ဟိုပံုးတြင္ H1N1 သံသယလူနာ ၂ ဦး ထပ္မံေတြ႔႐ွိ၊ စုစုေပါင္း ၇ ဦး ရွိၿပီ ျဖစ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, August 19, 2019

ဟိုပံုးတြင္ H1N1 သံသယလူနာ ၂ ဦး ထပ္မံေတြ႔႐ွိ၊ စုစုေပါင္း ၇ ဦး ရွိၿပီ ျဖစ္

ခြန္သက္ထူး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ံုႀကီးတြင္ ယေန႔ ဩဂုတ္လ ၁၉ ရက္က ရာသီတုပ္ေကြးေရာဂါ H1N1 သံသယလူနာ ၂ ဦး ထပ္မံေတြ႔႐ွိခဲ့ၿပီး ၾသဂုတ္လ ၁၈ ရက္က ၅ ဦး ေတြ႕ရွိထားသျဖင့္ စုစုေပါင္း သံသယ လူနာ ၇ ဦး ရွိၿပီ ျဖစ္ေၾကာင္း သိရသည္။
.
ထပ္မံ ေတြ႕ရွိသည့္ H1N1 သံသယလူနာ ၂ ဦးမွာ အသက္ ၆ ႏွစ္အရြယ္ႏွင့္ ၁၁ ႏွစ္ အရြယ္ ကေလးငယ္မ်ား ျဖစ္ၿပီး အသက္ ၆ ႏွစ္အရြယ္ ကေလးငယ္ကို  ေတာင္ႀကီးၿမိဳ ႔ရွိ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ကာ စစ္ေဆးကုသမႈမ်ား ျပဳလုပ္ေနလ်က္ ရွိၿပီး ၁၁ ႏွစ္ အရြယ္ ကေလးငယ္ကိုမူ ဟိုပံုးၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ံုႀကီးတြင္ စစ္ေဆးကုသမႈမ်ား ျပဳလုပ္လ်က္ ႐ွိေၾကာင္း သိရသည္။
.
" ဒီေန႔ ႏွစ္ေယာက္ ထပ္ေတြ႔တယ္။ တစ္ေယာက္ကေတာ့ ေတာင္ႀကီးကို ပို႔လိုက္တယ္။ မေန႔က က်န္တဲ့ ၂ ေယာက္က္ုိလည္း ဒီေန႔ ထပ္ ပို႔လုိက္တယ္''ဟု ဟိုပံုးၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာ ေမာင္ေမာင္သိန္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထို႔အတူ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းကလည္း က်န္းမာေရးဌာနအေနျဖင့္ သံသယ လူနာ မိသားစုဝင္မ်ားကို ရာသီတုပ္ေကြး H1N1 ကာကြယ္ေဆး ထိုးေပးထားေၾကာင္းႏွင့္ လိုအပ္သည့္ ကာကြယ္ေရးလုပ္ငန္းမ်ားကိုလည္း လုပ္ေဆာင္ထားၿပီး ျဖစ္ေၾကာင္း ေျပာၾကားထားသည္။
.
အဆိုပါ ရာသီတုပ္ေကြး H1N1 သံသယရွိ လူနာကေလးငယ္မ်ားမွာ ဟိုပုံးၿမိဳ ႔၊ ၿမိဳ ႔ဦးရပ္ကြက္မွ ၅ ဦးႏွင့္ အေနာက္ရပ္ကြက္မွ ၁ ဦးႏွင့္ တံုခမ္းရက္ကြက္မွ ၁ ဦး ျဖစ္ေၾကာင္း သိရသည္။
.
ျမန္မာႏိုင္ငံ တစ္၀န္း၌ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလမွ ဩဂုတ္လ ၁၉ ရက္အထိ H1N1 ရာသီတုပ္ေကြးေရာဂါ သံသယ လူနာ ၁၃၂၇ ဦး၊ ဓါတ္ခြဲအတည္ျပဳ ျဖစ္ပြားသူ ၅၅၂ ဦး၊ အတည္ျပဳ ေသဆံုးသူ ၉၉ ဦး ရွိၿပီ ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ သတင္း ထုတ္ျပန္ထားသည္။
.

================
.
ဟိုပုံးတွင် H1N1 သံသယလူနာ ၂ ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း ၇ ဦး ရှိပြီ ဖြစ်
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ ဩဂုတ်လ ၁၉ ရက်က ရာသီတုပ်ကွေးရောဂါ H1N1 သံသယလူနာ ၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး သြဂုတ်လ ၁၈ ရက်က ၅ ဦး တွေ့ရှိထားသဖြင့် စုစုပေါင်း သံသယ လူနာ ၇ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
ထပ်မံ တွေ့ရှိသည့် H1N1 သံသယလူနာ ၂ ဦးမှာ အသက် ၆ နှစ်အရွယ်နှင့် ၁၁ နှစ် အရွယ် ကလေးငယ်များ ဖြစ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်ကို  တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးသို့ ပို့ဆောင်ကာ စစ်ဆေးကုသမှုများ ပြုလုပ်နေလျက် ရှိပြီး ၁၁ နှစ် အရွယ် ကလေးငယ်ကိုမူ ဟိုပုံးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် စစ်ဆေးကုသမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.
" ဒီနေ့ နှစ်ယောက် ထပ်တွေ့တယ်။ တစ်ယောက်ကတော့ တောင်ကြီးကို ပို့လိုက်တယ်။ မနေ့က ကျန်တဲ့ ၂ ယောက်ကိုလည်း ဒီနေ့ ထပ် ပို့လိုက်တယ်''ဟု ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်း ကျန်းမာရေးဌာနအနေဖြင့် သံသယ လူနာ မိသားစုဝင်များကို ရာသီတုပ်ကွေး H1N1 ကာကွယ်ဆေး ထိုးပေးထားကြောင်းနှင့် လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း ပြောကြားထားသည်။
.
အဆိုပါ ရာသီတုပ်ကွေး H1N1 သံသယရှိ လူနာကလေးငယ်များမှာ ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက်မှ ၅ ဦးနှင့် အနောက်ရပ်ကွက်မှ ၁ ဦးနှင့် တုံခမ်းရက်ကွက်မှ ၁ ဦး ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ တစ်ဝန်း၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၁၉ ရက်အထိ H1N1 ရာသီတုပ်ကွေးရောဂါ သံသယ လူနာ ၁၃၂၇ ဦး၊ ဓါတ်ခွဲအတည်ပြု ဖြစ်ပွားသူ ၅၅၂ ဦး၊ အတည်ပြု သေဆုံးသူ ၉၉ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats