ကလောမြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းလစာငွေ ကျပ်သိန်း ၁၆၀ ကျော် ပျောက်ဆုံး - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Sunday, August 11, 2019
မင်းဇော်မင်း
.
.
.
အဆိုပါ ငွေကြးပျောက်ဆုံးမှုနှင့် ပတ်သက်၍ ကလောမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်ကျော်ကအခု တော့ စစ်ဆေးနေဆဲဖြစ်ပါတယ်ဟု ဩဂုတ်လ ၁၀ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ကလောမြို့နယ်ပညာရေးမှူးရုံးမှ စာရေး () ဦးကျော်ဌေးနှင့် စာရေး () ဒေါ်ဌေးဌေးဝင်း၊ ယာဉ်မောင်း ဦးအောင်နိုင်ဌေး၊ သန်ရှင်းရေးဝန်ထမ်း ဒေါ်မေယမုံဖူးတို့သည် ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းက ကလောမြို့နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများ၏ ဇူလိုင်လအတွက် လစာငွေ ၁၈၄၁၉၁၃၅၇ ဒသမ ၃၅ ကျပ်အား ကလောမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှထုတ်ယူလာခဲ့ပြီးနောက် ဦးကျော်ဌေးမှ ဒေါ်ဌေးဌေးဝင်း၊ ဒေါ်ဆွေဆွေငြိမ်းနှင့် ဒေါ်မေယမုံဖူး တို့အား လစာများကို အုပ်စုအလိုက် ထုတ်ပေးရန် တာဝန်ပေးအပ်ထားခဲ့ပြီး ယင်းနေ့မွန်းလွဲပိုင်းက မြို့နယ်ပညာရေး မှူးရုံးတွင် ပြုလုပ်သည့် အစည်းအဝေး အပြီးတွင် ပညာရေးဝန်ထမ်းများမှ အုပ်စုအလိုက် လစာငွေ ထုတ်ယူစဉ် အုပ်စု () အစိုးရမူလတန်းကျောင်း၊ ကျောက်စုကျောင်းအုပ် ဒေါ်အေးအေးသန်းနှင့် မူလွန် ဝတ္ထုပေါက် ကျောင်းအုပ် ဒေါ်အေးအေးနွယ်တို့မှ ၎င်းတို့ထုတ်ယူရမည့် အုပ်စု () ပညာရေးဝန်ထမ်းများ၏ လစာငွေကျပ် ၁၆၁၁၆၉၈၈ ဒသမ ၇၀ အားထုတ်ယူစဉ် ပျောက်ဆုံးနေခြင်းဖြစ်ပြီး အဆိုပါ လစာငွေများ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ကလောမြို့နယ် ပညာရေးမှူး ဒေါ်ငွေသန်းနုက ဩဂုတ်လ ၉ ရက်၊ ညနေပိုင်းတွင် ကလောမြို့မရဲစခန်း၌ တရားလိုပြုလုပ် တိုင်တန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
.
သို့ဖြစ်၍ ပညာရေးဝန်ထမ်းများ၏ လစာငွေကျပ်သိန်း ၁၆၀ ကျော်အား ခိုးယူသွားသူအား သိရှိဖော်ထုတ် နိုင်ရေးအတွက် ကလောမြို့မရဲစခန်းမှ ()၅၀/၂၀၁၉၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ () ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
============================================================
ကလောမြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းလစာငွေ ကျပ်သိန်း ၁၆၀ ကျော် ပျောက်ဆုံး
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းများ၏ လစာငွေကျပ် သိန်း ၁၆၀ ကျော် ပျောက်ဆုံးနေသဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကလောမြို့မရဲစခန်းမှ သိရသည်။
.
အဆိုပါ ငွေကြးပျောက်ဆုံးမှုနှင့် ပတ်သက်၍ ကလောမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်ကျော်က အခု တော့ စစ်ဆေးနေဆဲဖြစ်ပါတယ်ဟု ဩဂုတ်လ ၁၀ ရက်တွင် ကမေ႓ာဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ကလောမြို့နယ်ပညာရေးမှူးရုံးမှ စာရေး (၂) ဦးကျော်ဌေးနှင့် စာရေး (၁) ဒေါ်ဌေးဌေးဝင်း၊ ယာဉ်မောင်း ဦးအောင်နိုင်ဌေး၊ သန်ရှင်းရေးဝန်ထမ်း ဒေါ်မေယမုံဖူးတို့သည် ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းက ကလောမြို့နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများ၏ ဇူလိုင်လအတွက် လစာငွေ ၁၈၄၁၉၁၃၅၇ ဒသမ ၃၅ ကျပ်အား ကလောမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှထုတ်ယူလာခဲ့ပြီးနောက် ဦးကျော်ဌေးမှ ဒေါ်ဌေးဌေးဝင်း၊ ဒေါ်ဆွေဆွေငြိမ်းနှင့် ဒေါ်မေယမုံဖူး တို့အား လစာများကို အုုပ်စုအလိုက် ထုတ်ပေးရန် တာဝန်ပေးအပ်ထားခဲ့ပြီး ယင်းနေ့မွန်းလွဲပိုင်းက မြို့နယ်ပညာရေး မှူးရုံးတွင် ပြုလုပ်သည့် အစည်းအဝေး အပြီးတွင် ပညာရေးဝန်ထမ်းများမှ အုပ်စုအလိုက် လစာငွေ ထုတ်ယူစဉ် အုပ်စု (၆) အစိုးရမူလတန်းကျောင်း၊ ကျောက်စုကျောင်းအုပ် ဒေါ်အေးအေးသန်းနှင့် မူလွန် ဝတ္ထုပေါက် ကျောင်းအုပ် ဒေါ်အေးအေးနွယ်တို့မှ ၎င်းတို့ထုတ်ယူရမည့် အုပ်စု (၆) ပညာရေးဝန်ထမ်းများ၏ လစာငွေကျပ် ၁၆၁၁၆၉၈၈ ဒသမ ၇၀ အားထုတ်ယူစဉ် ပျောက်ဆုံးနေခြင်းဖြစ်ပြီး အဆိုပါ လစာငွေများ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ကလောမြို့နယ် ပညာရေးမှူး ဒေါ်ငွေသန်းနုက ဩဂုတ်လ ၉ ရက်၊ ညနေပိုင်းတွင် ကလောမြို့မရဲစခန်း၌ တရားလိုပြုလုပ် တိုင်တန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လစာငွေတွေတော့ အစားထိုး ထုတ်ပေးပြီးပါပြီ။ ပျောက်တဲ့ငွေကိစ္စတော့ အမှုဖွင့်စစ်ဆေးနေဆဲ ဖြစ်ပါ တယ်ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
သို့ဖြစ်၍ ပညာရေးဝန်ထမ်းများ၏ လစာငွေကျပ်သိန်း ၁၆၀ ကျော်အား ခိုးယူသွားသူအား သိရှိဖော်ထုတ် နိုင်ရေးအတွက် ကလောမြို့မရဲစခန်းမှ (ပ)၅၀/၂၀၁၉၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment