၂၀၁၉ ခုႏွစ္၊ ဟိုပုံးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဖလား အသက္ (၂၁) ႏွစ္ေအာက္ ရပ္ကြက္/ေက်းရြာေပါင္းစုံ ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲ က်င္းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, August 29, 2019

၂၀၁၉ ခုႏွစ္၊ ဟိုပုံးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဖလား အသက္ (၂၁) ႏွစ္ေအာက္ ရပ္ကြက္/ေက်းရြာေပါင္းစုံ ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲ က်င္းပ


ထက္ထက္ (ဟိုပံုး)
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား အသက္ (၂၂) ႏွစ္ေအာက္ ရပ္ကြက္/ေက်းရြာေပါင္းစံု ေဘာလံုးၿပိဳင္ပြဲ ေနာက္ဆံုးဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲကို ဩဂုတ္လ ၂၉ ရက္၊ ညေနပိုင္းက ဟိုပံုးၿမိဳ႕မအားကစားကြင္း၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
ဗိုလ္လုပြဲတြင္ ေပါင္လင္းေက်းရြာအသင္းွနင့္ ေတာင္ရပ္ကြက္ (၂၂) အသင္းတို႔  ယွဥ္ၿပိဳင္ကစားၾကရာ ေပါင္လင္း အသင္းက ေတာင္ရပ္ကြက္ (၂) အသင္းကို တစ္ဂိုး ဂိုးမရွိျဖင့္ အႏိုင္ရဗိုလ္စြဲခဲ့ေၾကာင္း သိရသည္။
.
ဆက္လက္၍ ဆုခ်ီးျမႇင့္ပြဲကို က်င္းပာ အေကာင္းဆံုးဂိုးသမားဆုရ ေပါင္လင္းေက်းရြာ ေဘာလုံးအသင္းမွ ခြန္ေဇာ္ထက္ေအာင္အား ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ဝင္ ဦးခြန္လွသိန္းက လည္းေကာင္း၊ ေရွ႕တန္းအေကာင္းဆုံး ကစားသမား ဆုရ ေတာင္ရပ္(၂) ေဘာလုံးအသင္းမွ ေမာင္ေဇာ္ဝိုင္း အား ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရေဒသ ဦးစီးအဖြဲ႕ဝင္ ဦးခြန္လွဆန္းက လည္းေကာင္း၊ အလယ္တန္း အေကာင္းဆုံးကစားသမားဆုရ ေက်ာက္တန္းေဘာလုံးအသင္းမွ ခြန္အာကာမင္းအား ၿမိဳ႕နယ္ေဘာလုံးအသင္း ဒုတိယဥကၠ႒ ဦးခြန္ေစာႏိုင္က လည္းေကာင္း၊ ေနာက္တန္းအေကာင္းဆုံးကစား သမားဆုရ ၿမိဳ႕ဦးကြက္သစ္(၅) ေဘာလုံးအသင္းမွ ခြန္ႏိုင္ဦးအား ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးေနဝင္းကလည္းေကာင္း၊ ပြဲစဥ္တစ္ေလွ်ာက္ အေကာင္းဆုံး ကစားသမားဆုရ ၿမိဳ႕ဦး (၁) ေဘာလုံးအသင္းမွ ခြန္ေရႊထြန္းအား ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာေမာင္ေမာင္သိန္းမွ လည္းေကာင္း၊ ဒုတိယဆု ရရွိေသာ ေတာင္ရပ္(၂)ေဘာလုံးအသင္းအား တစ္ဦးခ်င္းဆုတံဆိပ္မ်ားကို ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္မွ ဦးဘုန္းညႊန္႔ကို ကလည္းေကာင္း၊ ေငြသားဆု ၅ သိန္း အား ခ႐ိုင္အားကစားႏွင့္ကာယပညာ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမႉး ေဒၚနန္းအဲမာက လည္းေကာင္း၊ ပထမဆုရရွိေသာ ေပါင္လင္း ေက်းရြာ ေဘာလုံးအသင္းအား တစ္ဦးခ်င္းဆုတံဆိပ္မ်ားကို ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခြန္ေမာင္ျဖဴ ကလည္းေကာင္း၊ ေငြသားဆု ၈ သိန္းက်ပ္ကို ၿမိဳ႕နယ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးစံၾကဴးကလည္းေကာင္း၊ ဆုဖလားကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးနန္းတင့္ ကလည္းေကာင္း အသီးသီးေပးအပ္ခ်ီးျမႇင့္ ခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ ၿမိဳ႕နယ္အဆင့္အုပ္ခ်ဳပ္ေရးမႉးဖလားအသက္(၂၁)ႏွစ္ေအာက္ ေဘာလုံးၿပိဳင္ပြဲကို ပအိုဝ္းကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ ေဒသဦးစီးအဖြဲ႕ဝင္မ်ား ၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခြန္ေမာင္ျဖဴ ၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးနန္းတင့္ ႏွင့္ ဌာနဆိုင္ရာမွ တာ၀န္ရွိသူမ်ား ၊ ဟိုပုံးၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္/ေက်းရြာ မ်ားမွ ေဒသခံျပည္သူမ်ား ၊ အားကစားဝါသနာရွင္မ်ား တက္ေရာက္အားေပးခဲ့ၾကၿပီး ဟိုပုံးၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္/ေက်းရြာ ေပါင္းစုံမွ ေဘာလံုးအသင္း ၃၁ သင္း ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း သိရသည္။
.
============================================================
၂၀၁၉ ခုနှစ်၊ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက် (၂၁) နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
.
ထက်ထက် (ဟိုပုံး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက် (၂၂) နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဩဂုတ်လ ၂၉ ရက်၊ ညနေပိုင်းက ဟိုပုံးမြို့မအားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ဗိုလ်လုပွဲတွင် ပေါင်လင်းကျေးရွာအသင်းှနင့် တောင်ရပ်ကွက် (၂၂) အသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ပေါင်လင်း အသင်းက တောင်ရပ်ကွက် (၂) အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပာ အကောင်းဆုံးဂိုးသမားဆုရ ပေါင်လင်းကျေးရွာ ဘောလုံးအသင်းမှ ခွန်ဇော်ထက်အောင်အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် ဦးခွန်လှသိန်းက လည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးကစားသမားဆုရ တောင်ရပ်(၂) ဘောလုံးအသင်းမှ မောင်ဇော်ဝိုင်း အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် ဦးခွန်လှဆန်းကလည်းကောင်း၊ အလယ်တန်း အကောင်းဆုံးကစားသမားဆုရ ကျောက်တန်းဘောလုံးအသင်းမှ ခွန်အာကာမင်းအား မြို့နယ်ဘောလုံးအသင်း ဒုတိယဥက္ကဋ္ဌ ဦးခွန်စောနိုင်က လည်းကောင်း၊ နောက်တန်းအကောင်းဆုံးကစား သမားဆုရ မြို့ဦးကွက်သစ်(၅) ဘောလုံးအသင်းမှ ခွန်နိုင်ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရ မြို့ဦး (၁) ဘောလုံးအသင်းမှ ခွန်ရွှေထွန်းအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်သိန်းမှ လည်းကောင်း၊ ဒုတိယဆု ရရှိသော တောင်ရပ်(၂)ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဦးဘုန်းညွှန့်ကို ကလည်းကောင်း၊ ငွေသားဆု ၅ သိန်း အား ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာက လည်းကောင်း၊ ပထမဆုရရှိသော ပေါင်လင်း ကျေးရွာ ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ ကလည်းကောင်း၊ ငွေသားဆု ၈ သိန်းကျပ်ကို မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစံကြူးကလည်းကောင်း၊ ဆုဖလားကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့် ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မြို့နယ်အဆင့်အုပ်ချုပ်ရေးမှူးဖလားအသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့် နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များမှ ဒေသခံပြည်သူများ ၊ အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြပြီး ဟိုပုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ပေါင်းစုံမှ ဘောလုံးအသင်း ၃၁ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats