ္ထဲမွာ ေရးထားတဲ့ စာလံုးေတြ ဖတ္ရတာ နဲ႔ အရသာခ်င္းကေတာ့ ကြာတာအမွန္ပါပဲဗ်ာ'' ဟု ဆိုသည္။
.
စာဖတ္ျခင္း၏ အရသာ၊ စာဖတ္ျခင္းတန္ ဖိုးကို လက္ေတြ႕ ခံစားနားလည္သူ၏ စကားကို စာမဖတ္သူမ်ားကေတာ့ သိနားလည္မည္ မ ဟုတ္ပါ။ စာေပကို ျမတ္ႏုိးသူမ်ားသာ စာေပ လုပ္ငန္းကို အက်ိဳးအျမတ္ နည္းေသာ္လည္း ဇြဲရွိရွိ ဆက္လက္လုပ္ကိုင္ႏုိင္ျခင္း ျဖစ္သည္။ ေတာင္ႀကီးၿမိဳ႕တြင္လည္း စာအုပ္အငွားဆိုင္မ်ား မွာ လက္ ၅ ေခ်ာင္းပင္ မျပည့္ေတာ့ေပ။ ေတာင္ ႀကီးၿမိဳ႕မွ လူငယ္စာေရးဆရာ ကိုေအာင္ဆန္း ဝင္းက နည္းပညာ အထက္တန္းေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူမ်ားအား ေဟာေျပာရာ တြင္ ''ကြၽန္ေတာ့္မွာ စာအုပ္အငွားဆိုင္ေလးတစ္ ဆိုင္ ရွိပါတယ္။ စာအုပ္လာငွားတဲ့သူက အ ေတာ္ကို ေလ်ာ့နည္းသြားတယ္။ စာအုပ္ငွားမွတ္ တမ္းစာအုပ္မွာ တစ္လံုးမွ မေရးမွတ္ရတဲ့ ရက္ ေတြက မ်ားလာပါတယ္။ ဒါက ဘာကို ျပေနသ လဲဆိုေတာ့ လူေတြ စာမဖတ္ေတာ့ေၾကာင္း ျပ ေနတာပါပဲ''ဟု ထည့္သြင္း ေျပာခဲ့သည္။
.
ေတာင္ႀကီးၿမိဳ႕ရွိ နာမည္ႀကီး စာအုပ္အ ေရာင္းဆိုင္ႀကီးမ်ားျဖစ္ေသာ မီလွ်ံနာစာေပ၊ ဂဂၤါနဒီစာေပ၊ ျပည့္စံုစာေပႏွင့္ ေနေစး စာေပ တို႔မွာပင္ သုတ၊ရသစာအုပ္မ်ားထက္ ေက်ာင္း သံုးစာအုပ္မ်ားကိုသာ ေရာင္းေကာင္းေၾကာင္း ေလ့လာေတြ႕ရွိရသည္။ ကြၽန္ေတာ္တို႔၏ ေအး သာယာႏွင့္ ေတာင္ႀကီးၿမိဳ႕မွာသာ ဤသို႔ ျဖစ္ ေနျခင္း မဟုတ္ပါ။ အျခားၿမိဳ႕မ်ားတြင္လည္း ဤအတိုင္းသာ ျဖစ္ပါသည္။ စာဖတ္သူ ရွားပါး လာသျဖင့္ ၿမိဳ႕တိုင္းနယ္တုိင္းတြင္ စာအုပ္ဆိုင္ မ်ား လံုးပါးပါး လာေနသည္။ (ရန္ကုန္ပတ္လည္ အုပ္ရွစ္ဆယ္)ဟု စာေရးဆရာ အတၱေက်ာ္က အင္တာဗ်ဴးတစ္ခုတြင္ ေျပာသြားသည္။
.
''ရန္ကုန္ပတ္လည္ အုပ္ရွစ္ဆယ္ေခတ္မွာ ကြၽန္ေတာ္တို႔ စာေရးဆရာေတြ စာအုပ္အသစ္ တစ္အုပ္ ထုတ္ဖို႔ မေတြးရဲေတာ့ဘူး။ ထုတ္ေဝ သူေတြကလည္း မထုတ္ရဲဘူး။ ျဖန္႔ခ်ိေရးက ခက္တယ္ေလ''ဟု ဆိုခဲ့သည္။
.
ကြၽန္ေတာ္တို႔ ေတာင္ႀကီးၿမိဳ႕နယ္မွ စာေရး ဆရာမ်ားပင္ မိမိတို႔၏ ေရးသားထားေသာ စာ မ်ားကို စာအုပ္အျဖစ္ ထုတ္ခ်င္ေသာ္လည္း မ ထုတ္ႏုိင္ၾကေပ။ စာဖတ္သူက ဤမွ်ရွားပါးသြား ျခင္းပင္ ျဖစ္သည္။ စာဖတ္သူ ရွားပါးလာသ ေလာက္ ႏုိင္ငံအႏွံ႕အျပားတြင္ အမႈအခင္း ျပ ႆနာမ်ား ထူေျပာလာသည္။ လိမ္လည္မႈမ်ား၊ ခိုးဆိုး လုယက္မႈမ်ား၊ မုဒိမ္းမႈမ်ား၊ မူးယစ္ေဆး အမႈမ်ား၊ ေလာင္းကစား အမႈမ်ား အဂတိလိုက္ စားမႈမ်ား၊ မၿပီးႏုိင္ မစီးႏုိင္ ျပည္တြင္းစစ္မီးမ်ား၊ စစ္ေျပး ဒုကၡသည္မ်ား၊ မိဘမ့ဲ ကေလးငယ္မ်ား၊ အားကိုးရာမဲ့ မိအိုဖအိုမ်ား၊ ေနရပ္စြန္႔ခြာ အ လုပ္ရွာသူမ်ား၊ လူေမွာင္ခိုမ်ား၊ က်ဴးေက်ာ္ေန ထိုင္ရသူမ်ား၊ ဆင္းရဲမြဲေတမႈမ်ား၊ ဥပေဒမဲ့ လုပ္ ရပ္မ်ား စသည္ျဖင့္ အနိဌာ႐ုံမ်ားစြာ တိုးပြားေန သည္။ အခ်ဳပ္ခန္းႏွင့္ ေထာင္ႀကီးေထာင္ငယ္ အသြယ္သြယ္တြင္ ေထာင္သားမ်ားက ျပည့္ၿဖိဳး ၿမဲ သဘာဝ စြမ္းအင္မ်ားသဖြယ္ပင္။
.
ကြၽန္ေတာ္တို႔ ျမန္မာတိုင္းရင္းသား ျပည္ သူမ်ား၏ ဂုဏ္ေဆာင္ ပုဂၢိဳလ္ႀကီးျဖစ္ေသာ ကု လသမဂၢအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ဦးသန္႔က (စာဖတ္ေသာ လူမ်ိဳးသည္ တိုးတက္၍ တိုး တက္ေသာ လူမ်ိဳးမ်ားသည္ စာဖတ္ၾကေလ သည္။)ဟု ဆိုမိန္႔ခဲ့သည္။ လက္ေတြ႕ မွန္ကန္ ေနပါသည္။ ယခုအခါ ကြၽန္ေတာ္တို႔ လူမ်ိဳးမ်ား စာမဖတ္ၾကပါ။  ဆယ္စုႏွစ္ ခ်ီကာ စာမဖတ္ ၾကေတာ့ပါ။ စာတတ္ေသာ္လည္း စာမဖတ္ၾက ျခင္း ျဖစ္သည္။ ထို႕ေၾကာင့္ ကြၽန္ေတာ္တို႔ ႏုိင္ငံ မတိုးတက္သည့္အျပင္၊ အဆင္းရဲဆံုး ႏုိင္ငံပင္ ျဖစ္ေနေလသည္။ ထို႕ေၾကာင့္လည္း ႏုိင္ငံေတာ္ အစိုးရကပင္ (စာတတ္သူတိုင္း စာဖတ္ေရး) လုပ္ေဆာင္လာေနေလသည္။ စာေရးဆရာမ်ား၊ သတင္းစာ ဆရာမ်ားႏွင့္ စာေပခ်စ္သူမ်ားက လည္း စြမ္းႏုိင္သမွ် လုပ္ေဆာင္ေနသည္။ စာ ၾကည့္တိုက္မ်ား ျပန္လည္ ရွင္သန္ေအာင္ ႀကိဳး စားေနၾကသည္။ ေရြ႕လ်ားစာၾကည့္တိုက္မ်ားကို ပင္ ထူေထာင္ကာ စာဖတ္ရွိန္ ျမင့္ေပးေနၾက သည္။ ျမန္မာတစ္ႏုိင္ငံလံုးတြင္ စာၾကည့္တိုက္ ေပါင္း (၆ဝဝဝ)ေက်ာ္ ရွိသည္။ ထိုစာၾကည့္တိုက္ မ်ား ေရရွည္တည္တံ့ခိုင္ၿမဲ စည္ကားေနေစရန္ အထူးပင္ အေရးႀကီးလွပါသည္။ ျပည္သူအား လံုးႏွင့္တကြ အစိုးရ အေထာက္အပ့ံေကာင္းမ်ား စဥ္ဆက္မျပတ္ ေပးေနဖို႔ လိုအပ္လွသည္။
.
သို႔ေသာ္ ယခု ၂ဝ၁၉ ႏွစ္ အစပုိင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး စာၾကည့္တိုက္ ဥပေဒမူ ၾကမ္း ထြက္ေပၚလာရာ စာၾကည့္တိုက္အတြက္ အားတက္သေရာ လုပ္ေဆာင္ေနသူမ်ားကို စိတ္ ပ်က္ေစခဲ့သည္။ ရန္ကုန္တိုင္း အစိုးရအဖြဲ႕က တင္သြင္းၿပီး အခန္း (၁ဝ)ခန္း ပါဝင္သည္။ အ ခန္း (၇)ပါ စည္းမ်ဥ္းအရ ရန္ကုန္တုိင္းရွိ ျပည္ သူ႕စာၾကည့္တိုက္ အားလံုးသည္ စာၾကည့္တိုက္ မ်ား ႀကီးၾကပ္ေရး ေကာ္မတီတြင္ မွတ္ပံုတင္ ၾကရမည္ ျဖစ္သည္။ အခန္း (၈)ႏွင့္ အခန္း (၉) စည္းမ်ဥ္းမ်ားအရ မွတ္ပံုမတင္သည့္ စာ ၾကည့္တိုက္၊ မွတ္ပံုတင္ စည္းမ်ဥ္းမ်ားကို မ လိုက္နာလွ်င္ ေထာင္ဒဏ္တစ္လအထိ ျဖစ္ေစ၊ ေငြဒဏ္ က်ပ္ ၂ သိန္းျဖစ္ေစ ခ်မွတ္ႏုိင္သည္။ မွတ္ပံုတင္ပါ စည္းမ်ဥ္းမ်ားကို သက္ဆိုင္ရာတာ ဝန္ရွိသူက အခါအားေလ်ာ္စြာ ထုတ္ျပန္ႏုိင္ သည္။ ထို႕ေၾကာင့္ က်ဴးလြန္မိသူ စာၾကည့္တိုက္ တည္ေထာင္သူသည္ ေထာင္ဒဏ္ပင္ ခံရႏုိင္ သည္။
.
''ဒါက မဆလေခတ္က အတိုင္း စာၾကည့္ တိုက္ေတြကို ထိန္းခ်ဳပ္ဖို႕ ႀကိဳးစားတာ သက္ သက္ပဲ ျဖစ္ေနတယ္။ ဒီလို မွတ္ပံုတင္လုပ္ခုိင္း ၿပီး လိုအပ္တဲ့ အေထာက္အပံ့ေပးမလားဆိုေတာ့ လည္း အတိအက်မပါဘူး။ ရန္ပံုေငြကို ကိုယ္ တိုင္ပဲ ရွာရမယ္။ ဒီေတာ့ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ စာေပ ပရဟိတ လုပ္ၿပီး သူတို႕သေဘာမက် ရင္ ဖမ္းမယ္ဆိုတာမ်ိဳး ျဖစ္ေနတယ္။'' ဟု ျမန္ မာႏုိင္ငံ စာၾကည့္တိုက္ ေဖာင္ေဒးရွင္း (MLF) ရန္ကုန္တုိင္း ဥကၠဌ ဦးႏြဲ႕ျမင့္သိန္းက ေဝဖန္သည္။ ထို႕ျပင္ ထိုဥပေဒမူၾကမ္း၌ ျပည္သူ႕စာ ၾကည့္တိုက္မ်ားအတြက္ ပါသင့္သည့္ အခ်က္မ်ားမပါဘဲ၊ ျပစ္ဒဏ္ေပးသည့္ အခန္းမ်ားသာ ပါ ဝင္ေနသည္မွာ စိတ္ပ်က္စရာ ေကာင္းသည္ဟု စာၾကည့္တိုက္ႏွင့္ သုေတသန ပညာဌာန အ ၿငိမ္းစား ပါေမာကၡ ဦးသိန္းေရႊက ေျပာသည္။ ''တကယ္တမ္း စာၾကည့္တိုက္ေတြ ရပ္တည္ဖို႕ က ပိုက္ဆံေငြေၾကး လိုတာ၊ ဒါေတြကို ျဖည့္ ဆည္းေပးဖို႕ေတာင္ ဥပေဒက စဥ္းစားေပးရမွာ'' ဟု ဦးသိန္းေရႊက ေျပာသည္။
.
ထို ဥပေဒၾကမ္း အခန္း (၆)တြင္ စာၾကည့္ တိုက္မ်ား ရန္ပံုေငြ ရွာေဖြရာတြင္ အသင္းဝင္ ေၾကးမ်ား၊ အမ်ားျပည္သူ အလွဴေငြမ်ား၊ အ သင္းအဖြဲ႕မ်ား၏ အလွဴေငြကို သံုး၍ ရန္ပံုေငြ ရွာရန္သာ ပါသည္။ ဇန္နဝါရီလက စာၾကည့္ တိုက္ တည္ေထာင္သူ၊ အဖြဲ႕အစည္းမ်ားစြာက ထုိ ဥပေဒ အတည္ျဖစ္လွ်င္ စာၾကည့္တိုက္မ်ား လံုးဝ ပိတ္ပစ္မည္ဟုပင္ ေျပာခဲ့ၾကသည္။ ဥပ ေဒၾကမ္းႏွင့္ ပတ္သက္ၿပီး အသံမ်ား က်ယ္ က်ယ္ေလာင္ေလာင္ ထြက္လာရာ၊ ေဖေဖာ္ဝါရီ လ (၂၅)ရက္၌ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ ေတာ္ ဥပေဒၾကမ္း ေကာ္မတီ၊ လႊတ္ေတာ္ကိုယ္ စားလွယ္မ်ားႏွင့္ စာၾကည့္တိုက္ ပညာရွင္မ်ား ေတြ႕ဆံုေဆြးေႏြးခဲ့သည္။ ထို႕ေနာက္ ဥပေဒ ၾကမ္းကို ရပ္ဆိုင္းထားၿပီး ျပန္လည္ျပင္ဆင္မည္ ဟူေသာ အတည္ျပဳခ်က္တစ္ခု ရခဲ့သည္။ ဥပ ေဒၾကမ္းကို ျပန္လည္ေဆြးေႏြးရန္ လာမည့္ ႏို ဝင္ဘာလသို႔ ေျပာင္းေရႊ႕ထားၿပီး ေနာင္ႏွစ္လႊတ္ ေတာ္တြင္မွ ျပဌာန္းႏုိင္ေရး ျပဳလုပ္မည္ဟုလႊတ္ ေတာ္ တာဝန္ရွိသူမ်ားက ဆိုသည္။ ဤျဖစ္ရပ္ ေၾကာင့္ အျခားတုိင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္ အခ်ိဳ႕တြင္လည္း အလားတူ ျပစ္ဒဏ္မ်ိဳး ပါဝင္ သည္။ စာၾကည့္တိုက္ ဥပေဒမ်ား အသီးသီးရွိ ေနၿပီးေၾကာင္း သိရသည္။ အခ်ိဳ႕ တိုင္းေဒသ ႀကီးႏွင့္ ျပည္နယ္မ်ားတြင္လည္း ျပဌာန္းရန္ အ လားအလာ ရွိေနေၾကာင္း သိရသည္။ ျမန္မာ ႏိုင္ငံတြင္ ၁၉၆၄ ခု စာၾကည့္တိုက္ႏွင့္ ျပတိုက္ မ်ား ဥပေဒဟူ၍ ရွိသည္။ စစ္အစိုးရက ကြန္ျမဴ နစ္စာေပမ်ားႏွင့္ ဝါဒျဖန္႕စာေပမ်ားကို ကန္႔ သတ္ႏုိင္ရန္ ထိုဥပေဒျပဌာန္းကာ စာၾကည့္ တိုက္မ်ားကို ထိန္းခ်ဳပ္ခဲ့သည္။ ထိုဥပေဒမွာ လက္ရွိအခ်ိန္ထိ မပယ္ဖ်က္ရေသးေပ။ ၂ဝဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒ ျပဌာန္းၿပီးေသာအခါ ယင္းပါ ဇယား (၂)အရ စာၾကည့္တိုက္ ဥပေဒ မ်ားကို ျပဌာန္းရန္ သက္ဆုိင္ရာ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ားတြင္ တာဝန္ရွိသည္။ ထို႕ ေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရမ်ား က ပညာရွင္မ်ားႏွင့္ ဦးစြာမတိုင္ပင္ဘဲ ၁၉၆၄ ဥပေဒကို မွီျငမ္းေရးဆြဲခဲ့ရာ ယခုကဲ့သို႔ ျဖစ္ရ သည္ဟု အခ်ိဳ႕က သံုးသပ္ခဲ့သည္။
.
စာၾကည့္တိုက္မ်ား၊ စာၾကည့္တိုက္အဖြဲ႕အ စည္းမ်ား၊ စာနယ္ဇင္းမ်ား၊ စာေပသမားမ်ား၊ စာေပ ပရဟိတ သမားမ်ားကို ကူညီအားေပး ေထာက္ပံ့ရမည့္အစား၊ ကာကြယ္ေစာင့္ေရွာက္ရ မည့္အစား ဖိႏွိပ္ခ်ဳပ္ခ်ယ္ ခဲ့သျဖင့္ ကြၽန္ေတာ္ တို႔အားလံုး အေမွာင္က်ခဲ့ဖူးသည္။ ထုိ သင္ခန္းစာက ယခုထိ မကုန္ႏုိင္ေသး။ အရွိန္ေကာင္းေနဆဲ ျဖစ္သျဖင့္ စာၾကည့္တိုက္ တံခါးမ်ား ပိတ္ေနရဆဲ။ ပိတ္ၾကရဦးမည္ေလာ။ စာၾကည့္တိုက္ တံခါးမ်ား လြတ္လြတ္လပ္လပ္ ပြင့္ပါေစကုန္သ တည္း။ စာေပ ပရဟိတ သမားမ်ားအားလံုး ေဘးရန္ကင္းကာ ခ်မ္းသာၾကပါေစ ကုန္သ တည္း။ တစ္မ်ိဳးသားလံုး စာဖတ္ေသာလူမ်ိဳးမ်ား ျဖစ္ၾကပါေစ ကုန္သတည္း ဟူ၍သာ။ ။
==========================================
ထောင်သား၊ ထောင်စကား မကြားလိုပါလျှင်
ကောင်းမြင့်မြတ်စိန်
.
''စာကြည့်တိုက် တံခါးတစ်ချပ် ဖွင့်ထား ခြင်းဟာ ထောင်တံခါးများစွာကို ပိတ်စေတယ် လို့ မှတ်သားခဲ့ရဖူးပါတယ်။ ဒီနေ့အခါမှာတော့ စာကြည့်တိုက် တံခါးတွေ ပိတ်ထားတာ များနေ ပါတယ်။ ဒါကြောင့် ထောင်တံခါးတွေပွင့်နေတာ လား မသိဘူးနော်''ဟူ၍ စာရေးဆရာ လှိုင်း နန္ဒာ(တောင်ကြီး)က လူငယ်များကို ဟောပြောခဲ့ လေသည်။ ၁၈-၇-၁၉ ရက်က အေးသာယာမြို့ နည်းပညာ အထက်တန်းကျောင်းတွင် 'စာဖတ် ရှိန် မြှင့်တင်ရေး ဟောပြောဆွေးနွေးပွဲ' ပြုလုပ် ရာတွင် နည်းပညာ အထက်တန်းကျောင်းသား ကျောင်းသူများအား ဟောပြောခဲ့ခြင်း ဖြစ်သည်။ စာဖတ်ရှိန် မြှင့်တင်ရေးကွန်ရက် (ရှမ်းပြည်နယ်) ၏ လှုပ်ရှားမှုလည်း ဖြစ်သည်။
.
စည်ကားအပ်သော စာကြည့်တိုက်များတွင် လူဝင်လူထွက် မရှိသလောက် နည်းပါးခြောက် ကပ် နေသော်လည်း မစည်ကားအပ်သော     'ထောင်'တွင်ကား လူများအဝင်အထွက်များ ကာ စည်ကားနေခြင်းသည်ကား လူ့လောကအ တွက် ကောင်းသော လက္ခဏာမဟုတ်ပါချေ။ ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် အကျဉ်းသားဦး ရေ ၉ဝဝဝဝ ကျော်ပင် ရှိခဲ့သည်။ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီလ ၁၇ ရက် (မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မြတ်)တွင် အ ကျဉ်းသား (၉၅၈၅)ဦးနှင့် ဧပြီလ ၂၆ ရက်တွင် ၆၉၄၈ ဦး စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့် ရ သူ ၁၆၅၃၃ ဦး ရှိခဲ့သည်။ သို့သော်လည်း ပြန် လည်များပြားလာနေကြောင်း သိရသည်။ နိုင်ငံ တော် အစိုးရအဆက်ဆက်မှာလည်း ထောင် သားများကို အခါအားလျော်စွာ လွတ်ငြိမ်းချမ်း သာခွင့်များ ပေးခဲ့လေသည်။ သို့သော် ထောင် သားဦးရေက ခဏသာ လျော့သွားသည်။ ပြန် လည်ပြည့်ဖြိုးမြဲ စွမ်းအင်များပမာ၊ ရေထွက် ကောင်းသော ရေတွင်းက ရေများပမာ တိုးပွား ပြည့်ဖြိုးနေမြဲ ဖြစ်သည်။ ထောင်ကြီး၊ ထောင် ငယ် အသွယ်သွယ်နှင့် အချုပ်ခန်းများကို ထပ်မံ တည်ဆောက်နေရလေသည်။ စာကြည့်တိုက် များကတော့ တစ်ခုပြီး တစ်ခု ပျက်နေတော့ သည်။ စာကြည့်တိုက်များ ပျက်လာသလောက် အကျဉ်းထောင်၊ အချုပ်ခန်းများ ဆောက်နေရ ပေလိမ့်မည်လော။ မကောင်းမှုများ၊ ဝိသမလော ဘဖြင့် လုပ်ရပ်များ၊ ဒုစရိုက်မှုများ၊ လူမဆန်မှု၊ လူစိတ်ပျောက်မှုများက ယခုအခါ ကြောက်ခမန်း လိလိ တိုးပွားနေသည်။ ထို့ကြောင့် ရာဇဝတ် မှုများ၊ တရားမမှုများ လွန်စွာ များပြားလာရ သည်။ ထိုအခါ ရာဇဝတ်မှု ထောင်သားများ၊ တရားမမှု အကျဉ်းသားများလည်း တိုးပွားလာ သည်။ ထောင်သားများကို လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခြင်းဖြင့် ထောင်သားလျှော့ချနေခြင်းမှာ လည်း အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်သေး။ ထို့ကြောင့် ထောင်များတွင် ပညာသင်ပေးခြင်း များ၊ ဆယ်တန်းစာမေးပွဲပြန်ဖြေခွင့် ပေးခြင်းများ၊ စာကြည့်တိုက် ထားပေးခြင်း၊တရားဟော ဆ ရာတော်ကြီးများ၏ တရားပွဲများ စီစဉ်ပေးခြင်း တို့ကို ပြုလုပ်ပေးနေကြောင်း သိရသည်။
.
''ထောင်တွေမှာ လူများနေတဲ့ ပြဿနာကို တစ်ကြိမ်တစ်ခါသာ မှားယွင်းခဲ့သူတွေ အနေနဲ့ လည်း ပြန်လည်ပြုပြင်နိုင်စွမ်း ရှိစေချင်ပါတယ်။ လူရော စိတ်ရော ပြုပြင်ပြောင်းလဲစေပြီး မြန်မာ့ လူ့ဘောင် ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်''ဟူ၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မ ရှင်မှ အဖွဲ့ဝင် ဖြစ်သော ဦးယုလွင်အောင်က ပြောခဲ့သည်။ ထောင်သားတစ်ဦး ဖြစ်လာလျှင် ကာယကံရှင်အတွက် သာမကပါ သူ၏ မိသား စု၊ ဆွေမျိုး၊ အသိုင်းအဝိုင်းလည်း သောကဒုက္ခ များရသည်။ ဆုတ်ယုတ်မှု များလှသည်။ တိုင်း ပြည်အတွက် လုပ်အားများ၊ ငွေအားများလည်း နစ်နာသွားရသည်။ တစ်ဦးတစ်ယောက်၏ မှား ယွင်းမိုက်မဲမှုကြောင့် လူအများ (မိသားစု)နှင့် တိုင်းပြည်က ရင်းနှီးပေးဆပ်နေရမှုက များပြား လှ၏။
.
ထောင်သားများအတွက် နိုင်ငံတော်ကကုန် ကျစရိတ်မှာလည်း တွက်စစ်ကြည့်လျှင် အလွန် များပြားသည်။ အကျဉ်းသားတစ်ဦးအတွက် စား စရိတ်ကိုပင် ကြည့်ပါဦး။ ယခင်က အကျဉ်း သား တစ်ဦး၏ စားစရိတ် ၆ဝဝ ကျပ်မှ ယခုအ ခါ (၉၆ဝ)ကျပ်အထိ အကုန်ကျခံကာ ကျွေးမွေး နေရသည်။ အကြမ်းအားဖြင့် အကျဉ်းသားတစ် ဦးလျှင် (၁ဝဝဝ)ကျပ်ခန့်ဖြင့် တွက်လျှင် အ ကျဉ်းသား (၈ဝဝဝဝ)ကျော်အတွက် တစ်ရက် ကုန်ကျငွေမှာ သန်းပေါင်း (၈ဝ) ဖြစ်သည်။ တစ်လအတွက်ဆိုလျှင် ကျပ်သန်းပေါင်း (၂၄ဝဝ) ဖြစ်ကာ တစ်နှစ်ဆိုလျှင် ကျပ်သန်းပေါင်း (၂၈ ၈ဝဝ) ဖြစ်သည်။ တိုင်းပြည်၏ ဘဏ္ဍာငွေများ ကို ထိုသို့ သုံးစွဲနေရခြင်းက နှမြောစရာကောင်း လှသည်။ ဤသည်မှာ စားစရိတ်ကိုသာ တွက် ကြည့်ခြင်းမျှ ဖြစ်သည်။ အခြားစရိတ်စက များ စွာ ကုန်ကျနေရသေးသည်။ နေရာထိုင်ခင်း အ ဆောက်အအုံများ၊ အဝတ်အထည်၊ ရေ၊ မီး၊ ဆေးဝါး စသည် လူတစ်ဦးအတွက် ကုန်ကျစ ရိတ်များစွာ ရှိပါသည်။ ထောင်သား အဆင့်မ ရောက်ခင်၊ အမှုအခင်း ပြု၍ တရားစီရင်ရေး ကိစ္စအဝဝအထိ တွက်လျှင်နိုင်ငံတော်က စီမံ ဆောင်ရွက်သော ကိစ္စများက များပြားလွန်းလှ သည်။ တရားရေးဆိုင်ရာ ဝန်ထမ်းများ၊ ဥပဒေ ဆိုင်ရာ ဝန်ထမ်းများမှ အစ ပြာတာအထိ ခန့် ထားဆောင်ရွက်ရ၊ ရုံးများ၊ ဌာနများ၊ တည် ထောင်ရဖြင့် ထောင့်စေ့အောင် စီမံနေရသည်။ သို့ဖြစ်ရာ အကျဉ်းသား (ထောင်သား)လျော့ကျ ရေးမှာ အလွန်အရေးကြီးလှပေသည်။
.
ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပို၍ ကောင်းသည်ကို အားလုံးလက်ခံပြီး ဖြစ် သည်။ ထောင်တံခါးများစွာ ပိတ်သွားစေရေးအ တွက် စာကြည့်တိုက်များတွင် လူများစည်ကား လာစေရန် တာဝန်ရှိ လူကြီးမင်းများနှင့် တာဝန် သိ ပြည်သူအားလုံးက စိတ်ဝင်စား လုပ်ဆောင် ကြရန် အရေးကြီးသည်။ ''ကျွန်တော်တို့ အေး သာယာမြို့မှာ အရင်က ရပ်ကွက်တချို့မှာ စာကြည့်တိုက် ရှိတယ်ဗျ။ ဒါပေမဲ့ဗျာ လူ ကြီးတွေ ကလည်း ဂရုမစိုက်၊ အားမပေး၊ လူ တွေကလည်း ကိုယ့်စားဝတ်နေရေး အတွက် ပဲ လုံးပန်းနေကြရတော့ အဲဒီစာကြည့်တိုက်တွေ မှာ စာအုပ်ငှားတဲ့သူ မရှိသလောက်ပါပဲ။ အခု တော့ အဲဒီစာကြည့်တိုက်တွေလည်း မရှိတော့ ပါဘူး။ အဲ နယ်မြေ (၆)ထဲမှာတော့ စာကြည့် တိုက်တစ်ခု ရှိသေးတယ်။ ဒါပေမဲ့ ပိတ်ထားရ တာက များပါတယ်။ စာဖတ်မယ့်လူ စာအုပ်ငှား မယ့်လူ ရှားတယ်လေ''ဟု စာရေးဆရာ ကိုတူး (အေးသာယာ)က ဆိုသည်။
.
အေးသာယာမြို့တွင် ယခင်က စာအုပ်အ ငှားဆိုင်များ ရပ်ကွက်တိုင်းတွင် ရှိခဲ့သည်။ ၂ဝဝဝ ခုနှစ် နောက်ပိုင်းတွင် ကြက်ပျောက်ငှက် ပျောက် ပျောက်ကွယ်ကုန်သည်။ ယခုအခါ ဖောင်တော်ပေါက် ဘုန်းကြီးကျောင်း အနီးရှိ   ''ရွှေပေါက်ပွင့်''စာအုပ်အငှားဆိုင်နှင့် စာရေးဆ ရာ ရဲဘော်မြသိန်း (ဟိုပုံး)၏ အိမ်ရှေ့ရှိ စာအုပ် အငှားဆိုင်တို့သာ ရှိတော့သည်။ ထိုဆိုင်များမှာ လည်း ငှားသူ ရှားသွားပါပြီ။ အေးသာယာမြို့ တွင် စာအုပ်အရောင်းဆိုင် တစ်ဆိုင်သာရှိသည်။ သို့သော် ကျောင်းသုံးစာအုပ်များသာ အဝယ်များ သည်။ သုတ၊ ရသစာအုပ်များမှာ ဗီရိုထဲတွင် အလှပြထားသည့်နှယ် နေရာမရွေ့ချေ။ သတင်း စာနှင့် ဂျာနယ်များကိုပင် ဝယ်သူနည်းလှ၏။
.
'ရွှေပေါက်ပွင့်'စာအုပ်အငှားဆိုင်မှ ကိုဝင်း ထွေးက ''စာအုပ်ငှားတဲ့သူကတော့ အရင်တုန်း ကနဲ့စာရင် အတော်ကို နည်းသွားပါတယ်။ ကျွန် တော်တို့က စာကို မဖတ်ရ မနေနိုင်တဲ့သူတွေ မို့ ဒီစာအုပ်ဆိုင်လေးကို ထိန်းသိမ်းထားတာပါ။ စာအုပ်ငှားတာ တစ်ခုတည်းနဲ့တော့ မရပ်တည် နိုင်ပါဘူး။ မိတ္တူကူးစက်လေးနဲ့ မိတ္တူကူးပေးတဲ့ အလုပ်ကိုပါ တွဲထားရပါတယ်။ စာဖတ်တဲ့သူ တော်တော်နည်းသွားပြီ။ ဖုန်းပဲ ပွတ်နေကြတော့ တယ်။ ကျွန်တော်ကတော့ ဖုန်းထဲက စာဖတ်ရ တာ အားမရဘူး။ အရသာ မတွေ့ဘူး။ စာအုပ် ကိုင်ပြီး စာတွေကို ဖတ်ရမှပဲ အားရတယ်။ ကျေ နပ်တယ်။ ဖုန်းထဲကို ထည့်ထားတဲ့ဝတ္ထုတစ်ပုဒ် ဖတ်ဖို့ မလွယ်ဘူး။ ဖတ်ရတာလည်း စိတ်မရှည် ဘူး။ ဆောင်းပါး တစ်ပုဒ်ပြီးအောင် ဖတ်ဖို့ တောင် အတော်စိတ်ရှည်ရှည် ထားနေရတယ်။ စာအုပ်ထဲမှာ ရေးထားတဲ့ စာလုံးတွေ ဖတ်ရတာ နဲ့ အရသာချင်းကတော့ ကွာတာအမှန်ပါပဲဗျာ'' ဟု ဆိုသည်။
.
စာဖတ်ခြင်း၏ အရသာ၊ စာဖတ်ခြင်းတန် ဖိုးကို လက်တွေ့ ခံစားနားလည်သူ၏ စကားကို စာမဖတ်သူများကတော့ သိနားလည်မည် မ ဟုတ်ပါ။ စာပေကို မြတ်နိုးသူများသာ စာပေ လုပ်ငန်းကို အကျိုးအမြတ် နည်းသော်လည်း ဇွဲရှိရှိ ဆက်လက်လုပ်ကိုင်နိုင်ခြင်း ဖြစ်သည်။ တောင်ကြီးမြို့တွင်လည်း စာအုပ်အငှားဆိုင်များ မှာ လက် ၅ ချောင်းပင် မပြည့်တော့ပေ။ တောင် ကြီးမြို့မှ လူငယ်စာရေးဆရာ ကိုအောင်ဆန်း ဝင်းက နည်းပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအား ဟောပြောရာ တွင် ''ကျွန်တော့်မှာ စာအုပ်အငှားဆိုင်လေးတစ် ဆိုင် ရှိပါတယ်။ စာအုပ်လာငှားတဲ့သူက အ တော်ကို လျော့နည်းသွားတယ်။ စာအုပ်ငှားမှတ် တမ်းစာအုပ်မှာ တစ်လုံးမှ မရေးမှတ်ရတဲ့ ရက် တွေက များလာပါတယ်။ ဒါက ဘာကို ပြနေသ လဲဆိုတော့ လူတွေ စာမဖတ်တော့ကြောင်း ပြ နေတာပါပဲ''ဟု ထည့်သွင်း ပြောခဲ့သည်။
.
တောင်ကြီးမြို့ရှိ နာမည်ကြီး စာအုပ်အ ရောင်းဆိုင်ကြီးများဖြစ်သော မီလျှံနာစာပေ၊ ဂင်္ဂါနဒီစာပေ၊ ပြည့်စုံစာပေနှင့် နေစေး စာပေ တို့မှာပင် သုတ၊ရသစာအုပ်များထက် ကျောင်း သုံးစာအုပ်များကိုသာ ရောင်းကောင်းကြောင်း လေ့လာတွေ့ရှိရသည်။ ကျွန်တော်တို့၏ အေး သာယာနှင့် တောင်ကြီးမြို့မှာသာ ဤသို့ ဖြစ် နေခြင်း မဟုတ်ပါ။ အခြားမြို့များတွင်လည်း ဤအတိုင်းသာ ဖြစ်ပါသည်။ စာဖတ်သူ ရှားပါး လာသဖြင့် မြို့တိုင်းနယ်တိုင်းတွင် စာအုပ်ဆိုင် များ လုံးပါးပါး လာနေသည်။ (ရန်ကုန်ပတ်လည် အုပ်ရှစ်ဆယ်)ဟု စာရေးဆရာ အတ္တကျော်က အင်တာဗျူးတစ်ခုတွင် ပြောသွားသည်။
.
''ရန်ကုန်ပတ်လည် အုပ်ရှစ်ဆယ်ခေတ်မှာ ကျွန်တော်တို့ စာရေးဆရာတွေ စာအုပ်အသစ် တစ်အုပ် ထုတ်ဖို့ မတွေးရဲတော့ဘူး။ ထုတ်ဝေ သူတွေကလည်း မထုတ်ရဲဘူး။ ဖြန့်ချိရေးက ခက်တယ်လေ''ဟု ဆိုခဲ့သည်။
.
ကျွန်တော်တို့ တောင်ကြီးမြို့နယ်မှ စာရေး ဆရာများပင် မိမိတို့၏ ရေးသားထားသော စာ များကို စာအုပ်အဖြစ် ထုတ်ချင်သော်လည်း မ ထုတ်နိုင်ကြပေ။ စာဖတ်သူက ဤမျှရှားပါးသွား ခြင်းပင် ဖြစ်သည်။ စာဖတ်သူ ရှားပါးလာသ လောက် နိုင်ငံအနှံ့အပြားတွင် အမှုအခင်း ပြ ဿနာများ ထူပြောလာသည်။ လိမ်လည်မှုများ၊ ခိုးဆိုး လုယက်မှုများ၊ မုဒိမ်းမှုများ၊ မူးယစ်ဆေး အမှုများ၊ လောင်းကစား အမှုများ အဂတိလိုက် စားမှုများ၊ မပြီးနိုင် မစီးနိုင် ပြည်တွင်းစစ်မီးများ၊ စစ်ပြေး ဒုက္ခသည်များ၊ မိဘမဲ့ ကလေးငယ်များ၊ အားကိုးရာမဲ့ မိအိုဖအိုများ၊ နေရပ်စွန့်ခွာ အ လုပ်ရှာသူများ၊ လူမှောင်ခိုများ၊ ကျူးကျော်နေ ထိုင်ရသူများ၊ ဆင်းရဲမွဲတေမှုများ၊ ဥပဒေမဲ့ လုပ် ရပ်များ စသည်ဖြင့် အနိဌာရုံများစွာ တိုးပွားနေ သည်။ အချုပ်ခန်းနှင့် ထောင်ကြီးထောင်ငယ် အသွယ်သွယ်တွင် ထောင်သားများက ပြည့်ဖြိုး မြဲ သဘာဝ စွမ်းအင်များသဖွယ်ပင်။
.
ကျွန်တော်တို့ မြန်မာတိုင်းရင်းသား ပြည် သူများ၏ ဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီးဖြစ်သော ကု လသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က (စာဖတ်သော လူမျိုးသည် တိုးတက်၍ တိုး တက်သော လူမျိုးများသည် စာဖတ်ကြလေ သည်။)ဟု ဆိုမိန့်ခဲ့သည်။ လက်တွေ့ မှန်ကန် နေပါသည်။ ယခုအခါ ကျွန်တော်တို့ လူမျိုးများ စာမဖတ်ကြပါ။  ဆယ်စုနှစ် ချီကာ စာမဖတ် ကြတော့ပါ။ စာတတ်သော်လည်း စာမဖတ်ကြ ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ နိုင်ငံ မတိုးတက်သည့်အပြင်၊ အဆင်းရဲဆုံး နိုင်ငံပင် ဖြစ်နေလေသည်။ ထို့ကြောင့်လည်း နိုင်ငံတော် အစိုးရကပင် (စာတတ်သူတိုင်း စာဖတ်ရေး) လုပ်ဆောင်လာနေလေသည်။ စာရေးဆရာများ၊ သတင်းစာ ဆရာများနှင့် စာပေချစ်သူများက လည်း စွမ်းနိုင်သမျှ လုပ်ဆောင်နေသည်။ စာ ကြည့်တိုက်များ ပြန်လည် ရှင်သန်အောင် ကြိုး စားနေကြသည်။ ရွေ့လျားစာကြည့်တိုက်များကို ပင် ထူထောင်ကာ စာဖတ်ရှိန် မြင့်ပေးနေကြ သည်။ မြန်မာတစ်နိုင်ငံလုံးတွင် စာကြည့်တိုက် ပေါင်း (၆ဝဝဝ)ကျော် ရှိသည်။ ထိုစာကြည့်တိုက် များ ရေရှည်တည်တံ့ခိုင်မြဲ စည်ကားနေစေရန် အထူးပင် အရေးကြီးလှပါသည်။ ပြည်သူအား လုံးနှင့်တကွ အစိုးရ အထောက်အပ့ံကောင်းများ စဉ်ဆက်မပြတ် ပေးနေဖို့ လိုအပ်လှသည်။
.
သို့သော် ယခု ၂ဝ၁၉ နှစ် အစပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက် ဥပဒေမူ ကြမ်း ထွက်ပေါ်လာရာ စာကြည့်တိုက်အတွက် အားတက်သရော လုပ်ဆောင်နေသူများကို စိတ် ပျက်စေခဲ့သည်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့က တင်သွင်းပြီး အခန်း (၁ဝ)ခန်း ပါဝင်သည်။ အ ခန်း (၇)ပါ စည်းမျဉ်းအရ ရန်ကုန်တိုင်းရှိ ပြည် သူ့စာကြည့်တိုက် အားလုံးသည် စာကြည့်တိုက် များ ကြီးကြပ်ရေး ကော်မတီတွင် မှတ်ပုံတင် ကြရမည် ဖြစ်သည်။ အခန်း (၈)နှင့် အခန်း (၉) စည်းမျဉ်းများအရ မှတ်ပုံမတင်သည့် စာ ကြည့်တိုက်၊ မှတ်ပုံတင် စည်းမျဉ်းများကို မ လိုက်နာလျှင် ထောင်ဒဏ်တစ်လအထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၂ သိန်းဖြစ်စေ ချမှတ်နိုင်သည်။ မှတ်ပုံတင်ပါ စည်းမျဉ်းများကို သက်ဆိုင်ရာတာ ဝန်ရှိသူက အခါအားလျော်စွာ ထုတ်ပြန်နိုင် သည်။ ထို့ကြောင့် ကျူးလွန်မိသူ စာကြည့်တိုက် တည်ထောင်သူသည် ထောင်ဒဏ်ပင် ခံရနိုင် သည်။
.
''ဒါက မဆလခေတ်က အတိုင်း စာကြည့် တိုက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားတာ သက် သက်ပဲ ဖြစ်နေတယ်။ ဒီလို မှတ်ပုံတင်လုပ်ခိုင်း ပြီး လိုအပ်တဲ့ အထောက်အပံ့ပေးမလားဆိုတော့ လည်း အတိအကျမပါဘူး။ ရန်ပုံငွေကို ကိုယ် တိုင်ပဲ ရှာရမယ်။ ဒီတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စာပေ ပရဟိတ လုပ်ပြီး သူတို့သဘောမကျ ရင် ဖမ်းမယ်ဆိုတာမျိုး ဖြစ်နေတယ်။'' ဟု မြန် မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်း (MLF) ရန်ကုန်တိုင်း ဥက္ကဌ ဦးနွဲ့မြင့်သိန်းက ဝေဖန်သည်။ ထို့ပြင် ထိုဥပဒေမူကြမ်း၌ ပြည်သူ့စာ ကြည့်တိုက်များအတွက် ပါသင့်သည့် အချက်များမပါဘဲ၊ ပြစ်ဒဏ်ပေးသည့် အခန်းများသာ ပါ ဝင်နေသည်မှာ စိတ်ပျက်စရာ ကောင်းသည်ဟု စာကြည့်တိုက်နှင့် သုတေသန ပညာဌာန အ ငြိမ်းစား ပါမောက္ခ ဦးသိန်းရွှေက ပြောသည်။ ''တကယ်တမ်း စာကြည့်တိုက်တွေ ရပ်တည်ဖို့ က ပိုက်ဆံငွေကြေး လိုတာ၊ ဒါတွေကို ဖြည့် ဆည်းပေးဖို့တောင် ဥပဒေက စဉ်းစားပေးရမှာ'' ဟု ဦးသိန်းရွှေက ပြောသည်။
.
ထို ဥပဒေကြမ်း အခန်း (၆)တွင် စာကြည့် တိုက်များ ရန်ပုံငွေ ရှာဖွေရာတွင် အသင်းဝင် ကြေးများ၊ အများပြည်သူ အလှူငွေများ၊ အ သင်းအဖွဲ့များ၏ အလှူငွေကို သုံး၍ ရန်ပုံငွေ ရှာရန်သာ ပါသည်။ ဇန်နဝါရီလက စာကြည့် တိုက် တည်ထောင်သူ၊ အဖွဲ့အစည်းများစွာက ထို ဥပဒေ အတည်ဖြစ်လျှင် စာကြည့်တိုက်များ လုံးဝ ပိတ်ပစ်မည်ဟုပင် ပြောခဲ့ကြသည်။ ဥပ ဒေကြမ်းနှင့် ပတ်သက်ပြီး အသံများ ကျယ် ကျယ်လောင်လောင် ထွက်လာရာ၊ ဖေဖော်ဝါရီ လ (၂၅)ရက်၌ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် ဥပဒေကြမ်း ကော်မတီ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် စာကြည့်တိုက် ပညာရှင်များ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် ဥပဒေ ကြမ်းကို ရပ်ဆိုင်းထားပြီး ပြန်လည်ပြင်ဆင်မည် ဟူသော အတည်ပြုချက်တစ်ခု ရခဲ့သည်။ ဥပ ဒေကြမ်းကို ပြန်လည်ဆွေးနွေးရန် လာမည့် နို ဝင်ဘာလသို့ ပြောင်းရွှေ့ထားပြီး နောင်နှစ်လွှတ် တော်တွင်မှ ပြဌာန်းနိုင်ရေး ပြုလုပ်မည်ဟုလွှတ် တော် တာဝန်ရှိသူများက ဆိုသည်။ ဤဖြစ်ရပ် ကြောင့် အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ် အချို့တွင်လည်း အလားတူ ပြစ်ဒဏ်မျိုး ပါဝင် သည်။ စာကြည့်တိုက် ဥပဒေများ အသီးသီးရှိ နေပြီးကြောင်း သိရသည်။ အချို့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်လည်း ပြဌာန်းရန် အ လားအလာ ရှိနေကြောင်း သိရသည်။ မြန်မာ နိုင်ငံတွင် ၁၉၆၄ ခု စာကြည့်တိုက်နှင့် ပြတိုက် များ ဥပဒေဟူ၍ ရှိသည်။ စစ်အစိုးရက ကွန်မြူ နစ်စာပေများနှင့် ဝါဒဖြန့်စာပေများကို ကန့် သတ်နိုင်ရန် ထိုဥပဒေပြဌာန်းကာ စာကြည့် တိုက်များကို ထိန်းချုပ်ခဲ့သည်။ ထိုဥပဒေမှာ လက်ရှိအချိန်ထိ မပယ်ဖျက်ရသေးပေ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းပြီးသောအခါ ယင်းပါ ဇယား (၂)အရ စာကြည့်တိုက် ဥပဒေ များကို ပြဌာန်းရန် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် တာဝန်ရှိသည်။ ထို့ ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ က ပညာရှင်များနှင့် ဦးစွာမတိုင်ပင်ဘဲ ၁၉၆၄ ဥပဒေကို မှီငြမ်းရေးဆွဲခဲ့ရာ ယခုကဲ့သို့ ဖြစ်ရ သည်ဟု အချို့က သုံးသပ်ခဲ့သည်။
.
စာကြည့်တိုက်များ၊ စာကြည့်တိုက်အဖွဲ့အ စည်းများ၊ စာနယ်ဇင်းများ၊ စာပေသမားများ၊ စာပေ ပရဟိတ သမားများကို ကူညီအားပေး ထောက်ပံ့ရမည့်အစား၊ ကာကွယ်စောင့်ရှောက်ရ မည့်အစား ဖိနှိပ်ချုပ်ချယ် ခဲ့သဖြင့် ကျွန်တော် တို့အားလုံး အမှောင်ကျခဲ့ဖူးသည်။ ထို သင်ခန်းစာက ယခုထိ မကုန်နိုင်သေး။ အရှိန်ကောင်းနေဆဲ ဖြစ်သဖြင့် စာကြည့်တိုက် တံခါးများ ပိတ်နေရဆဲ။ ပိတ်ကြရဦးမည်လော။ စာကြည့်တိုက် တံခါးများ လွတ်လွတ်လပ်လပ် ပွင့်ပါစေကုန်သ တည်း။ စာပေ ပရဟိတ သမားများအားလုံး ဘေးရန်ကင်းကာ ချမ်းသာကြပါစေ ကုန်သ တည်း။ တစ်မျိုးသားလုံး စာဖတ်သောလူမျိုးများ ဖြစ်ကြပါစေ ကုန်သတည်း ဟူ၍သာ။ ။

No comments:

Post a Comment

Journal Download

Photo of three cats