ဟိုပံုးတြင္ သက္ႀကီးရြယ္အိုမ်ားအတြက္ ရိပ္သာတစ္ခု ေဆာက္လုပ္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 9, 2019

ဟိုပံုးတြင္ သက္ႀကီးရြယ္အိုမ်ားအတြက္ ရိပ္သာတစ္ခု ေဆာက္လုပ္မည္


ခြန္သက္ထူး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ၊ ဟိုပံုးၿမိဳ႕တြင္ သက္ႀကီးရြယ္အိုမ်ားအတြက္ ေန႔ပိုင္း ေစာင့္ေရွာက္ေရးေဂဟာႏွင့္ အၿမဲတမ္း ဘိုးဘြားရိပ္သာ တည္ေဆာက္ႏိုင္ေရးအတြက္ ေဆာင္ ရြက္လ်က္ရွိၿပီး ၿမိဳ႕ဦးရပ္ကြက္၊ ကိုးၿမိဳ႕ရွင္ နတ္နန္းအနီးတြင္ ေျမေနရာ စီစဥ္ထားသည္ဟု သိရသည္။
.
.
ဘိုးဘြားေဂဟာကိုေတာ့ ဆရာေတာ္တစ္ပါးက အားေပးအားေျမႇာက္ ျပဳတဲ့အတြက္ ေျမေနရာ စီစဥ္ထားတယ္။ တခ်ိဳ႕ဘိုးဘြားေတြက ခိုကိုးရာမဲ့ ျဖစ္ေနတယ္။ ေနာက္ဆံုးခရီးကို ေက်ာ္ျဖတ္ဖို႔အတြက္ တရားဘာဝနာ အားထုတ္ႏိုင္ဖို႔ ရိပ္သာေလးေတြ စုစု စည္းစည္းေလး လုပ္ႏိုင္ရင္ေတာ့ ေကာင္းတာေပါ့။ တခ်ိဳ႕က်ေတာ့လည္း အိုသြားၿပီ။ သားသမီးေတြက သိပ္မ ၾကည့္ၾကေတာ့ဘူး။ အဲဒီလို အဘိုး အဖြားေတြအတြက္ သူတို႔ရဲ႕ ေနာက္ ဆံုးခရီးကို ေျဖာင့္ေျဖာင့္တန္းတန္း သြားႏိုင္ေအာင္ ရည္ရြယ္ပါတယ္ဟု ဟိုပံုးၿမိဳ႕၊ သီရိမဂၤလာေရႊခ်မ္းသာ ေမြေတာ္ဘုရားႀကီးေဂါပက ဦးေက်ာ္ရွိန္ က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ယင္းကဲ့သို႔ ဘိုးဘြားရိပ္သာတည္ ေဆာက္မႈႏွင့္ ပတ္သက္၍ ဟိုပံုးၿမိဳ႕ ေန ဦးတင္ၫြန္႔မွလည္း တခ်ိဳ႕ ဘိုးဘြားေတြဆိုရင္ သားသမီး၊ ေျမးေတြ က ျပစ္ထားတာ ရွိတယ္။ စားရမဲ့၊ ေသာက္ရမဲ့ ျဖစ္ေနတာကို အဲဒီမွာ တစ္စုတစ္စည္းထဲ ထားမယ္ဆိုရင္ ေတာ့ ေကာင္းတာေပါ့။ တျခားၿမိဳ႕နယ္ ေတြမွာလည္း လုပ္ၾကတယ္။ တခ်ိဳ႕ သားသမီးေတြေတာ့ ရွိတယ္။ မေစာင့္ေရွာက္ႏိုင္ၾကဘူးဟု ၎၏အျမင္ ကို ေျပာဆိုခဲ့သည္။
.
သက္ႀကီးရြယ္အိုမ်ား အတြက္ ေန႕ပိုင္း ေစာင့္ေရွာက္ေရးေဂဟာႏွင့္ အၿမဲတမ္း ဘိုးဘြားရိပ္သာ ေပါင္းစပ္ ထားေသာ ရိပ္သာတည္ေဆာက္ႏိုင္ ရန္အတြက္ ေျမေနရာအား ဟိုပံုးၿမိဳ႕၊ ေနာင္ေတာင္း ေက်ာင္းဆရာေတာ္မွ စီစဥ္ေပးထားၿပီး အေဆာက္အဦ တည္ေဆာက္ရန္ အလွဴေငြမ်ား လွဴ ဒါန္းႏိုင္ေၾကာင္း သိရသည္။
.
============================================================
ဟိုပုံးတွင် သက်ကြီးရွယ်အိုများအတွက် ရိပ်သာတစ်ခု ဆောက်လုပ်မည်
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့တွင် သက်ကြီးရွယ်အိုများအတွက် နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာနှင့် အမြဲတမ်း ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ရေးအတွက် ဆောင် ရွက်လျက်ရှိပြီး မြို့ဦးရပ်ကွက်၊ ကိုးမြို့ရှင် နတ်နန်းအနီးတွင် မြေနေရာ စီစဉ်ထားသည်ဟု သိရသည်။
.
ဘိုးဘွားဂေဟာကိုတော့ ဆရာတော်တစ်ပါးက အားပေးအားမြှောက် ပြုတဲ့အတွက် မြေနေရာ စီစဉ်ထားတယ်။ တချို့ဘိုးဘွားတွေက ခိုကိုးရာမဲ့ ဖြစ်နေတယ်။ နောက်ဆုံးခရီးကို ကျော်ဖြတ်ဖို့အတွက် တရားဘာဝနာ အားထုတ်နိုင်ဖို့ ရိပ်သာလေးတွေ စုစု စည်းစည်းလေး လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ တချို့ကျတော့လည်း အိုသွားပြီ။ သားသမီးတွေက သိပ်မ ကြည့်ကြတော့ဘူး။ အဲဒီလို အဘိုး အဖွားတွေအတွက် သူတို့ရဲ့ နောက် ဆုံးခရီးကို ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်အောင် ရည်ရွယ်ပါတယ်ဟု ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးဂေါပက ဦးကျော်ရှိန် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ဘိုးဘွားရိပ်သာတည် ဆောက်မှုနှင့် ပတ်သက်၍ ဟိုပုံးမြို့ နေ ဦးတင်ညွန့်မှလည်း တချို့ ဘိုးဘွားတွေဆိုရင် သားသမီး၊ မြေးတွေ က ပြစ်ထားတာ ရှိတယ်။ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေတာကို အဲဒီမှာ တစ်စုတစ်စည်းထဲ ထားမယ်ဆိုရင် တော့ ကောင်းတာပေါ့။ တခြားမြို့နယ် တွေမှာလည်း လုပ်ကြတယ်။ တချို့ သားသမီးတွေတော့ ရှိတယ်။ မစောင့်ရှောက်နိုင်ကြဘူးဟု ၎င်း၏အမြင် ကို ပြောဆိုခဲ့သည်။
.
သက်ကြီးရွယ်အိုများ အတွက် နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာနှင့် အမြဲတမ်း ဘိုးဘွားရိပ်သာ ပေါင်းစပ် ထားသော ရိပ်သာတည်ဆောက်နိုင် ရန်အတွက် မြေနေရာအား ဟိုပုံးမြို့၊ နောင်တောင်း ကျောင်းဆရာတော်မှ စီစဉ်ပေးထားပြီး အဆောက်အဦ တည်ဆောက်ရန် အလှူငွေများ လှူ ဒါန်းနိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats