Miss Myanmar International 2019 Winner ဆုရွင္ အလွမယ္ ခင္ဥမၼာျမင့္ႏွင့္ ဆက္သြယ္ ေမးျမန္းျခင္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, August 30, 2019

Miss Myanmar International 2019 Winner ဆုရွင္ အလွမယ္ ခင္ဥမၼာျမင့္ႏွင့္ ဆက္သြယ္ ေမးျမန္းျခင္း


စုလိႈင္ ဆက္သြယ္ ေမးျမန္းသည္။
.
Miss Myanmar International 2019 ၿပိဳင္ပြဲကို ၿပီးခဲ့သည့္ ဩဂုတ္လ ၁၄ ရက္က ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့ရာ အဆိုပါ ၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕မွ အလွမယ္ ခင္ဥမၼာျမင့္က Winner ဆုႏွင့္ Miss Congeniality ဆုတို႕ ကို ရရွိခဲ့ပါသည္။
.
.
အဆိုပါ ၿပိဳင္ပြဲတြင္ Winner ဆုရရွိခဲ့ေသာ အလွမယ္ ခင္ဥမၼာျမင့္သည္ လာမည့္ႏိုဝင္ဘာ လအတြင္း ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕တြင္ က်င္းပျပဳ လုပ္မည့္ Miss International 2019 တြင္ သြားေရာက္ ယွဥ္ၿပိဳင္ရမည္ ျဖစ္ပါသည္။
.
သူမ၏ အႏုပညာလႈပ္ရွားမႈမ်ား၊ ၿပိဳင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ေနမႈမ်ားကို ဆက္သြယ္ ေမးျမန္းခဲ့ပါသည္။
.
ကေမၻာဇတိုင္း။ အရင္ဆံုး နာမည္အရင္းနဲ႔ ညီမရဲ႕ အေၾကာင္းကို နည္းနည္းမိတ္ဆက္ေပး ပါဦး။
ခင္ဥမၼာျမင့္။    ညီမနာမည္အရင္းက ခင္ဥမၼာျမင့္ ပါပဲ။ အသက္ကေတာ့ ၂၃ ႏွစ္ပါ။ ေအာင္ပန္းၿမိဳ႕မွာ ေနပါတယ္။ လူမ်ိဳးကေတာ့ ေတာင္႐ိုး၊ ဓႏု ကျပားပါ။ ဴေတ နဲ႔ ေက်ာင္းၿပီး ထားပါတယ္။
.
ကေမၻာဇတိုင္း။ ၿပိဳင္ပြဲဝင္ၿပိဳင္ျဖစ္တဲ့ ရည္ရြယ္ခ်က္နဲ႔ ဝင္ၿပိဳင္ျဖစ္ခဲ့ပံုေလးကို ေျပာျပေပးပါဦး။
ခင္ဥမၼာျမင့္။    ညီမ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ခ်င္လို႕ ဒီၿပိဳင္ပြဲကို ဝင္ၿပိဳင္ ျဖစ္ခဲ့တာပါ။ ၿပီးေတာ့ Entertainment က လည္း Supporting ေပးတယ္ၾကားေတာ့ ကိုယ့္ ရဲ႕ အိပ္မက္ေတြကို လမ္းစေပးလိမ့္မယ္ ဆိုၿပီး ေတာ့ ဝင္ၿပိဳင္ခဲ့တာပါ။ ညီမရဲ႕ အစ္ကိုကလည္း ညီမရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ ဆိုၿပီး Supporting ေပးတဲ့အတြက္ ဝင္ၿပိဳင္ျဖစ္ ခဲ့တာပါ။
.
ကေမၻာဇတိုင္း။ ၿပိဳင္ပြဲေတြ ဘယ္ႏွပြဲေလာက္ ဝင္ၿပိဳင္ဖူးပါသလဲ။
ခင္ဥမၼာျမင့္။    ရန္ကုန္မွာေတာ့၂ ပြဲပဲ ၿပိဳင္ ဖူးပါတယ္။ Miss Ethnic ရယ္ Mis International Myanmar ရယ္ ၂  ပြဲပါပဲ။ နယ္မွေတာ့ မယ္ၿပိဳင္ပြဲေတြ၊ သႀကၤန္မယ္၊ ျပည္ေထာင္စု မယ္ေတြ ၿပိဳင္ဖူးပါတယ္။ နယ္မွာေတာ့ 1st Runner Up၊ 2nd Runner Up တို႔ Smile ဆုတို႔ေလာက္ပဲ ရခဲ့ဖူးပါတယ္။ အရင္ ၿပိဳင္ပြဲေတြက Top 10 ေလာက္အထိပဲ ပါဖူး တယ္။ ဆုေတာ့မရဖူးဘူး။ ဒီပြဲက Crown နဲ႔ Congeniality ဆုကို ပထမဆံုး ရဖူးတာပါ။
.
ကေမၻာဇတိုင္း။ Winner ဆုကို ရရွိခဲ့တဲ့အ တြက္ ခံစားခ်က္ေလးကို ေဝမွ်ေပးပါဦး။
ခင္ဥမၼာျမင့္။    Crown ရမယ္လို႔ ကိုယ့္ ဟာကို မထင္ထားဘူး။ ရတဲ့အခ်ိန္မွာ အရမ္း ကို အံ့ဩဝမ္းသာခဲ့ရတယ္။ အိပ္မက္လား၊ တကယ္လား ကိုယ့္ကိုယ္ ေဝခြဲမရဘူး။ အဲဒီအ ခ်ိန္မွာ ေပ်ာ္ဖို႕ေတာင္ သတိေမ့သြားတယ္။ အရမ္း ေပ်ာ္ခဲ့ရပါတယ္။ ကိုယ့္ကိုယ္ကို ပိုၿပီးႀကိဳး စားရမယ္ ဆိုတဲ့စိတ္လည္း ရွိခဲ့ပါတယ္။ ေပ်ာ္တယ္ဆိုတာထက္ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ ျဖစ္တဲ့အတြက္ ႀကိဳးစားရမယ္ဆိုတဲ့စိတ္ ရွိခဲ့ပါ တယ္။
.
ကေမၻာဇတိုင္း။ အႏုပညာေလာကထဲကို ဝင္  ေရာက္သြားရင္ ေတြ႕ႀကံဳရမယ့္ အခက္အခဲ ေတြကို ဘယ္လိုရင္ဆိုင္ ေက်ာ္ျဖတ္မယ္လို႕ စိတ္ကူးထားပါသလဲ။
ခင္ဥမၼာျမင့္။    အဓိကကေတာ့ စိတ္ပဲထင္ ပါတယ္။ ညီမက အရမ္းယံုလြယ္တယ္။ အရမ္း နားေယာင္ လြယ္တယ္။ ဒါေပမဲ့ အခုခ်ိန္မွာ ေတာ့ နားေယာင္ဖို႕ဆိုတာထက္ ကိုယ့္ကိုယ္ကို ႀကိဳးစားဖို႔က ပိုအေရးႀကီးတယ္။ အတိုက္အ ခိုက္ေတြလည္း မ်ားလာမွာေပါ့။ အဲဒီအတြက္ အေကာင္းဆံုး ႀကိဳးစားသြားမွာပါ။ ကိုယ္လုပ္ စရာရွိတာကို အေကာင္းဆံုး ႀကိဳးစားသြားမွာပါ။
.
ကေမၻာဇတိုင္း။ စိုက္ပ်ိဳးေရး ေႀကာ္ျငာတစ္ ခုမွာ ေတြ႕ဖူးတယ္။ ဘယ္လို ႐ိုက္ျဖစ္တယ္ဆို တာ ေျပာျပေပးပါဦး။
ခင္ဥမၼာျမင့္။    ျမန္မာ့ဩဘာ ေႀကာ္ျငာပါ။ အစ္ကိုရဲ႕ သူငယ္ခ်င္းက ျမန္မာ့ဩဘာမွာ အ လုပ္လုပ္ေတာ့ ႐ိုက္မလားလို႔ ကမ္းလွမ္းလာ တဲ့အတြက္ ႐ိုက္ျဖစ္သြားတာပါ။ ကိုယ္လည္း ဝါသနာပါေနေတာ့ ႐ိုက္ျဖစ္တာပါ။
.
ကေမၻာဇတိုင္း။ အခုလက္ရွိ အႏုပညာ လႈပ္ ရွားမႈအေနနဲ႔ ဘာေတြ လုပ္ျဖစ္ေနတယ္ဆိုတာ ေျပာျပေပးပါဦး။
ခင္ဥမၼာျမင့္။    အခုလက္ရွိ ညီမက Crown ရထားတဲ့အတြက္ Organization ေတြ၊ အဖြဲ႕အစည္းေတြနဲ႔ လိုက္ၿပီးေတာ့ သြားရမွာ ေပါ့။ ညီမက အေတြ႕အႀကံဳလည္း မရွိေသး ေတာ့ သူတို႕ ဘယ္လိုလုပ္မလဲ မသိေသးပါ ဘူး။
.
ကေမၻာဇတိုင္း။ ေနာက္ထပ္ ဂ်ပန္မွာၿပိဳင္ရ မယ့္ပြဲက ဘယ္ေတာ့ျဖစ္မလဲ။
ခင္ဥမၼာျမင့္။    ဂ်ပန္မွာ ၿပိဳင္မယ့္ပြဲက ႏိုဝင္ ဘာလထဲမွာပါ။
.
ကေမၻာဇတိုင္း။ အဲဒီၿပိဳင္ပြဲမွာလည္း ဘယ္ေလာက္အထိရဖို႕ ရည္မွန္းထားပါသလဲ။
ခင္ဥမၼာျမင့္။    ညီမ အေကာင္းဆံုးႀကိဳးစား မယ္။ ရည္မွန္းထားတာကေတာ့ ကိုယ့္ႀကိဳးစား မႈနဲ႔ ကိုယ့္ကံေပါ့။ ဆုတစ္ခုေတာ့ ရခ်င္ပါတယ္။
.
ကေမၻာဇတိုင္း။ ၿပိဳင္ပြဲ ဝင္ၿပိဳင္ေနခ်ိန္မွာ ခံစားရတဲ့ စိတ္ခံစားခ်က္ကို ေျပာေပးပါဦး။
ခင္ဥမၼာျမင့္။    ပထမေတာ့ ဘယ္လိုပဲျဖစ္ ျဖစ္ အေပါင္းအသင္း၊ သူငယ္ခ်င္းေတြနဲ႔ကိုယ္ မသိတဲ့ သူေတြနဲ႔ ဆက္ဆံရမွာဆိုေတာ့ ကိုယ္ ဘယ္လိုေနထိုင္ရမလဲ၊ ဘယ္လို ေျပာဆိုရမ လဲဆိုတာ အရင္ဆံုး ေတြးေၾကာက္ေနတာ ေပါ့။ ေတြ႕ၿပီးတဲ့ အခ်ိန္ အရမ္းလည္း ခင္ဖို႔ ေကာင္းတယ္။ သူငယ္ခ်င္းလည္း အမ်ားႀကီး ရတယ္။ အေယာက္ ၂၀ ေပါ့။ အရမ္းေပ်ာ္ခဲ့ ရတယ္။ ပြဲနီးတဲ့အခ်ိန္ ၅ ရက္ေလာက္ အလို ေလာက္မွာ ဒူးက ေခခငိနညအ ျဖစ္ၿပီး ေဆး ခန္းျပရတဲ့အထိ ျဖစ္သြားတယ္။ ဝွီးခ်ဲနဲ႔ သြား ရတဲ့အခ်ိန္ အရမ္းအားငယ္သြားတယ္။ ငိုရတဲ့ အထိ အရမ္းကို အားငယ္ခဲ့တယ္။ ၿပိဳင္ပြဲေန႔ က်ရင္ လုပ္ႏိုင္ပါ့မလား၊ ၿပိဳင္ပြဲေန႔က်ရင္ ကိုယ္ က ဝွီးခ်ဲေပၚမွာ ထိုင္ၿပီး တျခား ၾင် ေတြ ၿပိဳင္တာကို ထိုင္ၾကည့္ေနရမွာလား ဆိုၿပီး ဝမ္း နည္းခဲ့တယ္။ အဲဒီအခ်ိန္မွာ အားတင္းၿပီးအ ေကာင္းဆံုး လုပ္ႏိုင္ရမယ္ဆိုၿပီး လုပ္ခဲ့ရတယ္။
.
ကေမၻာဇတိုင္း။ ညီမအေနနဲ႔ ဘာေတြကို ဝါ သနာပါတယ္ဆိုတာ ေျပာျပေပးပါဦး။
ခင္ဥမၼာျမင့္။    ညီမက Boxing ဝါသနာ ပါတယ္။ တခ်ိဳ႕က ညီမကို ဘာလို႔ အဲဒီလိုဝါ သနာပါတာလဲလို႔ ေမးၾကတယ္။ မသိဘူးလို႔။ လက္ေဝွ႕ပြဲေတြ TV မွာလာရင္ ၾကည့္ျဖစ္တယ္။ ၾကမ္းၾကမ္းတမ္းတမ္းကို ပိုႀကိဳက္တယ္။ ဓါးသိုင္းေတြလည္း ဝါသနာပါတယ္။ Challenge ျပခဲ့တာလည္း ဓါးသိုင္းနဲ႔ပဲ ျပခဲ့ တာပါ။ အတိုက္အခိုက္ေတြ ဝါသနာပါတယ္။
.
ကေမၻာဇတိုင္း။ ျပည္သူ႕အက်ိဳးျပဳ ပရဟိ တအလုပ္ေတြ ဘာလုပ္သြားဖို႔ ရွိပါသလဲ။
ခင္ဥမၼာျမင့္။    ပရဟိတအေနနဲ႔ ဘယ္လို လုပ္ေနလဲဆိုေတာ့ အခု ညီမက နယ္မျပန္ရ ေသးဘူး။ ေအာင္ပန္းက အဖြဲ႕အစည္းေတြမွာ အဖြဲ႕ဝင္တစ္ေယာက္အေနနဲ႔ ဝင္ထားတယ္။ ညီမ ျပန္ၿပီးရင္ ပရဟိတေတြ လုပ္သြားမယ္။ ေလာေလာဆယ္ေတာ့ အဲဒါတစ္ခုပဲ ရွိပါေသးတယ္။ အဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး ဆက္လုပ္သြားမွာပါ။
.
ကေမၻာဇတိုင္း။ အႏုပညာမ်ိဳး႐ိုး ရွိပါလား။
ခင္ဥမၼာျမင့္။    မရွိပါဘူး။ ညီမတို႕က အမႊာ ၂ ေယာက္ပါ။ သူ အိမ္ေထာင္မက်ခင္အထိ ညီမတို႕ အိပ္မက္ခ်င္း အတူတူပဲ။ အရမ္းကို ဝါ သနာပါခဲ့တာပါ။ အေမကေတာ့ အႏုပညာထက္ စီးပြားေရးကို ပိုၿပီး လုပ္ေစခ်င္တာေပါ့။
.
ကေမၻာဇတိုင္း။ ၿပိဳင္ပြဲရဲ႕ အေတြ႕အႀကံဳေလး ကို ေျပာျပေပးပါဦး။
ခင္ဥမၼာျမင့္။    ၿပိဳင္ပြဲရဲ႕ အေတြ႕အႀကံဳက ေတာ့ ညီမ ႀကိဳးစားခဲ့ရတယ္။ ကိုယ္က ေျခ ေထာက္ မလႈပ္ႏိုင္ဘူး ဆိုေတာ့ ပိုႀကိဳးစားခဲ့ ရတယ္။ စာသင္ခ်ိန္ဆိုလည္း ေျခေထာက္နာ ေနေပမယ့္ ေအာင့္အီးသည္းခံၿပီး သင္ခဲ့ရတယ္။ ညီမက စကားသာ မပီတာ အရမ္း စြာတယ္။ ၿပိဳင္ပြဲဝင္ Miss ေတြကလည္း ညီမကို အရမ္း ခ်စ္ၾကတယ္။ ေပ်ာ္ခဲ့တယ္။ ကိုယ္နဲ႔ နီးကပ္ၿပီး ေတာ့ ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြ အရမ္းကို အားေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။
.
ကေမၻာဇတိုင္း။ ေလးစားအားက်ရတဲ့ အႏု ပညာရွင္ေတြရွိရင္ ဘယ္သူေတြလဲဆိုတာ ေျပာ ျပေပးပါဦး။
ခင္ဥမၼာျမင့္။    တစ္ေယာက္ထဲေတာ့ မထင္ပါဘူး။ အကုန္လံုးပါပဲ။ တခ်ိဳ႕ အႏုပညာ ရွင္ေတြဆိုရင္ မ်ိဳး႐ိုးထဲမွာ အႏုပညာသည္မရွိဘဲ ကိုယ့္ဒူးကိုယ္ခြ်န္ၿပီး ေအာင္ျမင္ေနတဲ့ သူေတြလည္း အမ်ားႀကီး ေတြ႕ရတယ္။ အကုန္လံုးကို သေဘာက်ပါတယ္။
.
ကေမၻာဇတိုင္း။ ၿပိဳင္ပြဲကို ဘယ္ၿမိဳ႕နယ္ ကိုယ္စားျပဳအေနနဲ႔ ဝင္ၿပိဳင္ျဖစ္ခဲ့တာပါလဲ။
ခင္ဥမၼာျမင့္။    လူေရြးပြဲက ေတာင္ႀကီးမွာ လုပ္တာပါ။ ေအာင္ပန္းေတြ၊ ကေလာေတြ ခြဲ ၿပီးမၿပိဳင္ဘူး။
.
ကေမၻာဇတိုင္း။ တိုင္းရင္းသူတစ္ေယာက္ ျဖစ္တဲ့အတြက္ ၿပိဳင္ပြဲမွာ ဘယ္လိုအခက္အခဲေတြ ရွိခဲ့ပါသလဲ။
ခင္ဥမၼာျမင့္။    ရွိခဲ့ပါတယ္။ ညီမက ဓႏုလို႔ ေျပာလိုက္ေတာ့ သိတဲ့သူ နည္းတယ္။ ရွမ္းလို႔ပဲ ေျပာရတယ္။ ညီမ မိဘေတြကလည္း အရမ္းခ်မ္းသာတဲ့သူ မဟုတ္တဲ့အတြက္ အရမ္း ႀကီး မေထာက္ပံ့ႏိုင္ခဲ့ဘူး။ ကိုယ့္ဒူး ကိုယ္ခြ်န္ ၿပီးေတာ့ ကိုယ့္စီးပြားေရး ကိုယ္ရွာၿပီး ကိုယ့္ဟာကိုယ္ လာၿပိဳင္ရတဲ့အတြက္ နည္းနည္းေတာ့ ခက္ခဲတယ္။ ညီမက တိုင္းရင္းသားဆိုေတာ့ စကားက ဝဲၿပီး အရမ္းျမန္တယ္။ အခုေတာ့ နည္းနည္း အဆင္ေျပပါတယ္။ အေျပာနည္း နည္း မပီတာ နည္းနည္းေလွ်ာ့လိုက္တာေပါ့။
.
ကေမၻာဇတိုင္း။ ရွမ္းျပည္နယ္ရဲ႕ ႏိုင္ငံေရးနဲ႔ ပတ္သက္ၿပီး ဘယ္လိုျမင္ပါသလဲ။
ခင္ဥမၼာျမင့္။    ရွမ္းျပည္နယ္က ျမန္မာႏိုင္ ငံမွာ အႀကီးဆံုးလည္း ျဖစ္သလို အဖြဲ႕အစည္း လည္း မ်ားတယ္။ ပဋိပကၡေတြ ရွိတယ္။ ဒါေပမဲ့ ထိန္းခ်ဳပ္ႏိုင္တယ္လို႔ ညီမ ျမင္တယ္။ ႏိုင္ငံေရးကေတာ့ သိပ္မေျပာတတ္ပါဘူး။
.
ကေမၻာဇတို္င္း။ Miss ေလာကထဲကို ေျခ စလွမ္းတဲ့ အေၾကာင္းေလးကို ေျပာေပးပါဦး။
ခင္ဥမၼာျမင့္။    ညီမက ေအာင္ပန္းကဆို ေတာ့ နယ္ပြဲေတြပဲ ၿပိဳင္ျဖစ္တာပါ။ ၁၀ တန္း ေအာင္ၿပီး တကၠသိုလ္ တက္တဲ့အခ်ိန္မွာ ၿပိဳင္ပြဲေတြ ဝင္ၿပိဳင္ျဖစ္ပါတယ္။ Model သင္တန္းေတြလည္း တက္ျဖစ္တယ္။ ဒီႏွစ္ ဇန္နဝါရီလ ထဲမွာ Miss Ethnic Myanmar ၿပိဳင္ပြဲမွာ ဓႏုကိုယ္စားျပဳ အေနနဲ႔ ၿပိဳင္ျဖစ္ခဲ့ ပါတယ္။ ၿပိဳင္ျဖစ္တဲ့အခ်ိန္မွာ Top 10 ရ တယ္။ အဲဒီအခ်ိန္မွာ ကိုယ့္ကိုယ္ကို ယံုၾကည္ မႈအျပည့္နဲ႔ေပါ့။ ကိုယ္ ရည္ရြယ္ထားတာက လည္း ဒီလမ္းပဲဆိုၿပီး ေလွ်ာက္ျဖစ္ခဲ့တာပါ။
.
ကေမၻာဇတိုင္း။ ဘာမ်ား ျဖည့္စြက္ေျပာ ၾကားလိုပါေသးလဲ။
ခင္ဥမၼာျမင့္။    ကေမၻာဇတိုင္း စာဖတ္ပရိ သတ္ေတြ၊ ရွမ္းျပည္နယ္အတြင္းက ျပည္သူ ေတြ၊ ျမန္မာျပည္ တစ္ဝန္းက ျပည္သူေတြ အားလံုး ေအးခ်မ္းသာယာၾကပါေစလို႕ ဆုမြန္ ေကာင္း ေတာင္းေပးလိုပါတယ္။ အားလံုးကို ေက်းဇူးတင္ပါတယ္။
.
Miss Myanmar International 2019 Winner ဆုရွင္ ခင္ဥမၼာျမင့္သည္ ဩဂုတ္လ ၁၉ ရက္က ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ဓႏု ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ရြာငံၿမိဳ႕ရွိ ျဗဟၼဂူ ပရဟိတစာသင္တိုက္မွ ေက်ာင္းသား/ ေက်ာင္း သူမ်ားအတြက္ အလွဴေငြႏွင့္ အျခား လိုအပ္ သည္မ်ားကို သြားေရာက္ ေထာက္ပံ့လွဴဒါန္း ေပးခဲ့ေၾကာင္း သိရသည္။
.
============================================================
Miss Myanmar International 2019 Winner ဆုရှင် အလှမယ် ခင်ဥမ္မာမြင့်နှင့် ဆက်သွယ် မေးမြန်းခြင်း
.
စုလှိုင် ဆက်သွယ် မေးမြန်းသည်။
.
Miss Myanmar International 2019 ပြိုင်ပွဲကို ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ရာ အဆိုပါ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှ အလှမယ် ခင်ဥမ္မာမြင့်က Winner ဆုနှင့် Miss Congeniality ဆုတို့ ကို ရရှိခဲ့ပါသည်။
.
အဆိုပါ ပြိုင်ပွဲတွင် Winner ဆုရရှိခဲ့သော အလှမယ် ခင်ဥမ္မာမြင့်သည် လာမည့်နိုဝင်ဘာ လအတွင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြု လုပ်မည့် Miss International 2019 တွင် သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။
.
သူမ၏ အနုပညာလှုပ်ရှားမှုများ၊ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုများကို ဆက်သွယ် မေးမြန်းခဲ့ပါသည်။
.
ကမ္ဘောဇတိုင်း။   အရင်ဆုံး နာမည်အရင်းနဲ့ ညီမရဲ့ အကြောင်းကို နည်းနည်းမိတ်ဆက်ပေး ပါဦး။
ခင်ဥမ္မာမြင့်။       ညီမနာမည်အရင်းက ခင်ဥမ္မာမြင့် ပါပဲ။ အသက်ကတော့ ၂၃ နှစ်ပါ။ အောင်ပန်းမြို့မှာ နေပါတယ်။ လူမျိုးကတော့ တောင်ရိုး၊ ဓနု ကပြားပါ။ ူတေ နဲ့ ကျောင်းပြီး ထားပါတယ်။
.
ကမ္ဘောဇတိုင်း။   ပြိုင်ပွဲဝင်ပြိုင်ဖြစ်တဲ့ ရည်ရွယ်ချက်နဲ့ ဝင်ပြိုင်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။
ခင်ဥမ္မာမြင့်။       ညီမ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်လို့ ဒီပြိုင်ပွဲကို ဝင်ပြိုင် ဖြစ်ခဲ့တာပါ။ ပြီးတော့ Entertainment က လည်း Supporting ပေးတယ်ကြားတော့ ကိုယ့် ရဲ့ အိပ်မက်တွေကို လမ်းစပေးလိမ့်မယ် ဆိုပြီး တော့ ဝင်ပြိုင်ခဲ့တာပါ။ ညီမရဲ့ အစ်ကိုကလည်း ညီမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော် ဆိုပြီး Supporting ပေးတဲ့အတွက် ဝင်ပြိုင်ဖြစ် ခဲ့တာပါ။
.
ကမ္ဘောဇတိုင်း။   ပြိုင်ပွဲတွေ ဘယ်နှပွဲလောက် ဝင်ပြိုင်ဖူးပါသလဲ။
ခင်ဥမ္မာမြင့်။       ရန်ကုန်မှာတော့၂ ပွဲပဲ ပြိုင် ဖူးပါတယ်။ Miss Ethnic ရယ် Mis International Myanmar ရယ် ၂  ပွဲပါပဲ။ နယ်မှတော့ မယ်ပြိုင်ပွဲတွေ၊ သင်္ကြန်မယ်၊ ပြည်ထောင်စု မယ်တွေ ပြိုင်ဖူးပါတယ်။ နယ်မှာတော့ 1st Runner Up၊ 2nd Runner Up တို့ Smile ဆုတို့လောက်ပဲ ရခဲ့ဖူးပါတယ်။ အရင် ပြိုင်ပွဲတွေက Top 10 လောက်အထိပဲ ပါဖူး တယ်။ ဆုတော့မရဖူးဘူး။ ဒီပွဲက Crown နဲ့ Congeniality ဆုကို ပထမဆုံး ရဖူးတာပါ။
.
ကမ္ဘောဇတိုင်း။   Winner ဆုကို ရရှိခဲ့တဲ့အ တွက် ခံစားချက်လေးကို ဝေမျှပေးပါဦး။
ခင်ဥမ္မာမြင့်။       Crown ရမယ်လို့ ကိုယ့် ဟာကို မထင်ထားဘူး။ ရတဲ့အချိန်မှာ အရမ်း ကို အံ့ဩဝမ်းသာခဲ့ရတယ်။ အိပ်မက်လား၊ တကယ်လား ကိုယ့်ကိုယ် ဝေခွဲမရဘူး။ အဲဒီအ ချိန်မှာ ပျော်ဖို့တောင် သတိမေ့သွားတယ်။ အရမ်း ပျော်ခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကို ပိုပြီးကြိုး စားရမယ် ဆိုတဲ့စိတ်လည်း ရှိခဲ့ပါတယ်။ ပျော်တယ်ဆိုတာထက် မြန်မာနိုင်ငံ ကိုယ်စားပြု ဖြစ်တဲ့အတွက် ကြိုးစားရမယ်ဆိုတဲ့စိတ် ရှိခဲ့ပါ တယ်။
.
ကမ္ဘောဇတိုင်း။   အနုပညာလောကထဲကို ဝင်  ရောက်သွားရင် တွေ့ကြုံရမယ့် အခက်အခဲ တွေကို ဘယ်လိုရင်ဆိုင် ကျော်ဖြတ်မယ်လို့ စိတ်ကူးထားပါသလဲ။
ခင်ဥမ္မာမြင့်။       အဓိကကတော့ စိတ်ပဲထင် ပါတယ်။ ညီမက အရမ်းယုံလွယ်တယ်။ အရမ်း နားယောင် လွယ်တယ်။ ဒါပေမဲ့ အခုချိန်မှာ တော့ နားယောင်ဖို့ဆိုတာထက် ကိုယ့်ကိုယ်ကို ကြိုးစားဖို့က ပိုအရေးကြီးတယ်။ အတိုက်အ ခိုက်တွေလည်း များလာမှာပေါ့။ အဲဒီအတွက် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကိုယ်လုပ် စရာရှိတာကို အကောင်းဆုံး ကြိုးစားသွားမှာပါ။
.
ကမ္ဘောဇတိုင်း။   စိုက်ပျိုးရေး ကြော်ငြာတစ် ခုမှာ တွေ့ဖူးတယ်။ ဘယ်လို ရိုက်ဖြစ်တယ်ဆို တာ ပြောပြပေးပါဦး။
ခင်ဥမ္မာမြင့်။       မြန်မာ့ဩဘာ ကြော်ငြာပါ။ အစ်ကိုရဲ့ သူငယ်ချင်းက မြန်မာ့ဩဘာမှာ အ လုပ်လုပ်တော့ ရိုက်မလားလို့ ကမ်းလှမ်းလာ တဲ့အတွက် ရိုက်ဖြစ်သွားတာပါ။ ကိုယ်လည်း ဝါသနာပါနေတော့ ရိုက်ဖြစ်တာပါ။
.
ကမ္ဘောဇတိုင်း။   အခုလက်ရှိ အနုပညာ လှုပ် ရှားမှုအနေနဲ့ ဘာတွေ လုပ်ဖြစ်နေတယ်ဆိုတာ ပြောပြပေးပါဦး။
ခင်ဥမ္မာမြင့်။       အခုလက်ရှိ ညီမက Crown ရထားတဲ့အတွက် Organization တွေ၊ အဖွဲ့အစည်းတွေနဲ့ လိုက်ပြီးတော့ သွားရမှာ ပေါ့။ ညီမက အတွေ့အကြုံလည်း မရှိသေး တော့ သူတို့ ဘယ်လိုလုပ်မလဲ မသိသေးပါ ဘူး။
.
ကမ္ဘောဇတိုင်း။   နောက်ထပ် ဂျပန်မှာပြိုင်ရ မယ့်ပွဲက ဘယ်တော့ဖြစ်မလဲ။
ခင်ဥမ္မာမြင့်။       ဂျပန်မှာ ပြိုင်မယ့်ပွဲက နိုဝင် ဘာလထဲမှာပါ။
.
ကမ္ဘောဇတိုင်း။   အဲဒီပြိုင်ပွဲမှာလည်း ဘယ်လောက်အထိရဖို့ ရည်မှန်းထားပါသလဲ။
ခင်ဥမ္မာမြင့်။       ညီမ အကောင်းဆုံးကြိုးစား မယ်။ ရည်မှန်းထားတာကတော့ ကိုယ့်ကြိုးစား မှုနဲ့ ကိုယ့်ကံပေါ့။ ဆုတစ်ခုတော့ ရချင်ပါတယ်။
.
ကမ္ဘောဇတိုင်း။   ပြိုင်ပွဲ ဝင်ပြိုင်နေချိန်မှာ ခံစားရတဲ့ စိတ်ခံစားချက်ကို ပြောပေးပါဦး။
ခင်ဥမ္မာမြင့်။       ပထမတော့ ဘယ်လိုပဲဖြစ် ဖြစ် အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ကိုယ် မသိတဲ့ သူတွေနဲ့ ဆက်ဆံရမှာဆိုတော့ ကိုယ် ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လို ပြောဆိုရမ လဲဆိုတာ အရင်ဆုံး တွေးကြောက်နေတာ ပေါ့။ တွေ့ပြီးတဲ့ အချိန် အရမ်းလည်း ခင်ဖို့ ကောင်းတယ်။ သူငယ်ချင်းလည်း အများကြီး ရတယ်။ အယောက် ၂၀ ပေါ့။ အရမ်းပျော်ခဲ့ ရတယ်။ ပွဲနီးတဲ့အချိန် ၅ ရက်လောက် အလို လောက်မှာ ဒူးက ခေခငိနညအ ဖြစ်ပြီး ဆေး ခန်းပြရတဲ့အထိ ဖြစ်သွားတယ်။ ဝှီးချဲနဲ့ သွား ရတဲ့အချိန် အရမ်းအားငယ်သွားတယ်။ ငိုရတဲ့ အထိ အရမ်းကို အားငယ်ခဲ့တယ်။ ပြိုင်ပွဲနေ့ ကျရင် လုပ်နိုင်ပါ့မလား၊ ပြိုင်ပွဲနေ့ကျရင် ကိုယ် က ဝှီးချဲပေါ်မှာ ထိုင်ပြီး တခြား ငြျ တွေ ပြိုင်တာကို ထိုင်ကြည့်နေရမှာလား ဆိုပြီး ဝမ်း နည်းခဲ့တယ်။ အဲဒီအချိန်မှာ အားတင်းပြီးအ ကောင်းဆုံး လုပ်နိုင်ရမယ်ဆိုပြီး လုပ်ခဲ့ရတယ်။
.
ကမ္ဘောဇတိုင်း။   ညီမအနေနဲ့ ဘာတွေကို ဝါ သနာပါတယ်ဆိုတာ ပြောပြပေးပါဦး။
ခင်ဥမ္မာမြင့်။       ညီမက Boxing ဝါသနာ ပါတယ်။ တချို့က ညီမကို ဘာလို့ အဲဒီလိုဝါ သနာပါတာလဲလို့ မေးကြတယ်။ မသိဘူးလို့။ လက်ဝှေ့ပွဲတွေ TV မှာလာရင် ကြည့်ဖြစ်တယ်။ ကြမ်းကြမ်းတမ်းတမ်းကို ပိုကြိုက်တယ်။ ဓါးသိုင်းတွေလည်း ဝါသနာပါတယ်။ Challenge ပြခဲ့တာလည်း ဓါးသိုင်းနဲ့ပဲ ပြခဲ့ တာပါ။ အတိုက်အခိုက်တွေ ဝါသနာပါတယ်။
.
ကမ္ဘောဇတိုင်း။   ပြည်သူ့အကျိုးပြု ပရဟိ တအလုပ်တွေ ဘာလုပ်သွားဖို့ ရှိပါသလဲ။
ခင်ဥမ္မာမြင့်။       ပရဟိတအနေနဲ့ ဘယ်လို လုပ်နေလဲဆိုတော့ အခု ညီမက နယ်မပြန်ရ သေးဘူး။ အောင်ပန်းက အဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဝင်ထားတယ်။ ညီမ ပြန်ပြီးရင် ပရဟိတတွေ လုပ်သွားမယ်။ လောလောဆယ်တော့ အဲဒါတစ်ခုပဲ ရှိပါသေးတယ်။ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဆက်လုပ်သွားမှာပါ။
.
ကမ္ဘောဇတိုင်း။   အနုပညာမျိုးရိုး ရှိပါလား။
ခင်ဥမ္မာမြင့်။       မရှိပါဘူး။ ညီမတို့က အမွှာ ၂ ယောက်ပါ။ သူ အိမ်ထောင်မကျခင်အထိ ညီမတို့ အိပ်မက်ချင်း အတူတူပဲ။ အရမ်းကို ဝါ သနာပါခဲ့တာပါ။ အမေကတော့ အနုပညာထက် စီးပွားရေးကို ပိုပြီး လုပ်စေချင်တာပေါ့။
.
ကမ္ဘောဇတိုင်း။   ပြိုင်ပွဲရဲ့ အတွေ့အကြုံလေး ကို ပြောပြပေးပါဦး။
ခင်ဥမ္မာမြင့်။       ပြိုင်ပွဲရဲ့ အတွေ့အကြုံက တော့ ညီမ ကြိုးစားခဲ့ရတယ်။ ကိုယ်က ခြေ ထောက် မလှုပ်နိုင်ဘူး ဆိုတော့ ပိုကြိုးစားခဲ့ ရတယ်။ စာသင်ချိန်ဆိုလည်း ခြေထောက်နာ နေပေမယ့် အောင့်အီးသည်းခံပြီး သင်ခဲ့ရတယ်။ ညီမက စကားသာ မပီတာ အရမ်း စွာတယ်။ ပြိုင်ပွဲဝင် Miss တွေကလည်း ညီမကို အရမ်း ချစ်ကြတယ်။ ပျော်ခဲ့တယ်။ ကိုယ်နဲ့ နီးကပ်ပြီး တော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ အရမ်းကို အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
.
ကမ္ဘောဇတိုင်း။   လေးစားအားကျရတဲ့ အနု ပညာရှင်တွေရှိရင် ဘယ်သူတွေလဲဆိုတာ ပြော ပြပေးပါဦး။
ခင်ဥမ္မာမြင့်။       တစ်ယောက်ထဲတော့ မထင်ပါဘူး။ အကုန်လုံးပါပဲ။ တချို့ အနုပညာ ရှင်တွေဆိုရင် မျိုးရိုးထဲမှာ အနုပညာသည်မရှိဘဲ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောင်မြင်နေတဲ့ သူတွေလည်း အများကြီး တွေ့ရတယ်။ အကုန်လုံးကို သဘောကျပါတယ်။
.
ကမ္ဘောဇတိုင်း။   ပြိုင်ပွဲကို ဘယ်မြို့နယ် ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်ဖြစ်ခဲ့တာပါလဲ။
ခင်ဥမ္မာမြင့်။       လူရွေးပွဲက တောင်ကြီးမှာ လုပ်တာပါ။ အောင်ပန်းတွေ၊ ကလောတွေ ခွဲ ပြီးမပြိုင်ဘူး။
.
ကမ္ဘောဇတိုင်း။   တိုင်းရင်းသူတစ်ယောက် ဖြစ်တဲ့အတွက် ပြိုင်ပွဲမှာ ဘယ်လိုအခက်အခဲတွေ ရှိခဲ့ပါသလဲ။
ခင်ဥမ္မာမြင့်။       ရှိခဲ့ပါတယ်။ ညီမက ဓနုလို့ ပြောလိုက်တော့ သိတဲ့သူ နည်းတယ်။ ရှမ်းလို့ပဲ ပြောရတယ်။ ညီမ မိဘတွေကလည်း အရမ်းချမ်းသာတဲ့သူ မဟုတ်တဲ့အတွက် အရမ်း ကြီး မထောက်ပံ့နိုင်ခဲ့ဘူး။ ကိုယ့်ဒူး ကိုယ်ချွန် ပြီးတော့ ကိုယ့်စီးပွားရေး ကိုယ်ရှာပြီး ကိုယ့်ဟာကိုယ် လာပြိုင်ရတဲ့အတွက် နည်းနည်းတော့ ခက်ခဲတယ်။ ညီမက တိုင်းရင်းသားဆိုတော့ စကားက ဝဲပြီး အရမ်းမြန်တယ်။ အခုတော့ နည်းနည်း အဆင်ပြေပါတယ်။ အပြောနည်း နည်း မပီတာ နည်းနည်းလျှော့လိုက်တာပေါ့။
.
ကမ္ဘောဇတိုင်း။   ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
ခင်ဥမ္မာမြင့်။       ရှမ်းပြည်နယ်က မြန်မာနိုင် ငံမှာ အကြီးဆုံးလည်း ဖြစ်သလို အဖွဲ့အစည်း လည်း များတယ်။ ပဋိပက္ခတွေ ရှိတယ်။ ဒါပေမဲ့ ထိန်းချုပ်နိုင်တယ်လို့ ညီမ မြင်တယ်။ နိုင်ငံရေးကတော့ သိပ်မပြောတတ်ပါဘူး။
.
ကမ္ဘောဇတို်င်း။ Miss လောကထဲကို ခြေ စလှမ်းတဲ့ အကြောင်းလေးကို ပြောပေးပါဦး။
ခင်ဥမ္မာမြင့်။       ညီမက အောင်ပန်းကဆို တော့ နယ်ပွဲတွေပဲ ပြိုင်ဖြစ်တာပါ။ ၁၀ တန်း အောင်ပြီး တက္ကသိုလ် တက်တဲ့အချိန်မှာ ပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်ပါတယ်။ Model သင်တန်းတွေလည်း တက်ဖြစ်တယ်။ ဒီနှစ် ဇန်နဝါရီလ ထဲမှာ Miss Ethnic Myanmar ပြိုင်ပွဲမှာ ဓနုကိုယ်စားပြု အနေနဲ့ ပြိုင်ဖြစ်ခဲ့ ပါတယ်။ ပြိုင်ဖြစ်တဲ့အချိန်မှာ Top 10 ရ တယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည် မှုအပြည့်နဲ့ပေါ့။ ကိုယ် ရည်ရွယ်ထားတာက လည်း ဒီလမ်းပဲဆိုပြီး လျှောက်ဖြစ်ခဲ့တာပါ။
.
ကမ္ဘောဇတိုင်း။   ဘာများ ဖြည့်စွက်ပြော ကြားလိုပါသေးလဲ။
ခင်ဥမ္မာမြင့်။       ကမ္ဘောဇတိုင်း စာဖတ်ပရိ သတ်တွေ၊ ရှမ်းပြည်နယ်အတွင်းက ပြည်သူ တွေ၊ မြန်မာပြည် တစ်ဝန်းက ပြည်သူတွေ အားလုံး အေးချမ်းသာယာကြပါစေလို့ ဆုမွန် ကောင်း တောင်းပေးလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
.
Miss Myanmar International 2019 Winner ဆုရှင် ခင်ဥမ္မာမြင့်သည် ဩဂုတ်လ ၁၉ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ရှိ ဗြဟ္မဂူ ပရဟိတစာသင်တိုက်မှ ကျောင်းသား/ ကျောင်း သူများအတွက် အလှူငွေနှင့် အခြား လိုအပ် သည်များကို သွားရောက် ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats