႐ုပ္ရွင္႐ံုမ်ားတြင္ ပညာေပးဇာတ္လမ္းတိုမ်ား၊ ေဆာင္ပုဒ္မ်ားကို ထည့္သြင္းျပသြားမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, August 10, 2019

႐ုပ္ရွင္႐ံုမ်ားတြင္ ပညာေပးဇာတ္လမ္းတိုမ်ား၊ ေဆာင္ပုဒ္မ်ားကို ထည့္သြင္းျပသြားမည္


မင္းေဇာ္မင္း
.
ျပန္ၾကားေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္းက ႐ုပ္ရွင္႐ံုမ်ားတြင္ ႐ုပ္ရွင္ဇာတ္လမ္း မျပသမီ ပညာေပးဇာတ္လမ္းတိုမ်ား၊ ေဆာင္ပုဒ္မ်ားကို လိုအပ္ပါက ထည့္သြင္းျပသသြားမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။
.
.
ဇူလိုင္လ ၁၃ ရက္က က်င္းပျပဳလုပ္ခဲ့သည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပံုမွန္ အစည္းအေဝး ဆဌမေန႔တြင္ တြံေတးၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင္က ႏိုင္ငံ တစ္ဝွမ္းရွိ ႐ုပ္ရွင္႐ံုမ်ားတြင္ ႐ုပ္ရွင္ဇာတ္ကားႀကီး မျပသမီ ပညာေပးဇာတ္လမ္းတိုမ်ား သို႔မဟုတ္ ပညာေပး ေဆာင္ပုဒ္မ်ား ျပသႏိုင္ျခင္းမရွိ/မရွိ သိရွိလိုေၾကာင္း ေမးခြန္း ေမးျမန္းမႈအေပၚ ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္းက ယင္းကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။
.
ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင္က ႐ုပ္ရွင္႐ံုမ်ား၏ လႊမ္းမိုးမႈသည္ ျပည္သူလူထုအေပၚ မ်ားစြာ ႀကီးမားသည့္အတြက္ အႏုပညာလုပ္ငန္းတစ္ခုကို အသံုးျပဳ၍ ျပည္သူကို ပညာေပးမႈမ်ား လုပ္ေဆာင္ရမည္ျဖစ္ ေၾကာင္း၊ ဇာတ္လမ္းတိုမ်ားကို ျပသ၍ ပညာေပးႏိုင္ေၾကာင္း၊ ေရြးေကာက္ပြဲတြင္ ႏိုင္ငံသားတိုင္း မဲေပးေရး၊ က်သင့္ ေသာ အခြန္ကို ျပည့္ျပည့္ဝဝ ထမ္းေဆာင္ေရး၊ အမိႈက္မ်ားကို စည္းကမ္းမဲ့ စြန္႔ပစ္ျခင္းသည္ ႏိုင္ငံ၏ အနာဂတ္ကို ဖ်က္ဆီးေနျခင္းျဖစ္သည အစရွိသည့္ ပညာေပး ေဆာင္ပုဒ္မ်ားကို ျပသႏိုင္ေၾကာင္း ေမးခြန္းေမးျမန္းခဲ့သည္။
.
အဆိုပါ ေမးခြန္းႏွင့္ ပတ္သက္၍ ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္းက ၂၀၁၃ ခုႏွစ္ ေရွ႕ပိုင္းကာလအထိ ႐ုပ္ရွင္႐ံုမ်ားတြင္ ဖလင္ျဖင့္ ျပသခဲ့ရာ ပညာေပးဇာတ္လမ္းတိုမ်ား ျပသႏိုင္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ဖလင္မွ ဒီဂ်စ္တယ္စနစ္သို႔ ေျပာင္းလဲရာ၌ နည္းပညာအခက္အခဲေၾကာင့္ ပညာေပးဇာတ္လမ္းတိုမ်ားကို ႐ိုက္ကူး ထားျခင္း မရွိေသးေၾကာင္း၊ လိုအပ္ပါက ပညာေပးဇာတ္လမ္းတုိမ်ား ႐ိုက္ကူးၿပီး ႐ုပ္ရွင္ကား မျပမီ ျပသသြားမည္ျဖစ္ ေၾကာင္းႏွင့္ ပညာေပးလက္ကမ္းစာေစာင္မ်ား ရွိပါကလည္း ျဖန္႔ေဝေပးသြားမည္ျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့ သည္။
.
ထို႔အျပင္ လက္ရွိ ျပသေနေသာ ႐ုပ္ရွင္ဇာတ္ဝင္ခန္းမ်ားတြင္ ေဆးလိပ္ေသာက္ခန္း ပါရွိပါက ေဆးလိပ္ ေသာက္ျခင္းသည္ သင္ႏွင့္ သင့္ပတ္ဝန္းက်င္၏ က်န္းမာေရးကို ထိခိုက္ေစႏိုင္သည္ အစရွိသည့္ ပညာေပးစာတမ္း မ်ားကို ထည့္သြင္းေဖာ္ျပရန္ ၫႊန္ၾကားထားေၾကာင္း ဒုတိယဝန္ႀကီးက ဆက္လက္ေျပာဆိုခဲ့သည္။
.
၂၀၁၉ ခုႏွစ္၊ ဇူလိုင္လကုန္အထိ ျမန္မာႏိုင္ငံတစ္ဝွမ္းတြင္ ဒီဂ်စ္တယ္႐ုပ္႐ွင္႐ံု ၁၄၄ ႐ံု၊ ဖလင္႐ုပ္ရွင္႐ံု ၁၀ ႐ံုႏွင့္ ပိတ္ကားေပါင္းး ၁၆၅ ခုအထိ ရွိေနေၾကာင္းသိရသည္။
.

============================================================
ရုပ်ရှင်ရုံများတွင် ပညာပေးဇာတ်လမ်းတိုများ၊ ဆောင်ပုဒ်များကို ထည့်သွင်းပြသွားမည်
.
မင်းဇော်မင်း
.
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်လမ်း မပြသမီ ပညာပေးဇာတ်လမ်းတိုများ၊ ဆောင်ပုဒ်များကို လိုအပ်ပါက ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
ဇူလိုင်လ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆဌမနေ့တွင် တွံတေးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က နိုင်ငံ တစ်ဝှမ်းရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကားကြီး မပြသမီ ပညာပေးဇာတ်လမ်းတိုများ သို့မဟုတ် ပညာပေး ဆောင်ပုဒ်များ ပြသနိုင်ခြင်းမရှိ/မရှိ သိရှိလိုကြောင်း မေးခွန်း မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
.
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ရုပ်ရှင်ရုံများ၏ လွှမ်းမိုးမှုသည် ပြည်သူလူထုအပေါ် များစွာ ကြီးမားသည့်အတွက် အနုပညာလုပ်ငန်းတစ်ခုကို အသုံးပြု၍ ပြည်သူကို ပညာပေးမှုများ လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ဇာတ်လမ်းတိုများကို ပြသ၍ ပညာပေးနိုင်ကြောင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးရေး၊ ကျသင့် သော အခွန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ရေး၊ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးနေခြင်းဖြစ်သည အစရှိသည့် ပညာပေး ဆောင်ပုဒ်များကို ပြသနိုင်ကြောင်း မေးခွန်းမေးမြန်းခဲ့သည်။
.
အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ၂၀၁၃ ခုနှစ် ရှေ့ပိုင်းကာလအထိ ရုပ်ရှင်ရုံများတွင် ဖလင်ဖြင့် ပြသခဲ့ရာ ပညာပေးဇာတ်လမ်းတိုများ ပြသနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဖလင်မှ ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲရာ၌ နည်းပညာအခက်အခဲကြောင့် ပညာပေးဇာတ်လမ်းတိုများကို ရိုက်ကူး ထားခြင်း မရှိသေးကြောင်း၊ လိုအပ်ပါက ပညာပေးဇာတ်လမ်းတိုများ ရိုက်ကူးပြီး ရုပ်ရှင်ကား မပြမီ ပြသသွားမည်ဖြစ် ကြောင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ရှိပါကလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
.
ထို့အပြင် လက်ရှိ ပြသနေသော ရုပ်ရှင်ဇာတ်ဝင်ခန်းများတွင် ဆေးလိပ်သောက်ခန်း ပါရှိပါက ဆေးလိပ် သောက်ခြင်းသည် သင်နှင့် သင့်ပတ်ဝန်းကျင်၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည် အစရှိသည့် ပညာပေးစာတမ်း များကို ထည့်သွင်းဖော်ပြရန် ညွှန်ကြားထားကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောဆိုခဲ့သည်။
.
၂၀၁၉ ခုနှစ်၊ ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဒီဂျစ်တယ်ရုပ်ရှင်ရုံ ၁၄၄ ရုံ၊ ဖလင်ရုပ်ရှင်ရုံ ၁၀ ရုံနှင့် ပိတ်ကားပေါင်းး ၁၆၅ ခုအထိ ရှိနေကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats