ဟိုပုံးၿမိဳ႕နယ္တြင္ စိတ္ၾကြေဆးျပား တစ္ေသာင္း ဖမ္းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, August 8, 2019

ဟိုပုံးၿမိဳ႕နယ္တြင္ စိတ္ၾကြေဆးျပား တစ္ေသာင္း ဖမ္းမိ


ထက္ထက္(ဟိုပံုး)
.
ရွမ္းျပည္နယ္၊ ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမဳိ႕နယ္၌ WY စာတန္းပါ ပန္းေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား တစ္ေသာင္းအား ၾသဂုတ္လ ၇ ရက္တြင္ ရဲတပ္ဖဲြ႕မွ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
အမွတ္(၂၅) မူးယစ္တပ္ဖြဲ႕စု (ေတာင္ႀကီး)မွ ရဲအုပ္ ႏိုင္လင္းထိုက္ ဦးစီးေသာ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ၾသဂုတ္လ ၇ ရက္ည ၇ နာရီေက်ာ္ခန္႔တြင္ ဟိုပုံးၿမိဳ႕နယ္ ၊ စေငါေက်း႐ြာအုပ္စု ၊ လြယ္ဝိုးတုတ္ေက်း႐ြာအနီး  ေတာင္ႀကီး-လြိဳင္လင္သြား ျပည္ေထာင္စုလမ္းမႀကီး ၊ မိုင္တိုင္အမွတ္ (၁၄၄/၃)တြင္ သတင္းအရ ေမာ္ေတာ္ယာဥ္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ပိတ္ဆို႔ ရွာေဖြစစ္ေဆးေနစဥ္ လြိဳင္လင္ၿမိဳ႕မွ ဟိုပုံးၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ဦးေအာင္မ်ိဳးထြန္း ေမာင္းႏွင္ေသာ  Probox (ခဲေရာင္) ယာဥ္၏ ဦးေခါင္းခန္းတြင္ လိုက္ပါလာသည့္ ခရီးသည္ ဟိုမိန္းၿမဳိ႕၊ ရပ္ကြက္(၁)ေန စိုင္းေအာင္၏ ေက်ာပိုးအိတ္အတြင္းမွ မႈိင္းခံစကၠဴျဖင့္ ထုတ္ပတ္ထားသည့္ အျပာေရာင္ ပလပ္စတစ္ကပ္ခြာအိတ္ ၂၀၀ ျပားစီပါ အထုပ္ ၅၀ ထုပ္ ၊ စုစုေပါင္းေဆးျပား ၁၀၀၀၀ ျပား ၊ (တန္ဖိုးေငြ က်ပ္သိန္း ၁၀၀)ႏွင့္အတူ မူးယစ္ေဆးဝါးမ်ား ေရာင္းဝယ္ရာတြင္ ဆက္သြယ္ အသုံးျပဳသည့္ လက္ကိုင္ဖုန္း ၁ လုံးအား ရွာေဖြေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ လက္၀ယ္ေတြ႕ရွိသ စိုင္းေအာင္အား ဟိုပုံးၿမိဳ႕မရဲစခန္းမယ(ပ) ၃၉/၂၀၁၉ ၊ မူး/စိတ္ ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ အေရးယူေဆာင္႐ြက္ထားေၾကာင္း သိရသည္။
.

=============
.
ဟိုပုံးမြို့နယ်တွင် စိတ်ကြွဆေးပြား တစ်သောင်း ဖမ်းမိ
.
ထက်ထက်(ဟိုပုံး)
.
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းအား သြဂုတ်လ ၇ ရက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အမှတ်(၂၅) မူးယစ်တပ်ဖွဲ့စု (တောင်ကြီး)မှ ရဲအုပ် နိုင်လင်းထိုက် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၇ ရက်၊ ည ၇ နာရီကျော်ခန့်တွင် ဟိုပုံးမြို့နယ် ၊ စငေါကျေးရွာအုပ်စု ၊ လွယ်ဝိုးတုတ်ကျေးရွာအနီး  တောင်ကြီး-လွိုင်လင်သွား ပြည်ထောင်စုလမ်းမကြီး ၊ မိုင်တိုင်အမှတ် (၁၄၄/၃)တွင် သတင်းအရ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ပိတ်ဆို့ ရှာဖွေစစ်ဆေးနေစဉ် လွိုင်လင်မြို့မှ ဟိုပုံးမြို့သို့ မောင်းနှင်လာသည့် ဦးအောင်မျိုးထွန်း မောင်းနှင်သော  Probox (ခဲရောင်) ယာဉ်၏ ဦးခေါင်းခန်းတွင် လိုက်ပါလာသည့် ခရီးသည် ဟိုမိန်းမြို့၊ ရပ်ကွက်(၁)နေ စိုင်းအောင်၏ ကျောပိုးအိတ်အတွင်းမှ မှိုင်းခံစက္ကူဖြင့် ထုတ်ပတ်ထားသည့် အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ် ၂၀၀ ပြားစီပါ အထုပ် ၅၀ ထုပ် ၊ စုစုပေါင်းဆေးပြား ၁၀၀၀၀ ပြား ၊ (တန်ဖိုးငွေ ကျပ်သိန်း ၁၀၀)နှင့်အတူ မူးယစ်ဆေးဝါးများ ရောင်းဝယ်ရာတွင် ဆက်သွယ် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁ လုံးအား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသ စိုင်းအောင်အား ဟိုပုံးမြို့မရဲစခန်း၌ မယ(ပ) ၃၉/၂၀၁၉ ၊ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats