ထက္ထက္ (ဟိုပံုး)
.
ေစတနာေဖာင္ေဒးရွင္း (ရန္ကုန္႐ံုးခ်ဳပ္)မွ စာရင္းစစ္အရာရွိ Mrs. Naoko kasyga ႏွင့္ အဖြဲ႕သည္ နယ္စပ္ ေဒသႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန၊ ေစတနာေဖာင္ေဒးရွင္း
(ေတာင္ႀကီး႐ံုး) စီမံကိန္း တာဝန္ခံတို႔ႏွင့္အတူ ဇူလိုင္လ ၂၉ ရက္၊ နံနက္ပိုင္းက ဟိုပံုးၿမိဳ႕နယ္၊ လြယ္အြန္႔ေက်းရြာအုပ္စု၊ ေနာင္ခံုးေက်းရြာသို႔ ကြင္းဆင္းၿပီး ေက်းရြာ အလယ္တန္းေက်ာင္းခြဲတြင္ ေက်ာင္းအက်ိဳးေတာ္ေဆာင္မ်ား၊ ေက်းရြာေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆံုခဲ့ေၾကာင္း သိရသည္။
.
.
ေစတနာေဖာင္ေဒးရွင္းမွ ေနာင္ခံုးေက်းရြာသို႔ အလွဴေငြက်ပ္ ၆၉ သိန္း ေထာက္ပံ့ေပးအပ္ထားရာ ေက်းရြာ ေထာပတ္ျခံစိုက္ခင္းအတြက္ ေငြက်ပ္ ၆ သိန္း အသံုးျပဳထားၿပီး က်န္ ၆၉ သိန္းကို ေက်းရြာအတြင္းရွိ ေငြေၾကး အခက္အခဲရွိသူမ်ား၊ စိုက္ပ်ိဳးစရိတ္ လိုအပ္သည့္ ေတာင္သူမ်ားကို အတိုး ၂ က်ပ္ႏႈန္းျဖင့္ အေသးစားေခ်ေငြလုပ္ငန္း ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
“အခုလို အေသးစားေခ်းေငြလုပ္ငန္းကို ရပ္ရြာထဲမွာ ရရွိေနၿပီျဖစ္လို႔ အတိုးႀကီး ေခ်းေငြေတြကို ေခ်းယူစရာ မလိုတ့အတြက္ စိုက္ပ်ိဳးေရး ေတာင္သူေတြအေနနဲ႔ အဆင္ေျပေျပ လုပ္ကိုင္ေဆာင္ရြက္ႏိုင္တာကို ျမင္ေတြ႕ၾကရမွာ ျဖစ္ပါတယ္” ဟု ေနာင္ခံုးေက်ာင္း အက်ိဳးေတာ္ေဆာင္ေကာ္မတီဥကၠဌ ဦးခြန္ေဗြက ေျပာသည္။
.
ထိုသို႔ ေတြ႕ဆံုရာတြင္ ဟိုပံုးၿမိဳ႕နယ္ပညာေရးမွဴး
ေဒၚေအးေအး၀င္းက ၿမိဳ႕နယ္အတြင္းရွိ ပညာေရးက႑ ေဆာင္ရြက္ ထားရွိမႈမ်ားကို ရွင္းလင္းေျပာၾကားၿပီး၊
ေစတနာေဖာင္းေဒးရွင္း (ရန္ကုန္ရံုးခ်ဳပ္)မွ စာရင္းစစ္အရာရွိ ဂ်ပန္ႏိုင္ငံသူ
Mrs. Naoko kasyga က ေနာင္ခံုးေက်းရြာအတြင္းရွိ
ကေလးငယ္မ်ား ပညာသင္ၾကားေနမႈအေျခ အေနမ်ား၊ ေက်ာင္းေဆာင္မ်ား ထိန္းသိမ္းေဆာင္ရြက္ထားရွိမႈအေျခအေန၊
ေက်ာင္းဖြံ႔ၿဖိဳးေရး ရန္ပံုေငြရရွိေရး၊ ၀င္ေငြ တိုးလုပ္ငန္းေဆာင္ရြက္ ထားရွိေသာ အေသးစားေခ်းေငြလုပ္ငန္းမ်ား
အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနမႈ အေျခအေနတို႔ကို ေမးျမန္း ေဆြးေႏြးရာ ေက်ာင္းအက်ိဳးေတာ္ေဆာင္ဥကၠ႒
ဦးခြန္ေဗြႏွင့္ အေျခခံပညာအလယ္တန္း ေက်ာင္း(ခြဲ) ေနာင္ခံုး ေက်ာင္းအုပ္ဆရာမႀကီး ေဒၚလွဦးတို႔က ျပန္လည္ရွင္းလင္းေျပာၾကားခဲ႔သည္။
.
ယင္းေနာက္ ေစတနာေဖာင္းေဒးရွင္း
(ရန္ကုန္ရံုးခ်ဳပ္)မွ စာရင္းစစ္အရာရွိ ဂ်ပန္ႏိုင္ငံသူ
Mrs. Naoko kasyga ၊ ဌာနဆိုင္ရာ တာ၀န္ရွိသူမ်ားႏွင့္
ေစတနာေဖာင္ေဒးရွင္း (ေတာင္ႀကီး႐ံုး)မွ စီမံကိန္းတာ၀န္ခံႏွင့္ အဖြဲ႔၀င္ မ်ားသည္ ေစတနာေဖာင္းေဒးရွင္းအဖြဲ႔မွ
၂၀၀၉ ခုႏွစ္တြင္ ေဆာက္လုပ္လွဴဒါန္းခဲ႔သည္ အလ်ား ၁၂၀ ေပ၊ အနံ ၃၀ ေပႏွင့္ အျမင့္ ၁၈ ေပရွိ
သြပ္မိုး၊ အုတ္ကာ၊ တမံတလင္းခင္း ေက်ာင္းေဆာင္ႏွင့္ ေက်ာင္းဖြံ႔ၿဖိဳးေရး ရန္ပံုေငြရရွိေရး
အတြက္ ေနာင္ခံုးေက်းရြာ ေတာင္ဘက္ရွိ ေက်ာင္းအမည္ေပါက္ ၃ ဧကရွိ ေထာပတ္ၿခံစိုက္ခင္းအား
ကြင္းဆင္း ၾကည့္ရႈ စစ္ေဆးကာ လိုအပ္သည့္ စိုက္ပ်ိဳးေရး အသိပညာ၊ နည္းပညာမ်ား ေဆြးေႏြးခဲ့ေၾကာင္း
သိရသည္။
.
============================================================
စေတနာဖောင်ဒေးရှင်းမှ စာရင်းစစ်အရာရှိနှင့်အဖွဲ့
ဟိုပုံးမြို့နယ်၊ နောင်ခုံကျေးရွာသို့ ကွင်းဆင်း
.
ထက်ထက် (ဟိုပုံး)
.
စေတနာဖောင်ဒေးရှင်း (ရန်ကုန်ရုံးချုပ်)မှ စာရင်းစစ်အရာရှိ Mrs. Naoko kasyga နှင့်
အဖွဲ့သည် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စေတနာဖောင်ဒေးရှင်း
(တောင်ကြီးရုံး) စီမံကိန်း တာဝန်ခံတို့နှင့်အတူ ဇူလိုင်လ ၂၉ ရက်၊ နံနက်ပိုင်းက ဟိုပုံးမြို့နယ်၊
လွယ်အွန့်ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာသို့ ကွင်းဆင်းပြီး ကျေးရွာ အလယ်တန်းကျောင်းခွဲတွင်
ကျောင်းအကျိုးတော်ဆောင်များ၊ ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
စေတနာဖောင်ဒေးရှင်းမှ နောင်ခုံးကျေးရွာသို့ အလှူငွေကျပ် ၆၉ သိန်း
ထောက်ပံ့ပေးအပ်ထားရာ ကျေးရွာ ထောပတ်ခြံစိုက်ခင်းအတွက် ငွေကျပ် ၆ သိန်း အသုံးပြုထားပြီး
ကျန် ၆၉ သိန်းကို ကျေးရွာအတွင်းရှိ ငွေကြေး အခက်အခဲရှိသူများ၊ စိုက်ပျိုးစရိတ် လိုအပ်သည့်
တောင်သူများကို အတိုး ၂ ကျပ်နှုန်းဖြင့် အသေးစားချေငွေလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
“အခုလို
အသေးစားချေးငွေလုပ်ငန်းကို ရပ်ရွာထဲမှာ ရရှိနေပြီဖြစ်လို့ အတိုးကြီး ချေးငွေတွေကို
ချေးယူစရာ မလိုတ့အတွက် စိုက်ပျိုးရေး တောင်သူတွေအနေနဲ့ အဆင်ပြေပြေ လုပ်ကိုင်ဆောင်ရွက်နိုင်တာကို
မြင်တွေ့ကြရမှာ ဖြစ်ပါတယ်”
ဟု နောင်ခုံးကျောင်း အကျိုးတော်ဆောင်ကော်မတီဥက္ကဌ ဦးခွန်ဗွေက ပြောသည်။
.
ထိုသို့ တွေ့ဆုံရာတွင် ဟိုပုံးမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဝင်းက
မြို့နယ်အတွင်းရှိ ပညာရေးကဏ္ဍ ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး၊ စေတနာဖောင်းဒေးရှင်း
(ရန်ကုန်ရုံးချုပ်)မှ စာရင်းစစ်အရာရှိ ဂျပန်နိုင်ငံသူ Mrs. Naoko kasyga က နောင်ခုံးကျေးရွာအတွင်းရှိ
ကလေးငယ်များ ပညာသင်ကြားနေမှုအခြေ အနေများ၊ ကျောင်းဆောင်များ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေ၊
ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေရရှိရေး၊ ဝင်ငွေ တိုးလုပ်ငန်းဆောင်ရွက် ထားရှိသော အသေးစားချေးငွေလုပ်ငန်းများ
အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတို့ကို မေးမြန်း ဆွေးနွေးရာ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ
ဦးခွန်ဗွေနှင့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) နောင်ခုံး ကျောင်းအုပ်ဆရာမကြီး ဒေါ်လှဦးတို့က
ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
.
ယင်းနောက် စေတနာဖောင်းဒေးရှင်း (ရန်ကုန်ရုံးချုပ်)မှ စာရင်းစစ်အရာရှိ
ဂျပန်နိုင်ငံသူ Mrs.
Naoko kasyga ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာဖောင်ဒေးရှင်း (တောင်ကြီးရုံး)မှ
စီမံကိန်းတာဝန်ခံနှင့် အဖွဲ့ဝင် များသည် စေတနာဖောင်းဒေးရှင်းအဖွဲ့မှ ၂၀၀၉ ခုနှစ်တွင်
ဆောက်လုပ်လှူဒါန်းခဲ့သည် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေနှင့် အမြင့် ၁၈ ပေရှိ သွပ်မိုး၊ အုတ်ကာ၊
တမံတလင်းခင်း ကျောင်းဆောင်နှင့် ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေရရှိရေး အတွက် နောင်ခုံးကျေးရွာ
တောင်ဘက်ရှိ ကျောင်းအမည်ပေါက် ၃ ဧကရှိ ထောပတ်ခြံစိုက်ခင်းအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးကာ
လိုအပ်သည့် စိုက်ပျိုးရေး အသိပညာ၊ နည်းပညာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment