ဟိုပံုးၿမိဳ႕မေစ်း အျပင္ဘက္လမ္းအား ျပင္ဆင္ေပးရန္ ေဒသခံမ်ား လိုလားေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, August 1, 2019

ဟိုပံုးၿမိဳ႕မေစ်း အျပင္ဘက္လမ္းအား ျပင္ဆင္ေပးရန္ ေဒသခံမ်ား လိုလားေန

ခြန္သက္ထူး
.
ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ၊ ဟိုပံုးၿမိဳ႕ရွိ ၿမိဳ႕မေစ်းအျပင္ဘက္ ပတ္လမ္းမွာ ခ်ိဳင့္ခြက္မ်ား ထူထပ္ မ်ားျပားေနၿပီး မိုးရာသီကာလတြင္ ရြံ႕ဗြက္ အိုင္ႀကီးမ်ား ျဖစ္ေပၚေနသည့္အတြက္ အျမန္ဆံုး ျပင္ဆင္ေပးရန္ ေဒသခံမ်ား မွ လိုလားလ်က္ရွိေၾကာင္း သိရသည္။
.
ဟိုပံုး ၿမိဳ႕မေစ်းသည္ ရွမ္းျပည္နယ္အတြင္းရွိ အျခားေသာ ေစ်းမ်ားကဲ့သို႔ပင္ ၅ ရက္တစ္ေစ်း ခင္းသည့္ ေစ်းတစ္ခု ျဖစ္ေသာ္လည္း ၾကားရက္မ်ားတြင္ပါ ေစ်းေရာင္းခ်သူမ်ားႏွင့္ ေစ်းဝယ္လာသူမ်ားျဖင့္ အၿမဲ စည္ကားေနေလ့ရွိၿပီး ေစ်းေန႔မ်ားတြင္ ဟိုပံုးၿမိဳ႕အနီးပတ္ဝန္းက်င္ ေက်းရြာမ်ား အျပင္ ေတာင္ႀကီးၿမိဳ႕ေပၚမွ ေစ်း လာေရာက္ေရာင္းခ်သူမ်ား၊ ေစ်းသံုး လာသူမ်ားျဖင့္ ျပည့္က်ပ္ေနသည့္ အတြက္ ယာဥ္အသြားအလာ မ်ားျပားသျဖင့္ ယင္းလမ္းကို ျပင္ဆင္ေပးရန္ ေဒသခံမ်ားမွ လိုလားေနျခင္း ျဖစ္ေၾကာင္း သိရသည္။
.
''ေစ်းေန႔ ဆိုရင္ ပိုဆိုးတာေပါ့။ လမ္းက ရႊံ႕ဗြက္အိုင္ေတြနဲ႔ သြားရတာ ခက္ခဲတယ္။ ေစ်းသည္ေတြ ဆိုရင္လည္း ရႊံ႕ဗြက္ေတြၾကားထဲမွာ ေရာင္းေနရတယ္။ ေစ်းရဲ႕အျပင္ဘက္ ကတၱ ရာလမ္းေတာင္ အဲဒီေလာက္ ဆိုးေနတာ ေစ်းအတြင္း တခ်ိဳ႕လမ္းေတြဆိုရင္ အသံုးျပဳလို႔ မရတဲ့ အေျခအေနေတာင္ ျဖစ္ေနတယ္။ ေစ်းေန႔ဆိုရင္ ရြာေတြက တက္လာတဲ့ ကားေတြနဲ႔ ၿမိဳ႕တြင္းက ကားေတြ၊ဆိုင္ကယ္ေတြ ျပည့္ေနတယ္။ လမ္းကလည္း ရႊံ႕ဗြက္ေတြနဲ႔ဆိုေတာ့ ေစ်းသြားသံုးတဲ့အခါ ဘယ္လိုမွ အဆင္မေျပပါဘူး။ အျမန္ဆံုး ျပင္ဆင္ေပးေစခ်င္ပါတယ္'' ဟု ဟိုပံုးၿမိဳ႕ေန ေဒသခံ ျပည္သူတစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.

အဆိုပါ ေစ်းလမ္း ျပဳျပင္ေရးႏွင့္ ပတ္သက္၍ ဟိုပံုးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနသို႔ ကေမၻာဇတိုင္းမွ ဆက္သြယ္ ေမးျမန္းရာ ''အခု ေလာေလာဆယ္ေတာ့ အဲဒီလမ္းကို ျပင္ဆင္ဖို႔အတြက္ စီမံခ်က္ မရွိေသးပါဘူး။ ေနာက္ေတာ့ ကြန္ကရစ္ခင္းသြားဖို႔ ရွိပါတယ္'' ဟု တာ၀န္ရွိသူ တစ္ဦးမွ ျပန္လည္ ေျဖၾကားခဲ့သည္။
.
ဟိုပံုးၿမိဳ႕ေပၚတြင္ အဆိုပါ ေစ်းလမ္းအျပင္ ရပ္ကြက္တြင္းရွိ လမ္း မ်ားလည္း ပ်က္စီးမႈမ်ား ရွိေနသျဖင့္ ျပင္ဆင္ေပးရန္ ေဒသခံမ်ားမွ လိုလားလ်က္ရွိေၾကာင္း သိရသည္။
.
ဟိုပံုးၿမိဳ႕သည္ ေတာင္ႀကီးၿမိဳ႕၏  အေရွ႕ဘက္ ၁၂ မိုင္ခန္႔ အကြာတြင္ တည္ရွိၿပီး ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ ႐ံုးစိုက္ရာ ၿမိဳ႕လည္း ျဖစ္ကာ ၿမိဳ႕နယ္အတြင္း အဓိက ေစ်းႀကီးမ်ားအျဖစ္ ဟိုပံုးေစ်းႏွင့္ နမ့္ခုတ္ေစ်းဟူ၍ ၂ ခုရွိကာ ဟိုပံုးၿမိဳ႕မေစ်းအတြင္း ေစ်းဆိုင္ခန္း ေပါင္း ၇၅၇ ခန္း ဖြင့္လွစ္ေရာင္းခ်လ်က္ရွိၿပီး ပ်ံက် ေရာင္းခ်မႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။
.
===============
.
ဟိုပုံးမြို့မဈေး အပြင်ဘက်လမ်းအား ပြင်ဆင်ပေးရန် ဒေသခံများ လိုလားနေ
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့ရှိ မြို့မဈေးအပြင်ဘက် ပတ်လမ်းမှာ ချိုင့်ခွက်များ ထူထပ် များပြားနေပြီး မိုးရာသီကာလတွင် ရွံ့ဗွက် အိုင်ကြီးများ ဖြစ်ပေါ်နေသည့်အတွက် အမြန်ဆုံး ပြင်ဆင်ပေးရန် ဒေသခံများ မှ လိုလားလျက်ရှိကြောင်း သိရသည်။
.
ဟိုပုံး မြို့မဈေးသည် ရှမ်းပြည်နယ်အတွင်းရှိ အခြားသော ဈေးများကဲ့သို့ပင် ၅ ရက်တစ်ဈေး ခင်းသည့် ဈေးတစ်ခု ဖြစ်သော်လည်း ကြားရက်များတွင်ပါ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများဖြင့် အမြဲ စည်ကားနေလေ့ရှိပြီး ဈေးနေ့များတွင် ဟိုပုံးမြို့အနီးပတ်ဝန်းကျင် ကျေးရွာများ အပြင် တောင်ကြီးမြို့ပေါ်မှ ဈေး လာရောက်ရောင်းချသူများ၊ ဈေးသုံး လာသူများဖြင့် ပြည့်ကျပ်နေသည့် အတွက် ယာဉ်အသွားအလာ များပြားသဖြင့် ယင်းလမ်းကို ပြင်ဆင်ပေးရန် ဒေသခံများမှ လိုလားနေခြင်း ဖြစ်ကြောင်း သိရသည်။
.
''ဈေးနေ့ ဆိုရင် ပိုဆိုးတာပေါ့။ လမ်းက ရွှံ့ဗွက်အိုင်တွေနဲ့ သွားရတာ ခက်ခဲတယ်။ ဈေးသည်တွေ ဆိုရင်လည်း ရွှံ့ဗွက်တွေကြားထဲမှာ ရောင်းနေရတယ်။ ဈေးရဲ့အပြင်ဘက် ကတ္တ ရာလမ်းတောင် အဲဒီလောက် ဆိုးနေတာ ဈေးအတွင်း တချို့လမ်းတွေဆိုရင် အသုံးပြုလို့ မရတဲ့ အခြေအနေတောင် ဖြစ်နေတယ်။ ဈေးနေ့ဆိုရင် ရွာတွေက တက်လာတဲ့ ကားတွေနဲ့ မြို့တွင်းက ကားတွေ၊ဆိုင်ကယ်တွေ ပြည့်နေတယ်။ လမ်းကလည်း ရွှံ့ဗွက်တွေနဲ့ဆိုတော့ ဈေးသွားသုံးတဲ့အခါ ဘယ်လိုမှ အဆင်မပြေပါဘူး။ အမြန်ဆုံး ပြင်ဆင်ပေးစေချင်ပါတယ်'' ဟု ဟိုပုံးမြို့နေ ဒေသခံ ပြည်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ ဈေးလမ်း ပြုပြင်ရေးနှင့် ပတ်သက်၍ ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာ ''အခု လောလောဆယ်တော့ အဲဒီလမ်းကို ပြင်ဆင်ဖို့အတွက် စီမံချက် မရှိသေးပါဘူး။ နောက်တော့ ကွန်ကရစ်ခင်းသွားဖို့ ရှိပါတယ်'' ဟု တာဝန်ရှိသူ တစ်ဦးမှ ပြန်လည် ဖြေကြားခဲ့သည်။
.
ဟိုပုံးမြို့ပေါ်တွင် အဆိုပါ ဈေးလမ်းအပြင် ရပ်ကွက်တွင်းရှိ လမ်း များလည်း ပျက်စီးမှုများ ရှိနေသဖြင့် ပြင်ဆင်ပေးရန် ဒေသခံများမှ လိုလားလျက်ရှိကြောင်း သိရသည်။
.
ဟိုပုံးမြို့သည် တောင်ကြီးမြို့၏  အရှေ့ဘက် ၁၂ မိုင်ခန့် အကွာတွင် တည်ရှိပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ရုံးစိုက်ရာ မြို့လည်း ဖြစ်ကာ မြို့နယ်အတွင်း အဓိက ဈေးကြီးများအဖြစ် ဟိုပုံးဈေးနှင့် နမ့်ခုတ်ဈေးဟူ၍ ၂ ခုရှိကာ ဟိုပုံးမြို့မဈေးအတွင်း ဈေးဆိုင်ခန်း ပေါင်း ၇၅၇ ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ပျံကျ ရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats