သီေပါတြင္ ႏြားကား တစ္စီး ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ တစ္ဦး ေသဆံုးကာ တစ္ဦး ဒဏ္ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, August 12, 2019

သီေပါတြင္ ႏြားကား တစ္စီး ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ တစ္ဦး ေသဆံုးကာ တစ္ဦး ဒဏ္ရာရ

စုလိႈင္​
.
႐ွမ္​းျပည္​နယ္​​ေျမာက္​ပိုင္​း၊ သီ​ေပါၿမိဳ႕နယ္၊ စံ​ေလာင္​း​ေက်းရြာႏွင္​့ ကုံးမံုေက်းရြာ ၾကား၌​ ၾသဂုတ္​လ ၁၂ ရက္​၊​ေန႔လယ္ပိုင္​းတြင္​ ႏြားတင္​​ေဆာင္​လာသည္​့ ေမာ္ေတာ္ယာဥ္ တစ္စီး ေသနတ္ပစ္​ခတ္​ ခံရျခင္းေၾကာင့္ လူ တစ္​ဦး​ ေသဆံုးကာ၊ တစ္​ဦး ဒဏ္​ရာ ရ​႐ွိခဲ့ၾကာင္​း သိရသည္​။
.
ယင္းကဲ့သို႔ ေသနတ္ျဖင့္ ပတ္ခတ္ခံရမႈေၾကာင့္ ေသဆံုးခဲ့ရသူ၏ ရုပ္အေလာင္းအား သီေပါ ေဆးရံုသို႕ လည္းေကာင္း၊ ဒဏ္ရာရရွိသူကို လား႐ႈိးေဆး႐ံုသို႔ လည္းေကာင္း နယ္​စည္​းမျခား ပရဟိတအသင္​း (သီ​ေပါ)မွ ပို႔​ေဆာင္​​ေပးခဲ့​ေၾကာင္​း သိရသည္​။
.
 “ ​ေသဆုံးသူနဲ႔ကုိ သီ​ေပါ​ေဆး႐ုံကုိ ပို႔​ေပးၿပီး ဒဏ္​ရာ ရသူကို ည​ေန ၃ နာရီ​ေလာက္​မွာ လား႐ိႈး ​ေဆး႐ုံကို ဆက္​လက္​ ပို႔​ေဆာင္​​ခဲ့ပါတယ္​။ ဒဏ္​ရာ ရသူက စုိးရိမ္​ရပါတယ္​။ ရင္​ဝ ကုိ မွန္​တာပါ” ဟု နယ္​စည္​းမျခား ပရဟိတ အသင္​း (သီ​ေပါ) မွ ကုိမ်ိဳးက ​ကေမၻာဇတိုင္းသို႔ ေျပာသည္​။
.
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သီေပါၿမိဳ႕မ ရဲစခန္းသုိ႔ ကေမၻာဇတိုင္းမွ ဆက္သြယ္ေမးျမန္းေသာ္လည္း ျပန္လည္ ေျဖၾကားျခင္း မရွိဘဲ သီေပါၿမဳိ႕နယ္ ရဲတပ္ဖဲြ႕မွဴး႐ံုးသို႔ ဆက္သြယ္ေမးျမန္းရာတြင္လည္း ျဖစ္စဥ္အား သိရွိျခင္း မရွိေၾကာင္းသာ ေျဖၾကားခဲ့သည္။
.
ေက်ာက္မဲခရိုင္အတြင္း၌ ႏြားတင္ေဆာင္သည့္ ေမာ္ေတာ္ယာဥ္တစ္​စီးအား ၿပီးခဲ့သည္​့ ဇူလိုင္​လ ၂၇ ရက္က ေသနတ္ျဖင့္ ပစ္ခတ္​ခံရျခင္း​ေၾကာင္​့ ယာဥ္​​ေမာင္​းျဖစ္​သူ ေသဆံုးကာ၊ ၂ ဦး ဒဏ္​ရာ ရ႐ွိခဲ့​ေၾကာင္​း သိရသည္​။
.
 (ဓါတ္ပံု - နယ္စည္းမျခားမရဟိတအသင္း)
==========
.
သီပေါတွင် နွားကား တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရ
.
စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံလောင်းကျေးရွာနှင့် ကုံးမုံကျေးရွာ ကြား၌ သြဂုတ်လ ၁၂ ရက်၊နေ့လယ်ပိုင်းတွင် နွားတင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး သေနတ်ပစ်ခတ် ခံရခြင်းကြောင့် လူ တစ်ဦး သေဆုံးကာ၊ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြာင်း သိရသည်။
.
ယင်းကဲ့သို့ သေနတ်ဖြင့် ပတ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသူ၏ ရုပ်အလောင်းအား သီပေါ ဆေးရုံသို့ လည်းကောင်း၊ ဒဏ်ရာရရှိသူကို လားရှိုးဆေးရုံသို့ လည်းကောင်း နယ်စည်းမခြား ပရဟိတအသင်း (သီပေါ)မှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
 “ သေဆုံးသူနဲ့ကို သီပေါဆေးရုံကို ပို့ပေးပြီး ဒဏ်ရာ ရသူကို ညနေ ၃ နာရီလောက်မှာ လားရှိုး ဆေးရုံကို ဆက်လက် ပို့ဆောင်ခဲ့ပါတယ်။ ဒဏ်ရာ ရသူက စိုးရိမ်ရပါတယ်။ ရင်ဝ ကို မှန်တာပါ” ဟု နယ်စည်းမခြား ပရဟိတ အသင်း (သီပေါ) မှ ကိုမျိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သီပေါမြို့မ ရဲစခန်းသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိဘဲ သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဖြစ်စဉ်အား သိရှိခြင်း မရှိကြောင်းသာ ဖြေကြားခဲ့သည်။
.
ကျောက်မဲခရိုင်အတွင်း၌ နွားတင်ဆောင်သည့် မော်တော်ယာဉ်တစ်စီးအား ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ယာဉ်မောင်းဖြစ်သူ သေဆုံးကာ၊ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats